Sunday, March 15, 2009

Golden Rock Pagoda Trip-5


ရင်ပြင်တော်အပေါ်မှ မုဆိုးတောင်သို့ အဆင်းလမ်း


ဖက်လှဲတကင်း ကြိုဆိုတတ်တဲ့ ထမင်းဆိုင်တွေ


မမောနိုင် မပန်းနိုင် တရွေ့ရွေ့နဲ့ သွားကြသည်


မလှဘူးလို့ ဘယ်သူပြောလဲ


အဓိဌာန်ပြုပြီး လှုပ်လို့ရတဲ့ ကျောက်ထပ်တရာ စေတီ


ကျောက်တုံးကြီး ပြိုလဲသွားရှာတာ ကြာလှပြီဖြစ်တဲ့ နဂါးဘုရား


တကယ့်ဖားကြီးနဲ့တူတဲ့ ဖားဘုရား


ကြိုးဝိဇ္ဇာက ကြိမ်ကြိုးလျှောက်ပြီး ရွှေသင်္ကန်းကပ်ပေးတဲ့ ကျောက်ထပ်ကြီး

17 comments:

  1. ဖက်လဲတကင်းလား။ ဆွဲငင်မောင်းသွင်းလား။

    ReplyDelete
  2. သိရဲ့သားနဲ့ မေးနေပြန်ပြီ... ဟဟ

    ReplyDelete
  3. ju ju ပုံ သိတ်လှတယ်။

    ReplyDelete
  4. ကျီးကန်းပါးစပ်

    ရသေ့တောင်..

    ReplyDelete
  5. ဖက်လှဲတကင်း..... ???????
    ဖက်၊ လှဲ.........??? တကင်း....????

    ReplyDelete
  6. ကိုဂျုလိုင်ပုံတွေ သိတ်ကောင်းတယ။် သမိုင်းဝင်ဘဲ။ appreciated

    ReplyDelete
  7. စင်စင် စိတ်ထိန်းပါ။

    ReplyDelete
  8. မခင်ဦးမေ...
    ကျီးပါးစပ် မရောက်ဖြစ်ခဲ့ပါ။ ရသေ့တောင် သွားဖြစ်ပါတယ်။ ကျိုက်ထီးရိုး ခရီးသွား ဓါတ်ပုံတွေ ဆက်တင်ဖြစ်မယ် မထင်ပါဘူး။ စာရေးကြပါအုံးလို့ ပြောနေတာ ၃ ယောက် ရှိသွားပါပြီ။

    မစင်ရေ...
    စင်စင် ဆိုရင် မယဉ်ကျေးရာ ရောက်မှာစိုးလို့ ရှေ့မှာ မတပ်ခေါ်လိုက်မယ်နော်။ မစင်...
    ဖက်လှဲတကင်းက ဖက်လှဲတကင်းပါ။ အခြားအနက်တွေ မတွေးပါနဲ့လေ မစင်... (ဝေါ့) ရင်ပြည့်နေလို့ပါဗျာ။ တခြား မဟုတ်ပါဘူး မစင်...

    ReplyDelete
  9. eeeeeeeeeeeeeeeeeeeeeeeeeee
    မယဉ်ကျေးလည်း ကိတ်စန မရှိပါဝူး.....
    အသရေမဖျက်ပါနဲ့၊ နာမည်မဖျက်ပါနဲ့ ဂျူလိုင်ဒွင်း

    ReplyDelete
  10. မုဆိုးတောင်သို့အဆင်းလမ်းပုံလေးကြိုက်တယ်တယ်..။ တကယ် ဖက်လှဲတကင်းပါ..။

    ReplyDelete
  11. ကျိုက်ထီးရိုး မီးလောင်ပြီးမှ တခါရောက်ဖူးတယ်။
    ဒီလောက်စုံအောင် မသွားခဲ့ရဘူး။
    အရွယ်ငယ်သေးလို့ အိမ်က သိပ်နေရာစုံအောင် မသွားတာလဲ ပါမယ်။ သွားခဲ့ပေမယ့် မမှတ်မိတာလဲပါမယ်။
    ခုပုံတွေကြည့်တော့ ရန်ကုန်ရောက်မဆိုက် ကျိုက်ထီးရိုးဘုရား သွားဖူးချင်နေတယ်။
    ပုံရိုက်ချက်တွေ ကောင်းလို့ပဲနေမည်။

    ReplyDelete
  12. ရောက် ပါတယ် ကို၈ျူ လှိုင်ရေ တိုက် ဆိုင် ချင် တော့ သမီးနဲ့ အမေသွားတာက ကျိုက်ထီးရိုးဆိုတော့....လွမ်းတယ် ဗျို့

    ReplyDelete
  13. ပုံတွေ အရမ်းလှတယ်ဗျာ အုန်သီးးနဲ့ ရိုက်ခဲ့လို့နေမယ်း)

    ReplyDelete
  14. အမြဲစိမ်းဖြိုးရေ...
    ဟုတ်တယ်ဗျ။ ကျွန်တော်လည်း အဲဒီပုံလေး သဘောကျမိတယ်။ မနက် ဝေလီဝေလင်း အချိန်လေး လက်ဖက်ရည်သောက် ထွက်လာချိန် ချမ်းချမ်းနဲ့ ရိုက်ထားခဲ့တဲ့ ဓါတ်ပုံလေးပါ။

    ကိုဖြိုးမော်ရေ...
    ရန်ကုန်ရောက်မဆိုက် ဘုရားဖူး ထွက်ချင်တာကို သိရတဲ့ ၀မ်းသာပါတယ် ခင်ဗျာ။ တောတောင် သဘာဝရှုခင်း အလှနဲ့ ပြည့်စုံလှတဲ့ ကျိုက်ထီးရိုးဘုရားကို မြန်မာပြည် ရောက်တုန်းလေး သွားဖူးလိုက်ပေါ့။ ပင်ပန်းရကျိုး နပ်မှာပါ။

    ဥပသကာကြီးရေ...
    လွမ်းပါဗျာ။ လွမ်းပါ။ ကျွန်တော်လည်း မိုးရွာရင် လွမ်းတတ်ပါတယ်။ အတူတူပဲပေါ့။ အဟား...

    ဖိုးဂျယ်ရေ...
    ပုံတွေကောင်းတာ ရိုက်တဲ့ အုန်းသီးကောင်းလို့ နေမယ်နော့်။ ရိုက်ချက်ကတော့ အထူးသင်ယူ ကြိုးစားနေတုန်းပါပဲ။ အားမရပါဘူး။

    ReplyDelete
  15. ဟာဗျာ... ကျိုက်ထီးရိုးကို လွမ်းနေပါတယ်ဆိုမှ
    ပိုလွမ်းအောင် လုပ်နေပြန်ပါပြီဗျာ။ ဒီနှစ်ကုန်ရင်
    ရောက်အောင် သွားမယ်ဗျာ။

    ReplyDelete
  16. ပထမဆုံးပုံရိုက်တဲ့နေရာရဲ့ ညာဘက်မှာ အမြဲလူပြည့်နေတတ်တဲ့ လဘက်ရည်ဆိုင်လေးတဆိုင်ရှိတယ်.. လမ်းသွားလမ်းလာတွေ ကိုမြင်နေရလို့ အချက်အချာအတော်ကျတယ်.. အဲဒိဆိုင်က စားပွဲထိုးတွေ ခေါ်ရသိပ်ခက်တယ်.. ဒါပေမဲ့ အဲဒိဆိုင်မှာထိုင်ပြီး ပဲပြုတ်ထမင်းကြော်နဲ့ ကြက်ဥကြော်ရယ်.. လဘက်ရည်လေးရယ်.. နံပြားထောပတ်သုတ်လေးရယ်.. (အဲ များသွားပြီ).. စားရင်းထိုင်ရတာကို ကြိုက်တယ်..

    ထမင်းဆိုင်တွေက ခုထိ ဖတ်လှဲတကင်းလုပ်တုန်းလား.. ဟိုးအရင်ကလောက်တော့ မဆိုးတော့ပါဘူး.. သိသလောက်တော့ ဂေါပကက သူတို့ကို စည်းကမ်းထုတ်ထားတယ်.. (အစ်ကိုရေ.. ထမင်းစားရင် ဟင်းစုံတယ်လေ... ) မွန်သံခပ်ဝဲ၀ဲနဲ့.. ဟား.. ဟား.. သူငယ်ချင်းအုပ်စုတောင့်ရင် ကိုယ်ပါ ၀င်ပြီး လူခေါ်ပေးရင်း နောက်ဖူးတယ်..

    နံပတ်လေးပုံမှာ.. ကိုဂျူလိုင်က သူ့ပုံမထည့်ဘူးဆိုပြီး မတော်တဆပါသွားတယ်ထင်တယ်.. ဟီး.. ဟီး.. စတာ.. ဆိုင်ရှင်တွေက သူတို့မျောက်လိမ်မာတယ် မကုတ်ဘူးလို့ အမြဲပြောတယ်.. မယုံနဲ့.. အဲဒိမျောက်လူကို ကုတ်လိုက်တာ မြင်ဖူးတယ်.. မဗေဒါတုန်းကတောင် လက်ထဲကတောင်ဝှေးနဲ့ ထိုးလိုက်လို့ အကုတ်မခံရတာ..

    ရသေ့တောင်လဲ ရောက်သေးတယ်ဆို.. ရသေ့တောင်ပုံလဲ တင်ပါအုံး... ကျိုက်ထီးရိုးသာ ခဏခဏသွားတာ.. ရသေ့တောင်ပေါ်ကိုတော့ တခါမှ မရောက်ဖူးဘူး... ဟင်းး....
    စကာင်္ပူရောက်ပြီးတာတောင် ကျိုက်ထီးရိုးကို တစ်နှစ်တစ်ခေါက်ရောက်ဖြစ်တယ်.. မနှစ်က မရောက်ဖြစ်ဘူး.. :( မှတ်မှတ်ရရ မနှစ်က မဗေဒါဘ၀မှာ ကျိုက်ထီးရိုးမရောက်တဲ့ ပထမဆုံးနှစ်ပဲ..

    ReplyDelete
  17. ၄ ပုံမြောက်က ကိုJD ရဲ့ ဇနပဒ ကလျာဏီ ကို ကြည့်သွားပါတယ်
    တော်တော်မိုက်တာပဲနော်
    မလှဘူးလို့ မပြောရဲပါဘူးရှင်

    ReplyDelete