Monday, March 16, 2009

Be quick!

"မြန်မြန်လေး မြန်မြန်လေး...
ငါ အိမ်ရှင့် ကလေးတွေကို ကျောင်းသွားကြိုရအုံးမှာ..."

စကာင်္ပူမှာ အိမ်ဖော် အိမ်အကူဆိုတာ မိသားစုတွေကို ကြည့်ရှု စောင့်ရှောက် ကူညီပေးတဲ့ အခန်းကဏ္ဍမှာ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့သူတွေပါ။ အိမ်မှုကိစ္စ သန့်ရှင်းရေး လုပ်တာက အစ... ကလေးတွေကို ပြုစု စောင့်ရှောက်တာ အဆုံး.. အိမ်ဖော်ဆိုတာကို စင်္ကာပူရဲ့ လူနေရပ်ကွက် အိမ်ရာတွေမှာ မြင်တွေ့နေကျ မြင်ကွင်းတစ်ခုအဖြစ် ရိုးရိုးရှင်းရှင်းလေး တွေ့မြင်ရမှာပါ။ အခုတော့ ဆန်းဆန်းပြားပြား ကိစ္စတွေ ရှိလာပါပြီ။ ဘူကစ်ဘတော့ (Bukit Batok) တ၀ိုက်က အိမ်ရာတိုက်ခန်းတွေမှာ အိမ်ဖော်တချို့ အိမ်အလုပ်တွေအပြင် အခြားအလုပ်တွေပါ အပိုဝင်ငွေရဖို့ လုပ်နေကြပါပြီ။

သူတို့တွေထဲက တစ်ယောက်။ အင်ဒိုနီးရှားလူမျိုး အိမ်ဖော်တစ်ဦး။ ရို့စ်လို့ပဲ ခေါ်ကြပါစို့။ အမည်ရင်းတော့ မဟုတ်ပါဘူး။ ဘာတွေ ဆန်းဆန်းပြားပြား လုပ်သလဲဆိုတော့ အိမ်ဖော်အလုပ်အပြင် အချိန်ပိုင်း လိင်ဖျော်ဖြေမှု လုပ်ငန်း ပြည်တန့်ဆာ အလုပ်ကို အပိုဝင်ငွေရတဲ့ လုပ်ငန်းအနေနဲ့ အိမ်အနားတ၀ိုက်က လူလတ်ပိုင်းတွေကို အဓိက ဦးတည်ပြီး လုပ်ကိုင်ပါတယ်။ လူငယ်ပိုင်းတွေတောင် သူတို့ရဲ့ သွေးဆောင် ဖြားယောင်းမှု အောက်က လွတ်ထွက် မရုန်းနိုင်တာတွေ ရှိနေကြပါတယ်။

အသက် ၅၀ နှစ်အရွယ် စီးပွါးရေးသမားတစ်ဦးဖြစ်တဲ့ ဦးဂျေဟာ အသက် ၂၀ အရွယ်ရှိ သူ့သားကို ရို့စ်နဲ့အတူ အိပ်ရာပေါ်မှာ ချစ်ရည်လူးနေစဉ် လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ အလုပ်များလွန်းတဲ့ ဦးဂျေဟာ အိမ်ကို ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်လေ့ရှိပေမယ့် တစ်ရက်မှာ ရို့စ်နဲ့ သူ့သားတို့ရဲ့ အိပ်ခန်းထဲက ဇာတ်လမ်းကို ထိပ်တိုက် ရင်ဆိုင်တိုးမိခဲ့တာပါ။ စိတ်ဆိုးနေတဲ့ ဦးဂျေက ရို့စ်ရဲ့ အလုပ်ရှင်ကို တိုင်ပြောမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပမယ့် တကယ်တမ်းမှာတော့ သူ မလုပ်ရက်ခဲ့ပါဘူး။ သူ ဒီလို လုပ်လိုက်ရင် ရို့စ်တစ်ယောက် လက်ရှိ အိမ်ဖော်အလုပ်ကနေ ပြုတ်သွားမှာပေါ့။ ရို့စ်ကလည်း အဲဒီလို မလုပ်ဖို့ ခခယယ တောင်းပန်ရှာခဲ့ပါတယ်။

ကော်ဖီဆိုင်တွေ၊ ကလေးကစားကွင်းတွေမှာ တချို့သော အိမ်ဖော်တွေဟာ ဟိုတစ်စု ဒီတစ်စု ရှိနေတတ်ပြီး ဖြတ်သွားဖြတ်လာ ယောကျာ်းတွေကို ညုတုတုတွေလုပ်ပြီး မြူဆွယ်ကြပါတယ်။ ရို့စ်နဲ့ သူ့အပေါင်းအဖော် အိမ်ဖော်အချို့ဟာ ၀န်ဆောင်ခအနေနဲ့ ဒေါ်လာ ၄၀ ကနေ ဒေါ်လာ ၆၀ ကြား ယူလေ့ရှိပါတယ်။ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေလည်း ရပ်ကွက်ထဲက ယောကျာ်းသားတွေကို ပေးလေ့ရှိပါတယ်။

သတင်းထောက်တစ်ဦးက ရို့စ်ဖုန်းနံပါတ်ကို ရပြီး အလုပ်ကိစ္စ ပြောဆိုညှိုနှိုင်းဖို့ ချိန်းဆိုခဲ့ပါတယ်။ ရို့စ်က တွေ့ချင်ပေမယ့် ထောက်ခံ ပြောဆို ဆက်သွယ်ပေးတဲ့ ကြားလူမရှိလို့ တွေ့ရမှာ တွန့်ဆုတ်နေပါသေးတယ်။ ရို့စ်က ပြောပါသေးတယ်။ သူ့ကို ဟိုတယ်တွေမှာ ချိန်းရင် မသွားနိုင်ပါဘူး။ တခြားအိမ်ကိစ္စတွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေတတ်လို့ပါ။ သူ့ကို တွေ့ချင်ရင် သူနေတဲ့နေရာ အနားတ၀ိုက်မှာ နေထိုင်နေတဲ့သူ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှ အဲဒီအိမ်မှာ အလုပ် လုပ်ဖြစ်တာပေါ့တဲ့။ ရို့စ်က ထပ်မေးပါသေးတယ်။ အချစ်လေးမှာ ကွန်ဒုံးရော ပါလာသလားတဲ့။ နှစ်ပါးသွားမယ့် ရက်ကတော့ ရို့စ်ရဲ့ လက်ရှိအိမ်ရှင် အလုပ် သွားတဲ့နေ့အပေါ် မူတည်ပါတယ်။

အရှေ့ဂျာဗားမှာ နေထိုင်တဲ့ ကလေး ၃ ယောက်အမေ ရို့စ်ဟာ ခင်မင်ဖွယ် ကောင်းသလို စကားပြောလည်း သွက်ပါတယ်။ လက်ရှိ အလုပ်ရှင်ရဲ့ ကလေးတွေကို နေ့လည်ပိုင်းမှာ ကျောင်းကြိုဖို့ရှိတာကြောင့် သူမရဲ့ နှစ်ပါးသွားအက ဧည့်ခံချိန်ဟာ တိုတောင်းနိုင်ပါတယ်။ ရို့စ်ဟာ ကျောင်းဖွင့်ရက်တိုင်း မနက် ၈ နာရီခွဲမှာ ကလေးတွေကို ကျောင်းသွားပို့ပါတယ်။ အဲဒီလို ကျောင်းပို့ပြီးရင် အလုပ်အားသွားပြီဖြစ်တဲ့ ရို့စ်ဟာ သူရဲ့ ဧည့်သည်တွေကို ဖျော်ဖြေ ဧည်ခံဖို့ အချိန်ရပါတယ်။ ကလေးတွေ နေ့လည် ကျောင်းမဆင်းခင် အချိန်ထိပေါ့။

စကားတွေ ပြောရင်း ဈေးညှိလိုက်တော့ ဒေါ်လာ ၅၀ ပါတဲ့။ သတင်းထောက်က ဆက်မေးပါတယ်။ အခုလိုမျိုး ပြည့်တန်ဆာ အလုပ်ကို လုပ်ကြတဲ့ ငယ်ငယ်ရွယ်ရွယ် အိမ်ဖော်လေးတွေရော မရှိကြဘူးလားတဲ့။ ရို့စ်က ပြန်ဖြေပါတယ်။ ဒီအိမ်ရာစခန်းမှာနေတဲ့ သူ့အသိ အိမ်ဖော်အချို့လည်း အခုလို အလုပ်တွေကို လုပ်ကြပါတယ်။ ဒါပေမယ့် မိတ်ဆက်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲဒီလို မိတ်ဆက်ပေးလိုက်ရင် ငါ့ဖောက်သည်တွေက ငါ့ဆီကို ပြန်မလာကြတော့ဘူး။ အဲဒီတော့ ငါ ပိုက်ဆံ ဘယ်ရတော့မလဲတဲ့။

စင်္ကာပူမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်တာ ၅ နှစ်နီးပါးရှိပြီဖြစ်တဲ့ ရို့စ်ရဲ့ ဖောက်သည်တွေက အသက်ကြီးပိုင်း အမျိုးသားတွေ များပါတယ်။ ရို့စ်ရဲ့ ပုံမှန်ဖောက်သည်တစ်ဦးက ကြေးကြီးကြီး ဈေးကောင်းပေးသလို လက်ဆောင်တွေလည်း ပေးတတ်ပါတယ်။ အခုတော့ သူက ဝေးတမြေခြားကို ပြောင်းရွှေ့နေထိုင်သွားပါပြီ။ အကယ်လို့များ ရို့စ်ရဲ့ဝန်ဆောင်မှုကို သဘောကျရင် အချိန်မရွေး ဖုန်းဆက်ခေါ်ပါ။ နောက်ပိုင်းတွေမှာ ခေါ်တဲ့အခေါက်တိုင်း ပိုက်ဆံ ပေးစရာ မလိုပါဘူး။ ပျော်ရွှင်မှုတွေပဲ ပေးချင်တာပါလို့ ရို့စ်က ဖြည့်စွက် ပြောပါသေးတယ်။

ဈေးစကားပြောပြီး တကယ်လုပ်ငန်းစဖို့ အိမ်ပေါ်တက်ကြရအောင် လုပ်တဲ့အချိန်မှာ သတင်းထောက်ဆီကို ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း ဖုန်းခေါ်သံတစ်ခု ၀င်လာပါတယ်။ မိသားစုဝင် တစ်ယောက် အခုဒီအိမ်ကို လာနေတာဖြစ်လို့ နှစ်ပါးသွားဖို့အတွက် မဖြစ်နိုင်တော့ဘူးဆိုတာ ပြောပြပြီး နောက်တစ်နေ့ကို အစီအစဉ် ပြောင်းလိုက်ပါတယ်။ ရို့စ်ကလည်း ရက်ရွှေ့ဆိုင်းပေးဖို့ သဘောတူပေးပါတယ်။ သူ့အလုပ်ကို သူယူထားတဲ့ ငွေကြေးနဲ့တန်အောင် ကျေနပ်အောင် လုပ်ပေးမယ် ဆိုတဲ့အကြောင်း... ထွက်မပြေးပါဘူး ဆိုတဲ့အကြောင်း... သေချာ မှာသွားခဲ့ပါသေးတယ်။

နောက်တစ်ရက်မှာ ရို့စ်ကို ဖုန်းဆက်ပြီး သူ ဘယ်သူဘယ်ဝှါ ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါတော့တယ်။ ဘာကြောင့် အခုလို အလုပ်မျိုးကို လုပ်ရတာလည်း ဆိုတာကိုလည်း တခါတည်း မေးခဲ့ပါတယ်။ ပထမတော့ ရို့စ် မဖြေပါဘူး။ အချိန်အတော်ကြာလေး စွံ့အနေပါတယ်။ ခဏကြာတော့ ရို့စ်က ပြောပါတယ်။

"ငါ့ယောကျာ်းက ၂၀၀၀ ခုနှစ်က ဆုံးသွားပါပြီ။ ငါ့မိသားစုကို ထောက်ပံ့ဖို့ ငါတစ်ယောက်ပဲ ကျန်တော့တယ်။ တစ်လကို အိမ်ဖော် လစာ ၃၅၀ ဒေါ်လာဆိုတာ ငါ့အိမ်အတွက် မလောက်ငှတဲ့ ၀င်ငွေတစ်ခုပါ...."

အဲဒီလို ပြောပြီး ရို့စ် ဖုန်းချသွားပါတယ်။

Ref: The news paper on Sunday
March 15, 2009 Page 2

27 comments:

  1. ဖတ်သွားတယ်။ ဘာပြောရမှန်းတောင်မသိတော့ဘူး။ စိတ်မကောင်းဘူး. သက်ပြင်းချသွားတယ်။

    ReplyDelete
  2. ဆြာမကြီးကွမ်း...
    သက်ပြင်းတွေ ခဏ ခဏ ချမနေနဲ့အုံးနော်။ တော်ကြာ ရုပ်တွေရင့်သွားလို့ မလှတော့ရင် ဘယ်လိုလုပ်မလဲ။ အဟီး...

    ReplyDelete
  3. အင်း.ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်..ဆိုတာကို သွားသတိရလိုက်တာပါပဲလေ...

    ReplyDelete
  4. ကိုယ်တွေ့အဖြစ်အပျက်လေးကိုပြန်လည်မျှဝေတယ့်အတွက်ကျေးဇူးပါ

    ReplyDelete
  5. အခုမှပဲ ကြားဖူးတယ်... စိတ်မကောင်းပါ

    ReplyDelete
  6. ဒါမျိုးလည်းရှိတတ်သေးတာကိုး။
    အရင် Health n Beauty Store မှာလုပ်တုန်းကလည်း အင်ဂလိပ်လိုကောင်းကောင်း မတတ်တဲ့သူတွေ ခဏခဏလာမေးလို့ ဆေးပေးလိုက်၊ စမ်းသပ်တဲ့ဟာပေးလိုက်နဲ့ ကြုံခဲ့ဖူးပါ့။

    ReplyDelete
  7. စိတ်ဝင်စားဖွယ်ရာ ဘာသာပြန်တပုဒ် ဖတ်သွားပြီ

    ReplyDelete
  8. မြန်မြန်လေး မြန်မြန်လေး ခေါင်းစဉ်တွေ့လို့ အပြေးအလွှားလာဖတ်ပါ၏။ ဟမ်..လူဇိုး..
    ဖတ်ပြီးဘာပြောရမှန်းမသိ..

    ReplyDelete
  9. ဟင်းးးးးးးးးး .. စိတ်မကောင်းစရာပဲနော် .. ဘာပြောရမှန်းကိုမသိတော့ဘူး ..

    ReplyDelete
  10. တစ်ကယ့်ဖြစ်ရပ်မှန်
    ဘာသာပြန် သတင်းစာ ဆောင်းပါးလေးကို
    ဖတ်သွားပါတယ်။
    ဆို့နင့်စေတဲ့ အဖြစ်အပျက်လေးပါပဲ။
    ရုန်းကန်နေရတဲ့ ဘ၀ကို စာနာနားလည်ပါတယ်။
    လူတိုင်းအတွက်
    ပြည့်စုံပျော်ရွှင်တဲ့ ဘ၀လေးတွေကို
    ကိုယ်စီကိုယ်စီ ပိုင်ဆိုင်စေချင်ပါတယ်
    ဆန္ဒလေးပြည့်မယ်ဆိုရင်ပေါ့ဗျာ

    လေးစားစွာဖြင့်

    ReplyDelete
  11. အတော်ဆိုးတာပဲ.. အရင်က စလုံးမှာ လိုင်စင်ရတွေပဲ redlight area မှာ စည်းနဲ့ကမ်းနဲ့ သူ့အလုပ်သူလုပ် ရှိတယ် ထင်တားတာ..တဖြည်းဖြည်းနဲ့ စလုံးလည်း စည်းကမ်းပိုပိုပျက်လာပြီနော်..

    ReplyDelete
  12. သက်ပြင်း၂ ချက်ချသွားသည်

    ReplyDelete
  13. ဘယ်လိုခံစားရမှန်းကို မသိတော့ဘူး။ ကိုယ့်မြန်မာမိန်းကလေး အိမ်ဖော်တွေ အတွက်ပိုစိုးရိမ်မိ တယ်။

    ReplyDelete
  14. ဘိန်းရောင်းပြီး ဘုရားလူကြီးလုပ်ကြတဲ့သူနဲ့ ယှဉ်ရင် သူ့ ကိုယ်သူရောင်းပြီး ပြည့်တန်ဆာလုပ်တဲ့ ရိုစ်က အများကြီးသာပါတယ်။

    အယ်ဇီ

    ReplyDelete
  15. သက်ပြင်းချမိတယ်..။ ရို့စ်ရဲ့လစာက 350၊
    မြန်မာမိန်းကလေးတွေရဲ့ လစာက 300။
    ဒါပေမယ့် မြန်မာထဲမှာတော့ ရှိမယ်မထင်ပါဘူးလေ...။

    မှတ်ချက်။ ။ ရုပ်မရင့်ချင်သော်လည်း သက်ပြင်းက ချပြီးဖြစ်နေပါသည်။
    strike မန့်တာဖတ်ပြီး ပြုံးရပြန်သည်။

    ReplyDelete
  16. မြန်မာမိန်းကလေးအိမ်ဖော်တွေကော....
    အင်း...
    ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်။

    ReplyDelete
  17. ဒုက္ခ ပါလားကွယ်။

    ReplyDelete
  18. အိမ်ဖေါ်လာလုပ်တဲ့ အင်ဒိုမတွေ ဒီမှာ သရမ်းတာများတယ်။ အများကြီးကြားဘူး၊ တွေ့ဘူးတယ်။ ကုလားတွေ၊ နိပေါတွေ၊ မြန်မာတွေနဲ့ တလတခါ အားလပ်ရက်အပြင်ထွက်ရင် ငွေလဲမကုန်၊ လက်ဆောင်လဲရ၊ စိတ်လဲကျေနပ်ရဆိုတာမျိုး လုပ်ကြတယ်။ အကုန်တော့မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန်တွေလဲရှိပါတယ်။ လည်တဲ့သူတွေ များတာပြောတာ။

    ReplyDelete
  19. ဘယ်သူတစ်ဦးတစ်ယောက်မှဒီလိုဘဝမျိုး ..
    ဒီလို အလုပ်မျိုး မလုပ်ချင်ပါဘူး..
    ဒါပေမယ့်ပေါ့..
    ကံအကျိုးပေး နဲ့ ဝဋ် ကတော့ ရှိနေဦးမှာပဲလေ..

    ReplyDelete
  20. မနွယ်ရေ...
    ပေါက်ပင် ဘာကြောင့်ကိုင်းရလဲ ဟင်... ဗျိုင်းက ဘယ်သူလဲ ခင်ဗျ။

    Strike...
    အခုဇာတ်လမ်းမှာ ရို့စ်ကို လက်ဆောင်တွေပေး ကြေးကြီးကြီးပေးပြီး အဝေးမြေရောက်နေတဲ့ ဖောက်သည်အကြီးအဖြစ် အားတက်သရော ကူညီပေးခဲ့တဲ့ Strike ကို ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျာ။

    မီယာရေ...
    လောကကြီးမှာ ဒါမျိုးအဖြစ်အပျက်တွေ အများကြီးပါပဲ။ ဖြစ်လေ့ ဖြစ်ထရှိပါတယ် ခင်ဗျ။

    ကိုဖြိုးမော်လည်း သူတို့တွေကို ဈေးရောင်းဖူးတဲ့ အတွေ့အကြုံတွေ ရှိနေရင် ရေးတင်ပါလား။ ဗဟုသုတပေါ့ ခင်ဗျာ။

    မမသီရိရေ...
    စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။

    ReplyDelete
  21. မျိုးရေ...
    မြန်မြန်လေး ဆိုတိုင်း မြန်မြန် မလာပါနဲ့ဗျာ။ အခုတော့ ကျွန်တော် လူဇိုးဖြစ်ရပြီပေါ့။ အဟက်...

    မိုးခါးရေ...
    တခုခုတော့ ပြောခဲ့လေ။ ဘာပြောရမှန်း မသိတာတော့ မကောင်းဘူး ခင်ဗျ။

    ကိုဝင်းဇော်ရေ...
    ဘ၀ဆိုတာ ဘကုန်းနဲ့ဝလုံးပဲ မဟုတ်တာ အသေအချာပဲ ခင်ဗျ။

    မိစုရေ...
    လူဆိုတဲ့ အမျိုးကိုက စည်းကမ်းဖောက်တတ်တဲ့ သဘာဝ ရှိတတ်လို့ အခုကေ့စ်မှာ စလုံးရယ်လို့ အထူးအထွေ အပြစ်မတင်ချင်တော့ပါဘူး။

    ဘာတွေတုန်း...
    သက်ပြင်း ၂ ချက် ချသွားတော့ ရုပ် နှစ်ခါ ပိုရင့်သွားမှာကို အားနာမိနေတယ်။

    ReplyDelete
  22. မေ့သမီးရေ...
    အခုနောက်ပိုင်းမှာ အိမ်ဖော်တွေကို ဒီထက်မက စည်းကမ်းတင်းကျပ်မှာကိုတော့ မြင်ယောင်နေပါတယ်။

    မဂျူနိုရေ...
    ဟုတ်ပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းကို အောက်တန်းကျတဲ့ အလုပ်အဖြစ် ကျွန်တော်လည်း မနှိမ်ပါဘူး ခင်ဗျ။

    မစင်...
    လက်ရှိအချိန်မှာ ရုပ်က ရင့်နေပြီးသား ဆိုရင်တော့လည်း မထူးဇာတ်သာ ခင်းလိုက်ပါတော့။ ကြိုက်သလောက် သက်ပြင်းချသွားပါတော့ ဗျာ။ အားမနာပါနဲ့။

    လင်းဒီပခင်ဗျာ
    ကျွန်တော်တော့ မြန်မာအိမ်ဖော်တွေ အကြောင်း မသိပါဘူး ခင်ဗျ။ အေးအေးဆေးဆေးပဲ ထင်ပါတယ်။ ပူညံ့ပူညံ့တွေ မကြားရသေးဘူးခင်ဗျ။

    မအပြုံးပန်းရေ...
    ဒုက္ခနဲ့ သုခ ဒီလိုပဲ ဒွန်တွဲနေမယ် ထင်တယ်။ ကိုယ်တွေကတော့ ဒုက္ခလို့ ထင်ပေမယ့်...

    ကလူသစ်ရေ...
    ကျွန်တော်လည်း ကြားဖူးနားဝတော့ ရှိပါတယ်။ အစက ဖိလစ်ပိုင်တွေလို့ပဲ ထင်ထားတာ။ အင်ဒိုတွေလို့ မသိထားဘူး။ အခုလိုမျိုး သတင်းစာထဲမှ ပါလာတော့ ပြန်လည် ဝေမျှချင်တာနဲ့ အခုလို ဝေမျှလိုက်တာပါ။

    ဖိုးစိန်ရေ...
    ဘ၀မှာ ရွေးစရာ လမ်းမရှိတဲ့သူတွေ အများကြီးပါပဲ။ ကံ ကံ၏ အကျိုးပေါ့။

    ReplyDelete
  23. စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်။
    ကျွန်မတို့ မြန်မာ မိန်းကလေးတွေလည်း ဒီလို အဖြစ်မျိုး မရောက်ပါစေနဲ့လို့ အခါခါ ဆုတောင်းမိနေပါတယ်

    သူရတဲ့ ၃၅၀ ကမှများဦးမယ်ထင်ပါတယ်။ ညီမသိသလောက် မြန်မာကနေ အေးဂျင့်နဲ့ အိမ်ဖော်လာလုပ်တဲ့သူတွေ ပထမ ၆လလောက်ကို ၈၀ လောက်နဲ့လုပ်ပြီးမှ ၂၀၀ လောက်ကစရတယ်လို့ ကြားဖူးပါတယ်။(ကြားဖူးတာပါ.. သေချာတော့ မသိပါဘူး)

    ReplyDelete
  24. စိတ်ဆိုးပြီး ဘုမတောရဘူးလေ၊အောက်ဆုံးက"Reference"ကိုမတွေ့လိုက်လို့ပါ။

    ReplyDelete
  25. သွားပါ.. အခုမှ လာမချော့နဲ့. ။။အဟင့်

    ReplyDelete
  26. အင်း.... မရိုးနိုင်တဲ့ ဇာတ်လမ်းတွေပါပဲဗျာ။ ဖတ်ပြီးစိတ်မကောင်းးဖြစ်သွားတယ်။ ဒိထက်ဆိုးတာက ယိုးဒယားမှာဗျ တော်ပြီဗျာ
    စိတ်ပျက်စရာတွေ စဉ်းစားရင် ဒေါသဖြစ်တယ်

    ReplyDelete
  27. Thanks for this. I've been away from singapore, and haven't read this piece of news.

    It makes me sad.. but in a strange way, i admire them for plucking up the courage to sacrifice themselves for the sake of their family.

    ReplyDelete