Saturday, December 24, 2011

Balloon of wishes



နှစ်သစ်ကူးခါနီးအချိန်ရောက်တိုင်း Marina Bay က ရေပြင်ကျယ်ကြီးမှာ ထုံးစံအတိုင်း တောင်းဆုချွေတဲ့ ဘောလုံးဖြူဖြူတွေ ဖွေးဖွေးလှုပ်နေပါပြီ။

ရင်ထဲက ဆန္ဒတွေ တောင်းဆုတွေ ပြည့်ဝခဲ့မယ်ဆိုရင်...
မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ပါစေလို့ပဲ။

တကယ်ပါ... မွေးရပ်မြေလောက် ချစ်စရာကောင်းတဲ့ နေရာမရှိပါဘူး။
အခြေအနေနဲ့ အချိန်အခါအရ ဝေးတမြေခြားကို ရောက်နေပေမယ့်
စိတ်အစဉ်က အမိမြေရဲ့ ရင်ခွင်ကိုပဲ တမ်းတလွမ်းဆွတ်နေမိတယ်။

မြန်မာပြည်ကြီးသာ ငြိမ်းချမ်းသာယာ တိုးတက်လာရင်...
အဝေးရောက်နေတဲ့ သားတွေ သမီးတွေအတွက်
အိမ်အပြန်လမ်းက ကတ္တီပါကော်ဇောနီ မခင်းထားလည်း
အလျင်အမြန် လှမ်းနေတဲ့ အပြန်ခြေလှမ်းတွေအတွက် အဆင်ပြေနေမှာပါပဲ။

1 comment:

  1. ကိုဂျူလိုင်ကြီးရေးခဲ့တာလား။ သွားကြည့်ဦးမှ။း)

    ဟုတ်ပါ့လေ.. နေ့စဉ်နဲ့အမျှ တစ်နေ့တစ်ရက်မျှ ကိုယ့်မြေကို မေ့လို့မရပါဘူး။ အချို့အချိန်တွေမှာ အဲ့ဒီ အလွမ်းစိတ်က တအားပြင်းထန်လာတဲ့အခါကျတော့ စိတ်များတောင် ညစ်မိပါတယ်။ တနေ့တော့ မယ်..ပြန်လာမည်..ပေါ့လေ။

    ReplyDelete