.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, May 14, 2010

On the water crisis


ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ...


သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ


တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ

နွေကန္တာရအလည်မှာ သောက်ရေအတွက် ရတတ်ပွေနေရတဲ့ တို့ပြည်သူပြည်သားတွေ

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။

ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေေ​ဝ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။

လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။

ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။

သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

4 comments:

luminnkhaung said...

တကယ်လို အပ်နေတဲ့ အချိန်မှ တကယ့်စေတနာနဲ့ ဆောင်ရွက်ပေးသူများ အားလုံးကို လေးစားဦးညွှတ်ပါကြောင်း

ငြိမ်းချမ်းကြပါစေ

ဥပသကာ

ဖိုးသင်္ကြန် said...

ကျွန်တော်လဲ
တက်နိုင်သလောက် လက်ဆင့်ကမ်း နှိုးဆော်နေပါတယ်
အားလုံးလဲ နီးစပ်ရာတွေကနေတဆင့် ရေကုသိုလ်ပြုကြပါခင်ဗျာ။

MieMie said...

ဓါတ်ပုံတွေ ကြည့် ရတာ ရင်ထဲ နင့်သွားတယ် ဗျား((
အမ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပုဂံဘုရားဖူး ထွက်တော့ လမ်းခရီးမှာ ( အညာဖက် ပေါ့ ) ကားပေါ်ကနေ လှမ်းမြင်ရတယ် ခလေး လူကြီး အရွယ်မျိုးစုံ နိုင်သလောက်လေးတွေနဲ့ ခြေလျင်လျောက်ပြီး နေပူထဲ ရေ သယ် နေကြ တဲ့ မြင်ကွင်း ကို သွားပြီး သတိရမိတယ် ... ဒီမှာတော့ တချို့  လူတော်တော်များများ ပေါပေါသီသီရ နေတော့ ရေ ရဲ့  တန်ဖိုး ကို နားမလည်ကြဘူး ... ရေကူးကန် မှာ ရှိတဲ့ ရေချိုးခန်းတွေ မှာ .. အိမ်တွေမှာ အမြင်မတော် သုံး နေကြ တော့ တခါတလေ မနေနိုင် လို့ ၀င်ပြောမိတယ် .... သူ တို့ ကို ရေ ရှားပါးတဲ့ နေရာ မှာ သွားနေ စေချင်မိတယ် ....အိမ် မှာလည်း ခလေး ကို သင် ထားရတယ် .. ရေ နဲ့ လျှပ်စစ် ကို မလိုအပ် ဘဲ မသုံးဖို့ ....

Zephyr said...

လှူမယ် ...