.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, July 14, 2008

About Red Cross Emblem- 2

ကြက်ခြေနီအမှတ်အသားက ဘယ်လို အဓိပ္ပါယ်တွေ ပါဝင်နေလဲ...
ဂျီနီဗာအများသဘောတူညီချက်ကို အတည်ပြု ပြဌာန်းပြီးတဲ့ နောက်မှာ ကြက်ခြေနီအမှတ်အသားတွေကို တစ်ကမ္ဘာလုံးက သိရှိလာကြပါတယ်။ စစ်မက်ဖြစ်ပွါးတဲ့ ကာလအတောအတွင်းမှာ အကာအကွယ်ပေးသင့်တဲ့ ဆေးတပ်ဖွဲ့တွေ၊ သာသနာ့ဝန်ထမ်း ဘုန်းတော်ကြီးတွေ၊ တရားဟောဆရာတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေကို အကာအကွယ်ပေးတဲ့ ကြားနေအမှတ်အသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြပါတယ်။ သူတို့တွေဟာ စစ်မြေပြင်မှာ ဒဏ်ရာရသွားတဲ့ စစ်သည်တွေ... နာမကျန်းဖြစ်နေတဲ့ စစ်သည်တွေ... စစ်ဘေးဒဏ်ခံရသူတွေ ဆင်းရဲဒုက္ခ နည်းပါး သက်သာစေဖို့ ကူညီပေးမယ့်သူတွေပါ။ အဲဒီလို ကူညီပေးမယ့်သူတွေကို စစ်ရေးအရ တိုက်ခိုက်တာတွေ မဖြစ်သင့်ပါဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေနဲ့ အတိအလင်း အကာအကွယ်ပေးထားတာပါ။

စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ လူအားလုံးက ကယ်ဆယ်ရေးလုပ်နေတဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေ အပေါ်မှာ ဆင်ဆင်ခြင်ခြင် ပြုမူဖို့... လေးလေးစားစား ဆက်ဆံဖို့စတဲ့ အဓိပ္ပါယ်တွေ ကြက်ခြေနီအမှတ်အသားမှာ ပါဝင်နေပါတယ်။ ကြက်ခြေနီအမှတ်အသားကို နည်းလမ်းတကျ အသုံးပြုဖို့... တလွဲသုံးစွဲတာတွေ မှားယွင်းစွာ အသုံးပြုတာတွေကို အရေးယူ တားမြစ်ပေးဖို့ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ နိုင်ငံတော် ဥပဒေတွေမှာ ပြဌာန်းပေးထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွေ၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ လူမှုကရုဏာလုပ်ငန်းတွေ... ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြက်ခြေနီအခြေခံမူ ၇ ချက်နဲ့ အညီလုပ်ဆောင်နေတဲ့ ကြက်ခြေနီလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူအားလုံးက ကြက်ခြေနီအမှတ်အသားကို အသုံးပြုနိုင်ကြပါတယ်။

ဒါဆို ကြက်ခြေနီအမှတ်အသားကို ဘယ်သူတွေကို သုံးခွင့်ပေးထားသလဲ။
  • တပ်မတော် ဆေးဘက်ဆိုင်ရာတပ်ဖွဲ့တွေ၊ ဆေးတပ်ဖွဲ့ဝင်တွေ၊ ဆေးတပ်စခန်းဌာနတွေ၊ ရဟတ်ယာဉ်၊ မော်တော်ယာဉ်တွေ...
  • အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
  • အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း
  • အမျိုးသားကြက်ခြေနီအသင်းများ

  • အမျိုးသားကြက်ခြေနီအသင်းက အသိအမှတ်ပြုထားပြီး ဆေးကုသခ မယူသည့် ရှေးဦးပြုစုပေးသည့် စခန်းများ

No comments: