.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, October 5, 2007

Mid-Autumn Festival

တရုတ်ရှေးဒဏ္ဍာရီအရ ယောင်ဘုရင်ကြီးလက်ထက်မှာ ကမ္ဘာလောကကြီး အလင်းရောင်တွေ ထွန်းလင်း တောက်ပပြီး အပူဓါတ်ရရှိနေဖို့အတွက် နေ ၁၀ စင်းက တစ်နေရာမှာ တစ်လှည့်စီ လှည့်ပတ်လျက် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အဲဒီနေ ၁၀ စင်းဟာ လူ့လောကကမ္ဘာကြီးမှာ တပြိုင်နက်တည်း အတူတကွ စုပြုံ ထွက်ပေါ်လာခဲ့ပါတယ်။ နေ ၁ စင်းတည်း ပေါ်လာတာ လူ့လောကကို အကျိုးပြုပေမယ့် နေ ၁၀ စင်း အခုလို အစုအပြုံလိုက်ကြီး ထွက်လာတာ ကမ္ဘာလောကကြီးကို ကျိန်စာတိုက် ပြစ်ဒဏ်ချလိုက်သလို လူတွေ သက်ရှိတွေ သေကြေလောင်ကျွမ်းကုန်ပါတယ်။

အဲဒီလို ဖြစ်နေတာကို ကောင်းကင်ဘုံက သိကြားမင်းကြီး သိရှိသွားပါတယ်။ သူက ဟိုရိ ဆိုတဲ့ လေးသည်တော် နတ်သားကို အဲဒီ နေမင်းတွေကို ဆုံးမထိန်းချုပ်ဖို့ လူ့ပြည်ကို စေလွှတ်လိုက်ပါတယ်။ ဟိုရိရဲ့ မိန်းမဖြစ်တဲ့ ချန်အော်လ်ကလည်း လင်တော်မောင်နဲ့အတူ လိုက်ချင်တယ်လို့ ပူဆာပါတယ်။ ဒါနဲ့ ဟိုရိကလည်း ချန်အော်လ်နဲ့ ခဏလေးတောင် မခွဲနိုင်ဘူးဆိုပြီး လူ့လောကကို ခေါ်ဆောင်သွားခဲ့ပါတယ်။

လူ့ပြည်ကို ရောက်တဲ့အခါ လူတွေ ပူလောင်ခံစားနေရတာကို မကြည့်ရက်တဲ့ ဟိုရိက နေတွေကို သူ့ရဲ့ မျှားတွေနဲ့ စတင်ပြီး တစ်စင်းပြီး တစ်စင်း ပစ်ချလိုက်ပါတယ်။ ချန်အော်လ်က လင်တော်မောင် ဟိုရိကို သိကြားမင်းပေးတဲ့ အမိန့်အတိုင်း မဆောင်ရွက်ပဲ လုပ်ချင်တာလုပ်ရင် အပြစ်ပေးခံရမယ် ဆိုတာကို သတိပေးပြီး တားရှာပါသေးတယ်။ ဒါပေမယ့် ဒေါသတွေ များနေတဲ့ ဟိုရိက အပြစ်ပေးရင်လည်း ခံလိုက်မယ်ဆိုပြီး နေတွေကို ဆက်လက် ပစ်ချနေပါတယ်။ လူ့ပြည်က လူတွေကတော့ နေတစ်စင်း အောက်ကို ပြုတ်ကျလာတိုင်း သူ့ကို ကောင်းချီး သြဘာပေးနေကြပါတယ်။ နောက်ဆုံး ကောင်းကင်မှာ နေတစ်စင်းပဲ ကျန်ခဲ့တဲ့အချိန်မှာ ချန်အော်လ်က ဒီတစ်လုံးတော့ ချန်ထားပေးဖို့၊ ပစ်မချဖို့ သူရဲ့ လေးနဲ့မျှားတွေကို ဆုပ်ကိုင်ထားပြီး တောင်းပန်ပါတယ်။ အဲဒါနဲ့ နေတစ်စင်းပဲ ကျန်ခဲ့ပါတော့တယ်။

သိကြားမင်းကြီးကတော့ သူ့အမိန့်ကို အာခံပြီး လုပ်ချင်ရာ လုပ်သွားတဲ့ ဟိုရိနတ်သားကို အလွန်ကို စိတ်ဆိုးတာပေါ့။ သူအုပ်ချုပ်နေတဲ့ နတ်ပြည်မှာ သူ့အမိန်ကို မလိုက်နာတဲ့ ဟိုရိနတ်သားကို နတ်ပြည်ကနေ နယ်နှင်ဒဏ်ပေးပြီး လူ့ပြည်မှာ သာမန်လူသားတစ်ဦး အဖြစ် နေထိုင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ချန်အော်လ် နတ်သမီးလေးက အချစ်ကြီးသူ ဖြစ်လေတော့ လင်တော်မောင် သွားရာနောက်ကို အတူတကွ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ နတ်ဘ၀ကို စွန့်လွှတ်ပြီး လူသားတွေအဖြစ် ကမ္ဘာလောကမှာ ပျော်ရွှင်စွာ နေထိုင်နေခဲ့ကြပါတယ်။

တစ်နေ့မှာ ဖန်မန် ဆိုတဲ့ လူငယ်တစ်ဦးက ဟိုရိဆီမှာ လေးမျှား အတတ်ပညာတွေကို ဆည်းပူးဖို့ လာရောက် တပည်ခံပါတယ်။ ဖန်မန်ကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး လူ့လောကကြီး ငြိမ်းချမ်း သာယာချမ်းမြေ့ဖို့အတွက် လာရောက် တပည်ခံယူတာလို့ တောင်းဆိုတာနဲ့ ဟိုရိက လေးမျှားပညာကို သင်ပေးဖို့ လက်ခံလိုက်ပါတယ်။ ဟိုရိက သူ့ဆီမှာ သင်ကြားမှု ခံယူရင် လူ့လောကမှာ ပြိုင်ဘက်ကင်း လေးသည်တော် ဖြစ်မှာကတော့ အကျိမ်းအသေပါပဲ လို့ ပြောဆိုပြီး ပညာတွေကို သင်ပေးပါတယ်။

လူ့လောကမှာ ဟိုရိ တို့ ဆရာတပည့် နှစ်ယောက်ပေါင်းပြီး မကောင်းဆိုးဝါးတွေ၊ လူတွေကို ရန်ပြုတဲ့ သားရဲတွေကို ပစ်ခတ်နှိမ်နင်းကြပါတယ်။ လူတွေကတော့ နေ ၉ စင်းကို ပစ်ချပေးခဲ့တဲ့ ကျေးဇူးအပြင် အခုလို မကောင်းဆိုးဝါး သားရဲတွေကို နှိမ်နင်းပေးတဲ့ အတွက် ဟိုရိအပေါ် အထူးတလည် ကိုးစားယုံကြည် ကြပါတယ်။ ဟိုရိ ကောင်းသတင်းတွေကို ပြောဆို ချီးမွမ်းကြပါတယ်။ ဟိုရိကလည်း အဲဒီ ကျော်ကြားမှုတွေ အပေါ်မှာ သာယာယစ်မူးနေခဲ့ပါတယ်။ ချန်အော်လ် အပေါ်မှာ ဂရုတစိုက် အလေးပေးခြင်းလည်း မရှိတော့ပါဘူး။ လေးအတတ်မှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီဖြစ်တဲ့ ဖန်မန်ကတော့ ဟိုရိ ရှိနေသရွှေ့တော့ သူ့အမည် ထင်ရှား ကျော်ကြားမှာ မဟုတ်ဘူးဆိုတာကို သိရှိ ရိပ်စားမိလာခဲ့ပါတယ်။

တစ်နေ့မှာ ဟိုရိက ချန်အော်လ်ကို နတ်သားဘ၀က အနောက်ဥယျာဉ် မယ်တော်ကြီးဆီက ဆုအဖြစ် ရရှိခဲ့တဲ့ ဆေးရည်တစ်မျိုးကို ပြသခဲ့ပါတယ်။ အဲဒီ ဆေးရည်တစ်ပုလင်းလုံးကို တစ်ဦးတည်း သောက်ရင် ကောင်းကင်မှာ နတ်တွေအလား လိုရာကို ပျံသန်းနိုင်ပါတယ်။ နှစ်ဦးအတူ မျှဝေသောက်ရင်တော့ အသက်ရှည် နုပျိုနေမှာပါ။ ဟိုရိက သူတို့နှစ်ယောက် အတူတကွ ဆေးရည်သောက်ပြီး လူ့လောကမှာ အသက်ရှည် နေထိုင်ချင်နေပါတယ်။ အဲဒီအချိန်မှာပဲ တပည့်ဖြစ်သူ ဖန်မန်က ဆရာဟိုရိက လက်ဆောင် ပေးစရာ ရှိတယ်ဆိုပြီး ဥယျာဉ်ထဲကို ထွက်လာခဲ့ဖို့ လှမ်းအော်ပြောပါတယ်။

အဲဒါနဲ့ ဟိုရိလည်း ဆေးပုလင်းကို ချန်အော်လ် လက်ထဲ ထည့်ပြီး ဥယျာဉ်ထဲကို ထွက်လာခဲ့ပါတယ်။ ဖန်မန်ကတော့ ဥယျာဉ်ထဲကို ၀င်လာမယ့် ဟိုရိကို မျှားနဲ့ ချိန်ထားပါပြီ။ ဟိုရိကတော့ အဲဒါကို မသိတဲ့အတွက် သတိမထားဘဲ ၀င်လာခဲ့မိပါတယ်။ မျှားတစ်စင်း လေတိုးလာသံကို ၀ှစ်ကနဲ ကြားလိုက်ရတဲ့ ဟိုရိတစ်ယောက် နောက်ကျသွားပါပြီ။ မျှားက သူ့လည်ပင်းကို ထုတ်ချင်းပေါက် ထိုးဝင်သွားပါပြီ။ တပည့်ဖြစ်သူရဲ့ အကောက်ကြံမှု ခံလိုက်ရမှန်း ဟိုရိတစ်ယောက် အသက်မထွက်ခင်မှာ သိခဲ့လိုက်ရပါတယ်။

ချန်အော်လ်ကလည်း အဲဒီအချိန်မှာ ဟိုရိပေးခဲ့တဲ့ ဆေးပုလင်းကို အကုန်သောက်ချလိုက်ပါတယ်။ ဟိုရိဟာ မာန်မာန ထောင်လွှားပြီး လောကစည်းစိမ်မှာ ယစ်မူးနေခဲ့ပြီး အခုလို သတ်ဖြတ်ခံလိုက်ရတာကို သူမ သိရှိလိုက်ရပေမယ့် သူမအနေနဲ့ ဘာတစ်ခုမှ မကူညီနိုင်ခဲ့ပါဘူး။ ဟိုရိနဲ့အတူ လူ့ပြည်ကို အတူတကွ ဆင်းသက်လာခဲ့ပေမယ့် အခုအချိန်မှာ နတ်ပြည်ကို သူမတစ်ဦးတည်း ပြန်တက်သွားခဲ့ပါတယ်။ အိမ်မှာ မွေးထားတဲ့ ယုန်လေးကို ရင်မှာ ပိုက်ပြီး အေးချမ်းပြီး လူသူကင်းမဲ့တဲ့ လမှာ တစ်ဦးတည်း နေထိုင်ဖို့ ပျံသန်း ထွက်ခွါသွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ လပေါ်မှာ ယုန်ကလေးကို အဖော်ပြုနေထိုင်ခဲ့တဲ့ ချန်အော်လ်ဟာ လနတ်သမီးလေး ဖြစ်ခဲ့ပါတယ်။

ချန်အော်လ် လနတ်သမီးလေးက တရုတ်ရိုးရာ လမုန့်ပွဲတော်ရဲ့ နောက်ခံပုံပြင် သမိုင်းဇာတ်လမ်း တစ်ခုရဲ့ အဓိက ဇာတ်လိုက် နတ်သမီးလေးပါပဲ။ တရုတ် လမုန့်ပွဲတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။ လမုန့်ပွဲတော်ရဲ့ ထုံးစံအတိုင်း အမျိုးအစားစုံလင်တဲ့ လမုန့်တွေကို မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ စားသောက်ကြပါတယ်။ အဲဒီ ပွဲတော်အချိန်မှာ မိုးကောင်းကင်က တိမ်ကင်းစင် ကြည်လင်နေတတ်ပြီး ရာသီဥတု သာယာလေ့ ရှိပါတယ်။ အဲဒါကြောင့် လမုန့်ပွဲတော်မှာ တရုတ်လူမျိုးတွေဟာ ကမ္ဘာကနေ မိုင်ပေါင်းများ ကွာဝေးတဲ့နေရာက လမင်းကြီးကို ငေးမောကြည့်နေပြီး လပေါ်က ချန်အော်လ်နတ်သမီးလေးအကြောင်းကို တွေးတောစဉ်းစားနေကြမှာကို မြင်ယောင်မိကြပါသလား ခင်ဗျာ။

ဒီနှစ် ၂၀၀၇ ခု မှာတော့ လမုန့်ပွဲတော်က စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်ခဲ့ပါတယ်။ ရှေ့နှစ်ဆိုရင်တော့ စက်တင်ဘာလ ၁၄ ရက် ၂၀၀၈ ခု မှာ လမုန့်ပွဲတော်နေ့ကို တဖန်ပြန်လည် ရောက်ရှိလာအုံးမှာပါ။ ကဲ ... နောက်နှစ် ၂၀၀၈ လမုန့်ပွဲတော် ရောက်ရင် လမုန့်လေးကို စားရင်း ချန်အော်လ် နတ်သမီးလေး ရှိနေတဲ့ မိုးကောင်ကင်က လဗိမာန်ကြီးကို ငေးမျှော်ကြည့်နေရင်း နတ်သမီးလေး အကြောင်း တမ်းတတွေးတောကြဖို့ မမေ့ကြေးဗျာ။

Thursday, October 4, 2007

Envoy's trip not a success

By EDITH M. LEDERER
Associated Press Writer


UNITED NATIONS - Secretary-General Ban Ki-moon said Wednesday that his special envoy delivered "the strongest possible message" to Myanmar's military leaders about their bloody crackdown on democracy activists, but added that he couldn't call the trip "a success."


Ban said he would meet with the U.N. Security Council on Friday to discuss what to do about human rights abuses in Myanmar, calling the situation there a top international concern.

"We will discuss closely with the Security Council members what action to take in the future," he said.

Ban didn't say if he had specific steps in mind. But China, which as a permanent member of the council can veto its actions, is a close ally of Myanmar's government.

Special envoy Ibrahim Gambari was scheduled to sit down with Ban on Thursday to report on his four-day trip to the Southeast Asian nation, where troops quelled mass protests with gunfire last week and continued to round up suspected activists.

Asked about Gambari's visit, Ban said, "You cannot call it a success."

But, he added, "I was relatively relieved that he was first of all able to meet with leaders of the Myanmar government as well as Madame Aung San Suu Kyi," the opposition leader and Nobel peace laureate who is under house arrest.



Gambari urged the junta's leaders to stop repressing peaceful protesters, release detainees, move toward real democratic reform, respect human rights and reconcile with their political opponents, the U.N. spokesman's office said.


In discussing the situation in Myanmar, Ban singled out the strong statement sent to the junta by the 10-member Association of Southeast Asian Nations, which includes Myanmar.

ASEAN expressed "revulsion" at the crackdown on peaceful protesters and strongly urged the military regime "to exercise utmost restraint and seek a political solution."

Credit: http://news.yahoo.com/

Wednesday, October 3, 2007

Happy Birthday


မနက်ဖြန်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ဆရာဝန် မမလေး မွန်းသက်ပန်နဲ့ နေးတစ်မြန်မာဖိုရမ်က ညီမငယ် အေးပတ်ဇ်တို့ရဲ့ Happy Birthday မှာ မိသားစုနဲ့အတူ၊ ချစ်ခင်နှစ်သက်ရာ သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူတကွ ကြည်နူးပျော်ရွှင် ချမ်းမြေ့ပါစေ ခင်ဗျာ။

ဘ၀ခရီးလမ်းတွေမှာ ကြုံတွေ့လာရတဲ့ လောကဓံလှိုင်းတွေကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းထားရာ ခရီးပန်းတိုင်ကို အောင်အောင်မြင်မြင် ချော့ချော့မွေ့မွေ့ ရောက်ရှိနိုင်ပါစေ ခင်ဗျာ။ လူသားတွေအတွက် လူမှုအကျိုးပြု လုပ်ငန်းများကိုလည်း အခုလိုပဲ တတ်နိုင်သလောက် အချိန်ပေးပြီး ဆက်လက် သယ်ပိုးနိုင်ပြီး လူပီသစွာ နေထိုင်နိုင်ပါစေ ခင်ဗျာ။

Tuesday, October 2, 2007

What kind of lover?

ကျွန်တော် ဘယ်လိုလူစားမျိုးလဲ၊ ဘယ်လို ချစ်တတ်သူလဲဆိုတာကို မေးကြည့်ထားတာလေးပါ။ မေးထားတဲ့ မေးခွန်းတွေကို သေသေချာချာ ဂရုတစိုက် ဖြေဆိုခဲ့ပါတယ်။ ထွက်လာတဲ့အဖြေအရ ကြော်ငြာတယ်လို့ ၀ိုင်းပြီး အစအနောက်ခံ၊ အပြောခံရမှာကို သိနေပေမယ့် ဘလော့မှာ အမှတ်တရလေး တင်ထားလိုက်ချင်ပါတယ်။ အခု ရက်တွေမှာ စိတ်တွေက လေးလံထိုင်းမှိုင်းပြီး နာကျည်းချက်တွေ များနေတယ်လေ။ ဘာပဲဖြစ်ဖြစ်လေ ဒါလေးက စိတ်တွေကို ကြည်လင် ပေါ့ပါးသွားစေပါတယ်။ အဲဒီထဲမှာတော့ ကျွန်တော့်ကို ရတဲ့သူကတော့ အတော်လေးကို ကံကောင်းမယ် ဆိုပဲဗျ။ ကျွန်တော့် ကံကောင်း မကောင်းတော့ မသိဘူးပေါ့နော်။ အဟား ...

အပျော်သဘောပဲဖြစ်ဖြစ် အလေးအနက်ထားလို့ပဲ ဖြစ်ဖြစ် မေးကြည့်ချင်ရင်တော့ သွားကြည့်လိုက်ပါ။ အဖြေ မှန် မမှန်တော့ ကျွန်တော်လည်း မပြောတတ်ဘူးနော်။ ကံကိုယုံပြီး ဆူးပုံတော့ မနင်းကြနဲ့ပေါ့ဗျာ။

You Scored a 90% which means you are a ....

You are a passionate lover. You are the complete package and you recieve the complete package. You are NOT selfish and yet you still don't get walked all over. You're what everyone looks for and you show the opposite sex what it is like to truly be loved. Anyone who gets you is truly lucky.

What kind of lover are you
Take More Quizzes

Monday, October 1, 2007

Blood Donation (2nd time)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၃၀) မှာ စကာင်္ပူ သြော့ထရမ်ပတ်ခ် ဘူတာနားက သွေးဘဏ်မှာ သွေးသွားလှူဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်က ဒုတိယအကြိမ် လှူဖြစ်တာပါ။ ပထမအကြိမ်က ဇူလိုင် ၇ ရက်နေ့မှာ လှူခဲ့တာလေ။ စနေနေ့ကတည်းက လှူလို့ရနေပေမယ့် ရုံးတက်နေရလို့ တနင်္ဂနွေနေ့မှ လှူဖြစ်တယ်။ အိမ်မှာ အတူငှားနေတဲ့ ညီငယ်ကလည်း ဒီတစ်ခေါက်မှာ ထပ်လှူပါတယ်။ ညီမတစ်ဦးလို ခင်မင်ရတဲ့ ဖိုရမ်တစ်ခုက မန်ဘာတစ်ဦးကလည်း ပထမဦးဆုံး အကြိမ်အနေနဲ့ သွေးလှူဖို့ လိုက်လာခဲ့ပါတယ်။ အဲဒီညီမငယ်က ရှေ့တစ်ခေါက်ကတည်းက လှူမလို့ စီစဉ်ထားပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မလှူလိုက်ရတဲ့သူပါပဲလေ။

မနက် ကိုးနာရီလောက် သွားဖို့ လုပ်ထားပေမယ့် ညီမငယ်က အိပ်ရေး မ၀မှာ စိုးလို့ နောက်ကျမှ သွားဖို့ တောင်းဆိုတာနဲ့ ၁၀ နာရီခွဲလောက် အိမ်ကနေ စထွက်ဖို့ အစီအစဉ်ပြောင်းလိုက်ပါတယ်။ ပထမဦးဆုံး စလှူမယ့်သူဆိုတော့လည်း စိုးရိမ်စိတ်တွေ များတတ်ပါတယ်။ မနက်ပိုင်းကျတော့ အိမ်က ညီငယ်က ဘုရားရှိခိုး ပုတီးစိတ်နေတာနဲ့ ၁၀ နာရီခွဲအထိ အိမ်ကနေ မထွက်ရသေးပါဘူး။ မနက် ၁၁ နာရီကျမှပဲ ဘူတာကို ရောက်ပါတော့တယ်။ ဘူတာမှာ ချိန်းထားလို့ ရောက်နေတဲ့ ညီမငယ်နဲ့ တွေ့ပြီး သွေးဘဏ်ရှိရာကို ရထားစီးလာခဲ့ကြပါတယ်။ သွေးဘဏ်ကိုရောက်တော့ ၁၂ နာရီထိုးခါနီးပါပြီ။

စာရွက်စာတမ်းတွေ ဖြည့်ပြီး ဆရာဝန် သွေးပေါင်ချိန် စစ်ဖို့အခေါ်ကို ထိုင်စောင့်နေလိုက်ပါတယ်။ ရေအ၀သောက်ဖို့ မှာထားတာနဲ့ ရေသောက်လာတဲ့သူတွေ ကျန်းမာရေးအတွက် သန့်စင်ခန်းကို ပြေးကြရပြန်ပါတယ်။ ကျွန်တော်ကို သွေးပေါင်စစ်တဲ့ ဆရာဝန်က ကုလားမဖြစ်ပေမယ့် သူတို့ နှစ်ယောက်ကို စစ်တဲ့ ဆရာဝန်ကတော့ မြန်မာပြည်က လာတဲ့ ရွှေဒေါက်တာ ပေါ့ဗျာ။ မြန်မာအချင်းချင်းဆိုတော့ မြန်မာလို ပြောကြဆိုကြတာပေါ့။ သွေးပေါင်ချိန်ပြီး သွေးအမျိုးအစား ဟေမိုဂလိုဗင် စစ်ပါတယ်။ ပြီးတော့ သွေးဖောက်ခန်းက သူနာပြုဆရာမတွေ အခေါ်ကို ထိုင်စောင့်နေကြတာပေါ့ဗျာ။ သွေးလှူတဲ့ လူက များတော့လည်း အပြင်ဘက်မှာ ထိုင်စောင့်နေရတာပါ။


ပထမဦးဆုံး ကျွန်တော်တို့ ၂ ယောက် အရင်ဝင်ရတယ်။ ပထမဦးဆုံး စလှူမယ့်သူကတော့ မ၀င်ရသေးဘဲ ကျန်ခဲ့ပါတယ်။ ကုတင်ပေါ်မှာ လှဲနေပြီး နပ်စ်မတွေက လက်မှာ သွေးကြောရှာ ဆေးတွေထိုး၊ လိုအပ်တဲ့ သံဓါတ်အားဆေးတွေ ပေးတာပေါ့။ ဒီတစ်ခေါက်မှာလည်း သွေးလှူနေတဲ့ ဓါတ်ပုံကို ရိုက်ချင်ပေမယ့် ရိုက်ပေးပါမယ်ဆိုတဲ့ နပ်စ်မတွေ မအားတာနဲ့ မရိုက်ဖြစ်လိုက်ဘူး။ အားနေတဲ့ ညာလက်တစ်ဖက်နဲ့ပဲ သွေးပိုက်တန်းလန်းနဲ့ ဘယ်ဘက်လက်ကို ကိုယ်ဘာသာကိုယ် ဓါတ်ပုံရိုက်လိုက်ပါတယ်။ ကျွန်တော် သွေးလှူတာ အရင်ဦးဆုံး ပြီးသွားတာနဲ့ ညီမငယ်ရှိရာဘက်ကို အဆင်ပြေ မပြေ သွားကြည့်လိုက်ပါတယ်။ သူက ပထမဦးဆုံးပဲ ဖြစ်နေလို့လား မသိဘူး သွေးအထွက် နည်းနေတဲ့အတွက် နပ်စ်မတစ်ဦးက လက်ကို ဖိနှိပ်ပေးနေရပါတယ်။ အဲဒါနဲ့ သူ့အတွက်ပဲ ဓါတ်ပုံတွေ ရိုက်ဖြစ်လိုက်ပါတယ်။


သွေးလှူပြီးတော့ ခဏတဖြုတ်နား စားသောက်ပြီး ဆေးရုံကနေ ပြန်လာခဲ့ကြပါတယ်။ အပြန်မှာ တိုးပါးရိုးက မြန်မာဘုန်းကြီးကျောင်းကို ခဏတဖြုတ် ၀င်လိုက်ပါသေးတယ်။ ကျွန်တော်က ရှေ့တစ်ရက်မှာ လာခဲ့ပြီးပေမယ့် ညီမငယ်က သူမရောက်သေးလို့ သွားချင်ပါတယ် ဆိုတာနဲ့ ဘုန်းကြီးကျောင်းကို လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ အနီရောင် လက်ပါတ်လေးတွေနဲ့ ရင်ထိုးဖဲပြားလေးတွေကို ဝေငှပေးပါတယ်။ နီရဲနေတဲ့ လူအုပ်ကြီးက လှုပ်စိလှုပ်စိနဲ့ အများကြီးဗျ။ ကျွန်တော်တို့တွေကလည်း အနီတွေ ၀တ်လာခဲ့တော့ အနီရောင်ပင်လယ်ထဲကို အနီရောင် မြစ်ချောင်းလေးတွေ ပူးပေါင်း စီးဆင်းသွား သလိုပေါ့ဗျာ။ အဲဒီမှာ မတွေ့တာ အတော်ကြာခဲ့တဲ့ ကျောင်းက သူငယ်ချင်းအချို့ကို ဟိုတစ်စု ဒီတစ်စု တွေ့လိုက်ရပါသေးတယ်။ မြန်မာတွေက အရေးကြီးတော့ သွေးစည်းကြသားပဲဗျ။ ညဦးပိုင်းမှာ မြန်မာသံရုံးရှေ့မှာ ဆီမီးထွန်းပွဲ ရှိနေတယ်ဆိုတာကို ချန်နယ်နယူးအေးရှားကနေ သိလိုက်ရပေမယ့် သွေးလှူထားတာရယ် ဘုန်းကြီးကျောင်းမှာ အချိန်ပေးလိုက်တာရယ်ကြောင့် လူလဲ ပင်ပန်းသွားလို့ ဆီးမီးထွန်းပွဲကို မသွားဖြစ်ခဲ့ပါဘူး။ စင်္ကာပူ အတိုက်အခံပါတီက အစိုးရခွင့်ပြုချက် မရဘဲ ဒဏ်အရိုက်ခံပြီး ဦးဆောင် ကျင်းပပေးခဲ့တာ ဆိုတာကိုတော့ သူငယ်ချင်းတွေ ပြန်ပြောပြလို့ သိခဲ့လိုက်ရပါတယ်။