Friday, June 4, 2010

Getting married on Sunday


တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်


တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေး မှာကွယ်

မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်
ပျော်ရွှင်စရာလေးပေါ့ ချစ်တဲ့သူရေ
သူများကို အားကျမိတယ် ချစ်ကလေးရေ
ဘယ်လိုလဲပြော...

ရာသီတွေ အမြဲတမ်းပြောင်းလဲနေတယ်

ကြင်နာသူအသည်းလေး မစိမ်းနဲ့နော်ကွယ်
မင်္ဂလာဆောင်ပွဲလေး ကျင်းပချင်ပါတယ်
သူများလို လက်ထပ်ကြမယ် ချစ်ကလေးရေ
ဘယ်လိုလဲပြော...

အမြဲတမ်းငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ
အမြဲတမ်းငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ
အမြဲတမ်းငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ
အမြဲတမ်း ကြင်နာချင်တယ် အချစ်ဆုံးလေး
ဘယ်လိုလဲပြော...

တေးရေးက သုခမိန်လှိုင်ပါ။ ဇော်ဝင်းထွဋ် ဆိုတာ နားထောင်ဖူးသလို အဲလက်စ်နဲ့မေဆွိ ဆိုတာလည်း ကြားဖူးတယ်။ အဲဒီသီချင်းကို ဟိုးငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။ ဘာဂျာလေး မှုတ်တဲ့အသံနဲ့ တွဲပြီး မှတ်မိနေတယ်။ ဒီသီချင်းလေးက တိုပေမယ့် နားထောင်လို့ ကောင်းတယ်။

တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်... ဆိုတဲ့ သီချင်းစာသားလေးကို အသေအချာ မှတ်မိနေတာက မဆန်းလှဘူး ထင်ပါတယ်။ တနင်္ဂနွေဆိုတဲ့ ကျောင်းပိတ်ရက်လေးကို ငယ်ငယ်ကတည်းက မျှော်နေကြပေါ့။ စနေနေ့က ဥပုသ်ရက်ရှိတဲ့ ဝါတွင်းကာလမှာဆို ကျောင်းပိတ်ရက် မဟုတ်ဘူးလေ။ အဲဒီပိတ်ရက်မှာ မိုးရွာရင် အပြင်ထွက် ဆော့လို့ မရသလို နေပူလွန်းရင်လည်း နေရထိုင်ရ ခက်လွန်းလို့ မကြိုက်ပါဘူး။ ဒါကြောင့် တိမ်ပြာပြာလေးတွေနဲ့ တနင်္ဂနွေနေ့ကို တောင့်တမိခဲ့တယ်။ မင်္ဂလာဆောင်ဖို့အတွက်တော့ မဟုတ်ပါဘူး။ ဆော့ဖို့အတွက်ပါ။

ဒီလိုနဲ့ တဖြည်းဖြည်း လူရာဝင်လာတယ်။ လူတောတိုးတာ မဟုတ်ပေမယ့် ဟိုလူ့ပွဲ တက် ဒီလူ့ပွဲ တက်... ပွဲတွေ တက်ဖြစ်လာတယ်။ အများစုက ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပွဲလုပ်လေ့ရှိကြတယ်။ ပိတ်ရက် မဟုတ်ရင် မအားတဲ့သူတွေ ရှိနေနိုင်တယ်။ ရာသီဥတု ကြည်လင်တဲ့ ရက်မှာ လုပ်တဲ့ပွဲဆိုရင် သွားရလာရ အဆင်ပြေတယ်။ မိုးလေး တဖြောက်ဖြောက် ရွာနေရင်တော့ တစ်ယောက်တည်းအတွက် ထီးကိုင်ရမှာ ပျင်းတဲ့ ကျွန်တော့်အဖို့ မသွားချင်တော့ဘူး။ မိုးရေအစိုခံပြီး သွားလို့လည်း မဖြစ်ပြန်ဘူး။ ရှိုးပဲ့မှာကို တွေးမပူပေမယ့် နားလည်မှုတော့ ရှိရမယ်လေ။ အဲဒါကြောင့် တိမ်ပြာပြာရှိတဲ့ ရက်တွေမှာ ဆောင်တဲ့ မင်္ဂလာဆောင်ပွဲတွေ ဖြစ်စေချင်မိတယ်။ ပွဲတက်ဖို့အတွက်ပါ။

ဒီသီချင်းကို ပါးစပ်ဖျားထဲ ပြန်ရောက်နေတာ အခုတလောလို့ မပြောချင်ပါဘူး။ အစမ်းသပ်ခံ အသည်းနှလုံး သီချင်းကို ပြန်ရှာကတည်းက အဲဒီသီချင်းကို ပြန်နားထောင်ဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ သီချင်းက ပါးစပ်ဖျားပေါ် ရောက်လာတာပါ။ အခုတလောမှာလည်း ဒီသီချင်းကို ပြန်ဆိုနေမိတယ်။ မင်္ဂလာတော့ မဆောင်ချင်ပါဘူး။ ဒါပေမယ့် အမြဲတမ်း ကြင်နာချင်တယ် အချစ်ဆုံးလေးလို့တော့ ပြောချင်နေမိတယ်။

7 comments:

  1. ဖိတ်စာ လား ကွ..
    ဒါ့ပုံပါ တင်မှ....း)

    ReplyDelete
  2. ဖိတ်နေတယ် ထင်နေတာ
    :(

    ReplyDelete
  3. သီချင်းနဲ့ သူ့ခံစားချက်တွေ တိုက်ဆိုင်ကုန်ပြီ ထင်ပါတယ်လေ.. Congratulations!

    ReplyDelete
  4. http://khinoomay77.blogspot.com/2008/12/lovely-cloud.html

    lovely cloud

    အိမ်အပြန်လမ်းမှာ တိမ်တွေကိုတွေ့တယ် ။
    လေထဲမှာပြေးနေတယ်။ လှလိုက်တာ။

    zaw win htut ရဲ့သီချင်း တစ်ပိုင်းတစ ကိုကြား ယောင် မိတယ်။






    တိမ်ပြာပြာနေ့ တစ်နေ့ Sunday မှာကွယ်
    မင်္ဂလာဆောင်ပွဲကလေး ကျင်းပ..နေတယ်။
    ပျော်ရွင်စရာလေးပေါ့ …ချစ်တဲ့သူ…ရေ။

    သူများကို အားကျမိတယ် အချစ်ကလေး..ရဲ့၊
    ဘယ်လိုလ..ဲပြော
    သူများကို အားကျမိတယ် အချစ်ကလေး..ရယ်
    ဘယ်လိုလဲ…ပြော။

    သူများကို အားကျမိတယ် အချစ်ကလေးရယ်
    ဘယ်လိုလဲပြော..............

    ရာသီတွေ အမြဲတမ်း ပြောင်းလဲတယ်။
    ကြင်နာသူ အသည်းကလေး မစိမ်းနဲ့…နော် ကွယ်။
    မင်္ဂလာဆောင်ပွဲကလေး..ကျင်းပ ချင်ပါတယ်။

    သူများလို လက်ထပ်ကြမယ် အချစ်ကလေး
    ရေ..ဘယ်လိုလဲပြော။

    သူများလို လက်ထပ်ကြမယ် အချစ်ကလေး
    ရယ် …ဘယ်လိုလဲပြော.............................

    အမြဲတမ်းငြိမ်းငြိမ်း ချမ်းချမ်းမခွဲတမ်းဘဲ
    အမြဲတမ်းငြိမ်းငြိမ်း ချမ်းချမ်းမခွဲတမ်းဘဲ
    အမြဲတမ်းငြိမ်းငြိမ်း ချမ်းချမ်းမခွဲတမ်းဘဲ
    အမြဲတမ်းကြင်နာချင်တယ် ..အချစ်ဆုံးလေ.း......

    သီချင်းစာသားမရလို့ ကာကာက ဆိုပြတယ်။ link လဲပေးတယ်။
    နားထောင်ချင်ရင်တော့ ...http://www.myanmarmp3.net/album.aspx?AlbumID=334

    ချမ်းမြေ့ပါစေ.
    သတိရနေပါတယ်။

    ReplyDelete
  5. လက်ဖွဲ့ရတော့မယ်ဆိုပြီး ဝမ်းသာအားရ ( တကယ်က ဆောင်သူများလွန်းလို့ ပိုက်ပိုက်ကုန်လို့ စိတ်မကောင်း :P) ရောက်လာတာနော်။ စာကို လျှောချရေးသွားတယ် ...=X

    ReplyDelete
  6. မင်္ဂလာဆောင်တော့မှာလား .... ၀မ်းသာစရာသတင်း ပေါ့။ ဖိတ်ရင် ဘလော့ဂ်ကတဆင့်လာခဲ့မယ်လေ အဟီး

    ReplyDelete
  7. တနင်္ဂနွေနေ့ မင်္ဂလာဆောင်နေတာ ဘယ်နှစ်ပတ်ရှိပြီလဲ။

    ReplyDelete