Tuesday, December 14, 2010

Donation to HAPCS of NLD


နယ်က လာတဲ့ လူနာတွေက ကြက်ဆီထမင်း စားဖူးချင်တယ်ဆိုလို့ ဗူး ၁၂၀ ဝယ်လိုက်တယ်...


မီးဖိုချောင်အတွက် ကြက်သွန်နီ၊ ကုလားပဲနဲ့ အိုင်အိုဒင်းဆားလည်း လှူဖြစ်တယ်...


ထမင်းချက်ဖို့ ဆန် ၂ အိတ်နဲ့ ဟင်းချက်ဖို့ ဆီ ၂၀ ပိဿာလည်း ပါတာပေါ့...


လမ်းမသိမှာ စိုးလို့ ကိုယ်တိုင် လာကြိုပြီး ဝိုင်းကူကြတဲ့ ဂေဟာက လုပ်အားပေးတွေ...


အားဆေး ဗူး ၂၀ အပါအဝင် လှူဒါန်းမှုအစုစုကို မဖြူဖြူသင်းဆီ လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်...


အဆောင်နေရာ အခက်အခဲကြောင့် တချို့ဧည့်သည်တွေက အပြင်မှာပဲ အိပ်ကြရတယ်...


ဆရာကြီးဦးဝင်းတင် လှူဒါန်းထားတဲ့ မြေကွက်မှာ အဆောင်တခုခု ဆောက်နိုင်ရင် ကောင်းမယ်...

ရေအတွက်ကတော့ ပူစရာ မလိုဘူး ဆိုပေမယ့် နွေရာသီရောက်ရင် လောက်ငှနိုင်မလား...

မဖြူဖြူသင်း ဦးဆောင်နေတဲ့ HIV/AIDS Prevention and Care Section ကို အလှူအတွက် တခါတခေါက် ရောက်ဖြစ်ခဲ့တယ်။ တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ ဂေဟာမှာ လူနာ ၁၀၀ ကျော်လောက် လက်ခံထားတယ်။ ပျဉ်ခင်း ထရံကာ နှစ်ထပ်ဆောင်ထဲမှာ လူနာတွေ အများကြီးပေါ့။ ပျဉ်ထောင်အိမ်လေးထဲမှာလည်း လူနာတွေ ရှိသေးတယ်။ နေရာ မဆန့်လို့ အပြင်မှာ ထွက်အိပ်တဲ့ ဧည့်သည်တွေလည်း ရှိတယ်။ မိုးတွင်းဆိုရင်တော့ ဒုက္ခရောက်မယ်။

ဘေးမှာတော့ မြေကွက်လပ်ကြီးရှိတယ်။ အဲဒီမြေကွက်က ဆရာကြီးဦးဝင်းတင် လှူထားတာတဲ့။ အဲဒီမြေမှာ အဆောင်တခုခု ဆောက်ပေးနိုင်ရင် လူနာတွေအတွက် ပိုကောင်းမလားပဲ။ လှူချင်တန်းချင်တဲ့ အလှူရှင် ရှိလာရင် ဆက်သွယ်ပေးလိုက်ကြပါလို့ တောင်းဆိုချင်ပါတယ်။

2 comments:

  1. ကောင်းလိုက်တာ... အလှူရှင်တွေ လိုအပ်နေဦးမှာ.. တို့နိုင်ငံမှာက ကိုယ်ထူကိုယ်ထ စိတ်ရှိမှ ဖြစ်တာ...

    ReplyDelete
  2. မဖြူဖြူသင်းကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလိပ်စာ တစ်ခုခု လိုချင်လို့ပါ။ အစ်မဆီကို အီးမေးပို့ရင်လဲ ပို့ပေးနော်။ ကျေးဇူးပါ။

    ReplyDelete