
ငါးရံ့ခြောက်...
ပဲခူး၊ သနပ်ပင်ကို အလည်သွားတုန်းက မြစ်ကမ်းဘေးမှာ ငါးရံ့ခြောက်တွေ နေပူလှန်းထားတာကို တွေ့ခဲ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့လိုက်တယ်။ အဲဒီနေရာမှာ ငါးရံ့ခြောက်တွေက ဈေးလည်း ပေါတယ်။ ဆားလည်း ပေါ့တယ်။ အကောင်ကြီးတွေကို တစ်ပိဿာကိုမှ ၁၂၀၀ကျပ် ဆိုလားပဲ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ငါးရံ့ခြောက်လိုပဲ ဆားသိပ် နေလှန်းခံမိလိုက်တယ်။ အဲဒီတော့ အပူရှပ်ပြီး ဖျားနေပြီ။ ဒီနေ့ နေ့လည်စာ ထမင်းစားချိန်မှာ မိုးက ထပ်မိလိုက်တော့ ဂိတ်ကို ဆုံးတော့တာပါပဲလေ။ မိုးအေးအေးမှာ ချမ်းတာနဲ့ လွမ်းတာ နှစ်ခုရောသွားပြီး လူလည်း အဖျားတက်လာပုံပဲ။ အဟား...
အခုတော့ ငါးရံ့ခြောက် နေလှန်းခံရသလို ရင်တွေပူနေရတယ်။ ခေါင်းတွေလည်း အုံနေတယ်။ ကိုယ်အပူချိန် တက်လာလို့ ထင်ပါတယ်။ သေချာတာတစ်ခုက မနက်ဖြန် ဆေးခွင့်ပဲ။