.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, January 2, 2009

Fariy Tale (Tong Hua)


Forgot how long it's been

since I last heard you
telling me 'bout your favorite story
thought for a long time,
began to worry.
Is it me who did something wrong?

You cried and said to me
that fairy tales are all just lies.
I couldn't be your fairytale prince.
but you don't understand
since you gave me your hands
stars in my sky began to shine.

I'm willing to change into
The angel in those fairy tales
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

You cried and said to me
that fairy tales are all just lies.
I couldn't be your fairytale prince.
but you don't understand
since you gave me your hands
stars in my sky began to shine.

I want to be your fantasy
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

I wish to be your fantasy.
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

I want to be your fantasy.
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

Ending with happiness and love.

YDC Camp ထဲမှာ အဲဒီသီချင်းကို အဖွဲ့လိုက်ဆိုကြတော့ အခုတလော ဒီသီချင်းလေးပဲ ပါးစပ်ဖျားမှာ ဟီးလေးခိုနေပါတယ်။ အစကတော့ မြန်မာလို ဆိုထားတာပဲ နားထောင်ဖူးတယ်။ အာဇာနည် ပြန်ဆိုထားတဲ့ သီချင်းလေးပါပဲ။ ခေါင်းစဉ်က ကိုယ့်အနားရှိစေချင် ဆိုပဲ။ အခုနောက်ပိုင်းမှာတော့ တရုတ်လို ဆိုထားတာ ကြားဖူးလာတယ်။ ဒါပေမယ့် စာသားအဓိပ္ပါယ်ကို မသိတော့ သံစဉ်ကိုပဲ ခံစားရတာပေါ့။ အခုတော့ သီချင်းရဲ့ အဓိပ္ပါယ်ကို နားလည်လာတော့ ခံစားချက်တွေနဲ့ တိုက်ဆိုင်နေတယ်။ ရင်ကို ထိရှတယ်ပေါ့ဗျာ။

မူရင်း အဆိုတော်ကတော့ Michael Wong ပါ။ တရုတ်လို အမည်ကတော့ Guang Liang ပါ။ မလေးရှားဇာတိ တရုတ်တစ်ယောက်ပေါ့။ အဲဒီသီချင်းလေးက ၂၀၀၅ ဇန်န၀ါရီမှာ စတင်ဖြန့်ချီခဲ့တဲ့ Fairy Tale Albumထဲက ခေါင်းစီးတေးလေးပါ။ သူကိုယ်တိုင် ရေးစပ်ခဲ့တဲ့ သီချင်းပေါ့။ အဲဒီ အခွေထွက်ဖို့ သူ ၂ နှစ်လောက် ကြိုးစားခဲ့ပါတယ်။ သူ့ကြိုးစားမှုတွေက အောင်မြင်တယ်လို့ ပြောရမှာပါ။ အခုတော့ ဒီသီချင်းက ကမ္ဘာကျော်နေပါပြီ။ သူဟာ အဲဒီသီချင်းကြောင့်ပဲ တရုတ်သီချင်းလောကမှာ သီချင်းဆုကို ဆွတ်ခူးခဲ့တဲ့
ပထမဦးဆုံးသော မလေးရှားလူမျိုး ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ဒီဇင်ဘာမှာ ကျင်းပတဲ့ The Hong Kong TVB8 Golden Music Awards မှာ ဆု ၄ ခု (Best Composition, Best Composer/Artist, Top Ten Songs of the Year, and Best of the Year's Top 10 Songs) ချိတ်ခဲ့ပါတယ်။

English Version ကို ဆိုထားတဲ့အထဲမှာ Youtubeက အဲဒီတစ်ယောက်ဆိုထားတာ မဆိုးဘူးခင်ဗျ။ တရုတ်လိုပဲ
မူရင်းသီချင်းကို နားထောင်ချင်တယ်ဆိုရင်တော့ ဒီမှာ သွားကြည့်ပါ။ တရုတ်အသံထွက်ကို အင်္ဂလိပ်လို ရေးပေးထားတော့ လိုက်ဆိုရတာ အဆင်ပြေတာပေါ့။ ကြိုသတိပေးထားမယ်နော်။ အသည်းနုပြီး မျက်ရည်လွယ်သူများ လက်ကိုင်ပုဝါ ဆောင်ထားကြပါ။ ဟဲဟဲ...

တကယ်တော့ ကျွန်တော်ဟာ ပုံပြင်ထဲက မင်းသားလေးတစ်ပါး မဟုတ်ခဲ့ပါ။
Wo bu ke neng... shi ni de Wang zi!

7 comments:

Red's Rose Dream said...

အဲ့ဒီသီချင်းလေးကို တရုတ်လိုဘဲ နားထောင်ဘူးတာ။ အာဇာနည်မြန်မာလိုပြန်ဆိုထားတာ စာသားကောင်း ပေးမယ့် အာဗြဲကြီးနဲ့ဆိုတော့ နားထောင်လို့သိပ်ပြီး မကောင်းဘူး။ မူရင်းအဆိုတော်ဆိုထားတာမှ တော်တော် ကောင်းတာ ခပ်ဆွေးဆွေးလေ။ အဲ့ဒီအဆို တော်ရဲ့ တခြားသီချင်းတွေလည်း ကောင်းတယ်။ ကိုဇူလိုင့်လို ခပ်ဆွေးဆွေးသမားနဲ့တော့ အကိုက်ဘဲ။
ရှာပြီးနားထောင်ကြည့်ပါဦး။

Unknown said...

ကျေးဇူး တင် လိုက်တာ ကိုဂျူ လှိုင်ရေ
သီ ချင်းကြိုက်တဲ့ ကျနော့် အတွက် ..သီခင်းကောင်း ပ ဗျာ

g|-|0$7 said...

RZarNi ကို လုပ်ကျွေးသွားတဲ့ သီချင်းလေးပေါ့ဗျာ

နိုင်ငံခြားသီချင်းတွေ ကောင်းလေလေ... မြန်မာအဆိုတော်တွေ နာမည်ပိုကြီးလေပေါ့... :P

Dou Si Ni ဆိုတဲ့ သီချင်းကိုလည်း နားထောင်ကြည့်ရီ... အရမ်းကောင်းတယ်ဗျ

Thinzar said...

tong hua ကို သဉ္ဖာလည်း အရမ်းကြိုက်တယ်။ Guang Liang သီချင်းတော်တော်များများ ကောင်းတယ်နော်။
Happy New Year!!

ဇင်ယော် said...

အဟဲ မင်းသားလေးမဟုတ်တဲ့ မင်းသားကြီး ကိုဂျူလိုင်ရေ မူရင်းသီချင်းလေးကို ခုမှနားထောင် ဖူးတော့တယ်။ စာသားလေးတွေပါ ထည့်ရေးထားတော့ ပိုမိုက်တယ်ဗျာ။ ဗြဲ...အသည်းနုတော့ လက်ကိုင်ပုဝါနဲ့  ရဖူးဗျ။ မျက်ရည်ခံရအောင် တိုင်ကီတစ်လုံး သွားရှာရတော့မယ် :P

strike said...

လက်ကိုင်ပ၀ါနဲ့ပါမလောက်လို့ ပုဆိုးပါချွတ်ပြီးသုတ်နေ
ရပါတယ် JD ရယ်။

tututha said...

မျက်ရည်တော့မလွယ်ဘူး နှပ်ချီးတော့လွယ်တယ် .. ရွှတ်ဖတ် .. ဒီဘလော့မှာပဲ သုတ်ခဲ့တယ်နော် ..