.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, August 13, 2008

My crab hole

ကျွန်တော်ရဲ့ ဂဏန်းတွင်းလေးပေါ့။ သိကြတဲ့အတိုင်း သွားစရာ လာစရာ များများစားစား မရှိတဲ့ ကျွန်တော်... အလုပ်နားတဲ့ရက်... အားတဲ့အချိန်တိုင်းမှာ တွင်းအောင်းနေလေ့ ရှိပါတယ်။

စင်္ကာပူကြက်ခြေနီရဲ့ သွေးလှူရှင် စုဆောင်းတဲ့ ပွဲတွေရှိရင် လုပ်အားပေးဖို့ ကျွန်တော် အပြင်ထွက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သွေးလှူစရာရှိရင် အပြင်ထွက်ပါတယ်။ သူငယ်ချင်းတွေ အသိတွေ သွေးလှူချင်ရင် သွေးဘဏ်ကို လိုက်ပို့ပေးပါတယ်။ သူငယ်ချင်း အရင်းကြီးတွေ စင်္ကာပူကို ပထမဦးဆုံးအကြိမ် ရောက်လာရင် လေဆိပ်သွားကြိုပါတယ်။ လေဆိပ်သွားကြိုရတာ အကြိမ်အရေအတွက် သိပ်မများပါဘူး။

ကျန်တဲ့အချိန်မှာတော့ ကျွန်တော့် ဂဏန်းတွင်းလေးထဲမှာပဲ ရှိနေတတ်ပါတယ်။ အပြင်ထွက်ရင် အသားမည်းမှာ စိုးလို့လား... နောက်ပြောင် မေးတဲ့လူတွေ ရှိသလို လူတောမတိုးတဲ့ကောင်လို့ စကားတင်းဆိုတဲ့လူတွေလည်း ရှိပါတယ်။ ဘယ်သူတွေ ဘာပြောပြော... ကျွန်တော့်ကတော့ မပြောင်းလဲပါဘူးခင်ဗျာ။

အဝေးရောက် သူငယ်ချင်းတွေက အိမ်အသစ်လေး ဘယ်လိုနေလဲ... သိချင်တယ်ဆိုလို့ ဓါတ်ပုံလေးတွေ ဖော်ပြလိုက်ပါရစေ။


အဲဒါလေးက အိမ်အ၀င် ဧည့်ခန်းလေးပေါ့။ ဧည့်သည်က မရှိသလောက်ပါပဲ။ ကျွန်တော်ပဲ အဲဒီမှာ ထိုင်ပြီး တီဗွီကြည့်နေတာ များပါတယ်။ သူများအိမ်ကို အရောက်အပေါက် နည်းသလို ကျွန်တော်အိမ်ကိုလည်း အလည်အပတ် ခေါ်တာ အလွန်တရာကို နည်းပါးပါတယ်။


ဒါကတော့ ကျွန်တော့်ရဲ့ နားခိုရာ အိပ်ခန်းလေးပါပဲ။ ကွန်ပျူတာ စားပွဲ၊ နှစ်ထပ်အိပ်ကုတင်နဲ့ နံရံကပ်ဗီရိုကြီးပဲ ရှိပါတယ်။ ပန်ကာကတော့ အဲယားကွန်း မဖွင့်တဲ့အချိန်မှာ သုံးဖို့ပေါ့။


ဒါလေးကတော့ ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့အတိုင်း ချက်ပြုတ်ရတဲ့ မီးဖိုခန်းလေးပါ။ ကျွန်တော် ချက်တာက မရှိသလောက်ပါပဲ။ တခါတလေမှ သုံးဖြစ်တဲ့ မီးဖိုခန်းလေးပါ။

စင်္ကာပူမှာ အနေကြာနေပြီဖြစ်တဲ့ သူတွေအဖို့ ဒီလို အိမ်ခန်းတွေက ရိုးအိနေပြီ ဖြစ်ပေမယ့် မြန်မာပြည်က သူငယ်ချင်းတွေကတော့ အားကျနေမှာ အသေအချာပါပဲ။ ဒါကြောင့် ကြွားတယ်လို့တော့ မထင်ကြပါနဲ့။ ကျွန်တော်ပိုင်တဲ့အိမ်လည်း မဟုတ်တဲ့အတွက် ကြွားစရာလည်း မရှိပါဘူး ခင်ဗျာ။

14 comments:

Canada Myanmar Group said...

အင်း အိမ်သာ တော့ ဧည့် လာဆိုသလို့ ဧည့် သည် လာ
လုပ်ချင်စိတ်တောင်ပေါက် သွားပါတယ် ဒီတခါ အာရှဖက်ကို
ခရီးထွက်ရင်ပေါ့ ..အဲဒီအိပ်လေးထဲမှာပဲ နေနေပြီး ကွန်ပြူ
တာနဲ့ အချိန်ကုန်တာလည်း ကောင်းပါတယ် ကျမ်းမာရေး
လေ့ ကျင့် ခန်းလေးဘာလေး တော့ မမေ့ နဲ့ ပေါ့  နိုင်ငံခြား
မှာနေနေရသူတွေကို စိတ်ဓါတ်ကြံ့ ခိုင်ရေးအတွက်ပြော
တာပါ နော် ...

JulyDream said...

အိမ်ထဲမှာပဲ ကွန်ပျူတာနဲ့ အချိန်ကုန်တာ များနေတော့ ကျန်းမာရေး လေ့ကျင့်ခန်းတွေတော့ တကူးတက သိပ်မလုပ်ဖြစ်ပါဘူး။ ဒါပေမယ့် ရုံးတက် ရုံးဆင်းတိုင်း ဘူတာနဲ့ အိမ်ကြား၊ ဘူတာနဲ့ ကားဂိတ်၊ ကားဂိတ်နဲ့ အလုပ်ကြား လမ်းလျှောက်ဖြစ်ပါတယ်။ တိုက်မှာလည်း ဓါတ်လှေခါး ရှိပေမယ့် လှေခါးကနေပဲ လမ်းလျှောက် ခြေလျှင် တက်ဖြစ်ပါတယ်။

အခုလို သတိပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။

little moon said...

nice, ကိုဂျူလိုင်ရဲ့ တစ်နေ့တာဆိုပြီး MRTV-4 ကိုလွှတ်ပြီး ရိုက်ခိုင်းလိုက်မယ်လေ .... :P

JulyDream said...

MRTV 4 ... တော့ မလုပ်ပါနဲ့ဗျာ။ နဂိုကတည်းက လူ သိပ်မကြည့်တဲ့ ရုပ်သံလိုင်းကို ကျွန်တော်ကြောင့် လူမုန်းများ အဆဲခံရအောင် မလုပ်ရက်ပါဘူး။ သူ့ဘာသာ သူ လူကြည့်နည်းရတဲ့ အထဲ ကြားထဲကနေ အချောင်သပ်သပ် ကျွန်တော် တရားခံ ဖြစ်နေပါအုံးမယ်ဗျာ။

diLo said...

iyo!why say crab hole?
looks super clean and nice..comfi too..hehe..lae lae lar jin tae..ya la la? :P

Unknown said...

အိမ်ခန်းလေးက ရှင်းလင်း သေသပ်လှချည်လား။ ယောကျာ်းလေးတွေ နေတဲ့အခန်းလား။

လင်း said...

ခေါင်းအုံးလေးက ခရမ်းရောင်လေးပါလား

mabaydar said...

အိမ်ကအမြဲပဲဒီလိုသပ်ရပ်နေတတ်တာလား.. ဓာတ်ပုံရိုက်မှာမို့ရှင်းထားတာလား.. မဗေဒါ အိမ်ကတော့ မေမေ မရှင်းရင် ရှုပ်နေတာပဲ.. မိန်းကလေးမို့ ပစ္စည်းများတာလဲပါမယ်ထင်တယ်.. မီးဖိုချောင်လေးက ချက်လို့ကောင်းမဲ့ပုံလေး.. မဗေဒါတို့မီးဖိုချောင်ကသေးတာတောင် အလှူခဏခဏလုပ်ဖြစ်တယ်..
မဗေဒါလဲ.. အလုပ်အားရက်ဆိုအိမ်မှာပဲ အောင်းနေတတ်တယ်.. အချိန်တိုင်းလိုလိုကွန်ပြူတာရှေ့မှာပဲ.. တခါတလေတော့ ဖေဖေမေမေကို အပြင်လိုက်ပို့တယ်..

JulyDream said...

ယောကျာ်းလေးပဲ နေတဲ့အခန်းပါ။ မိန်းခလေး ဘယ်လိုလုပ် နေလို့ရမလဲ ဗျ။

ဓါတ်ပုံရိုက်တဲ့အချိန်မို့ တကူးတက ရှင်းထားတာ မဟုတ်ပါဘူး။ ညပိုင်းမှာ ဓါတ်ပုံ ရိုက်တာ ဖြစ်လို့ သိမ်းဆည်း ရှင်းလင်းပြီးနေတာကြောင့် ရှင်းနေတာပါ။

အိပ်ခန်းထဲမှာတော့ ပစ္စည်းတွေ များများစားစား မထားပါဘူး။ ကုတင်ပေါ်မှာ စောင်ခေါက်ရုံကလွဲပြီး ထပ်ရှင်းစရာ မရှိပါဘူး။

ကွန်ပျူတာ စားပွဲကတော့ ဖုန်း၊ iPod၊ Laptop အားသွင်းတဲ့ Adapter တွေကိုတော့ မကြာခဏ ရှင်းယူရပါတယ်။

မီးဖိုချောင်ကတော့ အိမ်မှာ အတူနေတဲ့ အစ်ကိုကြီးတစ်ဦးရဲ့ ဇနီးက ချက်ပြုတ်ပြီးရင် အမြဲတမ်းလိုလို ရှင်းလင်းထားပါတယ်။

ဧည့်ခန်းကတော့ အဲဒီလိုပဲ ရှင်းနေလေ့ရှိပါတယ်။ အဲဒီမှာ ဘာပစ္စည်းမှ မထားတာလည်း ပါပါတယ်။ တံမြက်စည်းလှည်း ကြမ်းတိုက်ပေးရုံပါပဲ။

Unknown said...

အိမ်လာလည်သွားတယ် ဂျူလိုင်ရေ

ရွှေပြည်သူ (ShwePyiThu) said...

ဂဏန်းတွင်းလေးက ယောက်ျားလေးတွေ အခန်းအနေနဲ့ အံ့သြစရာကောင်းအောင် ရှင်းလင်းသပ်ရပ်ပါတယ်။ တကယ်ပဲ ချီးကျူးမိပါတယ်။ ဒီလိုနေရာမှာ ဘယ်သူမဆို တွင်းအောင်း နေချင်ကြမှာပါပဲ...း))

ခင်မင်းဇော် said...

MRTV 4 မရိုက်ရရင် ဒီမိုကရက်တစ် မြန်မာ့အသံက လာရိုက်မယ်လေ ဟိဟိ။ မအားလို့ မရောက်ဖြစ်တဲ့ ရက်အတွင်း ပို့စ်အသစ်တွေ မနည်းပါလား။ အိမ်ခန်းလေးက ချစ်စရာလေးဟယ် ။ သန့်ရှင်းတောက်ပြောင်နေတာပဲ။

Chaos said...

အိမ်လေး ကချစ်စရာလေးနော်
ဟဲဟဲ
ချစ်စရာ အိမ်ရှင်မရှာပေးမယ်နော်
အဖိုးအိမ်ထောင်ကျရန် မြေးမလေးမှာ ရာနှုန်းပြည့် တာဝန်ရှိတယ်ထင်လို့။
တာဝန်သိ အမျိုးတစ်ယောက်အနေနဲ့ အစွမ်းကုန်ကြိုးစားပေးမယ်
ကွိကွိကွိ

ထွန်း said...

ကျွန်တော့်ကောင်မလေးပုံကို အရင်က တွေ့ ဘူးပါတယ်။ အခု သူရော စလုံးမှာဘဲလား။ ဘယ်တော့လဲ ဒီနစ်သတင်းကျွတ်လား ဒါမှမဟုတ် ကျွတ်ပီးသွားပြီလား