.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, January 16, 2009

St. Paul's Church

St. Paul's Church က St. Paul Hill ပေါ်မှာ တည်ရှိပါတယ်။ St. Paul Hill ကို Malacca Hill လို့လည်း ခေါ်ပါတယ်။ အစပိုင်းမှာတော့ ပေါ်တူဂီတွေ တည်ဆောက်ခဲ့တဲ့ Chapel လို့ခေါ်တဲ့ ဘုရားကျောင်းငယ်လေးပါ။ AD 1521 မှာ တည်ဆောက်ခဲ့တာပါ။ 1556 မှာ နှစ်ထပ် ကျောင်းဆောင်အဖြစ် တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒတ်ခ်ျတွေ မလက္ကာမြို့ကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာလည်း ဘုရားကျောင်းအဖြစ် နှစ်ပေါင်း ၁၁၂ တိုင်တိုင် ဆက်လက် အသုံးပြုခဲ့ပါသေးတယ်။ တောင်ကုန်းအောက်ခြေမှာ တည်ဆောက်ထားတဲ့ Chirst Church မပြီးခင် အထိပေါ့။ 1824 မှာ ဗြိတိသျှတို့ မလက္ကာမြို့ကို ၀င်လာတဲ့အခါမှာ ဘုရားကျောင်းအဖြစ် မသုံးတော့ပဲ လက်နက်ခဲယမ်း သိုလှောင်တဲ့ ဂိုထောင်အဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ အဲဒီရှေ့မှာပဲ မီးပြတိုက်တစ်ခုကို ဗြိတိသျှတို့ပဲ တည်ဆောက်ခဲ့ပါတယ်။ အဖြူရောင်သုတ်ထားတဲ့ အဆောက်အဦးပေါ့။

ဘုရားကျောင်းရဲ့ ရှေ့မှာ St. Francis Xavier ရဲ့ ရုပ်တုကိုလည်း မြင်တွေ့နိုင်ပါတယ်။ St. Francis ဆိုတာ တရုတ်ပြည်မှာ သာသနာပြုခဲ့တဲ့ စပိန်မှာ မွေးတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။ 1545-1552 ကာလကြားမှာ St. Francis ဟာ မလက္ကာမြို့က St. Paul's Church ကို မကြာခဏ ရောက်ရှိ သီတင်းသုံးခဲ့ပါတယ်။ 1553 မှာ သူကွယ်လွန်ခဲ့တော့ သူရဲ့ရုပ်အလောင်းကို တရုတ်ပြည်ကနေ မလက္ကာမြို့ကို သယ်လာပြီး St. Paul's Church မှာ မြှုပ်နှံခဲ့ပါတယ်။ ၉ လကြာ မြှုပ်နှံထားပြီးတဲ့နောက် ရုပ်အလောင်းကို အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူရဲ့ရုပ်အလောင်းကို ပြန်တူးဖော်တဲ့အခါမှာ မပုပ်မသိုးသေးတာကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြတဲ့အတွက် သူတော်စင်အဖြစ် သတ်မှတ်ဖို့ အဆိုပြုခဲ့ကြပါတယ်။ သူရဲ့လက်ကို ဖြတ်ကြည့်မိတော့ သွေးတွေ တတောက်တောက် ကျပါသတဲ့။ အဲဒါနဲ့ပဲ သူတော်စင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အခုရုပ်တုမှာလည်း ညာဘက်လက်ပြတ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲဒါဟာ ထုလုပ်စဉ်ကတည်းက တမင်တကာ ဒီဇိုင်းထွင် ပြုလုပ်ထားခဲ့တာ မဟုတ်ပါဘူး။ ရုပ်တုကို ဘုရားကျောင်းရှေ့မှာ နေရာချထားပြီး နောက်တစ်ရက်မှာပဲ ရုပ်တုပေါ်ကို သစ်ပင်ကြီးတစ်ပင် လဲပြိုခဲ့ပါတယ်။ သစ်ပင်ပိတဲ့ဒဏ်ကြောင့် ရုပ်တုရဲ့ ညာဘက်လက် ပြတ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ ရုပ်တုမှာ ညာဘက်လက် မရှိတော့တာ အခုချိန်ထိပါပဲခင်ဗျာ။

9 comments:

khin oo may said...

ဗဟုသုတမှတ်သွားသည်.

နေ့အိပ်မက် said...

ဟီး.. အိမ်တော့မဆောက်တတ်ဘူး.. ဗိသုကာပညာတော့ တော်တော်စိတ်ဝင်စားတယ်.... နေ့အိပ်မက်တအားလေးစားရတဲ့သူကလည်း ဗိသုကာဖြစ်နေလို့လေ... အဆောက်အဦးလှလှလေးတွေကို စိတ်ဝင်တစားလာကြည့်သွားပါတယ်.. နောက်လည်းတင်ပေးပါနော.်.. :)

တောင်ပေါ်သား said...

ဗဟုသုတ လေးတွေရပါတယ်။ ကျေးဇူးအထူးတင်ပါတယ် အဲဒီသူတော်စင်ကြီးက အခု ဘယ်မှာလဲဗျ အိန္ဒိယမှာ မြုပ်လိုက်တာပေါ့နော့်

Chaos said...

ဗဟုသုတ အဖြစ်လာဖတ်သွားတယ်နော်။
ကျေးဇူးပါဖိုးဖိုးရေ

TZO said...

ကောင်းတယ် ဒါမျိုးပဲ ဆက်ရေး

su wai said...

သူတော်စင် St. Francis ရဲ့ လက်ကို ဖြတ်ကြည့်တာကရော ညာလက်ပဲလားဟင်… ရုပ်တုမှာ ညာဘက်လက်ပြတ်နေတာ ဘုရားသခင်ရဲ့ အလိုတော်အရများလားလို့ တွေးမိလို့ပါ… အမြဲလိုလို ဗဟုသုတ ရစရာ ဓါတ်ပုံလေးတွေ၊ အကြောင်းအရာလေးတွေ ဝေမျှပေးတတ်တဲ့ ကိုကြီးဂဏန်းကို ကျေးဇူးအထူးပါနော်။

ဇင်ယော် said...

မလက္ကာကို တိတ်တိတ်လေး သွားလည်တယ်ပေါ့လေ။ ဘုရားကျောင်း၊မီးပြတိုက်နဲ့  သူတော်စင်ပုံရိပ်တွေက ဆက်စပ်ပြီး အဓိပ္ပါယ်တစ်ခုကို ဖော်ဆောင်နေသလိုပဲ။ ခုလို ဗဟုသုတလေးတွေ ဝေမျှပေးတာ ကျေးဇူးကိုဂျူလိုင်ကြီးရေ။ ဒါနဲ့  ကမ်းခြေက အကင်ဆိုင်တွေ အတော်မိုက်တယ် ပြောကြတယ်ဗျ။ ရောက်ခဲ့သေးလား :P

strike said...

ကောင်းဗျာ၊ဗဟုသုတလည်းရ ပုံလေးတွေကလည်းလှ၊
ကျေးဇူးပါ။

JulyDream said...

တောင်ပေါ်သားကြီးရေ..
လက်ရှိအချိန်ထိတော့ စိန့်ဖရန့်စစ်ရဲ့ ရုပ်အလောင်းက အိန္ဒိယနိုင်ငံ ဂိုဟာမြို့မှာ မြှုပ်နှံထားပါတယ်ခင်ဗျာ။

ဆုဝေရေ...
ဘုရားသခင်ရဲ့ အလိုတော်အရလား အလိုတော် မရလား ဆိုတာတော့ မသိပါဘူးကွယ်။ ဆုဝေ ဘုရားသခင်နဲ့ တွေ့တဲ့အခါကျရင် မေးဖို့ မမေ့နဲ့ပေါ့ကွယ်။

ကိုဇင်ယော်ရေ..
မလက္ကာကို တိတ်တိတ်လေး မသွားခဲ့ပါဘူး။ ကျွန်တော် ခရီးထွက်မယ်ဆိုတဲ့ အကြောင်းလေးတော့ မတ့်ဆေ့ခ်ျလေး တင်ခဲ့ပါသေးတယ် ခင်ဗျ။