.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, August 5, 2009

At this moment

အခုတလော

တွေးနေမိတာက

အတ္တဟိတနဲ့ပရဟိတ မျှနိုင်ဖို့အတွက်...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ထော်လော်ကန့်လန့် ဂွကျကျပြောလွန်းလို လူမုန်းများနေပြီ...

ကျန်းမာရေး
ခါတော်မှီရောဂါတွေနဲ့ ချစ်သူလေး သနားမိအောင် ဖျားဖြစ်လိုက်တယ်...

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဦးသုခရဲ့ အမေ
ဂျူးရဲ့ သူ မင်းကို ဘယ်တော့မှ
ဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး
ဒေါက်တာသန်းထွန်းရဲ့ ငါပြောချင်သမျှ ငါ့အကြောင်း...

ရောက်နေဖြစ်တာက
သောက်ခွက်စာအုပ်နဲ့ ဘလော့တွေ...

ရေးဖြစ်နေတာက
ကိုယ်ရေးကိုယ်တာ ခံစားမှု အလွမ်းအဆွေး...

နားထောင်ဖြစ်နေတာက
အေးအတူပူအမျှ...

ရွတ်နေမိတဲ့ကဗျာက
အီးအီး ဘယ်သူပေါက် မောင်ပေါက်...

ဖြစ်ချင်နေတာက
လယ်ယာပြန်စားရေး အိမ်ဦးနတ်...

စားဖြစ်နေတတ်တာက
နောက်တစ်နေ့မှာ ချီးဖြစ်မယ့်အရာတွေ...

သနားနေမိတာက
ချစ်တတ်လွန်းတဲ့ အဖြူရောင် နှလုံးသားကို...

လွမ်းနေမိတာက
အဖြူရောင်ပန်းလေး လီလီပေါ့...

မေ့လျော့ပစ်နေမိတာက
သက်စေ့ထားခဲ့တဲ့ ရည်းစားဟောင်းတွေ...

ခါးသက်နေမိတာက
နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတွေရဲ့ စကားချိုချိုတွေ...

တမ်းတနေမိတာက
အပူအပင်ကင်းတဲ့ အရင်လို ဘ၀မျိုး...

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်ကျိုးမငဲ့ပဲ နှစ်ရှည် ပေးဆပ်နေတဲ့သူတွေ...

ကြိတ်ပြီးအထင်သေးနေမိတာက
ချစ်တီးခေါင်းသန်းရှာပြီး ကျေးဇူးမေ့တတ်တဲ့သူတွေ...

ဆန္ဒမရှိတဲ့နေရာ
အလုပ်ပြီးတော့ နောက်အလုပ် သေမှပြီးမယ့် အလုပ်...

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာနိုင်ငံထဲမှာ သွေးလှူရှင်လူငယ်စခန်းတစ်ခု...

မုန်းတီးနေမိတာက
ဆီမပါ သဲကြမ်းကြီးတွေနဲ့ မြန်မာပြည်သားသွေးချင်းတွေ...

ချစ်နေတာက
အနားမှာ အမြဲတမ်း ရှိနေစေချင်တဲ့ တစ်ယောက်သောသူ...

စိတ်ပျက်နေမိတာက
ဝေးမြေခြားက ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဇော်ယောင်ဘ၀...

စွဲလန်းနေမိတာက
သနပ်ခါးနဲ့ ရွှေလည်တိုင်...

လိုအပ်နေတာက
မကူညီချင်နေပါ... မနှောင့်ယှက်ပါနဲ့... ခွင့်ပြုချက်လေးတစ်ခုပါပဲ...

တောင်းနေမိတဲ့ဆု
မြန်မာပြည်သားအနေနဲ့ ၀ဋ်ရှိရင်လည်း ဒီဘ၀ ဒီမျှနဲ့ ကျေလိုပါတယ်...

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လွမ်းတယ် ပိုပြီးလွမ်းတယ် လွမ်းပြီးရင်းလွမ်းနေတယ်...

ဝန်ခံချင်တာက
စိတ်ထဲရှိသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်ပေမယ့် အကြောင်းမဲ့ မယုတ်မာတတ်ဘူး...
ခံယူချက်နဲ့ မကိုက်ညီလို့ မလုပ်ဘူးဆိုရင် ဖင်ကို ယပ်လာခပ်ပေးတောင် မလုပ်ဘူး...
အရာရာကို ထိရှခံစားလွယ်သလို အငြိုးတွေနဲ့ လက်စားချေ တုံ့ပြန်တတ်တယ်...

ဂျီဟိုဒ်-မနော်ဟရီက စ ရေးခိုင်းပါတယ်။ ရှင်ဘုရင် တစ်ခါထွက် ပဲကြီးတစ်လှေချက်... ဆိုသလိုမျိုး ရေးဖို့ကို ပြင်တုန်းဆင်တုန်းမှာ မမသီရိက ထပ်ဆင့် ရေးခိုင်းပြန်ပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်ဇူလိုင် ခုတလောတွေကို ရေးမိပါတယ် ခင်ဗျာ။

ကဲ.. လက်ဆင့်ကမ်းဖို့အတွက် Tag ပါပြီ။
လယ်မစိုက်ဖို့ အတန်တန်ဆုံးမရဲ့သားနဲ့ လယ်စိုက်နေတဲ့ မခင်မင်းဇော်
အားကျမခံ ယူလိုက်တော့လေလို့ ပြောနေတဲ့ အကြွေးရှင် မေကဆုန်
ပါဝါရိန်းဂျားဖြစ်ပြီးမှ လယ်ပြန်စိုက်နေတဲ့ ကြွားခင်စိန် မနှင်းဆီနီ

26 comments:

khin oo may said...

သနပ်ခါးနဲ့ ရွှေလည်တိုင်...


make me liver itchy itchy

Yu Ya said...

Wow.!! At this moment မှာ ဒီလောက်တောင် များရလားဗျ... At the moment မှာဆိုရင် မတွေးဝံ့စရာပါလားဗျာ။

yu ya

ကိုလူထွေး said...

အိမ်ဦးနတ်ကြီး
e ဖြစ်မယ့်အစားတွေစားပြီး
e တွေ ပေါက်နေတယ်ဆိုလို့လာဖတ်တာ...

ချစ်သူသနားဖို့အတွက် တော့ မဖျားပါစေနဲ့...
ကူးစက်ရောဂါမို့ဆိုပြီး အိုင်စိုလေးရှင်းဝပ်ဒ်ထဲ ရောက်သွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်...

းဝ)

ATN said...

ရောက်နေဖြစ်တာက
သောက်ခွက်စာအုပ် (အဲ... ဟုတ်ပါ့....)

ဝန်ခံချင်တာက
စိတ်ထဲရှိသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်ပေမယ့် အကြောင်းမဲ့ မယုတ်မာတတ်ဘူး...
ခံယူချက်နဲ့ မကိုက်ညီလို့ မလုပ်ဘူးဆိုရင် ဖင်ကို ယပ်လာခပ်ပေးတောင် မလုပ်ဘူး...
အရာရာကို ထိရှခံစားလွယ်သလို အငြိုးတွေနဲ့ လက်စားချေ တုံ့ပြန်တတ်တယ်...

(၀န်ခံချက်တွေကို လေးစားသဘောကျ အလေးပြုသွားပါတယ်...)

KTz said...

"ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာကိုအကြိုက်ဆုံးပါပဲ.."

Good day!

MieMie said...

နောက်တနေ့မှာ ချီးဖြစ်မယ့်အရာတွေ စားဖြစ်နေတယ်လို့ ပြောကတည်းက ထော်လော်ကန့်လန့်
ဂွကျကျ ပြောတတ်တဲ့သူဟာ မောင်ဇူလိုင်မှန်း သိသာနိုင်တယ်ဆိုတာ ဒီပို့စ်ဖတ်ပြီး လေ့လာမိပါကြောင်း....သဘောပေါက်ပါတယ်...

mie nge

စူး said...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထော်လော်ကန့်လန့် ဂွကျကျပြောလွန်းလို လူမုန်းများနေပြီ...

သိပီးတာပဲ ဂွစာ..

အရာရာကို ထိရှခံစားလွယ်သလို အငြိုးတွေနဲ့ လက်စားချေ တုံ့ပြန်တတ်တယ်...

မကောင်းဘူး ဂွစာ.... တတ်နိုင်သမျှထိန်း ..
ငါလည်းထိန်းပေမဲ့...........
စကားလုံးတွေက တဆင့် တုံပြန်လိုက်ရမှ ကျေနပ်တယ်..ဟာ..

စိတ်ထဲရှိသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်ပေမယ့် အကြောင်းမဲ့ မယုတ်မာတတ်ဘူး...
ဟီးးးး ဂွစာ အဲဒါတွေကြောင့် နင့်ကို ငါ စချင်တာဟ ..ဘာပဲဖြစ်ဖြစ် နင့်စိတ်ဓာတ်နဲ့ ငါ့စိတ်ဓာတ်တူတာကိုး..။

ခံယူချက်နဲ့ မကိုက်ညီလို့ မလုပ်ဘူးဆိုရင် ဖင်ကို ယပ်လာခပ်ပေးတောင် မလုပ်ဘူး...
ဟဲ့ နင်ကလဲဟာ..
ဒါဆိုခံယူချက်နဲ့ ကိုက်ညီရင် ယပ်လာခပ်ပေးမယ်ပေါ့
ဟားဟားးး

ဂွစာ..ဂွစာ..

Nge Naing said...

ရည်းစားတွေ မှိုလိုပေါက်အောင် ထားခဲ့တယ် ဆိုတာ သိရလို့ ချစ်သူလေး စိတ်ကောက်နေဦးမယ်။
စားဖြစ်နေတာက နောက်နေ့မှာ ချီးဖြစ်မယ့်အရာတွေ တကယ်မှန်ရင် သိပ်ကောင်းတယ်၊ ကိုယ်အလေးအချိန်မတက်ဘူး အမျှင်ဓါတ်များတဲ့ အစားအစာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်တယ်။
ဒါပေယ့် ကိုဂျူလိုင်စားတာ ဒီလို Healthy food တွေသက်သက် မဖြစ်နိုင်ဘူး အရင် လတွေတုန်းက ရေးထားတဲ့ ပို့စ်တခုမှာ ကိုယ်က ၀က်ကိုယ်လုံး ဖြစ်နေတယ်လို့ ဖတ်ဖူးတယ်။ ၀က်ကိုယ်လုံး ဖြစ်လာမှတော့ စားလိုက်တဲ့ အစားအစာမှာ နောက်နေ့ ချီးဖြစ်တဲ့ အမျှင်နည်းတဲ့ အစာစားနည်းလို့သာ ဖြစ်တယ်။ ချီးဖြစ်မည့်အစာကို များများစားပြီး သွေးကြောထဲသွားတဲ့ အစာကို အတော်အသင့်ပဲ စားမှ ကျန်းမာရေးနဲ့ ညီညွတ်လို့ တကယ်မှန်ရင် ဒီအတိုင်းပဲ ဆက်စားဖို့ အားပေးပါတယ်။

MANORHARY said...

အော် ..အမှန်ဆိုတာလူတိုင်းမကြိုက်လို့
နည်းနည်းတော့ခါးတယ်တဲ့ စတေးတပ်စကနေ
အော်အော်နေတဲ့ စာတွေကို ဂျီဟိုဒ် လုပ်ဖတ်ရင်း
ကြိတ်ချီးကျူးနေမိတတ်တာ... ခုလည်း ကြော်ငြာ တချို့ကလွဲ့ရင် ကျန်တာအကုန်အမှန်လို့ယူဆပါ၏း)း)
.......အမယ် လယ်မစိုက်နဲ့တဲ့..ကျူပ်ကိုလယ်ထဲ ရောက်အောင် ဝက်တစ်ကောင်စပို့လိုက်တာဘယ်သူလဲ
ဒင်းတော့လားးးးးးးးးးးးးးးးးးးးးးးးးးးးးးး((

khin oo may said...

ဒီကတော့သမိဓိခိုင်တယ်။ ဟ

khin oo may said...

သမာဓိ

WWKM said...

“ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထော်လော်ကန့်လန့် ဂွကျကျပြောလွန်းလို လူမုန်းများနေပြီ...”

ဟုတ်တာတွေကို ချရေးပြနေပြန်ပြီ...း)))
အစ်မကတော့ အမုန်းမခံချင်လို့ ရှောင်နေလိုက်တာ...စိတ်ထဲတော့ဘာမှ မရှိပါဘူး..သြော်..ဒီကောင်လေးနဲ့ ပေါင်းသင်းကြည့်မှလူဂွစာလေးမှန်းသိတာလေ... .. နားလည်ပါတယ်...တကယ်တော့ စိတ်ရင်းလေးက ကောင်းတယ်.. ကူညီတတ်တယ်..ဒီလိုလူတွေက တိကျတယ်..ဒါပေမယ့် ကိုယ့်တစ်သက်လုံးမှာ မောင်ဇူလိုင်နဲ့တွေ့မှပဲဘုဂလန့်အပြောခံရတာဖြစ်တဲ့အ
တွက် ခံစားလို့မရဘူး။ဒါပေမယ့် ရိုင်းပင်းကူညီပေးတတ်
တဲ့စိတ်ကလေးကိုတော့ လေးစားမိပါတယ်။

စိတ်ထဲရှိသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်ပေမယ့် အကြောင်းမဲ့ မယုတ်မာတတ်ဘူး...
(တော်ပါတယ်.)

အရာရာကို ထိရှခံစားလွယ်သလို အငြိုးတွေနဲ့ လက်စားချေ တုံ့ပြန်တတ်တယ်...
(အဲဒါကိုတော့ ကြောက်ပါတယ်...အခုလို မရေးခင်ကတည်းက ဒီလိုစိတ်ဓါတ်ကလေးဖြစ်နိုင်တယ်
လို့ ထင်ခဲ့တယ်.)

ဒါပေမယ့် ရတာမလို ၊လိုတာမရတဲ့ လောကကြီးမှာ စိတ်အေးချမ်းသာစွာနဲ့ လူတွေနဲ့အဆင်ပြေစွာ ပေါင်းသင်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
ဇူလိုင် ရေ..(စကားလုံးတွေထဲမှာ အမှားပါသွားခဲ့ရင် ခွင့်လွတ်ပါ..အငြိုးနဲ့တော့ မတုန့်ပြန်ပါနဲ့..အရှုံးပေးပါတယ်.) =))

လေးစားခင်မင်လျှက်

အစ်မ၀ါ

မမသီရိ said...

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လွမ်းတယ် ပိုပြီးလွမ်းတယ် လွမ်းပြီးရင်းလွမ်းနေတယ်...
....
ဘယ်လို ရီရမှာ လဲ.. ကောင်မလေးတွေ ရီသလို ခွိခွိ လား... မင်းရီ သလို ..ဟဟ လား...း)..း)

သူများကိုကျ လှောင်တယ်.. ခွေး မောင်လေး...း)

မင်း အပေါက်ဆိုးမှန်းသိပေမဲ့..ဖြူစင်ရိုးသားတယ်ဆိုတာ သေချာတော့ .. မောင်လေးအဖြစ် အမြဲ မှတ်သွားပေးပါ့မယ်.. မောင်လေး ရေ..


ရေးပေးတာ ကျေးဇူးပါ..

မင်း မိန်းမတောင်း လိုက်နိုင်အောင် မမ ငွေစုနေတယ်..း)

မေဇင် said...

:) တောင်းနေမိတဲ့ ဆုလေးကို ကြိုက်ပါတယ် ရှင်...

ဖိုးသင်္ကြန် said...

ဖြစ်ချင်တာချင်းတော့ တူတယ် စီနီယာ။
ဖြစ်ဖြစ် ဖြစ်ဖြစ်ကို မြည်နေတာပဲ။

tututha said...

မဖြစ်နိုင်ဘူး လုံး ...........ဝ မဖြစ်နိုင်ဘူး ဒီလောက် ထော်လော်ကန့်လန့် ဂွကျကျ ဂဏန်းကောင်မှာ ရည်းစားသက်ရှိ ရှိခဲ့တယ်ဆိုတာ လုံး ...........ဝ မဖြစ်နိုင်ဘူး ဟီဟိ .. ကိုင်း လာရန်တွေ့စမ်း။

ကလူသစ် said...

လွမ်းမှ လွမ်းပါ့မလားလို့ စိုးရိမ်လိုက်ရတာ

သီဟသစ် said...

8 စာတွေ ဖြစ်နေတဲ့ကြားက default တွေ ပါအောင် ရေးသွားတာကို လာဖတ်သွားပြီ

:D


ခင်မင်စွာဖြင့်
သီဟသစ်

kay said...

အခုတလောတော့..ဒီကောင်လေး..စိတ်ရိုင်းတွေ ၀င်နေပါလား။ အေးအတူပူအမျှ..ခြင်ဆေးမဖြန်းရလို့ ထင်တယ်။း)

:P said...

ယပ်ခပ်စရာ နေရာရှားသလားအေ....။

:P said...

အအေးမိရင် အနွေးထည်ဝတ်ရခက်အုံးမှာ..
ဟာ တော်ပြီ .. မတွေးတော့ဘူး...။

ဇော် said...

ဖတ်ဖြစ်ပါတယ်ခင်ဗျာ။

မောင်ဖားကြီး said...

ဘုရား ဘုရား စာသားတွေက ရဲရင့်လှချည်လား ကိုဂျူလိုင်ရေ... မိုက်တယ်ဗျာ... မနက်ဖြန်ချီးဖြစ်မယ့်ဟာတွေ စားနေရဦးမယ်

ကြည်ဖြူပိုင် said...

ကျန်းမာရေးနဲ့ ရွတ်နေမိတဲ့ကဗျာကိုဖတ်မိတော့ရီချင်သွားတယ်။
စွဲလန်းနေမိတာနဲ့
ထပ်တလဲလဲအော်ဟစ်နေမိတာကတော့ အရေးကောင်းလေးပဲ

Rita said...

အေးလေ အကယ်ဒမီရတာလဲ မဆန်းပါဘူး။

မိုးခါး said...

ကိုဇူလိုင်ရဲ့ ခုတလောကို ဖတ်ရင်း ကိုဇူလိုင်ဆုတောင်းသလို ဆုတောင်းလိုက်တယ်