.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, March 11, 2008

Let's fly altogether

စိုင်းချစ်သူ ဟသာင်္မငယ်

ရွှေပင်တွေ ငွေပင်တွေ
စိုက်ထားပါတယ်
တစ်ချိန်ချိန်တော့ နားရမယ်
စိုင်းချစ်သူ ဟသာင်္မငယ်
စောင့်လိုက်ပါကွယ်
ခဏလေး စောင့်လိုက်ပါအုံး ကွယ်...

အော်သံတွေ ခေါ်သံတွေ
ကြားရပေမယ့်
မမှီမှာကို စိုးမိတယ်
စိုင်းချစ်သူ ဟသာင်္မငယ်
အောင့်လိုက်ပါကွယ်
ခဏလေး အောင့်လိုက်ပါအုံး ကွယ်...

အတောင် ညောင်းရှာလိမ့်မယ်
ဘ၀မုန်တိုင်းထဲ တစ်ကောင်ထဲ
အတောင် ညောင်းရှာရော့မယ်
ဘ၀မုန်တိုင်းထဲ အဖော်မဲ့
ဘယ်လို နေရှာမလဲ မသိဘူး....

ရွှေအိမ်တွေ ငွေအိမ်တွေ
ဆောက်ထားပါတယ်
မကြာခင်တော့ ပြီးလိမ့်မယ်
စိုင်းချစ်သူ ဟသာင်္မငယ်
မလျှော့လိုက်ပါနဲ့
ဘယ်တော့မှ မလျှော့ပါနဲ့ကွယ်...

စိုင်းထီးဆိုင်ရဲ့ ချယ်ရီကိုသာ ပန်ပါကွယ် စီးရီးထဲက သီချင်းတစ်ပုဒ်ပါ။ တေးရေးကတော့ ဆရာလိတ်ပဲ ဖြစ်မယ် ထင်ပါတယ်။ နားဝင်လွယ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို သီဆိုခဲ့တဲ့ ကိုထီးရဲ့ သီချင်းကောင်းတွေကို အများစု နားထောင်ဖူးကြမယ် ထင်ပါတယ်။ ရှမ်းသံဝဲ၀ဲလေးနဲ့ ဆိုထားတဲ့ ကိုထီးရဲ့ သီချင်းတွေဟာ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန်လေး တစ်ခုပါ။ နောက် ထူးခြားချက် တစ်ခုကတော့ ကိုထီးရဲ့ သီချင်းတွေဟာ အဓိပ္ပါယ်နှစ်ခွ ထွက်နေတတ်တာကို ကြည့်တတ် မြင်တတ်ရင် တွေ့ရပါလိမ့်မယ်။ တချို့သီချင်းတွေဟာ အချစ်သီချင်းတွေ ဖြစ်ပေမယ့် ဒသနဆန်ဆန် အတွေးတွေ ဖြာဝေစေတဲ့ သီချင်းတွေအဖြစ် တွေ့ရမှာပါ။ သူ့သီချင်းတွေမှာ တွေးစရာလေးတွေ အများကြီးပါ ပါတယ်။

အခု သီချင်းလေးမှာလဲ တွေးစရာတွေ ပါနေ ပါတယ်။ တွေးစရာလေးတစ်ခုက စိုင်းချစ်သူ ဟသာင်္မငယ်က ဘယ်သူလဲပေါ့။ ရွှေပင်တွေ ငွေပင်တွေ စိုက်ထားပါတယ်။ တချိန်ချိန်မှာ နားရမယ် ဆိုတဲ့ ကာလတွေကို ကိုထီးလည်း မျှော်တလင့်လင့် စောင့်စားခဲ့ပုံရပါတယ်။ ဘ၀မုန်တိုင်းထဲမှာ တစ်ယောက်တည်း အဖော်မဲ့စွာ ပျံသန်းနေရတဲ့ ရွှေဟသာင်္လေး အတောင်ညောင်းမှာကိုလည်း တွေးပူမိခဲ့ပါသေးတယ်။ ရွှေအိမ်တွေ ငွေအိမ်တွေအဆီ အရောက် ပျံသန်းလာဖို့... အားမလျှော့ဖို့ သီချင်းလေးက တဆင့် အားပေးစကား ပြောသွားပါသေးတယ်။

အားပေးစကားတွေ ပြောခဲ့တဲ့ ကိုထီး တစ်ယောက် အခုတော့ အားလျှော့သွားပြီပေါ့နော်။ နေရစ်တော့ကွယ် သွားတော့မယ်ပေါ့နော်။ ကိုထီးချစ်တဲ့ ဟင်္သာမလေးကတော့ အတောင်တွေ ဖြန့်ကျက်ပြီး ဆက်လက် ပျံသန်းနေအုံးမှာ ဆိုတာကို ကိုထီးတစ်ယောက် စွဲမြဲစွာ ယုံကြည်နေမယ်ဆိုတာကို ကျွန်တော် သိနေပါတယ်။

ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးငြိမ်းသာယာနေနိုင်ပါစေဗျာ။

5 comments:

ein said...

အိမ်လေးလဲ ခုလို ကြားသိရတဲ့တွက် မိသားစုနဲ့ ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်ရပါတယ်...စိုင်းထီးဆိုင်ရဲ့ သီချင်းလေးတွေကို အိမ်လေးလဲ ကြိုက်တယ်...
ကိုထီးရေ !
ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးငြိမ်းသာယာနေနိုင်ပါစေလို့ အိမ်လေးလဲ ဆုတောင်းပေးပါတယ်နော်...:)

Nwai Hninn said...

ဒီကမ္ဘာမှာစစ် စစ် စစ်မဖြစ်ရာမြေ.. တစ်နေရာရှိရှိ ရှိလိမ့်မယ်လေ.. ခု.. အဲဒီနေရာကို ဗိုလ်ထီးရောက်နေပြီလားပဲ.. ဖြစ်ရာဘ၀မှာ သီချင်းချိုချိုတွေနဲ့ ပျော်မွေ့နိုင်ပါစေ ဦးထီးရေ.. သူ့ရဲ့လိုက်ဖ်ရှိုးအခွေဗီစီဒီထွက်တာကြာနေပေမယ့် အရင်တစ်လထဲကမှ အော်ရိန့်ခ်ျစင်တာမှာမြင်လို့ ၀ယ်ဖို့အမှတ်ရသေးတယ်.. ၀ယ်ဦးမယ်ဆိုပြီး ထပ်မရောက်ဖြစ်ခဲ့ဘူး.. ခုတော့ အဲဒီခွေလေးလည်း မီးထဲပါသွားလို့ မရှိလောက်တော့ဘူး.. ခု စိုင်းထီးဆိုင်လည်းမရှိတော့ဘူး.. သူ့သီချင်းတွေနဲ့ကြီးခဲ့ပေမယ့် အရင်ကသိပ်မကြိုက်ခဲ့ဘူး.. ခုနောက်ပိုင်းမှာ သီချင်းညည်းရင်တောင် သူ့သီချင်းတွေပဲညည်းဖြစ် သူ့သီချင်းတွေရှာနားထောင်ဖြစ်လာတယ်..ြ့ပီးခဲ့တဲ့တနင်္လာကမှ အိမ်မှာရှိတဲ့ အမှတ်တရ(၃)အခွေ ပြန်ဖွင့်နားထောင်ဖြစ်ခဲ့သေးတယ်.. ခုတော့ သူ သွားပြီတဲ့.. တွေးမိတိုင်းစိတ်မကောင်းဖြစ်ရတယ်..

kthuyein said...

ကိုထီးကြီး ကောင်းရာ မွန်ရာ ဘ၀သို့ ရောက်ပါစေ ...

Anonymous said...

“ဘယ်ဆီကို ရောက်လို့နေ.. ဘယ်လောက်ပဲ ဝေးကြပါစေ.. ရင်ထဲမှာ အထီးကျန်မဆန်ခဲ့... ရင်ထဲက တောင့်တလိုက်ယုံ လေးနဲ့ ကိုယ်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်...” ခွဲခွာခဲ့ရတဲ့ အချိန်တိုင်း ညည်းဆိုခဲ့ဘူးတယ်.. ဂစ်တာ ဒေါင်ဒင်စတီးကတည်းက ကိုထီး သီချင်းတွေထဲကပဲ အများဆုံးလျှောက်ခေါက်ဖြစ်ခဲ့တယ်.. အခုတော့ ကိုထီး အရာအားလုံးကို ကျောခိုင်းသွားလေပြီး...
ကိုထီး ကောင်းရာမွန်ရာဘဝမှာ ပျော်ရွှင်နိုင်ပါစေ..

khainglayphyu said...

ကိုစိုင်းတစ်ယောက် ကောင်းရာသုဂတိ လားပါစေလို့ဆုတောင်းပေးပါတယ်.....