.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 20, 2011

Oh! My Valentine



စင်္ကာပူက သွေးဘဏ်မှာ တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို လုပ်ဖြစ်ခဲ့တယ်။ ပထမအကြိမ်က သြဂုတ်လ ဂ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တာပါ။ သွေးအိတ်ပေါင်း ၇၀ လှူဒါန်းနိုင်ခဲ့တယ်။ ဒုတိယအကြိမ်က နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တယ်။ သွေးအိတ်ပေါင်း ၇၆ အိတ် လှူဒါန်းနိုင်ခဲ့တယ်။ အခုတခါကတော့ တတိယအကြိမ်မြောက်ပေါ့။ သွေးလှူရှင် ၉၀ ပတ်ဝန်းကျင် လာရောက် လှူဒါန်းပါတယ်။ ဒါပေမယ့် ဆေးမအောင်တာတို့၊ သွေးပေါင်တက်နေတာတို့၊ သံဓါတ် အားနည်းနေတာတို့ ရှိတဲ့အတွက် ၉၀ တော့ ပြည့်မယ် မထင်ပါဘူး။ သွေးဘဏ်က သွေးအိတ်စာရင်း ပြန်ပို့ပေးတာကို စောင့်ကြည့်ရမှာပေါ့။

Oh! My Valentine..... ဆိုတာကတော့ ဒီနေ့ ဒူးရင်းသီးထဲမှာ သွားကြည့်ခဲ့တဲ့ Wind Orchestra ရဲ့ ပွဲအမည်ခေါင်းစဉ်လေးပါ။ သွေးလှူတဲ့ ရက်နဲ့ တိုက်ဆိုင်လို့ ပို့စ်ခေါင်းစဉ်ကို အဲဒီအတိုင်းပဲ ပေးလိုက်တာပါ။ အထွေအထူး ဘာမှ မရှိပါဘူး။ ဗိုလ်ချုပ်မွေးနေ့မှာ သွေးလှူပွဲ လုပ်ဖြစ်ခဲ့ရင်တော့ အဲဒီလိုအမည် မပေးဖြစ်တာ သေချာပါတယ်လေ။

ဒီနေ့ပွဲကို လာရောက်ကူညီပေးတဲ့ ဘလော့ဂါရီနိုမာန်နဲ့ စီပုံး-မဟူရာမင်းသားကြီး ကောင်ကောင်မိုတို့ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ဖြည့်စွက်ချက်... သွေးလှူဘဏ်က သွေးယူနစ်ပေါင်း ၇၅ ယူနစ် ရရှိတဲ့အကြောင်း အကြောင်းပြန်ပါတယ်။

1 comment:

Anonymous said...

သာဓု သာဓု သာဓု