Tuesday, March 17, 2009
New guest on my desk
အစတုန်းက ကျွန်တော့်စားပွဲမှာ ချစ်စရာ ဓါတ်ပုံမှန်ဘောင်လေး မရှိခဲ့ဘူး။ အခုတော့ မှန်ဘောင်လေးတစ်ခု နေရာယူလာခဲ့ပြီပေါ့။ နံရံထောင့်လေး လွတ်နေတဲ့ နေရာလေးက အခုတော့ ဓါတ်ပုံလေးနဲ့ အံဝင်ဂွင်ကျ လိုက်ဖက်ညီ လှပနေပါပြီ။ ဘောလ်ပင်တွေ ထည့်ထားတဲ့ ခွက်လေးကတောင် သူ့ပိုင်နက်နေရာလေးကို ဖယ်ပေးလိုက်ရလို့ ကျွန်တော့်ကိုများ မကျေမနပ် ဖြစ်နေမလားပဲ။ အစက အဲဒီနေရာမှာ အဲဒီခွက်ကလေးကို ထားထားတာလေ။
ဓါတ်ပုံလေးရှေ့က ပြက္ခဒိန်လေးကတော့ လက်ချိုးရေရမယ့် ရက်တွေကို ပြနေတယ်လေ။ အဲဒီလ အဲဒီအချိန်ကို ရောက်ဖို့ ရက်တွေ အများကြီး ကျန်နေသေးတယ်တဲ့။ ရင်မောရတာပေါ့ဗျာ။ ရှေ့က စပီကာလေးကတော့ ကျွန်တော့်အတွက် သံစဉ်ချိုချိုတွေ ထုတ်ပေးရင်း ကျွန်တော့်ကို အလွမ်းတွေပိုအောင် ဖန်တီးပေးတဲ့သူပေါ့။ သူ့ဘေးနားက အိုင်ပေါ့ဒ်လေးက ကိုယ်နဲ့မကွာ ထားတဲ့အရာတစ်ခုပါ။ ကျွန်တော် ရုံးသွားရုံးပြန် ရထားပေါ် ကားပေါ် အချိန်တွေ၊ ရုံးမှာ အလုပ်လုပ်နေတဲ့ အချိန်တွေမှာ သူက ကျွန်တော်ရဲ့ အိပ်ကပ်ထဲမှာ အမြဲတမ်း နေရာယူလေ့ရှိတယ်။ ညဘက်ရောက်မှပဲ သူ့ခမျာ အနားယူရရှာတာ။ အဲဒီအချိန်ကျတော့ စပီကာတွေက အလုပ်လုပ်နေကြပြီလေ။
သူ့ရှေ့မှာတော့ ကျွန်တော်ရဲ့ ဟန်းဖုန်းလေးပါ။ တကယ်တော့ သူ့ခင်မျာ အိမ်ဖုန်းလောက်တောင် တာဝန် မယူရရှာပါဘူး။ ရုံးမှာဆို ရုံးဖုန်းသုံးတယ်။ အိမ်မှာဆို အိမ်ဖုန်းသုံးတယ်။ တစ်နေ့နေလို့ ဖုန်းတစ်ခါတောင် မလာတော့ သူ့ခင်မျာ အေးဆေးလေး နားနေရတာများပါတယ်။ ညပိုင်းဆိုလည်း အခုလို စားပွဲပေါ်မှာပဲ ငြိမ်ငြိမ်လေး နေနေရရှာတယ်။ သူငယ်ချင်း အများစုက ဂျီတော့ခ်ကနေ စာရိုက်ပြီး စကားပြောကြတယ်။ တကူးတက ဖုန်းခေါ်မနေကြဘူး။
စားပွဲ အလည်တည့်တည့်က ကွန်ပျူတာကတော့ ရုံးက ပေးထားတဲ့ ကွန်ပျူတာပါ။ ရုံးမှာလည်း သူနဲ့ပဲ။ အိမ်မှာလည်း သူနဲ့ပဲ။ အချစ်လေးနဲ့ ဂျီတော့ခ်မှာ စကားပြောရင်လည်း သူကနေ တဆင့်ပေါ့။ ကျွန်တော့် ခံစားချက်တွေ သီဖွဲ့ရင်လည်း သူ့ကိုပဲ သုံးရတာပဲလေ။ အခုတလော သူကတော့ ငြီးနေရှာမှာပါ။ လွမ်းတယ် ချစ်တယ်ဆိုတာတွေကိုပဲ ခဏခဏ ပြောနေ ကြားနေ ရေးဖွဲ့နေလို့တဲ့။ ကြည့်ရတာ သူလည်း ကျွန်တော့်ကို အားကျ မနာလို ဖြစ်သွားပုံပဲ။ အားလည်းကျမိတယ်။ မနာလိုလည်း ဖြစ်မိတယ် ဆိုပါတော့ဗျာ။ သူ့ကိုတော့ အတော်အားနာပေမယ့် ကျွန်တော်ကလည်း ဒါတွေပဲ ရေးဖွဲ့ ပြောနေရမှာပဲလေ။ ကျွန်တော်က မြတ်မြတ်နိုးနိုး ချစ်မိနေတာကိုး။ ဒါကြောင့် ချစ်တာကို ချစ်တယ်လို့ ရိုးသားစွာ ပြောမိတာပေါ့။
ဘေးနားမှာရှိနေတဲ့ နာရီလေးကတော့ နှိုးစက်လေးပေါ့။ တခါတလေ ကျွန်တော့်ဘာသာ အိပ်ရာမထဖြစ်ရင် နှိုးစက်အချိန် ပေးထားရတယ်။ မဟုတ်ရင် ရုံးကို အတော်လေး နောက်ကျမှ ရောက်မှာလေ။ ခဏခဏ ရုံးနောက်ကျတာတော့ မကောင်းဘူးပေါ့။ ဒါကြောင့် သူက ကျွန်တော့်ကို အိပ်ရာက နှိုးပေးရှာပါတယ်။ အိပ်ရာက နှိုးလာတိုင်း သတိရမိတာက ဘယ်သူလဲဆိုတာ သိပါတယ်နော်။ နှိုးစက်လေးကြောင့် ကျွန်တော် မနက်ခင်းတိုင်း သတိရခြင်းများစွာနဲ့ အိပ်ရာက နှိုးထခဲ့တာပေါ့။ ညဆိုလည်း ၁၁ နာရီခွဲပြီလားကို မကြာခဏ လှမ်းလှမ်းကြည့်မိလို့ သူလည်း ရှက်နေလောက်ပါပြီ။
အနောက်က ဖုန်းလေးကတော့ အိမ်ဖုန်းပါပဲ။ ကျွန်တော့် အခန်းထဲမှာ တစ်လုံး တပ်ထားတယ်။ အပြင်မှာ တစ်လုံးရှိတယ်။ ညစဉ်ညစဉ် အချစ်နဲ့ ရင်ထဲက စကားတွေ ဖွင့်ဟပြောဖို့အတွက် သူ့ခင်မျာ မငြီးမငြူ မငြိုမငြင် တာဝန်ယူပေးရှာပါတယ်။ ကျွန်တော် နှိပ်သမျှ နံပါတ်ပေါင်း များစွာကို ခံရရှာတယ်။ တစ်ခါခေါ်လို့ မရရင် နောက်တစ်ခါ ဖုန်းနံပါတ် ထပ်နှိပ်ပြီး ခေါ်ရတော့ နံပါတ်တွေ အများကြီး နှိပ်ဖြစ်တာပေါ့။ ဒါပေမယ့် ဖုန်းပြောရင်း ပြုံးနေတဲ့ ကျွန်တော်ရဲ့ မျက်နှာကို အနီးကပ် မြင်ခွင့်ရထားတဲ့ အရာဝတ္ထုတစ်ခုပါ။ အဲဒီအတွက် သူကျေနပ်နေမှာ ကျွန်တော် သိနေတယ်။
သူတို့တွေ အားလုံးကြားမှာ ဧည့်သည် အသစ်လေးတစ်ခု တိုးလာပြီပေါ့။ အဲဒါကတော့ ချစ်သူရဲ့ ဓါတ်ပုံပါတဲ့ မှန်ဘောင်လေးပေါ့။ ပုဂံဘုရားတွေရဲ့ နီညိုညို အုတ်အရောင်၊ မှန်ဘောင်ရဲ့ သစ်သားအရောင်၊ အချစ်လေး ၀တ်ထားတဲ့ အနီရောင်တီရှပ်၊ အားလုံးဟာ လိုက်ဖက်ညီလှပါတယ်။ ကျွန်တော့်အတွက်တော့ အမောပြေစေတဲ့ အချစ်ဆုံးပေးတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ လွမ်းတိုင်း ကြည့်မိလို့၊ သတိရတိုင်း ကြည့်မိလို့ ဓါတ်ပုံထဲက ကောင်မလေးတော့ ဘယ်လိုနေမလဲတော့ မသိဘူး။ သူ့ဘေးနားက ဘီလူးကြီးတောင် အကြည့်ခံရလွန်းလို့ ရှက်ပြီး ပြုံးတောင် ပြုံးလာသလိုပဲနော်။
~~~~~~~~~~
အနှစ်ချုပ်....
အရူးပြော အရူးယုံဆိုတဲ့အတိုင်း ချင့်ယုံကြလော။ ပုထုဇနောဥမ္မာ့တကော...
43 comments:
  1.း)
    ချင့်ယုံ ဆိုပေမဲ့
    တကယ်ယုံပါတယ် ဟေ့
    အဆင်ပြေပါစေ ကွာ..း)
    ReplyDelete
  2. အဲဒါပေါ့ အရူးပြော အရူးယုံဆိုတာ...
    အဟေးဟေး....
    ReplyDelete
  3. ဓါတ်ပုံလေးရှေ့က ပြက္ခဒိန်လေးဆိုတာ ရှာမတွေ့ ဘူး..
    ReplyDelete
  4. မနေ...
    ချင့်ယုံကြလော လို့ ပြောထားတယ်နော်။ အဟား...
    စိတ်ကူးပေါက်ရာ အရူးထတာပါ။ မှားတဲ့အခါလည်း မှားမှာပေါ့ကွယ်။ ခွေးလွတ်ကြပါ။
    ReplyDelete
  5. ဘာပဲဖြစ်၂ အဆင်ပြေပါစေ ကိုဂျူလိုင်
    ReplyDelete
  6. အဟမ်း အဟမ်း..
    သတိ သတိ သတိ
    ReplyDelete
  7. ဟင် ချင့်ယုံ?
    အပြည့်အ၀ယုံက ထောင် ကျမှလားဟင် (အိမ်ထောင်)
    :D
    ReplyDelete
  8. တကယ်မို့လို့ တကယ့်ခံစားချက်တွေကို ဖွဲ့နွဲ့နေတာပဲဖြစ်ပါစေ ဆုတောင်းပါတယ်ဗျာ.. ဂွတ်ထ်လပ်ခ်..
    ReplyDelete
  9. မထင်ရဘူးနော် .. လူကြည့်ရင် အဲ့လောက် ပေါ မယ်လို့ ဟိ..
    oh.. Singapore Rain.. I hate that ..
    dahhhhhhhhhhhhhhhh!!!
    ReplyDelete
  10. ကို ဂျူလိုင်ရေ
    အရေးအသားကောင်းတယ်
    မြန်မြန်နီးစပ်ပါစေ..ဆုတောင်းပေးလိုက်တယ်နော်
    ReplyDelete
  11. အရူးတွေကတော့ အရူးပြောတာ ယုံမှာပေါ့ဟာ .. အဟေးဟေး တို့ကတော့ စဖတ်ကတည်းကသိတယ် .. ဒီလောက်အစွမ်းအစ မရှိဘူးဆိုတာ :P
    ReplyDelete
  12. ဖတ်ပြီးပြုံးမိတယ်၊ အတွေးတွေ၊ စာအဖွဲ့လေးတွေကိုသဘောကျသွားပါတယ်။ တကယ်လဲယုံပါတယ်လေ။ :) အသီးမကွဲတော့ဘူးထင်တယ်။
    ReplyDelete
  13. အရူးပြော အရူးယုံဆိုတဲ့အတိုင်း ချင့်ယုံကြလော။ ပုထုဇနောဥမ္မာ့တကော...
    :D
    ပေါရဲလိုက်တာ ပေါရဲလိုက်တာ။
    ReplyDelete
  14. မောင်မင်း မလိုင်... အဲလေ.. ဂျူလိုင်
    အခန်းစားပွဲ ဖွဲ့စည်းပုံကို ပြောသလိုလိုနှင့် ချစ်သူဓါတ်ပုံလေးကို ရောကြွားသွားသည်။(အားကျမခံ ဖြစ်သွား၏) :P
    နောက်တာပါနော်... အဆင်ပြေပါစေဗျား... ချစ်သူအပေါင်း မင်္ဂလာခညောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...
    ReplyDelete
  15. အရူးမျက်လုံးနဲ့ ကြည့်သွားတယ် အစ်ကိုရေ .. ..
    ReplyDelete
  16. ယုံမလို့ဟာကို အရူးဖြစ်မှာလည်းကြောက်ရသေး...
    ရေးထားတာကလည်း ယုံချင်စရာ....။
    အဟုတ်ကို မဟုတ်သယောင် အယုံသွင်း..
    မောင်မင်းအကြံ ဒါအကုန်ပဲလား.. ဂျူလိုင်ဒွင်း။
    ReplyDelete
  17. အင်းးးးး ဘီလူးကြီးက သူ့ကို ဘယ်ကဘီလူးကြီးက ခနခနကြည့်လွန်းလို့ ဆိုပြီး ဒေါသမီးတွေ ထလာနိုင်တယ်...
    အရူးက အမဲသားစားမိသလိုပဲလားးးး
    သတိ........ထားဦး ကိုဂျူလိုင်း)
    ReplyDelete
  18. မနေနိုင်မထိုင်နိုင်ရေးပြီးမှ အရူးပြောတွေဘာတွေလုပ်မနေပါနဲ့ကွယ်။ အမှန်တော့ ကောင်မလေးက ယောင်္ကျားဆန်ဆန်လေးပါ။ ကိုယ်တိုင်လဲ ပျော့ညံ့ညံ့မနေသလို ကျားကျားယားယား ယောင်္ကျားလေးကိုမှ စိတ်ဝင်စားမဲ့သဘောရှိတယ်။ မောင် JD က ဖြူဖတ်ဖြူရော် ပျော့စိစိဖြစ်နေတာကိုး။ သွေးတွေ သိတ်လှူမနေနဲ့။ ဘလော့ဂ်ချိန်လျော့ပြီး ကစားကွင်း (ကလေးကစားကွင်းမဟုတ်) သွားပြီး နဲနဲ လေ့ကျင့်ပေး။ :)
    ReplyDelete
  19. ချစ်ကြတယ်နော်။ တခဲနက် အားပေးပုံများ မျက်ရည်တွေတောင် ၀ဲမိပါတယ်လို့ ဇာတ်မင်းသားပြော ပြောရမလိုလို...
    ဘာပဲဖြစ်ဖြစ်ဗျာ...
    ဖတ်လို့ ကောင်းရင် ပြီးတာပါပဲလေ။ ကျန်တာကတော့ ကျန်တာပဲပေါ့။ အဟား...
    ချင့်ယုံပေါ့ဗျာ။ ချင့်ယုံပေါ့။
    သေချာ ထပ်ပြောပါမယ်။ ချင့်ယုံကြပေါ့ဗျာ။
    ReplyDelete
  20. ဓါတ်ပုံကဖြင့်သေခြာလဲမမြင်ရဘူးရယ်.
    ယုံတော့ယုံချင်သား.. ဒါပေမယ့် ...
    ReplyDelete
  21. သဲလည်း သဲတယ်။ ကဲလည်း ကဲတယ်။ မီးမီးရှက်ပါတယ်။ အဟိ။
    ReplyDelete
  22. မမြင်ရလေ... လူတွေက ပြူးပြဲ ကြည့်ကြလေပဲ။ ဘာပဲဖြစ်ဖြစ် အောင်မြင်ပါတယ်လေ။ အဲငှယ်....
    ဒါနဲ့ ဘယ်လိုဖြစ်ပြီး မေ့သမီးက မီးမီးရှက်ပါတယ် ဖြစ်သွားတာလဲဟင်... ;P
    ReplyDelete
  23. ကြွားနေတယ်ပေါ့ ရှိတော့လဲ ကြွားနိုင်တာပေါ့ဗျာ....
    အရူးပြော အရူးယုံတဲ့ ငါလဲ ရူးနေလို့ ယုံလိုက်ပါတယ်ယယ
    အဆင်ပြေပါစေ ဘယ်တော့စားရမလဲ
    ReplyDelete
  24. ခပ်မြင့်မြင့်ရေ င်္ဒီပုံဆိုသူကမွေးကထဲကအသီးတောင်ပါလာရဲ့လားမသိ
    ReplyDelete
  25. အဟုတ်မှတ်လို့ဓာတ်ပုံကိုပြူးပြီးကြည့်ရတာ ခေါင်းတောင်ညောင်းသွားတယ်။လူဇိုးးးးးးးးးးးးးးး
    ReplyDelete
  26. ပုလုကွေးရေ...
    အရူးပြော အရူးယုံပါဆိုမှ... ဘယ်တော့ စားရမလဲ လာမေးနေတယ်။ အဟား....
    Strike ရေ..
    ဒီပုံဆိုသူက ဘယ်သူလဲ ခင်ဗျ။ ရေးထားတာ မရှင်း မရှင်းဖြစ်နေတယ်။ မြန်မာစာကို မြန်မာလို ဖတ်ကြည့်တာပဲ။ ဒါပေမယ့် နားမလည်ဘူး။ ဖတ်တဲ့သူက အလွန် တော်တယ်နော်။ အဟက်...
    Justoneရေ...
    အာ... အရမ်း ပြူးပြီး မကြည့်နဲ့လေ... အခုတော့ ခေါင်းညောင်း သွားရရှာပြီပေါ့။ သွေ့ပုချိပါဗျာ။
    ReplyDelete
  27. သြော်.. အနီးအနားဖြတ်သွားတဲ့ ဇီးသီးသည်လည်း မတွေ့။ fairprice ကနေ ၀ယ်စားပါဦး လို့ အကြံပြုပါတယ်။
    ;-) စိတ်မဆိုးကြေး
    ReplyDelete
  28. ရွှန်းတီ...
    အေးပါ ပြောထားပါ။ ပြောထားပါ။ ညည်းကို နောက်ဆို ပလာတာ မကျွေးတော့ဘူး။ ဇီးသီးပဲ ကျွေးတော့မယ်။ အဟက်...
    ReplyDelete
  29. အကျီအနီရောင် (အလည်မှာ အဖြူရောင် နဲ့) နဲ့ကောင်မလေးတစ်ယောက် မတ်တပ်ရပ်လို့ညာဘက်က လက်က တစ်စုံတစ်ခု ကိုလွယ်လို့ဘက်ဘက်လက် ကရှေ့ကိုချကာ မတ်တတ်ရပ်နေစဉ် အရပ်က ငါးပေ နှစ်လက်မ လောက်ဟု ခန့်မှန်းသည်။
    ReplyDelete
  30. ထင်တာကတော့ ဟိုပုံ က )ဟိုဓါတ်ပုံက ချာတိတ်မ ဆိုရင်
    ဒီပုံ က.. ဒီဓါတ့်ပုံက ကိုဂျူလိုင်ပေါ့
    ReplyDelete
  31. အစ်မကွမ်း...ပြောမှပဲ အခုစာကို ရေးတင်ခဲ့တဲ့ ကာယကံရှင် ကျွန်တော်တောင် မျက်စိလည်သွားပါတယ်။ အလွတ် စုံထောက်ကြီးက အရမ်းတော်တာပဲနော်။ အဟဲ...
    ReplyDelete
  32. အဟမ်း... အဟမ်း...
    ဒီအရွယ်ရောက်မှ သိပ်မပေါပါနဲ့လားကွာ...
    လုပ်နေကြအတိုင်းပဲလုပ်ပါ...
    အချိန်တန်တော့လဲ ချိန်းသီး၊ ပေပင် ဇတ်လမ်းလေးပေါ့...
    ငှက် ငှက်... ၂ကျပ် ၂ကျပ်...
    ReplyDelete
  33. သုံးဖက်မြင်အရူးရယ်...
    အဲဒီလိုမျိုး ရေးပါမလားလို့ စိုးရိမ်လိုက်ရတာကွာ။ ဗေဒင်မေးရင်တောင် ဆန်ကုန်မယ်။ အခုတော့ ကွက်တိပဲ။ အဲဒီလိုမျိုး အားရပါးရ မပြောရရင် မစားနိုင် မသောက်နိုင် မအိပ်နိုင်ပဲလေ။ မဟုတ်ဘူးလား။ ဟဟ...
    ReplyDelete
  34. အင်း ...ကိုယ်တိုင်တောင်အရူးလို့ ၀န်ခံတော့...
    ဖတ်ပေးသူတွေကလဲ ရူးချင်ယောင်ဆောင်ပေးရမှာပေါ့လေ..
    ငှဲငှဲ....
    ReplyDelete
  35. ဖတ်တဲ့သူ ရူးကြောင်ကြောင် ဇြစ်အောင် အလုပ်နဲ့လေ
    ReplyDelete
  36. အရူးပြောတာ အရူးယုံတဲ့
    ယုံရမှာလား မယုံရဘူးလားဟင် ချင့်ယုံတယ်ဆိုလည်း ယုံတာပဲမို့ ရူးတဲ့ဘက်ကိုပဲရောက်သွားတာပါပဲ
    ReplyDelete
  37. ဓာတ်ပုံလေးက သေးတယ်ဗျ...
    အဝေးကြီးက လှမ်းကြည့်ရတာ...
    လှတယ်နော်..မြင်တော့မမြင်ရဘူး..
    မှန်းပြောတာ..ဟီး
    ReplyDelete
  38. သေချာ ချင့်တွေးကြည့်ပြီးတဲ့ အခါမှာလည်း ယုံနေတာပါပဲး)) အမောပြေဓာတ်ပုံလေး ရှိတဲ့အတွက် ၀မ်းသာပါတယ် ကိုဂျူလိုင်ရေ...
    ReplyDelete
  39. မခင်မင်းဇော်ရေ...
    ကျွန်တော် ရူးတိုင်း အစ်မကိုတော့ ရူးချင်ယောင်ဆောင်ရင်း တကယ့်အရူး ဖြစ်မသွားစေချင်ပါဘူး ခင်ဗျာ။ အဲဒါကြောင့် ချင့်ယုံပေးကြပါ။ အဟား...
    ဖိုးဂျယ်ရေ...
    အဲဒီလို ဖြစ်သွားစေဖို့ မရည်ရွယ်ပါဘူးကွာ။ အဟား...
    အတင်း မယုံခိုင်းဘူးနော်။ သေချာ ဆုံးဖြတ်ကြနော်။ အဟား...
    လင်းဒီပရေ...
    အဲဒါက စတိုင်လေ စတိုင်။ မမြင်ရလေ ပြူးပြဲကြည့်လေပဲဗျ။ ဟဟ...
    မရွှေပြည်သူရေ...
    သေချာပြန်တွေးပြီး ချင့်ယုံနော် ချင့်ယုံကြ။ အဟား...
    ReplyDelete
  40. လေးစားအားကျပါတယ်။ ကျွန်တော်လဲ ကျွန်တော့်စားပွဲမှာ ပုံလေးတစ်ပုံ ရောက်လာမဲ့နေ့ကို စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီ
    ReplyDelete
  41. ဟာ... တယ်မိုက်ပါလားဗျာ.. ကြွားပုံ၊ ကြွားနည်းလေး လှတယ်ဗျာ။ အဟီး
    ကျနော်လဲ နည်းယူသွားဦးမှပဲဗျ။ စတာနော်...
    ဒါနဲ့ ဓာတ်ပုံလေးကို သေချာမမြင်ရပါလားဗျ
    ပြဗျာ။
    ReplyDelete