Thursday, May 2, 2019

Bad Experience with Batam Immigration

စင်္ကာပူနားမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ဘာတန်နဲ့ ဘင်တန် ဆိုတဲ့ ကျွန်းတွေ ရှိပါတယ်။ အဲဒီကို Speedboat နဲ့ သွားရင် ၁ နာရီ ပတ်ဝန်းကျင်လောက် ကြာပါတယ်။ ပိတ်ရက်တွေမှာ စင်္ကာပူက လူတွေ အဲဒီကျွန်းဘက်ကို အလည်သဘောမျိုးနဲ့ နေ့ချင်းပြန်ခရီးတွေ ထွက်လေ့ရှိတတ်ကြတယ်။ မြန်မာပြည်က အလည်လာတဲ့ ဆွေမျိုးသားချင်းတွေကိုလည်း စင်္ကာပူအနီးအနားက ကျွန်းဖြစ်နေလို့ ရောက်ဖူးအောင်ဆိုပြီး လိုက်ပို့တတ်ကြပါသေးတယ်။ မြန်မာတွေ အင်ဒိုနီးရှားကို သွားလည်မယ်ဆိုရင် ဗီဇာလည်း မလိုဘူးလေ။

ဒါပေမယ့် စင်္ကာပူကို အလည်လာပြီး အင်ဒိုကို ထပ်ဆင့် ၀င်လည်တဲ့ မြန်မာတွေရဲ့ စင်္ကာပူမှာ နေထိုင်ခွင့်သက်တမ်း ၂ ပတ်အောက် ရောက်နေတဲ့အခါမှာ ဒါမှမဟုတ် နေ့ချင်းပြန်ခရီး ဖြစ်နေတဲ့အခါမှာ အဲဒီကျွန်းက အင်ဒိုနီးရှား လဝကအရာရှိတွေက အဲဒီခရီးသည်ကို ငွေညှစ်တတ်ပါတယ်။ သူတို့ ယူဆတာက စင်္ကာပူကနေ အင်ဒိုဘက်ကို ခဏ အထွက်ပြပြီး စင်္ကာပူမှာ နေထိုင်ခွင့် သက်တမ်း တိုးဖို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ မြန်မာခရီးသည် ၁ ယောက်ကို စလုံး ဒေါ်လာ ၁၀၀ တောင်းပါတယ်။ ပြုံးပြငိုပြ ညှိနှိုင်းပြီးရင်တော့ ဒေါ်လာ ၅၀ လောက်နဲ့ ကိစ္စပြတ်ပါတယ်။ တချို့တွေလည်း ဒေါ်လာ ၃၀ နဲ့ ရတယ်လို့ ပြောကြပြန်တယ်။ 

ပြောချင်တာက... စင်္ကာပူမှာ အလည်အပတ် နေထိုင်ခွင့်သက်တမ်း တိုးဖို့ ခဏအထွက်ပြချင်ရင်တော့ ကိစ္စမရှိပါဘူး။ အဲဒီလို မဟုတ်ပဲ... အလည်သဘောမျိုးနဲ့ ရောက်ဖူးချင်လို့ အဲဒီကျွန်းတွေဘက်ကို သွားလည်တယ်ဆိုရင်တော့ အင်ဒိုဘက်မှာ ငွေညှစ်တတ်တာကို သတိထား သိရှိနိုင်အောင် ဝေမျှတာပါ။ စင်္ကာပူဘက်ကတော့ ဘာမှ မလုပ်ပါဘူး။ အပြန်လေယာဉ် လက်မှတ် ပြနိုင်ရင် အဝင်တုံး ထုပေးလိုက်တာပါပဲ။

No comments:

Post a Comment