Friday, September 25, 2009

Reflect on the past



ဖြတ်သန်းခဲ့တဲ့ဘ၀တလျှောက်မှာ တံဆိပ်ကပ်ခံရတာ ကြုံဖူးကြမှာပါ။ ကိုယ်က သူများကို တံဆိပ်ကပ်ခဲ့သလို ကိုယ်တိုင်လည်း တံဆိပ်အကပ်ခံဖူးကြမယ် ထင်ပါတယ်။ Click...

ဇူလိုင်အိပ်မက်ဆိုတာ ဘာလဲ... မသိလို့ မေးတာလား။ သိရဲ့နဲ့ မေးတာလား။ Click...

လိမ္မာတယ် တော်တယ် ကောင်းတယ် မြင်နေတဲ့သူတွေအတွက်ပါ။ ကျွန်တော် အမောင်ဇူလိုင် ဆိုးသွမ်းတာတွေ အများကြီးပါ။ အူကြောင်ကြောင်လည်း လုပ်တတ်ပါတယ်။ ဂွတီးဂွကျနေတာလည်း ရှိပါတယ်။ ဘုကလန့်နဲ့ ရိုက်ချင်စရာ ကောင်းအောင်လည်း ပြောတတ်ပါတယ်။ ဒါကြောင့် အသားလွတ် အထင်ကြီးတော် မမူကြပါနဲ့။ Click...

လူဆိုးလေးလားပေါ့။ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်ပေးပြီး ပြန်ကြည့်မိတော့ မသတီလိုက်တာ။ ဒီအသက် ဒီအရွယ်နဲ့ လူဆိုးလေးတဲ့ အဟက်။ အမှန်ဆိုး လူဆိုးအဖိုးကြီးလားလို့ ရေးရမယ် ထင်တယ်။ Click...

ကျေးဇူးပြုပြီး ကျွန်တော့်အပေါ်မှာ အများကြီး မတွေးထားပါနဲ့။ အများကြီး မမျှော်လင့်ပါနဲ့။ ကျွန်တော်ဟာ လူတွေထဲက သာမန်လူတစ်ယောက်ပါ။ ကျွန်တော်မှာ ခေါင်းနှစ်လုံး မပါပါဘူး။ Click...

ကျွန်တော့်အတွင်းစည်းထဲမှာ ကျွန်တော်ဟာ လူကြမ်းတစ်ယောက်ပါပဲ။ အပြင်စည်းမှာတော့ အေးဆေးပါ။ လူကြမ်း ဆိုတဲ့အတိုင်း လူမုန်းများပါတယ်။ လူမုန်းများတဲ့အတွက် မကြာခဏ အဆော်ခံထိပါတယ်။ မြို့မေတ္တာ ခံယူရပါတယ်။ Click...

~~~~~~

မေ့နေတဲ့သူတွေအတွက်ရော... မသိသေးတဲ့သူတွေအတွက်ရော... ရည်စူးပြီး ချီးခြောက်ရေနူးတာပါ။ ဒီပို့စ်ကို ပါးစပ်ဟပြီး မဖတ်ဖို့ ကြိုတင် မပြောမိတာကိုတော့ ခွင့်လွှတ်ပါဗျာ။ စာဖတ်တဲ့အချိန်မှာ နှာခေါင်းလေးကိုတော့ အုပ်ထားသင့်ပါတယ်လေ။ အမြင်မတော်တာရှိရင် ခွင့်လွှတ်ပါနော်။

9 comments:

  1. အချစ်လေး... ကိုယ်ဟာ လူကြမ်းလေးပါ....
    (လူကြမ်းကြီးပါ).. လူကြမ်းလေးပါ.....

    ReplyDelete
  2. လူကြမ်းလေး လား လူကြမ်းကြီးလား။
    လူမုန်းပေါ့လေ။ ဟိဟိ
    အဆင်ပြေပါစေဗျာ။။။။

    ReplyDelete
  3. ပို့ စ်ကောင်းတွေပြန်ဖတ်ရတော့ ပိုအဆင်ပြေပါတယ်။ ဒါနဲ့ အပေါ်ကပုံကြီးက ဘာဆိုင်လို့ တုန်း။

    ReplyDelete
  4. နံလိုက်တာ
    တော်ရုံပညာရှင် ကပ်ရဲမယ်မထင်ဘူး
    အသက်အောင့်သိုင်း အောက်ဆီဂျင်ဗူးသိုင်းတွေ လိုလိမ့်မယ် =)

    ReplyDelete
  5. ကြော်ငြာတာလား..... ဖတ်ချင်တာတွေတော့ရွေးဖတ်သွားပါတယ်...

    ReplyDelete
  6. လူကြမ်းအဖိုးကြီးပါ
    လူကြမ်းအဖိုးကြီးပါ
    လူကြမ်းအဖိုးကြီးပါ

    :)

    ReplyDelete
  7. သိပ် မဆိုးပါဘူး ဂွစာ
    လူတကာကို ဘုကျကျ ပြောတတ်တာလေး
    ပိသာလေးခဲပစ်ပြောတတ်တာလေး
    မဟုတ်မခံ ပြန်ပက်တတ်တာလေး
    ....တာလေးးးးး
    ...လေးးးးး


    အမလေးး မောထာ့ ဂွစာ

    ReplyDelete
  8. နှာခေါင်းရော ပါးစပ်ရော မျက်စိရော ပိတ်ပြီး ဖတ်သွားပါတယ်...

    ဒါနဲ့ ဂျူလိုင် အိပ်မက်ဆိုတာ ဘာလဲဗျ...းP

    (သိရက်နဲ့ ကလိသွားသည်)

    ReplyDelete