.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, February 28, 2008

Let's save the Fire victims

ဖေဖော်ဝါရီ ၂၅ မှာလောင်သွားတဲ့ လှိုင်သာယာ စက်မှုဇုံ ရေဥက္ကံကျေးရွာမှာ လောင်တဲ့မီးက အတော်လေးကို ရိုက်ချက်ပြင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမာန် လက်လုပ်လက်စား လူတန်းစား ဆင်းရဲသားတွေ နေထိုင်တဲ့ရပ်ကွက်မှာ လောင်ကျွမ်းသွားတဲ့ အတွက်ပါ။ နူရာဝဲစွဲ လဲရာ သူခိုးထောင်း သလိုပါပဲ။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ သလိုပါပဲ။

စတင်လောင်တဲ့အချိန်က မနက် ၇ နာရီခွဲပါ။ မီးညွှန့်ကျိုးသွားတာက မနက် ၉ နာရီခွဲလောက်မှာပါ။ အဲဒီနားက အိမ်အများစုက ဓနိမိုး ဓရံကာ သက်ကယ်မိုးတွေ ဆိုတော့ မီးလောင်တဲ့အချိန် နည်းပေမယ့် လောင်ကျွမ်းမှု အားကောင်းစေခဲ့ပါတယ်။ ဒါကြောင့်မို့ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားရတာပါ။

နိုင်ငံပိုင်သတင်းစာအရ အိမ်ထောင်စု ၇၆၅ စု လူဦးရေပေါင်း ၂၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုအချိန်အထိ လူဦးရေစာရင်း အတိအကျကို လ၀က က လာရောက် ကောက်ခံပေးတာ မတွေ့ရသေးပါဘူး။ ကျားမဦးရေ ခလေးဦးရေ အခုအချိန်အထိ မသိရသေးပါဘူး။ မီးလောင်ပြင် ကယ်ဆယ်ရေးစခန်းတွေကို အမှတ် ၁၆ မူလတန်းကျောင်း၊ သီဟနာဒ ဘုန်းကြီးကျောင်းနဲ့ ရေအုတ်ကန်ဈေးရုံတို့မှာ ဖွင့်လှစ်နေရာချပေးထားပါတယ်။ မီးလောင်ပြင် နေရာမှာလည်း စစ်တပ်ချထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။ မီးလောင်ပြင်ကိုရော ကယ်ဆယ်ရေး စခန်းတွေမှာရော ဓါတ်ပုံရိုက်ခွင့် လုံးဝ မပေးထားပါဘူး။ ဓါတ်ပုံရိုက်ရင် ကင်မရာ သိမ်းပါတယ်။
Photo Credit: Weekly Eleven News Journal

လောလောဆယ် ကယ်ဆယ်ရေးစခန်းမှာ ဆန်အိတ် အလုံအလောက် ရှိပါတယ်။ တစ်နေ့ကို ထမင်းထုပ် ၅၂၀၀ ကျော် ဝေငှရပါတယ်။ မီးဘေးသင့်လူတွေအတွက် ခြင်ထောင်တွေ စောင်တွေ လိုအပ်နေပါတယ်။ အ၀တ်အစား လိုအပ်နေပါတယ်။ အိုးခွက်ပန်းကန်တွေကိုတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပံ့ပိုးဖို့ စီစဉ်နေပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း မီးဘေးကို နိုင်သလောက်လေး ပံ့ပိုးကူညီဖို့ စီစဉ်နေပါတယ်။ ရက်ဗန်သွေးလှူရှင်အဖွဲ့နဲ့ အလင်းလှိုင်းအဖွဲ့ရယ် နေးတစ်မြန်မာဖိုရမ်က မန်ဘာတွေရယ်... စကာင်္ပူရောက် သူငယ်ချင်းအချို့ဆီကို အလှူငွေတွေကို ကောက်ခံ စုဆောင်းပေးနေပါတယ်။ ပံ့ပိုးတဲ့ပစ္စည်းတွေကို မီးဘေးသင့် ဒုက္ခသည်တွေ လက်ထဲအရောက် သွားရောက် လှူဒါန်းပေးနိုင်ဖို့ ရက်ဗန်သွေးလှူရှင်အဖွဲ့က ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီနဲ့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေပါတယ်။

ပံ့ပိုးကူညီတဲ့ပစ္စည်းတွေ မီးဘေးသင့်လူတွေ လက်ထဲရောက်ဖို့ဆိုတာ အလွန် အရေးကြီးပါတယ်။ မီးလောင်ပြင်စခန်းတွေ ၀င်ခဲ့တဲ့ အတွေ့အကြုံအရ အလှူပစ္စည်းတွေ ၁၀၀ ဖိုး လှူထားရင် ၆၀ လောက်ပဲ မီးဘေးသင့်တဲ့ ဒုက္ခသည်တွေဆီကို ရောက်ပါတယ်။ ကျန်တဲ့ ၄၀ က ကြားထဲမှာ ပျောက်ရှကုန်ပါတယ်။ ကောင်းတာလေးတွေဆို လိုချင်တဲ့ လူတွေရဲ့ လောဘဆိုးက အမှားအမှန်ကို မခွဲခြားနိုင်ကြပါဘူး။ ဒုက္ခရောက်နေတဲ့သူကို ပေးရကောင်းမှန်း မသိတော့ပဲ ကိုယ်ကျိုးအတွက် ညပိုင်းတွေမှာ အထုပ်လိုက် အထုပ်လိုက် ခိုးထုတ်ကြသလို ပေါ်တင်လည်း ယူကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒုက္ခသည်တွေ လက်ထဲအရောက် ပေးပို့နိုင်ဖို့ကို စီစဉ်နေကြရတာပါ။

လှူဒါန်းလိုတဲ့သူများရှိပါက ရက်ဗန်သွေးလှူရှင်အဖွဲ့ Raven.org@gmail.com ကို အီးမေးလ်ပို့ပြီး မေးမြန်း ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။

Born to be for "Lovely Myanmar"
Not for fame and wealth...
Let's do it all together.

Tuesday, February 26, 2008

Believe those Hero

သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?

ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။

လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။

မီးလောင်ပြင်မှာ ရပ်ကြည့်နေတဲ့ သာမန်လူတစ်ဦးအနေနဲ့ ဒီလို အမြင်တွေ မြင်မိမှာ ယထာဘူတ ကျပါတယ်။ သူတို့တွေ မသိလို့ နားမလည်လို့ ဒီလို ပြောကြဆိုကြတာပါ။ ကျွန်တော်အနေနဲ့ ၂၀၀၅ ကနေ ၂၀၀၇ ဧပြီလ အထိ ရန်ကုန်မြို့တွင်းမှာ လောင်တဲ့ မီးလောင်ပြင် အတော်များများကို အတွင်းစည်းထဲအထိ ၀င်ရောက် ကူညီဖူးတော့ ဒါတွေက မမှန်ဘူးဆိုတာ သိထားရပါတယ်။

ပိုက်ဆံပေးမှ မီးသတ်တယ်ဆိုတာက ကျွန်တော် မျက်စိရှေ့မှာတော့ တစ်ကြိမ်တစ်ခါမှ မကြုံဖူး မမြင်ဖူးသေးပါ။ လောင်နေတဲ့ အိမ်ကို မငြိမ်းပဲ ဘေးနားက ဘာမှ မလောင်သေးတဲ့ အိမ်တွေကို ရေပတ်နေတာက မီးကူးမှာကို ကြိုတင်ကာကွယ်တာပါ။ လောင်နေတဲ့အရာကို ရေတွေ ဖိလောင်းနေလည်း လောင်စာအားကောင်းတဲ့ အချိန်မှာ ဘာမှ အကျိုးမထူးပါဘူး။ မီးမလောင်သေးတဲ့ ဘေးပတ်ဝန်းကျင်ကို ရေဖြန်းထားတဲ့အတွက် ရပ်ကွက်တစ်ခုလုံး ပြာကျရမယ့် ဘေးကို ကာကွယ်ပေးရာရောက်ပါတယ်။

မီးသတ်ကားထဲမှာ ရေပါတယ်။ ဒါတောင် မီးသတ်ကားက မီးလောင်နေတဲ့နေရာကို ရောက်နေတာတောင် ရေမပတ်ဘူး။ အဲဒီလို့ ပြောတဲ့ကေ့စ်မှာတော့ မီးသတ်ကားတွေက ရေကို ပန်းထွက်လာအောင် ပတ်ဖို့အတွက် မီးသတ်စက်မှာ လေပေါင်ချိန်ပြည့်ဖို့ လိုပါတယ်။ လေပေါင်ချိန် မပြည့်မချင်း မီးသတ် ပိုက်ခေါင်းက ရေပန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ပြင်က မီးသတ်စခန်းနဲ့ အလှမ်းဝေးတယ်ဆိုရင် လာရာလမ်းမှာ လေပေါင်ပြည့်အောင် လုပ်ခဲ့ပါတယ်။ မီးလောင်ပြင်လည်း ရောက်ရော အဆင်သင့် ရေပတ်နိုင်တာပေါ့။ ဒါပေမယ့် မီးလောင်တဲ့နေရာနဲ့ စခန်းက လှမ်းမြင်ရတဲ့ တစ်ခေါ်စာ နေရာမှာ ရှိရင် ကားက မီးလောင်ပြင်ကို ရောက်နေပေမယ့် လေပေါင်ချိန်ပြည့်ဖို့ ထိုင်စောင့်နေရပါတယ်။ အဲဒါကြောင့် ချက်ချင်း မီးငြိမ်းသတ်တာ မလုပ်နိုင်ပါဘူး။

မီးသတ်ကားတွေ ရေမပါလာဘူး။ အဲဒါကေ့စ်ကျတော့ ဒီလို ရှိပါတယ်။ နေရာတစ်ခုမှာ မီးလောင်ရင် အဲဒီနေရာနဲ့ အနီးဆုံးနေရာက မီးသတ်စခန်းတွေ စတင်လှုပ်ရှားရပါတယ်။ မီးသတ်စခန်းက ရပ်ထားတဲ့ ကားတိုင်းမှာ ရေဖြည့်ထားလေ့ မရှိပါဘူး။ မီးလောင်ပြင်နား တ၀ိုက်မှာ ရေဖြည့်တင်းဖို့အတွက် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းက စီစဉ်ပေးရပါတယ်။ မီးကြီးလာတာနဲ့အမျှ အပြင်စည်းက မီးသတ်စခန်းတွေပါ ထွက်ရပါတယ်။ တိုင်းမီးသတ်ဦးစီးက အကူယာဉ်တွေ ထွက်ပါဆိုပြီး စက်ထဲက အမိန့်ပေးလိုက်တာနဲ့ အပြင်စည်းက မီးသတ်တွေ ထွက်လာပါပြီ။ အဲဒီလို ထွက်လာတဲ့အခါကျရင်လည်း အပြင်စည်းဆိုတဲ့အတိုင်း မီးလောင်တဲ့နေရာနဲ့ အတော်လေး အလှမ်းဝေးတဲ့ မြို့နယ်ကနေ ထွက်လာရတဲ့အတွက် ရေသယ်လာဖို့ထက် မီးလောင်ပြင် ရောက်ဖို့ကို အဓိက ဦးစားပေးထားရပါတယ်။ ဒါကြောင့် မီးလောင်နေတဲ့ မြို့နယ်နားရောက်မှ ကားတွေကို ရေဖြည့်လေ့ ရှိကြပါတယ်။ အဲဒီလို ထွက်ပါလို့ ပြောတဲ့အချိန်မှာ မြို့နယ်မီးသတ်စခန်းက တာဝန်ကျရဲဘော်တွေ ကပျာကယာ အ၀တ်အစားလဲပြီး ကမူးရူးထိုး ထွက်ရပါတယ်။ အ၀တ်အစားတောင် စခန်းမှာ လဲဖို့အချိန်မရပါဘူး။ သွားနေတဲ့လမ်းမှာပဲ ကားပေါ်မှာ လဲဝတ်ရတာပါ။ ထွက်လို့ ပြောတဲ့အချိန်မှာ မထွက်မိတဲ့ စခန်းက တိုင်းဦးစီးကို ထုချေလွှာတင်ရပါတယ်။

မီးသတ်ကားတွေ ရေမပတ်ပဲ လမ်းဘေးမှာ တန်းစီရပ်ထားကြတယ်။ အဲဒီကေ့စ်မှာတော့ မီးသတ်ကားတိုင်း ရေပတ်ဖို့ မလိုပါဘူး။ တကယ် ရေထွက်အားကောင်းတဲ့ ကား ၂ စီး ၃ စီး ပတ်နေပြီဆိုရင် အဲဒီနားမှာ နောက်ထပ် ကားတွေက ရေထပ်ပတ်ဖို့အတွက် ကားရပ်စရာနေရာ မရှိတော့ပါဘူး။ အဲဒီအတွက် သူတို့က ရေသယ်ပေးပါတယ်။ တကယ် မီးသတ်နေတဲ့ကားတွေကို နောက်ကနေ ပိုက်တွေ တောက်လျှောက်ဆက်ပြီး ရေထည့်ပေးနေပါတယ်။ အဲဒီလို အဆင့်ဆင့် ရေဆက်တိုက် ထည့်ပေးမှပဲ ရှေ့မှာ ဒိုင်ခံ ပတ်နေတဲ့ကားမှာ ရေအလုံအလောက် ရမှာပါ။ အဲဒီလိုမှ မလုပ်ရင် ၁၀ မိနစ် ၁၅ မိနစ်နဲ့ ရေကုန်သွားမှာပါ။ အဲဒါကြောင့် ရေမပတ်တဲ့ကားကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ သူတို့တွေလည်း တာဝန်ကိုယ်စီ ကျေပြွန်အောင် ထမ်းဆောင်နေကြတာပါ။

မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ အဲဒါကိုလည်း စဉ်းစားကြည့်ရအောင် အသက်စွန့်တယ်ဆိုတာ ပြောတော့တာ အလွန်လွယ်တာပါ။ တကယ်လုပ်ကြည့်ရင် မလွယ်ပါဘူးခင်ဗျ။ မီးသတ်သမားတွေလည်း အသက်စွန့်ဖို့အတွက် နည်းနည်းတော့ အခက်အခဲ ရှိမှာပါ။ မီးလောင်ပြင်ထဲကို စွတ်ရွတ် ၀င်လိုက်ရင် မမြင်ရတဲ့ အန္တရာယ်တွေက ဆီးကြိုနေပါတယ်။ သေချာစူးစမ်းပြီးမှ ၀င်ရတာပါ။ မီးခိုးတွေ ဒီလောက်များတဲ့ အထဲမှာ အသက်ရှုရတာ ဘယ်လောက်ခက်သလဲ မျက်စိတွေ ဘယ်လောက်စပ်သလဲ ဆိုတာကို ၀င်ဖူးတဲ့လူမှ သိမှာပါ။ အသက်ရှူဖို့ အောက်ဆီဂျင်ဘူးတွေ ရှိပေမယ့် အရေအတွက်က ကန့်သတ်ချက် ရှိနေပါတယ်။ မီးလောင်ပြင်ဝင်နေတဲ့ မီးသတ်ရဲဘော် အားလုံးအတွက် လုံလောက်မှု လုံးဝ မရှိပါဘူး။ အဲဒါအပြင် မီးလောင်ပြင်ထဲကို ၀င်လို့ရတဲ့ မီးသတ်ဝတ်စုံလည်း မပြည့်စုံပါဘူး။ စခန်းမှာ တာဝန်ကျချိန် ၀တ်ဆင်တဲ့ သာမာန်ယူနီဖောင်းတွေနဲ့ မီးလောင်ပြင်ထဲ ၀င်သွားရင် ကိုယ်လုံးတီးဖြစ်သွားမှာပါ။ နိုင်လွန်တွေက မီးနားရောက်တာနဲ့ တဖျစ်ဖျစ် အသံထွက်ပြီး အသားမှာ ကပ်ကုန်ပါတယ်။ မီးသတ်သမားတွေ ယူနီဖောင်း အစုံအလင် မရှိတဲ့အတွက် သဘောင်္စက်ခန်းမှာ ၀တ်တဲ့ ဘွိုင်လာစုတွေကို ၀တ်ပြီး မီးလောင်ပြင်ကို ၀င်နေရပါတယ်။ ပစ္စည်းကိရိယာ အစုံအလင် ရှိရင်တော့ ကျွန်တော်တို့ တိုင်းပြည်က မီးသတ်ရဲဘော်တွေလည်း သတ္တိအရာမှာ မခေကြပါဘူးလေ။

မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်တွေ မတွေ့ရပါဘူး။ ဟုတ်ပါတယ်။ ကားတစ်စီးမှာ မီးသတ်ရဲဘော် ၂ ယောက် ၃ ယောက်လောက်ပဲ လိုအပ်တာပါ။ ရေဖြည့်တာတွေ ရေပိုက်သယ်တာတွေ မီးသတ်ပိုက်ခေါင်း တပ်တာဖြုတ်တာတွေက အခြားသူတွေ လုပ်ပေးရင်လည်း ရပါတယ်။ မီးလောင်ပြင်မှာ လုပ်အားပေးနေတဲ့ ကြက်ခြေနီရဲဘော်၊ အရံမီးသတ်၊ ဘုန်းတော်ကြီးတွေ ၀င်ရောက် လုပ်ကိုင်နိုင်ကြပါတယ်။ မီးသတ်ရဲဘော်တွေ မီးသတ်နေတဲ့အချိန်မှာ ရေသွားဖြည့်တဲ့ မီးသတ်ကားတွေမှာ မီးသတ်ရဲဘော် အများကြီး ပါစရာ မလိုပါဘူး။ အဲဒါမျိုးတွေ မြင်ရလို့ မီးသတ်တွေ အလုပ် မလုပ်ဘူး မထင်လိုက်ကြပါနဲ့။ သူတို့တွေ မီးလောင်ပြင်မှာ ဆိုင်ရာတာဝန်တွေကို လုပ်နေကြပါတယ်။ တချို့ကျတော့လည်း မောလို့ပန်းလို့ ခဏ နားနေတာလည်း ရှိကြပါတယ်။ မီးဆိုတာ အတော်ပူတယ်လေဗျာ။

နောက်ဆုံးပိတ် ပြောချင်တာက မီးလောင်မှု ကြီးမားပြီး မီးမငြိမ်းသတ်နိုင်တာဟာ မီးသတ်ရဲဘော်တွေရဲ့ တာဝန်မဟုတ်ပါဘူး။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပေမယ့် အဆင့်မြင့် မြို့ပြကာကွယ်ရေးမှာ အလွန်အရေးပါလှတဲ့ မီးသတ်စနစ်တွေ မီးသတ်ကိရိယာတွေ မီးသတ်ကားတွေကို အဆင့်မြင့်တင်မှု မလုပ်ပေးနိုင်တဲ့သူတွေရဲ့ တာဝန်ပါပဲ။ မြို့ကြီးတွေမှာ အထပ်မြင့်တွေ ဆောက်ကြတယ်။ အထပ်မြင့် ငြိမ်းသတ်တဲ့ မီးသတ်ကား အလုံအလာက် မရှိပါဘူး။ မီးသတ် ကိရိယာတွေ ၀တ်စုံတွေ မရှိပါဘူး။ ကဲ... ဘယ်သူမှာ တာဝန်ရှိပါသလဲ...?

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်က မီးသတ်ရဲဘော်တွေဟာ သက်ဆိုင်ရာတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေတဲ့ အသံတိတ် သူရဲကောင်းတွေပါပဲ...

မီးလောင်ပြင်မှ သူရဲကောင်း မီးသတ်ရဲဘော်များကို ရည်ညွှန်းလျှက်...

Sunday, February 17, 2008

Fill in the blank

ကွက်လပ်လေးဖြည့်ပါ...

ငယ်ငယ်တုန်းက မူလတန်းကျောင်း စာမေးပွဲတွေမှာ ဖြည့်ခိုင်းတဲ့ ကွက်လပ်တွေ မဟုတ်ပါ။ ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ မစန္ဒာရဲ့ ၀တ္ထုလေးတစ်ပုဒ်လည်း မဟုတ်ပါ။ အဲဒါဆို ဘာလဲ။ အဲဒါက ကျွန်တော်ရဲ့ မသိစိတ် အတွင်းစိတ်က ပုံရိပ်လေးတစ်ခုပါ။ ဟုတ်ကဲ့... ကျွန်တော် ကွက်လပ်ဖြည့်တာကို လုပ်လေ့ လုပ်ထ ရှိပါတယ်ခင်ဗျ။

ကွက်လပ်ဖြည့်တယ်ဆိုတာ လိုအပ်နေတဲ့နေရာကို လိုအပ်တဲ့အရာလေးတွေကို ဖြည့်ပေးတာမျိုးပေါ့။ မလိုအပ်တဲ့နေရာမှာ အဲဒါမျိုးတွေ သွားလုပ်ရင် ဘာအကြောင်းထူးမှာလဲ။ ဖြုန်းတီးရာ ရောက်မယ်လေ။ ကျေးဇူးမတင်တဲ့အပြင် ဖင်လှန်ပြမှာတောင် စိုးရသေးတယ်။

ငယ်ငယ်ကတည်းက အတန်းထဲမှာ စာတော်တဲ့သူတွေနဲ့ အပေါင်းအသင်း မလုပ်ဖြစ်ဘူး။ စာညံ့တဲ့သူတွေ နှစ်ကျသမားတွေနဲ့ ထိုင်လေ့ရှိတယ်။ ပိုက်ဆံချမ်းသာတဲ့ သူဌေးသားသမီးတွေနဲ့ မပေါင်းဖြစ်ဘူး။ တစ်နေ့လုပ် တစ်နေ့စား ဘ၀သမားတွေရဲ့ သားသမီးတွေနဲ့ သူငယ်ချင်း ဖြစ်လေ့ရှိခဲ့တယ်။ ခြောက်တန်းမှာ နှစ်ကျတွေကို စာအတူလုပ်ပေးခဲ့တာ အဲဒီထဲကတစ်ယောက် တစ်တန်းလုံးမှာ ဒုတိယအဆင့် ချိတ်ခဲ့ပြီး ဆယ်တန်းအထိ ပညာသင်ယူခွင့်ရခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် တည်ရှိနေဆဲပါ။

အရွယ်ရောက်လာပြီး လူမှုရေးအလုပ်တွေ လုပ်တဲ့အခါကျတော့လည်း ကွက်လပ်ဖြည့်ခဲ့ပြန်တယ်။ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေ လိုအပ်သည်များကို မှာကြားမယ့်ပွဲများ၊ လက်ခုပ်တီးပေးရမယ့် ပွဲမျိုးတွေ၊ လူအင်အားပြရမယ့် ပွဲမျိုးတွေကို မတက်ပါဘူး။ တတ်နိုင်သလောက် ရှောင်ပါတယ်။ အလကားသပ်သပ် အချိန်ဖြုန်းခံရတယ်လို့ မြင်မိပါတယ်။ ဒီလို လူကြီးတွေ လာမယ့်ပွဲမှာ ကျွန်တော်လိုလူမျိုး မသွားလို့ မလာလို့ ဘာမှမဖြစ်သွားပါဘူး။ မျက်နှာကို ပြေးပြီး လျှာနဲ့လျှက်မတတ်လုပ်မယ့် ဖော်လံဖားတွေ အများကြီးပါ။ ရှေ့တန်းက နေရာယူပြီး မျက်နှာချိုသွေးမယ့် လူတွေအများကြီးပါ။

ဒါပေမယ့် မီးဘေး ရေဘေး ကယ်ဆယ်ရေးတွေကြရင် ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဦးဆောင်ပြီး ရပ်ကွက်ထဲက ညီငယ်တွေနဲ့ ကယ်ဆယ်ရေး ဆင်းကြပါတယ်။ မီးလောင်ပြင်တွေမှာ မီးသတ်တွေနဲ့အတူ မီးငြိမ်းသတ်တာတွေ၊ ဒဏ်ရာရ လူနာတွေကို ပြုစုစောင့်ရှောက်တာတွေ၊ မီးလောင်ပြင်က လူတွေကို နေရာချထားပေးတာတွေ၊ လူကြီးမိဘနဲ့ ကွဲကွာသွားတဲ့ ကလေးတွေကို ပြန်လည်ရှာဖွေတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ တာဝန်ယူတာတွေ လုပ်ကြပါတယ်။ လူကြီးတွေ လာမယ့်ပွဲမျိုးတွေမှာ အူယားဖားယား အလုပ်လုပ်ပြနေတဲ့လူစားတွေ အဲဒီလို မီးလောင်ပြင်မျိုးမှာ လိုက်ရှာကြည့်ရင် ဘယ်နားရောက်နေမှန်းကို မသိတော့ပါဘူး။ အဲ... ကယ်ဆယ်ရေးစခန်းတွေ သေချာလုပ်ပြီးပါပြီ၊ လူတွေအကုန် နေရာချပြီးပါပြီဆိုရင် အဲဒီလူစားတွေ ပြန်ပေါ်လာပြန်ရောဗျာ။ ကယ်ဆယ်ရေးစခန်းရဲ့ နေရာကောင်းတစ်ခုမှာ ကုလားထိုင်လေးတွေနဲ့ စုထိုင်ပြီး ရေနွေးကြမ်း သောက်နေကြပါလေရော။ လိုအပ်သည်များကို မှာစားကြပါတယ်ပေါ့။ ဟဟ...

အလှူအတန်း လုပ်တဲ့အခါဆိုရင်လည်း ရွှေတွေ တ၀င်းဝင်းဖြစ်နေတဲ့ ဘုရားကြီးတွေကို ရွှေထပ်ချဖို့ စိတ်မပါတော့ပါဘူး။ ဆွမ်းကွမ်းပြည့်စုံတဲ့ ကျောင်းကြီးရခိုင်နဲ့ ကားအကောင်းစားကြီးတွေ စီးနေတဲ့ ဘုန်းကြီးကျောင်းတွေကို ထပ်လှူဖို့ စိတ်မ၀င်စားမိပြန်ဘူး။ စေတီပုထိုးတွေ ဒီလောက်များနေတဲ့ တိုင်းပြည်ကြီးမှာ ဘုရားတွေ ထပ်တည်ပြီး ဘုရားဒါယကာ ကျောင်းဒါယကာ အမည်တပ်ခေါ်ခံရမှာကိုလည်း မမက်မောတော့ပါဘူး။ ဇရပ်တွေ ကျောင်းတွေ ဆောက်ပြီး မုဒ်ဦးမှာ အမည်ထိုးချင်တဲ့ လူစားတွေကိုလည်း ရွှံရှာမိလာတယ်။ အဲဒီအစား မိဘမဲ့ကလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ လမ်းပေါ်ကလေးတွေ ပြုစုစောင့်ရှောက်နေတဲ့ ဂေဟာတွေ၊ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နေတဲ့ လူနာတွေကို ဖေးမကူညီနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းချင်မိပါတယ်။ လူအများ သတိမမူမိတဲ့ ချန်ခဲ့တဲ့ ကွက်လပ်လေးတွေကို ဖြည့်ချင်မိတယ်။

ကွက်လပ်ဖြည့်တယ်ဆိုတာ တကယ်တော့ လွယ်မလိုနဲ့ အတော်ခက်ပါတယ်။ လူအများစုနဲ့မတူ... သူများယောင်တိုင်း လိုက်မယောင်နိုင်တဲ့အတွက် တခါတလေ လူ့ဂွစာအဖြစ် အထင်ခံရပါတယ်။ အမြင်မကြည်တာ ခံရပါတယ်။ အငြိုအငြင် ခံရပါတယ်။ အများမိုးခါးရေ သောက်တာပဲ ကျွန်တော်လည်း သောက်သင့်တယ် ဆိုတဲ့ အပြောမျိုးတွေ မကြာခဏ ခံရပါတယ်။ ဂဏန်းကောင်လို့ပဲ ကန့်လန့်နေချင်တဲ့ ကျွန်တော်အဖို့ အခုလို လူစားတွေကြားမှာ ကန့်လန့်တိုက်ရတာကို နှစ်သက်ခုံမင်မိနေပါတယ်။ ဒါကြောင့် ကျွန်တော့်ဘ၀မှာ အခွင့်အရေးပေးသလောက် ကွက်လပ်လေးတွေ ဆက်ပြီး ဖြည့်နေအုံးမှာပါ။ အဲဒီလိုပဲ လူ့ဂွစာလည်း ဆက်ဖြစ်နေအုံးမှာပါ။

Thursday, February 14, 2008

Naughty Girl

မိဆိုး

ရည်ရွယ်ထားတဲ့ ချောနှမအကြောင်းကို
လူတွေဝိုင်းပြီး ပြောပြကြတယ်
တဒင်္ဂခဏလောက် နားထိုင်းလိုက်ချင်တယ်။
ပြောပြတဲ့လူတွေကို မုန်းလိုက်ချင်တယ်
မယုံဘူးကွယ်...

ကောင်မလေးက ရည်စားများတယ်
လူတကာအသည်း လှည့်ပတ်ခွဲတယ်
အမလေး ကြောက်စရာလန့်စရာ
မင်းရဲ့ အကြောင်းတွေလည်း
ပြောပြတဲ့လူတွေသာ ရူးသွားပါမယ်
မယုံဘူးကွယ်...

မိန်းမဆိုး...
အဆိုးလေးမို့ကွယ် ကိုယ်ချစ်တယ်
ကိုယ့်အသည်း ခွဲသွားပါစေ
ချစ်နေမယ်...

လူတွေပြောတဲ့ မင်းရဲ့အကြောင်းကို
ကိုယ်လေ လက်တွေ့သိခဲ့ရတယ်
ကမ္ဘာကြီး အိုးထိန်းစက်ပမာ
သွက်သွက် လှည့်ပြီကွယ်
မင်းသတင်းကြောင့် မောင်တကယ်
အသည်းကွဲပြီဟယ် မိဆိုးရယ်...
ို
မိန်းမဆိုး...
အဆိုးလေးမို့ကွယ် ကိုယ်ချစ်တယ်
ကိုယ့်အသည်း ခွဲသွားပါစေ
ချစ်နေမယ်...

အဆိုတော်ကတော့ တူးတူး ပါ။ တေးရေးက စံသွင်(နမ္ပတူ) ပါ။ နွဲ့ယဉ်ဝင်းရဲ့ ဂျပန်ပြည်ကိုရေးတဲ့စာ ဆိုတဲ့ သီချင်းနဲ့ သံစဉ်အတူတူပါပဲ။ Without you ဆိုတဲ့ သီချင်းသံစဉ်ကို ကော်ပီကူးထားတာပါပဲ။ မူရင်းသီချင်းကို Badfinger အဖွဲ့က ၁၉၇၀ ထုတ် No Dice ဆိုတဲ့ Album မှာ သီဆိုခဲ့တာပါ။ မူရင်း တေးရေးဆရာကတော့ Peter Ham နဲ့ Tom Evans ပါ။ ဒါပေမယ့် မူရင်းသီချင်းကို နားမထောင်ဖူးခဲ့ပေမယ့် ၁၉၉၃ မှာ ထုတ်လုပ်ခဲ့တဲ့ Mariah Carey ရဲ့ Music Box Album မှာ Without you ကို နားထောင်ဖူးခဲ့ပါတယ်။ ဒါပေမယ့် ဘ၀မှာ အစောဆုံး နားထောင်ဖူးခဲ့တာက တူးတူးရဲ့ မိဆိုး ပါပဲ။

ငယ်ငယ်ကတည်းက လက်ဖက်ရည်ဆိုင်မှာ နေခဲ့ရသူဆိုတော့ ခေတ်ပေါ်စတီရီယို သီချင်းအတော်များများကို နားရည်ဝခဲ့ပါတယ်။ အဒေါ်တွေ ဦးလေးတွေ လက်ဖက်ရည်ဆိုင်မှာ ဖွင့်ခဲ့သမျှကို တကူးတက နားထောင်နေတာ မဟုတ်ပေမယ့် ကြားနေရပြန်ပါတယ်။ အဲဒီသီချင်းတွေထဲမှာ တူးတူးရဲ့ မိဆိုး ဆိုတဲ့ သီချင်းလေးရဲ့ သံစဉ်ကို အတော်လေး သဘောကျမိခဲ့တယ်။ သံစဉ် အတက်အကျ ရသစုံကို ပေးနိုင်တယ်လို့ မြင်မိပါတယ်။ သီချင်းစာသားလေးကလည်း ရည်စားများတဲ့ မိန်းမဆိုးလေး တစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတော့ ယောကျာ်းလေး တစ်ယောက်အနေနဲ့ နားထောင်လို့ ကောင်းနေပြန်ပါတယ်။ ဒါပေမယ့် အဲဒီလို မိဆိုးမျိုးကိုတော့ ကျွန်တော့်ဘ၀မှာ မတွေ့ချင်မိပါဘူး။ အဲ... အဲဒီလို တွေ့ဖို့လည်း အခွင့်အရေးလည်း မရှိပေါင်။ စိတ်ပူစရာမရှိ စိတ်ပူတတ်တာက ကျွန်တော်ရဲ့ ကြောင်ကွက်တစ်ချို့ပါပဲဗျာ။

Wednesday, February 13, 2008

Birthday of our National Hero

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကို ၀န်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ် ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ဘဲလို့ ကျုပ်မှတ်ထားပါတယ်။

(၁၉၄၆ အောက်တိုဘာလ ၂၀ ရက်၊ ရွှေတိဂုံ အနောက်ဘက်မုဒ်)



အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊

ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။

Monday, February 11, 2008

The Wild One

အောင်ဆန်း (သို့မဟုတ်) အရိုင်း

(၁) သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ။ တစ်ချို့က ပြုံးရယ်နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး တညီတညွတ်တည်း တည်ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက်ကား ခံထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်ကားကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတစ်ခုကိုသာ ရဲဝံ့စွာ ဆောင်၍ နေလေသည်။

သူသည် စိမ်းညှို့သော ကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီ ဖျဉ်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချီဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက်၏ မျက်နှာနှင့်လည်းတူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း ယဉ်ကျေး သိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ လူတစ်ဦး၏ အသွင်အပြင်မျိုးသာဖြစ်သည်။

သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ခါလှုပ်ခါ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင်ပထမဦးဆုံးတွေ့မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆-ခု၊ ပဌမဆုံးကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူပလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ၊ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသား ညီလာခံသို့တက်ရောက်စဉ်၊ အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။

၁၉၃၆- ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက်၊ ''အောင်ဆန်း'' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်၏။ ကျွန်တော်မှာ စာပေ ၀ါသနာပါသူဖြစ်ရာ၊ အောင်ဆန်းကို အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။

သို့သော် ဂျူဘလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသောအခါ အထင်နှင့် အမြင်ကွာနေသည်ကို တွေ့၇၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟုဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်၊ စကားအပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂) နောက် ၁- နှစ်ခန့်ကြာသောအခါ၊ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈- ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဌ၊ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် အောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်၊ မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသော လူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဘက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဘက်သတ်မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့်၊ သူနှင့် မရင်းနှီး နိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်လေသည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူ၏အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဗဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူဖြစ်၏။ စာပေကဗျာ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေသည့် ဘ၀အထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။

ကျွန်တော်စာရေး ၀ါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ၀တ္ထုတို၊ ဆောင်းပါး စသည့်စာပေများကို သူအကုန် ဖတ်ဘူးလိမ့်မည်မထင်။ ဂရုစိုက်၍ဖတ်မည့် လူမျိုးလည်းမဟုတ်။

သို့သော် တစ်ခါက သခင်ဗဟိန်းနှင့်အတူ သမဂ္ဂ အမှုဆောင်ကော်မီတီခန်းတွင်ပင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော့်ဆောင်းပါးတခုကိုကား ကျွန်တော်ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်-ဗမာ ဆောင်းပါးရှင်တဦးဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော သူ၏ ဆောင်းပါးများကို ဂန္ဓမလောကဂ္ဂဇင်းတွင် ဖတ်ရဘူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကိုရေး၏။

ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေးပြဿနာကို သူသည် ဂန္ဓမလောကတွင် ပန်းတနော်ဦးသန့်နှင့် အပြန်အလှန်ရေးသည်။ ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ ''မျိုးညွန့်'' မဂ္ဂဇင်းတွင် ပါဝင်သော သူ၏ ''လောက၀ိဟာ'' အမည်ရှိ ဆောင်းပါးတိုလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တခါတရံ ဟာသဥာဏ်ပါ၏။

ပုသိမ်မြို့တွင်ကျင်းပသော ကျောင်သားများ ညီလာခံ၌ သူ၏ ဥက္ကဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ''ပညာရေး ပူရာဏ်ကျမ်းကြီး ပေတကား...'' ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။

ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ၀င်သောအခါ၊ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ''နိုင်ငံရေးအမျိုးမျိုး'' ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက် ဗမာနိုင်ငံရေး အခြေအနေအထိရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့်၊ သူ့ဆောင်းပါးလည်း ရပ်သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းကြီးမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာလေသည်။

(၃) သမဂ္ဂဥက္ကဌဖြစ်သော ၁၉၃၈-၃၉ ခုနှစ်က သူသည် ဘီအယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင်နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များနှင့် ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ်တွင်တချို့၊ ဘီဒိုပေါ်တွင်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကြဲကာရုန်းရင်း ဆန်ခတ် ဖြစ်၍နေကြ၏။ သူသည် အင်မတန် စာဖတ်သူ တစ်ယောက်ဖြစ်၏။

သူသည် ဒေါသ ကြီးသူတစ်ဦးဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့် အဘို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ၊သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်သည်။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲက ထ၍ ဝေဖန်စကားများပြောကြ၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဌဟောင်း မစ္စတာ ရာရှစ် ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကျောင်းသားကို ကြိမ်းမောင်း၍ ''ရဲရင်ထွက်'' စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ဆွဲထားရလေသည်။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ၊ ဥက္ကဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက်ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာကို ထားခဲ၏။ သူ၏မျက်နှာထားသည် သုန်မှုန်၏၊ တခါတွေ့ဘူးသောသူကို နောက်တခါတွေ့လျှင် နှုတ်ဆက်ချင်မှ နှုတ်ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း၊ သူသည် တုန့်ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့်သူသည် သုန်မှုန်လျက်ရှိနေသည်။

သူ စကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းသာပြောသည်။ သူပြောနေစဉ်တွင် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးမှ လူများ၏ စကားကို သူမကြား။ သူပြောချင်တာတွေကိုသာ စွပ်၍ ပြောနေ တတ်သည်။

(၄) တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။ ၀ိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း တောမှ ရောက်ခါစဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေနှင့် ကျောင်းသားအချို့က ၀ိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

ချစ်မှာလား ခင်ခင်ရယ်
ချစ်သဲနွယ်
အဟုတ်ကို ချစ်တော့မယ်
ခင်ရယ် ကြင်မယ်

ဝိုင်း၍ဆိုနေကြရာမှ၊ သည်နေရာသို့ရောက်သောအခါ၊ ကိုအောင်ဆန်းသည် ဂေါက် ဂေါက် ဂေါက် ဂေါက်နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ရပ်လျှက် ''ဟေ့ . . . ရပ်ကြ။ ခုလိုခါမျိုးမှာ၊ ရဲစိတ်ရဲမာန်တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး။ ''

ရုတ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်သည်။ သူသည် ပြောချင်တာပြောပြီး ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုမျိုးလူစား။

သမဂ္ဂဥက္ကဌ ကိုဘမောင်(ယခု သံအမတ်) ၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေ ခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဌမဦးဆုံးဖြစ်သည်။ လက်ထပ်ပွဲ ပြီးသောအခါ၊ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးက တီးက ဖျော်ဖြေလျက်ရှိသည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ ကဉ္ဇန သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။

တခါက ဂျပန်ခေတ်ဝန်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည် ပြုသောအခါ၊ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များသည်ကား အ၀တွင် ရပ်၍ သူအ၀င်ကို စောင့်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ ရုတ်တရက် စားပွဲထိပ်ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံး ယူစားလိုက်လေ၏။

သူထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါ အုံးလားဟု ခေါ်ချင်မှ ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ''ကြောင်သည်'' ဟု အမှတ် ထားကြလေ၏။

(၅) သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ်ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်၊ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ် များကို မလိုက်စား၊ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင်မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေး ၀ိဥာဏ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သော လူတစ်ဦးဖြစ်သည်။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်း ကိုသာ မဲ၍လုပ်သော နိုင်ငံရေး သတ္တ၀ါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘ၀မှာလဲ အနုပညာမဲ့ယင်၊ လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေး အစစ်ပဲ...။

ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃-၄ ရက်အလိုက ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။

သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ ''ဒီမယ်.. အိမ်ထောင်ပြုတယ်ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ်။'' ဟု မမေးပဲ သူ့ဖာသာ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းလျား ကန်စောင်းရှိ သူ့အိမ်သို့ရောက်သွား၏။

ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည် ကို တွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့် ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိပဲ သူ့ဆီ သွားလည်လည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့် လူစားမျိုးလည်းမဟုတ်။

တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး ကလေးများနှင့် တပြုံကြီးကိုမြင်လိုက်၏။ အော်... သားနဲ့ မယားနဲ့မို့ လူစိတ်တော်တော် ပေါက်လာပြီ၊ အရင်ကလို ကြောင်တော့မည်မဟုတ်။ အကြမ်း အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။

ဖဆပလ ဥက္ကဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော်သိသည် အထိ ပြောပြခြင်းဖြစ်သည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍ လူထုနှင့်ဆက်စပ်နေ၍၊ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

ဒဂုန်တာရာ

Sunday, February 10, 2008

Day for Human Beings

တရုတ်ရိုးရာ အစဉ်အလာအရ တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ခုနစ်ရက်မြောက်နေ့ဟာ လူသားနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေ့လေး ဖြစ်ပေါ်လာပုံကို အခုတစ်ခေါက် ရေးသားပါအုံးမယ်။

ဟိုးရှေးရှေးတုန်းက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ အခုလို သီခြား တည်ရှိမနေပဲ ဥတစ်လုံးလို လုံးဝန်းနေတဲ့ အစိုင်အခဲကြီးတစ်ခုပေါ့။ အဲဒီ ဥကြီးထဲမှာ တရုတ်တွေရဲ့ ဘိုးဘေးအဖြစ် လူသိများတဲ့ ပန်ခူ ဆိုတဲ့ လူတစ်ယောက် အိပ်ပျော်လျက် ရှိနေပါတယ်။ သူ့ခန္ဓာကိုယ်ဟာ လီပေါင်း ကိုးသောင်း ရှိပါတယ်။ လီဆိုတာ တရုတ်အတိုင်းအတာ သတ်မှတ်ချက်တစ်ခုပါ။ ၂ လီ မှာ ၁ ကီလီုမီတာ ရှိပါတယ်။ လီပေါင်း ကိုးသောင်းဆိုတော့ သူ့ခန္ဓာကိုယ်ဟာ ကီလိုမီတာ ၄ သောင်းခွဲလောက် ရှိတယ်ပေါ့။ တစ်ကိုယ်လုံး အမွေးအမှင်တွေ ဖုံးအုပ်နေတဲ့ ဧရာမ လူအကြီးကြီးပေါ့ဗျာ။

တစ်နေ့မှာ သူ နိုးထလာခဲ့တယ်။ ပြီးတော့ အဲဒီဥခွံထဲကနေ အပြင်ကို ထွက်ဖို့ ကြိုးစားပါတော့တယ်။ ပန်ခူဟာ အားကုန်စိုက်ထုတ်ပြီး ဥကြီးကို ဖောက်ထွက်ခဲ့ပါတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့ ဥကြီးရဲ့ သိပ်သည်းမှု နည်းတဲ့ အပိုင်းအစတွေ မိုးကောင်းကင် ဖြစ်လာပြီး သိပ်သည်း လေးလံတဲ့ အပိုင်းဟာ ကမ္ဘာမြေကြီး ဖြစ်လာပါတော့တယ်။ အဲဒီ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ ဥအဖြစ် ပြန်လည် ပေါင်းစည်ဖို့ တဖြည်းဖြည်း ပြန်လည် နီးကပ်လာနေပါတယ်။



ဒါပေမယ့် ပန်ခူဟာ အဲဒီအခြေအနေကို မဖြစ်စေလိုပါဘူး။ အဲဒါကြောင့် ပန်ခူဟာ သူ့ရဲ့ တုတ်ခိုင် သန်စွမ်းတဲ့ လက်တွေနဲ့ ကောင်းကင်ကြီးကို ပင့်ထောက် မ ထားပါတယ်။ သူရဲ့ ခြေထောက်ကြီးတွေနဲ့ ကမ္ဘာမြေကြီးကို ခြေကန်ထားပါတယ်။ နှစ်ပေါင်း ထောင် သောင်း ချီတဲ့အထိ အဲဒီလို ကျားကန်ထားတဲ့အခါ ကမ္ဘာမြေကြီးနဲ့ မိုးကောင်ကင်ဟာ သီးခြား တည်ရှိလာခဲ့ပါတယ်။ ပထမဦဆုံးကလို ပြန်လည် ပေါင်းစည်းတာမျိုး ထပ်မဖြစ်တော့ပါဘူး။ အဲဒီလို သီးခြား တည်ရှိလာတဲ့ အချိန်အထိ လက်နဲ့ မ ခြေထောက်နဲ့ ကန်ထားရတဲ့ ပန်ခူဟာ အလွန်ကို ပင်ပန်းနွမ်းနယ်ပါပြီ။ ခဏကြာတော့ သူ အားပြတ်ပြီး အရုပ်ကြိုးပြတ် လဲကျပါတော့တယ်။ နောက်ဆုံးတော့ ပန်ခူ သေသွားရှာပါလေရော။

ပန်ခူ သေသွားပြီးတဲ့နောက်... သူရဲ့ ဘယ်ဘက်မျက်လုံး တစ်လုံးဟာ နေဖြစ်သွားပြီး ညာဘက်မျက်လုံး တစ်လုံးက လ ဖြစ်သွားကြပါတယ်။ သူရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ဟာ တောင်တန်းတွေ တောင်ကုန်းတွေ ဖြစ်ကုန်ကြပါတယ်။ သူရဲ့ သွေးတွေကတော့ မြစ်တွေအဖြစ် စီးဆင်းသွားပါတယ်။ သူရဲ့ အမွေးအမှင်တွေက အပင်တွေ ဖြစ်ကုန်ပါတယ်။ သူရဲ့ ချွေးတွေက မိုးတွေ၊ ဆီးနှင်းတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီလိုနဲ့ ကမ္ဘာမြေကြီး ရှင်သန် ဖွံ့ဖြိုးလာပါတော့တယ်။

အဲဒီလို မိုးနဲ့ မြေ ဖြစ်တည်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကမ္ဘာမြေမှာ လူသားဆိုတာ မပေါ်သေးပါဘူး။ တစ်နေ့မှာ နွီဝှါး လို့ခေါ်တဲ့ တန်ခိုးရှင် နတ်မိမယ်တစ်ပါး မြေပေါ်ကို ဆင်းသက်လာပါတယ်။ နတ်မိမယ်ဟာ မြေကမ္ဘာမှာ အဖော်မဲ့နေပါတယ်။ အလွန်ကို အထီးကျန်ဆန်ပြီး ပျင်းရိဖွယ် ကောင်းနေခဲ့ပါတယ်။ အဲဒီလိုနဲ့ နွီဝှါးဟာ ရေကန်စပ်တစ်ခုမှာ ထိုင်ရင်း ရေပြင်ကို ငေးကြည့်နေပေမယ့် ရေထဲမှာ သူမရဲ့ အရိပ်ကိုပဲ အဖော်အဖြစ် မြင်တွေ့နေရပါတယ်။

ရေကန်ထဲမှာ ရေဆော့ ကစားနေတုန်း သူမရဲ့ လက်မှာ ရွှံ့တွေ လာကပ်ကုန်ပါတယ်။ လက်ထဲမှာ ကပ်နေတဲ့ ရွှံ့တွေကို ရေထဲကို ခါချလိုက်တဲ့အခါ ရွှံ့စက်လေးတွေက ဖားတစ်ပိုင်း ငါးတစ်ပိုင်းလေးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါကို မြင်တွေ့ပြီး နောက်ပိုင်းမှာ နွီဝှါးဟာ ရွှံ့တွေကို အသုံးပြုပြီး သူ့အတွက် အဖော် တိရစ္ဆာန်တွေကို ဖန်တီးပါတော့တယ်။ နှစ်သစ် ပထမလရဲ့ ပထမ ခြောက်ရက်အတွင်းမှာ ကြက်၊ ခွေး၊ ၀က်၊ ဆိတ်၊ နွားနဲ့ မြင်းတွေကို ဖန်တီးခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ တစ်ခုခု လိုအပ်နေတယ်လို့ ခံစားနေရပါတယ်။ ဒါနဲ့ သူနဲ့ တူတဲ့ပုံစံတစ်ခုကို ဖန်တီးဖို့ စဉ်းစားမိပါတယ်။ ပထမဦးဆုံး မိန်းခလေး ရုပ်တုတစ်ခုကို ရွှံ့နဲ့ ပြုလုပ်လိုက်ပါတယ်။ တစ်ခုတည်း ဖန်တီးထားရင် အထီးကျန်ဆန် ပျင်းနေမှာကို စိုးတာနဲ့ နောက်ထပ် ယောကျာ်းလေးတစ်ရုပ်ကို ထပ်ဖန်တီးလိုက်ပါတယ်။ နောက်ထပ် အရုပ်တွေ အမြောက်အမြား ဆက်လုပ်နေပါတော့တယ်။ အဲဒီလိုနဲ့ နှစ်သစ် ပထမလရဲ့ ခုနစ်ရက်မြောက်နေ့မှာ နွီဝှါးဟာ လူသားတွေကို စတင် ဖန်တီးမွေးဖွါးခဲ့ပါတယ်။ အဲဒါကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ခုနစ်ရက်မြောက်နေ့ကို လူသားနေ့အဖြစ် သတ်မှတ်ပြီး လူသားတွေကို စတင်ဖန်တီးခဲ့တဲ့ နွီဝှါး နတ်မိမယ်ကို ပူဇော်ကန့်တော့ကြတဲ့ ရိုးရာအစဉ်အလာ ဖြစ်တည်လာခဲ့ပါတော့တယ် ခင်ဗျာ။

Friday, February 8, 2008

The Dragon's Descendants

တရုတ်နဂါးအကြောင်း ရေးပြီးတဲ့အခါ တရုတ်နဂါး ဖြစ်ပေါ်လာတဲ့ နောက်ခံဇာတ်လမ်းလေးကို တင်ပြပါအုံးမယ်။ နဂါးဆိုတာ တရုတ်တွေရဲ့ အလွန်အရေးပါတဲ့ လူမျိုးရေး သင်္ကေတတစ်ခု ဖြစ်သလို တရုတ်အများစုဟာ သူတို့ဟာ နဂါးကနေ ဆင်းသက်လာတဲ့ လူတွေအဖြစ် ဂုဏ်ယူတတ်ကြပါတယ်။

နဂါးဆိုတာ တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက ပေါ်ပေါက်နေပါပြီ။ လေ့လာသူတွေရဲ့ အဆိုအရ တရုတ်နဂါးဟာ လူမျိုးစုတွေရဲ့ သင်္ကေတတွေ ပေါင်းစပ်ဖန်တီးမှုကနေ ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီလို ပေါင်းစည်းမှုမှာ ခေါင်းဆောင်မှု ပေးတဲ့လူမျိုးစုက မြွေသင်္ကေတကို အသုံးပြုပုံ ပေါ်ပါတယ်။ အဲဒါကြောင့် နဂါးရဲ့ အဓိက ပုံပန်းသဏ္ဍာန်ဟာ မြွေကို အခြေခံထားသလို ဖြစ်နေတာပါ။

ဟိုးရှေးရှေးတုန်းက လူမျိုးစုတွေဟာ သူတို့ရဲ့ လူမျိုးစု သင်္ကေတ ရုပ်တုပုံကို သူတို့ကြောက်ရွံ့တဲ့ သားရဲတိရစ္ဆာန်တွေရဲ့ ပုံကို အသုံးပြုကြပါတယ်။ တချို့လူမျိုးစုတွေကျတော့ ပန်းပွင့်တွေ အပင်တွေရဲ့ပုံကို သုံးကြပါတယ်။ အဲဒီ သင်္ကေတတွေ ရုပ်တုပုံတွေကို ပူဇော်ခြင်းအားဖြင့် သူတို့ကို ဘေးအန္တရာယ်ကနေ ကင်းဝေးစေတယ်လို့ မျှော်လင့် ယုံကြည်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တရုတ်ပြည်မှာ လူမျိုးစုတွေ အကွဲကွဲ အပြဲပြဲ နေထိုင်ကြပါတယ်။ တစည်းတလုံး မရှိကြသေးပါဘူး။ လူမျိုးစုတိုင်းမှာ သက်ဆိုင်ရာ လူမျိုးစု သင်္ကေတ ရုပ်တုပုံတွေ ရှိကြပါတယ်။ တချို့က နွားကို ကိုးကွယ်ကြတယ်။ တချို့က ငှက်ကို ကိုးကွယ်တယ်။ အဲဒီလိုပဲ မြွေတွေ၊ ဆိတ်တွေလည်း ကိုးကွယ်ကြပါတယ်။ နောက်ပိုင်းမှာ လူမျိုးစုတွေအားလုံး တစ်စုတည်းအဖြစ် စုစည်းမိပြီး ညီညွတ်မှု ရလာကြပါတယ်။

အဲဒီအချိန်မှာ အရင်က အကွဲကွဲ အပြားပြား အသုံးပြုနေတဲ့ သင်္ကေတတွေကို တစ်ခုတည်းအဖြစ် ပြောင်းလဲဖို့ လိုလာပါတယ်။ အဲဒါနဲ့ ခေါင်းဆောင်တစ်ဦးက အဲဒီ အကောင်ကို ရွေးချယ်ဖို့ အဆိုပြုပါတယ်။ လူမျိုးစုတိုင်းက သူတို့ လက်ရှိ သုံးနေတဲ့ အကောင်ကိုပဲ သုံးဖို့ သူ့ထက်ငါ အပြိုင်အဆိုင် အဆို တင်သွင်းကြပါတယ်။ လူမျိုးစုတစ်စုက အဆိုပြုတဲ့ အကောင်ကို ကျန်လူမျိုးစုတွေက လက်မခံနိုင်ဘူး ဖြစ်နေကြပါတယ်။ အဲဒီလိုနဲ့ လူမျိုးစုတစ်စုနဲ့တစ်စု စကားတွေများ အငြင်းပွါး ရန်တွေဖြစ်ကုန်ကြပါလေရော။ နောက်ဆုံးတော့ လူမျိုးစုအားလုံးရဲ့ ခေါင်းဆောင်လုပ်တဲ့သူကပဲ ဘယ်သူရဲ့ အကောင်ကိုမှ မသုံးတော့ဘဲ နောက်ထပ် အကောင်အသစ်တစ်မျိုး ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါနဲ့ မြွေရဲ့ ကိုယ်လုံးကို အဓိက အသုံးပြုပြီး ကျန်တဲ့ မျိုးနွယ်စုတွေရဲ့ အစိတ်အပိုင်းတွေကို ဖြည့်စွက်ဖို့ သဘောတူကြခဲ့ကြပါတယ်။ အဲဒီလို ဟိုတစ်စု ဒီတစ်စု ဖြည့်စွက်ရင်း နဂါးဆိုတဲ့ အကောင်ကြီး တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါတယ်။ အဲဒီ အကောင်ကြီးကို နဂါးလို့ပဲ အမည်ပေးဖို့ လူမျိုးစုတွေက တညီတညွတ်တည်း သဘောတူကြပါတယ်။

အဲဒီအချိန်ကစပြီး တရုတ်တွေဟာ နဂါးကို ပူဇော်ပသကြပါတယ်။ ကောင်းကင်မှာ လျှပ်စီးလျှပ်လို့ ပေါ်လာတဲ့ပုံကို နဂါးပုံနဲ့ တူတယ်လို့ ယူဆပြီး နောက်ပိုင်းမှာ သဘာဝရဲ့ အစွမ်းသတ္တိတွေဖြစ်တဲ့ မိုးကြိုးတွေ၊ လျှပ်စီးတွေကို နဂါးပုံထဲမှာ ထည့်သွင်း လာကြပါတယ်။ အဲဒီလိုနဲ့ နဂါးဟာ ရာသီဥတုကို ဖန်တီးနိုင်တဲ့ တန်ခိုးရှိတဲ့ သတ္တ၀ါ ဖြစ်လာပါတော့တယ်။

လူမျိုးစုသင်္ကေတအနေနဲ့ သတ္တ၀ါတွေကို ကိုးကွယ်တဲ့ခေတ်တွေ ကျော်လွန်ခဲ့ပေမယ့် ယခုအချိန်အထိ တရုတ်လူမျိုးတွေရဲ့ အသည်းနှလုံးမှာ နဂါးဟာ အလွန်အရေးပါနေဆဲပါ။ နဂါးကနေ ဆင်းသက်လာတဲ့ လူမျိုးတစ်ခုအဖြစ် ဂုဏ်ယူဝံ့ကြွားနေဆဲပါ။

Wednesday, February 6, 2008

The Chinese Dragon

ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေဟာ နဂါးကို မြင့်မြတ်တဲ့ အလွန်တန်ခိုးရှိတဲ့ ဒဏ္ဍာရီနွယ် အကောင်တစ်မျိုးလို့ မြင်ကြပါတယ်။ နဂါးဟာ တရုတ်ဒဏ္ဍာရီဝင် တန်ခိုးရှိအကောင် လေးမျိုးထဲက တစ်မျိုးပါ။ နောက် အကောင်သုံးမျိုးကတော့ အနီရောင် ဇာမဏီငှက်၊ ကျားဖြူနဲ့ လိပ်တို့ပါပဲ။ နဂါးဟာ မိုးပေါ်ပျံလို့ရသလို ရေလည်း ကူးတတ်ပါတယ်။ မိုးတွေ လေတွေကိုလည်း လိုသလို ဆင့်ခေါ်နိုင်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။

တန်ခိုးရှင်ဖြစ်တဲ့နဂါးတွေဟာ လူသားတွေကို လာဘ်လာဘ ပေါကြွယ်ဝမှုတွေ၊ ချမ်းသာမှုတွေ၊ ကံကောင်းခြင်းတွေ ပေးစွမ်းနိုင်တယ်လို့၊ လူသားတွေကိုလည်း သူတို့ရဲ့ ဆန်းကြယ်တဲ့ တန်ခိုးအစွမ်းတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးထားတယ်လို့ ယုံကြည်ကြပါတယ်။ တရုတ်လူမျိုးတွေအတွက် နဂါးဟာ တော်ဝင်နန်းထိုက်၊ တန်ခိုးပါဝါ၊ ကြီးကြယ်မြင့်မြတ်မှု၊ သူရဲကောင်း စတာတွေကို ကိုယ်စားပြုစေခဲ့ပါတယ်။

မကောင်းဆိုးဝါးလို့ တခါတရံ သရုပ်ဖော်ခံရတဲ့ အနောက်တိုင်းက နဂါးတွေနဲ့ မတူ တမူထူးခြားစွာ အရှေ့တိုင်းက တရုတ်နဂါးတွေဟာ ချစ်ခင်လေးစားမှုတွေနဲ့ ထုံမွမ်းထားပါတယ်။ လူတွေက နဂါးတွေကို ချစ်လည်း ချစ်ကြသလို ကြောက်လည်း ကြောက်ကြပါတယ်။ ချစ်ကြောက်ရိုသေပေါ့။ ဒါကြောင့်မို့ တရုတ်ဘုံကျောင်းတွေမှာ လူတွေဟာ နဂါးရုပ်ထုတွေကို အမွေးတိုင်တွေ ထွန်းပြီး အရိုအသေပေး ကန့်တော့နေကြတာကို တရုတ်မြို့ အတော်အများမှာ တွေ့မြင်ရမှာပါ။ အဲဒီလို ဆုတောင်းတဲ့အခါမှာ နဂါးတွေက သူတို့ကို စောင့်ရှောက်ဖို့၊ ရာသီဥတု ကောင်းမွန်စေဖို့၊ လောကကြီး ငြိမ်းချမ်းသာယာဖို့ ဆုတောင်းလေ့ ရှိကြပါတယ်။


နဂါးဟာ ဘုရင်မင်းဧကရာဇ်တွေရဲ့ တော်ဝင်နန်းထိုက်တဲ့ သင်္ကေတတစ်ခုအဖြစ်လည်း သုံးကြပါတယ်။ ရှင်ဘုရင်ရဲ့ ခန္ဓာကိုယ်ကို နဂါးရဲ့ခန္ဓာကိုယ်နဲ့ ခိုင်းနှိုင်းသလို ရှင်ဘုရင်ရဲ့ မျက်နှာကို နဂါးရဲ့မျက်နှာလို့ ခေါ်ဆိုကြပါတယ်။ ဘုရင်တွေဟာ နဂါးပုံပါတဲ့ ၀တ်ရုံတော်ကို ၀တ်ဆင်ပါတယ်။ နဂါးပလ္လင်မှာ ထိုင်ပြီး နဂါးသလွန်တော်မှာ စက်တော်ခေါ်ကြပါတယ်။ မင်းညီမင်းသား ဆွေတော်မျိုးတော်တွေကို နဂါးမျိုးဆက်လို့ ခေါ်ဝေါ်ကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ တရုတ်နဂါးဟာ မြွေရဲ့ ခန္ဓာကိုယ်ကို အဓိက ထားပြီး အခြားအကောင်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ဒဏ္ဍာရီလာ သတ္တ၀ါတစ်မျိုးပါ။ နဂါးရဲ့ ဦးခေါင်းပိုင်းမှာဆိုရင် ၀က်ဦးခေါင်း၊ ဒရယ်ချို၊ ဆိတ်မုတ်ဆိတ်နဲ့ နွားနားရွက်တွေကို အချိုးကျကျ ပေါင်းစပ်ထားပါတယ်။ ကိုယ်လုံးကတော့ မြွေကိုယ်လုံးဖြစ်ပြီး အကြေးခွံတွေက ငါးအကြေးခွံတွေပါ။ နဂါးရဲ့ ခြေထောက်က သိမ်းငှက်ခြေထောက်ကို ယူသုံးထားသလို ခြေသည်းတွေက သိမ်းငှက်ခြေသည်းတွေပါပဲ။

တရုတ်တွေရဲ့ ပထမဦးဆုံး နဂါးပုံကို တွေ့ရှိမှုကတော့ ရှေးဟောင်းဂူတစ်ခုထဲမှာ တွေ့ခဲ့ရပါတယ်။ အဲဒီလွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်က လက်ရာပါ။ အစောဦးဆုံး လက်ရာတစ်ခုပါ။ ကမာကောင်တွေရဲ့ အခွံတွေကို အသုံးပြုပြီး နဂါးပုံ ပုံဖော်ထားတာပါ။ နဂါးမှာ လက်တွေ ခြေတွေပါတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်က ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နဂါးပုံကတော့ အတွင်းမွန်ဂိုလီယားမှာ တွေ့ခဲ့ပါတယ်။ ယွမ်မင်းဆက်၊ မင်မင်းဆက်နဲ့ ချင်မင်းဆက်တွေရဲ့ ဘုရင်ဝတ်ရုံတွေမှာ ထည့်တဲ့ နဂါးမှာ ခြေသည်း ၅ ခု ပါလာတာကို တွေ့ရှိရပါတယ်။ အစပိုင်း နဂါးတွေမှာ အဲဒီလောက်အထိ အသေးစိတ် ဖော်ကျူးထားတာ မရှိခဲ့ပါဘူး။

ကဲ.... တရုတ်နဂါးအကြောင်း လေ့လာထားမိသလောက် ပြန်လည် ဝေမျှလိုက်ပါတယ် ခင်ဗျာ။

Tuesday, February 5, 2008

The 12 Animal Signs

ဟိုးရှေးရှေးတုန်းက ကျောက်စိမ်းအင်ပါယာ မိုးကောင်းကင်က မိုးနတ်မင်းကြီးက တစ်နေ့တာရဲ့ အချိန်တွေကို သတ်မှတ်ဖို့အတွက် တိရစ္ဆာန် အကောင် ၁၂ ကောင် ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ သက်ရှိလောကမှာ တိရစ္ဆာန်တွေက အများကြီးဆိုတော့ ဘယ်အကောင်တွေကို ရွေးချယ်ရမှန်း မသိဖြစ်ပြီး မိုးနတ်မင်းကြီး ခေါင်းခြောက်နေပါတော့တယ်။ နောက်ဆုံး တိရစ္ဆာန်တွေကို အပြေးပြိုင်ခိုင်းပြီး အမြန်ဆုံး ပြေးနိုင်တဲ့ ပန်းတိုင်ကို အရင်ဦးဆုံး ပန်းဝင်တဲ့ တိရစ္ဆာန် ၁၂ ကောင်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တိရစ္ဆာန်လောကမှာလည်း အဲဒီပြိုင်ပွဲသတင်းတွေကို ပြောဆိုနေကြပြီး ဆူညံပွတ်လော ရိုက်နေကြတာပေါ့။ မိုးနတ်မင်းကြီးရဲ့ တိရစ္ဆာန် ၁၂ ကောင် စာရင်းမှာ ပါဖို့အတွက် သူတို့တွေ စိတ်လှုပ်ရှားနေခဲ့တယ်။ အဲဒီအချိန်တုန်းက ကြောင်နဲ့ ကြွက်ဟာ အလွန်ရင်းနှီးချစ်ခင်ကြတဲ့ သူငယ်ချင်းတွေပေါ့။ သူတို့တွေလည်း ပြိုင်ပွဲအကြောင်းကို သိထားတော့ ပြိုင်ပွဲဝင်ကြဖို့ စီစဉ်နေပါတယ်။
ပြိုင်ပွဲဝင်ရမယ့်နေ့မှာ ခဏတဖြုတ်လောက် အိပ်စက်အနားယူချင်တဲ့ ကြောင်က သူငယ်ချင်းကြွက်ကို ပြိုင်ပွဲစမယ့် အချိန်ရောက်ရင် သူ့ကိုနှိုးပေးဖို့ ပြောပါတယ်။ ကြွက်လေးကလည်း အေးဆေးပါ... နှိုးပေးပါမယ်ပေါ့။ တကယ်တမ်း ပြိုင်ပွဲစတင်တဲ့အခါမှာ ကြွက်လေးဟာ ပြိုင်ပွဲထဲမှာ အနိုင်ရဖို့ စိတ်ရောက်နေပြီး သူငယ်ချင်းဖြစ်တဲ့ ကြောင်ကို နှိုးဖို့အတွက် မေ့သွားပါတော့တယ်။ အဲဒီလိုနဲ့ အပြေးပြိုင်ပွဲကြီး စတင်လိုက်ပါတယ်။ ကြွက်လေးဟာ ပြိုင်ပွဲမှာ ပန်းဝင်နိုင်ဖို့အတွက် အပြေးသန်တဲ့ အကောင်တွေကို လိုက်ကြည့်ရင်း ရှေ့ဆုံးနားကို ရောက်နေတဲ့ ကိုနွားရဲ့ ကျောကုန်းပေါ်ခုန်တက်ပြီး လိုက်သွားပါတယ်။ ကြွက်လေးဟာ ပန်းတိုင်ကို ရောက်ခါနီးကျမှ ကိုနွားရဲ့ ခေါင်းပေါ်ကနေ ရှေ့ကိုခုန်ချပြီး အရင်ဦးဆုံး ပန်းဝင်ခဲ့ပါတယ်။

အဲဒီလိုနဲ့ ကြွက်က ပထမ၊ နွားက ဒုတိယ၊ ကျားက တတိယ၊ ပြီးတော့ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်ဖ၊ ခွေး၊ ၀က် စတဲ့ တိရစ္ဆာန်တွေ အစဉ်လိုက် ပန်းဝင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ၀က်ဆိုတဲ့ တိရစ္ဆာန်က လောဘလည်း ကြီးသလို အပျင်းလည်း ထူပါတယ်။ ဒါကြောင့် သူဟာ ၁၂ ကောင်မှာ နောက်ဆုံး အကောင်အဖြစ် စာရင်းဝင်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သူ ဒီလို စာရင်းဝင်အောင် အဓိက လုပ်ပေးတဲ့ အကောင်ကတော့ သူရဲ့သူငယ်ချင်း ခွေးပါပဲ။ မိုးနတ်မင်းကြီး ပြိုင်ပွဲစတဲ့အချိန်မှာ အိပ်နေတဲ့ ၀က်ကို ခွေးက လာနှိုးပြီး ပြိုင်ပွဲဝင်စေခဲ့ပါတယ်။ အဲဒါနဲ့ပဲ အိပဲ့အိပဲ့ ၀က်ဟာ မိုးနတ်မင်းရှေ့ကို အတော်လေး နောက်ကျပြီးမှ ရောက်လာပေမယ့် ၁၂ ကောင်စာရင်းမှာ ၁ နေရာစာ ကျန်သေးတဲ့အတွက် မိုးနတ်မင်းကြီးက နောက်ဆုံး နေရာကို ၀က်ကိုပဲ ပေးလိုက်ပါတော့တယ်။

ကံမကောင်းလှစွာပဲ အိပ်ပျော်နေတဲ့ ကြောင်ကတော့ ပြိုင်ပွဲပြီးမှ နှိုးလာပါတယ်။ ဒါပေမယ့် တိရစ္ဆာန် ၁၂ ကောင် ပြည့်သွားပြီဆိုတော့ မိုးနတ်မင်းကြီးရဲ့ စာရင်းထဲမှာ ကြောင် ပါခွင့်မရလိုက်ပါဘူး။ အဲဒီအချိန်က စပြီး ကြောင်တွေဟာ ကြွက်တွေကို စိတ်ဆိုးပြီး ရန်သူအလား သဘောထားပြီး တွေ့ရာနေရာမှာ တိုက်ခိုက်ကြပါတော့တယ်။ ကြွက်တွေလည်း ကြောင်ကို မြင်တာနဲ့ ထွက်ပြေးကြပါတော့တယ်။

ကဲ... အဲဒါကတော့ တရုတ်ရိုးရာ အကောင် ၁၂ ကောင် ဖြစ်ပေါ်လာတဲ့ နောက်ခံ ပုံပြင်လေးပါပဲကွယ်။

Monday, February 4, 2008

Before you say "I DO" 21

om;tdrfacgif; tcRJwkdif;enf;
(Cervical Mucus Method - Billings Method)
 
'Denf; taMumif;awG;rdwkdif; aemufqHk;ESpfu q&moifay;cJhwmav;udk owd&aerdygao;w,f/ "When you're wet, a baby you can get. When you're dry the sperm will die." wJh/ 'DaNcmufwmawG? pdkwmawG[m bmudk aNymwmvJ¿
 
obm0rSm trsdK;orD;&JU om;tdrfacgif; (Cervix)uae t&nftenf;i,f tNrJxGufaeygw,f/ &moDwpfMudrfay: NyD;cgprSm 'Dt&nf[m aemufvnf;aemuf? yspfvnf;yspfaeNyD; tcRJtaeeJU &Sdaeygw,f/ rsdK;Oa<ucsdef eD;vmwmeJUtrQ tufpfx&dk*sif a[mfrkef;&JU vIHUaqmfrIaMumifh wNznf;Nznf; usJvmNyD; rsdK;Ora<ucif &uftenf;i,feJU rsdK;Oa<uNyD;ptcsdef ydkif;avmufrSm a&vdkyJ MunfNyD; usJvmygw,f/
 
trsdK;orD;[m aeUpOf qD;roGm;rD rdef;rukd,fu xGufvmwJh t&nf ^ tcRJudk puúLeJU Nzpfap? vufeJUNzpfap wkdUNyD; Munfh&ygr,f/ wkdif;wmzdkU aumif;wJh tcsdefuawmh trsdK;orD;[m tdyf&mu xwm em&Dtenf;i,f &SdoGm;NyD; om;tdrfacgif;u t&nf[m rdef;rudk,f0avmufudk a&mufavmufcsdefNzpfygw,f/
 
owdxm;&r,fh tcsufuawmh 'Denf;udk oHk;r,fqdk&if wpf&ufNcm;om trsdK;om;eJU twlaevdkU&ygw,f/ 'DvdkowfrSwfxm;&wJh &nf&G,fcsufuawmh rdef;rudk,fxJrSm okuf&nf a&mufoGm;cJhwm? a&aq;ypfwmrsdK; &SdcJh&if om;tdrfacgif;u xGufvmwJh t&nfukd rSef;q& cufwwfovdk? vdifrqufqHcif trsdK;orD;&JU rdef;rudk,fvrf;aMumif;[m obm0t& pkdpGwfvmwJh oabm &SdwwfwmawGaMumifhyg/
 
'Denf;udk oHk;wJhtcgrSm tm;enf;csufawGuawmh trsdK;orD; awmfawmfrsm;rsm;[m t&nftcRJudk rppfaq;vdkMuNcif;? tNrifeJUom ppfaq;&wmrdkU wcsdKU trsdK;orD;awGtwGuf cufcJNcif;? trsdK;orD;t*Fgvrf;aMumif; a&m*gydk;&SdaecJh&if tajzrSm;EkdifNcif; pwmawGNzpfygw,f/ tm;omcsuf wpfckuawmh bmrS axGaxGxl;xl; rSwfom;xm;p&m rvdkbJ toHk;cs&vG,fulwJh tcsufygyJ/
 
rsdK;Oa<uNyD; tufpfx&dk*sif txGufNyefenf;oGm;vdkU tcRJNyefNzpfoGm;vkdU ajcmufaoGUvmNyD; 3 &uftMumrSm udk,f0efr&EkdifwJh taetxm;NyefNyD; a&mufoGm;NyD Nzpfygw,f/

Credit : Dr. PuuKaung (NativeMyanmar)

Sunday, February 3, 2008

Before you say "I DO" 20

4/ obm0enf;rsm;udk oHk;íumuG,fjcif; (Physiological)

udk,ftylcsdef wkdif;enf; (Temperature Method)
 

trsdK;orD;awG&JU cE¨mudk,f[m rsdK;Oa<uNyD; 24 em&Duae 36 em&DtwGif;rSm tedrfhqHk; NzpfoGm;ygw,f/ tJ'Daemufydkif;rSmawmh  yHkrSm Nrif&ovdkyJ 0.3-0.4 pifwD*&dwf (0.5-0.7 zm&if[kduf) txd tylcsdef xdk;wufoGm;ygw,f/ 'DvdkcE¨mudk,f tylcsdef taNymif;tvJudk aeUpOf wkdif;xm;NyD; rsdK;Oa<ucsdefudk cefUrSef;vdkU&ygw,f/ rsdK;Oa<uNyD; 3 &ufMum tcsdeftwGif;[m udk,f0ef&oGm;EkdifwJh tcsdefNzpfygw,f/
 
udk,ftylcsdefukd wkdif;wJhtcgrSm owdxm;&rSmawG &Sdygw,f/ yxrqHk; taeeJUuawmh reufcif; tdyf&mu Ekd;Ekd;csif; bmrS vIyf&Sm;rI rvkyf&ao;cifrSm wkdif;&ygr,f/ aeUpOftcsdef twdtus wkdif;Ekdif&ifawmh ydkaumif;ygw,f/ yg;pyfxJuae wkdif;vdkU&ayr,fh ptdk 'grSr[kwf rdef;rudk,fxJu tylcsdefudk wkdif;Ekdif&if ykdNyD; wdusygw,f/ 'DvkdaeUwkdif; wkdif;ae&mu &kwfw&uf tylcsdef usoGm;NyD; ('gudk rodvdkuf&ifawmif) aemufaeUawGrSm tylcsdef wufvmNyD qdk&if tJ'DaeU[m rsdK;Oa<uwJh aeUygyJ/
 
udk,ftylcsdef wkdif;enf;[m rrsdK;Oa<ucsdefudk cefUrSef;zdkUeJU? 3 &uftMumrSm udk,f0efr&Ekdifbl; qkdwm odzdkUom toHk;0ifNyD;? 'Denf; wpfrsdK;xJudkawmh udk,f0efwm;zdkU oHk;vdkU r&ygbl;/ jyu©'defenf;udk oHk;wJhtcgrSm udk,ftylcsdefwkdif;NyD; oHk;Ekdifr,f qkd&ifawmh Nyu©'defenf;wpfrsdK;wnf; oHk;wmxuf ydkpdwfcs&ygw,f/
 
'Denf;vrf;[m om;orD; vdkcsifwJh pHkwGJawGtwGufvnf; om;orD;&EkdifwJh taumif;qHk;aeUudk cefUrSef;zdkU toHk;csvdkU&ygw,f/
 
cE¨mudk,ftylcsdefudk wkdif;&wm jzpfvkdU zsm;emwJh tcgrsdK; rSm pdwfcsvufcs toHk;NyKvdkU r&ygbl;/

Credit : Dr. PuuKaung (NativeMyanmar)

Saturday, February 2, 2008

Before you say "I DO" 19

4/ obm0enf;rsm;udk oHk;íumuG,fjcif; (Physiological)

&moDykwD; (Cycle Beads)

udk,ftylcsdef wkdif;NyD; &ufwGufwJh enf;udk raNymcif Cycle Beads vdkUac:wJh  &moDykwD; eJU &ufrSwfenf; qdkwmudk enf;enf;a&;csifygw,f/ 'guawmh ArmNynfrSm oHk;ae? roHk;aeqdkwm rodygbl;/ A[kokw taeeJU odxm;&atmif wifay;csifwmyg/
 

yHkrSm Nyxm;wJh ykwD;av;uawmh trsdK;orD;awGtwGuf udk,f0ef&EkdifwJh aeUeJU r&EkdifwJh aeUawGudk rSwfrdvG,fatmif pDrHxm;wJh &moD&ufwkdif;wJh ykwD;av;yJNzpfygw,f/ ykwD;rSm teDa&mifvHk; 1 vHk;? tNzLa&mifvHk; 12 vHk;? tndKa&mifvHk; 17 vHk; eJU teufa&mifvHk; 2 vHk;- pkpkaygif; ykwD;vHk; 32 vHk;eJU a&TUvdkU&wJh uGif;wpfuGif; ygygw,f/
 
teDa&mif ykwD;vHk;av;[m yxrqHk; &moDpvmwJh aeUukdukd,fpm; NyKygw,f/ (ykwD;vHk;awGudk em&DvufwH vnfwJhtwkdif; qufMunfhoGm;yg/) teDa&mif ykwD;vHk;aemufu uyfvsuf tndKa&mif 6 vHk; [m udk,f0efr&EkdifwJh aeUawGudk udk,fpm;NyKygw,f/ tNzLa&mif 12 vHk;uawmh udk,f0ef&EkdifwJh aeUawGudk udk,fpm;NyKygw,f/ tNzLa&mif 12 vHk;udk ausmfvm&if tndKa&mifeJU teufa&mifvHk;awG tm;vHk;aygif; 19 vHk; awGU&ygvdrhfr,f/ 'D&ufawG[mvnf; udk,f0efr&EkdifwJh &ufawGygyJ/ teufa&mifvHk; 1 vHk;[m 27 &ufaNrmufaeUrSm &SdNyD; aemufwpfvHk;uawmh aemufqHk;aeU 32 &ufaNrmufaeUrSm &Sdaeygw,f/ yxr teufa&mifvHk; rwkdifcif &moDay:w,fqdk&if tJ'DtrsdK;orD;[m &moD&ufwdkvGef;aeNyD;? 'kwd, teufa&mifvHk; a&mufwJhtxd &moDray:ao;wJh trsdK;orD;uawmh &moD&uf &SnfvGef;aeygw,f/ &moD&uf 27 &ufatmufenf;wJh trsdK;orD;awGeJU &moD&uf &SnfvGef;wJh trsdK;orD;awG[m 'D&ufa&Smifenf;udk roHk;oifhygbl;/ oHk;vdkU r&ygbl;/
 
ykwD;udk toHk;NyKwJh trsdK;orD;[m uGif;uav;udk a&TUoGm;NyD; udk,f0ef&Ekdif? r&EkdifwGufvdkU &ygw,f/ ykwD;wpfywfrvnfcif &moDNyefay:vmw,fqkd&if teDa&mifudk Nyefa&TUNyD; tpuNyefp&ygr,f/ wGuf&? rSwf& oufomatmif wDxGifxm;wJh enf;av; wpfckoufoufyg/
 
'DykwD;av;awGudk 'Dvifhcf rSmoGm;MunfhvdkU&ygw,f/ tifwmeufuae 0,fvdkU &ygw,f/ (tcrJh aMumfNim udk,fpm;vS,f vkyfwmyg)

Credit : Dr. PuuKaung (NativeMyanmar)

Friday, February 1, 2008

Before you say "I DO" 18

4/ obm0enf;rsm;udk oHk;íumuG,fjcif; (Physiological)

&ufa&SmifNcif; (Periodic Abstinence)

obm0t& trsdK;orD;wpfa,muf[m &moDv wpfvrSm udk,f0ef&oGm;EkdifwJh&uf tenf;i,fyJ &Sdygw,f/ &ufa&SmifwJhenf; qdkwmuawmh 'Dvkd udk,f0ef&oGm;EkdifwJh &uftenf;i,fudk aocsmwGufcsufNyD; trsdK;om;eJU twlraewmyJ Nzpfygw,f/ 'Dvdk &ufa&Smifwmudk pnf;csuf (Rhythm) 'grSr[kwf obm0twkdif; oaE¨wm;Ncif; (Natural Family Planning) vdkUvnf; ac:ygw,f/
 
oaE¨atmifNcif;NzpfzdkU okufaumifeJU rrsdK;O[m trsdK;orD;&JU rrsdK;ONyGef (Oviduct) xJrSm awGU&ygw,f/  rrsdK;O[m rsdK;Otdrf (Ovary) xJu xGufvmNyD; (rsdK;Oa<uNyD;) 1 &ufrS 3 &uf twGif;  rsdK;ONyGefxJrSm &Sdaeygw,f/ 'Dtcsdefudk t"duxm;NyD; wGufcsuf a&SmifMuOf&ygw,f/
 
rjrif&wJh cE¨mudk,fxJu rsdK;Oav;&JU 3 &ufwm 'Dc&D;udk odEkdifzdkUu aocsm wGufcsufwwfzdkU vdkwJhtNyif? trsdK;orD;[mvnf; &moD&uf yHkrSefwJh trsdK;orD; NzpfzkdU ta&;MuD;ygw,f/
 
enf;vrf;awG tm;Nzifhawmh
  • jyu©'defenf; (Calendar Method)
  • udk,ftylcsdef wkdif;enf; (Temperature Method)
  • om;tdrfacgif; tcRJwkdif;enf; (Cervical Mucus Method - Billings Method)
  • tNyifvu©Pmrsm;ESifh udk,ftylcsdefwkdif;enf; aygif;pnf;toHk;NyKenf; (Symptothermal Method) pwmawG Nzpfygw,f/
jyu©'defenf; (Calendar Method)


jyu©'defenf; qdkwmuawmh trsdK;orD;&JU yHkrSef&moDvmavh&SdwJh yHkpHeJUEIef;udk tenf;qHk; 6 v wkdif;wmNyD;rS rsdK;Oa<ucsdefudk wGufcsufa&Smif&Sm; &wJh enf;Nzpfygw,f/ &moDvm&uf awGxJrSm yxrqHk; &moDpay:wJh aeU[m ta&;MuD;ygw,f/ tJ'D &moDpvmwJh aeUrwkdifrD 14 &uftvdkrSm rrsdK;Oa<uygw,f/ 'gudk em;vnfEkdifzdkU atmufu yHkav;udk enf;enf;&Sif;Nycsifygw,f/
 

 
yHkrSmygwJh yxr wpfydkif;uawmh trsdK;orD;&JU &moDwpfywfvnfpOfrSm Nzpfay:aewJh rrsdK;OwpfvHk; (Ovum) &JU tqifhqifh aNymif;vJaeyHkyg/ 'kwd,ydkif;uawmh om;tdrfeH&HrSm Nzpfay:aewJh aNymif;vJrIyg/
 
yxrqHk; aeU[m trsdK;orD;&JU &moDpvmwJh aeUyg/ 'DtcsdefrSm om;tdrfeH&H&JU vdkUac:wJh tvTm[m wNznf;Nznf; uGmusvmygw,f/ &moDqif;&uf Endometrium (Menses) NyD;oGm;csdefrSmawmh oaE¨atmifcJh&if jzpfvmr,fh oaE¨om;avmif;av;twGuf pNyD;Nyifqifygw,f/ om;tdrfeH&H[m wNznf;Nznf; xlvmwmudk yHkrSmawGU&ygvdrhfr,f/ wcsdefxJrSm rrsdK;O Nzpfvmr,fh qJvf wpfck[mvnf; a[mrkef;awG&JU vIHUaqmfrIaMumifh wpf&ufxufwpf&uf &ifhusufvmygw,f/ 14 &ufaNrmufaeUrSmawmh om;tdrfeH&H tqifoifh NzpfoGm;NyDNzpfNyD; rrsdK;Oa<uusvmygw,f/ oaE¨ratmifbl; qdk&ifawmh yHkrSm Nyxm;ovdk rrsdK;Oa<uNyD; 14 &ufaNrmufaeU (&moD 28 &ufaNrmufaeU) rSm om;tdrfeH&Hu tay:qHk; tvTm[m wNznf;Nznf; a<uus ysufpD;oGm;ygw,f/ 'DtcsdefrSm trsdK;orD;[m &moDpvmygw,f/
 
rsdK;Ora<ucif &ufydkif;eJU rsdK;Oa<uNyD; &ufydkif;awGudk Munfhr,fqdk&if rsdK;Oa<uNyD; &moDprvmcif 14 &uf[m ydkNyD; wdusaocsmygw,f/ (Oyrm - 28 &ufrSm wpfMudrf &moDvmwJh trsdK;orD;wOD;eJU &uf 30 wpfMudrf &moDvmwwfwJh trsdK;orD;wpfOD;udk ,SOfMunfh&if rsdK;Ora<ucif &ufydkif;[m rwlMuwm awGU&NyD; rsdK;Oa<uNyD; 14 &ufuawmh raNymif;vJbJ wlaewwfygw,f/) 'gaMumifhrkdU trsdK;orD;wpfa,muf rsdK;Oa<ur,fh &ufudk wGufcsuf&mrSm ajymif;jyefwGuf&wm wdusygw,f/
 
Nyu©'defenf;[m 'D'kwd, 14 &ufudk wGufcsufNyD; trsdK;orD;&JU rsdK;Oa<ur,fh &ufawGudk a&Smif&Sm;apwJh enf;Nzpfygw,f/ ('DwGufenf;udk uav;vdkcsifMuwJh pHkwGJawGrSmvnf; uav; ydk&apEkdifwJh tcsdefudk wGufwJhtcg toHk;csvdkU &ygw,f)/ rsdK;Oa<ur,fh&ufudk wGufcsuf&wm rcufygbl;/ trsdK;orD;&JU yHkrSef&moDvmr,fh&ufawGudk tenf;qHk; 6 v apmifhNyD; rSwfxm;&ygw,f/ yHkrSefNzpfwm aocsmw,f qdk&if yxrqHk; &moDvmr,fh aeUxJu 14 &ufEIwfvdkuf&if rsdK;Oa<ur,fh &ufudk&ygvdrhfr,f/ (rSwfcsuf/   / trsdK;orD;[m wpfveJU wpfv &moDwpfywfvnfzdkU &ufaygif; twdtus wlraebJ enf;enf;uGmae&ifawmh twkdqHk;v&JU &ufaygif;xJu 14 &ufudk EIwf&ygvdrhfr,f)
 
Nyu©'defenf;udk oHk;r,fqdk&ifawmh rsdK;Ora<ucif tenf;qHk; 2 &ufeJU rsdK;Oa<uNyD; tenf;qHk; 2 &uf (tm;vHk;aygif; 5 &uf) [m pdwfrcswJh aeUrsm;  (udk,f0ef&oGm;EkdifwJh aeUrsm;) Nzpfygw,f/ ydkNyD; pdwfcs&atmif 'D 5 &ufrwkdifcif 2 &ufeJU 5 &ufNyD; aemuf 2 &uf - tm;vHk; aygif; 9 &uf- a&Smif&ygr,f/ 'D&ufwGufwmudk pmtkyfwtkyfeJU wpftkyf uGJwwfygw,f/ (WHO uxkwfwJh pmtkyfwpftkyfuawmh 8 &ufaNrmufaeUuae 19 &ufaNrmufaeUtxd &ufa&Smif&r,fvdkU aNymxm;ygw,f/)
 
&ufa&Smifenf;awGxJrSm Nyu©'defenf;[m vloHk; trsm;qHk; enf;Nzpfayr,fh pdwfrcs&qHk; enf;vnf; Nzpfaeygw,f/ 'Denf;udk 1 ESpfoHk;pGJwJh pHkwGJawGrSm udk,f0ef&oGm;EkdifEIef; 35% &Sdw,fvkdU qdkxm;ygw,f/

Credit : Dr. PuuKaung (NativeMyanmar)