.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Friday, July 6, 2018

Let's get enough Vitamin D

Vitamin D ကို နေရောင်ခြည်က အဓိက ရပါတယ်။ အရေပြားပေါ်ကို တိုက်ရိုက်ထိတဲ့ နေရောင်ကနေ ရရှိတာမျိုးပါ။

အရင်တုန်းကတော့ နေမထွက်တဲ့ အအေးပိုင်းဒေသ၊ ဥရောပဘက်အခြမ်းမှာပဲ အဲဒီလို ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ရပေမယ့် အခုအခါမှာ အီကွေတာနဲ့ နီးတဲ့ဒေသမှာပဲ ဗီတာမင်ဒီ ချို့တဲ့ လူနာတွေကို ဆရာဝန်တွေက တွေ့နေရပါတယ်။ အသိဆရာဝန်တွေ ပြောပြချက်အရ တနေကုန် အိမ်တွင်းအောင်း စက်ချုပ်တဲ့သူတွေ၊ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေတဲ့သူတွေ၊ ရုံးမှာပဲ တနေကုန် ရှိနေတဲ့သူတွေ ဆေးလာစစ်တဲ့အခါမှာ ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ကြတယ်တဲ့။

အခုခေတ်မှာ ရုံးထဲမှာပဲ တနေကုန် အလုပ် လုပ်... နေ့လည်စာလည်း ရုံးမှာ စားဖြစ်တော့ လူတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးလာတယ်။ အလုပ်သွားတဲ့အချိန်ကလည်း စောတော့ နေက သိပ်မပူသေးတယ်။ အလုပ်ပြန် အချိန်မှာတော့ နေဝင်နေပြီ။

ဗီတာမင်ဒီ ချို့တဲ့ရင် ကိုယ်လက်ကြွက်သားတွေ နာကျင်ပါတယ်။ အရိုးတွေ အားနည်းလာပါတယ်။ တခြား နောက်ဆက်တွဲ ရောဂါတွေလည်း ရှိလာနိုင်ပါတယ်။ ဥပမာ ဆီးချို၊ သွေးတိုးရောဂါ။

နေရာင်ခြည်ကို ပြတင်းပေါက်မှန်၊ ကားမှန်ကနေတဆင့် ရတာမျိုးမှာ အရေပြားက ဗီတာမင်ဒီ မထုတ်လုပ်နိုင်ပါဘူး။ အသားမဲမှာ စိုးလို့ နေရောင်ကာဆေးတွေ အရေပြားမှာ လိမ်းထားရင်လည်း မရပါဘူး။ ဗီတာမင်ဒီ ထုတ်လုပ်ဖို့အတွက် အရေပြားပေါ်ကို တိုက်ရိုက် နေရောင်ထိတွေ့ဖို့ လိုပါတယ်တဲ့။

နေ့ခင်း ၁၁ နာရီနဲ့ ၁ နာရီကြားမှာ နေရောင်ခြည်က ပြင်းအားအများဆုံး ဖြစ်လို့ အဲဒီအချိန်မှာ အရေပြားနဲ့ နေရောင်ထိတွေ့မှု ၁၅ မိနစ်လောက် ရှိရင် တနေ့စာအတွက် လုံလောက်တဲ့ ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် နေရောင်ခြည် ပြင်းထန်လွန်းရင်လည်း အရေပြားကင်ဆာ ဖြစ်နိုင်တာကို သတိထားဖို့ လိုပါမယ်။

ဖြစ်နိုင်ရင်တော့ နေရောင်အောက်မှာ ဆက်တိုက် အချိန်အကြာကြီး မနေဖို့ လိုပါမယ်။ ၅ မိနစ်လောက် ၁၀ မိနစ်လောက်ပဲ နေရောင်အောက်မှာ နေပူဆာလုံသင့်ပါတယ်။ ပြီးရင် အရိပ်ထဲ ပြန်ဝင် ခဏနားနေပြီးမှ နောက်တခေါက် နေပူဆာလှုံတာမျိုးက ပိုကောင်းပါမယ်။

တချို့တွေကတော့ မနက်နေရောင်ခြည်ကို အားကိုးကြပါတယ်။ ညနေ နေရောင်ခြည်က ဗီတာမင်ဒီ ထုတ်လုပ်မှု အားနည်းတယ်လို့လည်း ပြောကြပါတယ်။

အချိန်ဘယ်လောက် နေပူဆာလှုံသင့်သလဲ ဆိုတာကတော့ အသားရောင်ပေါ် မူတည်ပါတယ်။ အသားမဲတဲ့သူတွေရဲ့ အရေပြားက ဗီတာမင်ဒီ ထုတ်လုပ်နိုင်မှု အားနည်းတဲ့အတွက် အသားဖြူတဲ့သူတွေထက် နေရောင်ခြည် ထိတွေ့မှု ပိုလိုအပ်ပါတယ်။ အသားဖြူတဲ့သူတွေ အချိန် ၁၅ မိနစ် နဲ့ တနေ့စာအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ် လုံလောက်နိုင်ပေမယ့် အသားမဲတဲ့သူတွေကတော့ ၁ နာရီလောက် နေပူဆာလုံရပါတယ်။

အကယ်လို့များ နေရောင်ခြည်ကနေ လုံလောက်တဲ့ ဗီတာမင်ဒီတွေ မရခဲ့ဖူးဆိုရင်လည်း ဗီတာမင်ဒီဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုပါတယ်။ ကြက်ဥအနှစ်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးသေတ္တာငါးတွေမှာ ဗီတာမင်ဒီဓါတ် ပါပါတယ်။ နွားနို့၊ ပဲနို့၊ ဒိန်ချဉ်တွေမှာလည်း ဗီတာမင်ဒီ ပါပါတယ်။ အသီးအရည်မှာတော့ သဘာဝလိမ္မော်ရည်မှာ ဗီတာမင်ဒီ ပါပါတယ်။ အသီးအရွက်မှာတော့ မှိုကတော့ ဗီတာမင်ဒီဓါတ် များများပါပါတယ်။

အစားအသောက်ကနေ ဗီတာမင်ဒီ ရဖို့ မလွယ်ရင်တော့ ဗီတာမင်ဒီ အားဆေးတွေလည်း ရှိပါသေးတယ်။ အဲဒါကိုတော့ ဆေးစစ်ပြီးတဲ့အခါ လိုအပ်ချက်အရ ဆရာဝန်ကပဲ ညွှန်ကြားပေးပါလိမ့်မယ်။

လိုအပ်တဲ့ ဗီတာမင်ဒီကို လုံလောက်စွာ ရရှိနိုင်ကြဖို့ နေသာတဲ့အခါ နေပူဆာလှုံကြပါလို့ တိုက်တွန်းလိုပါတယ်။

Thursday, October 19, 2017

Love yourselve and take care your health

သက်တူရွယ်တူ သူငယ်ချင်းတွေအတွက် ရေးတဲ့စာ...
ကိုယ့်သူငယ်ချင်းတွေထဲမှာ အလုပ်များလွန်းသူတွေ ရှိတယ်။ အသောက်အစား မကင်းတဲ့သူ ရှိတယ်။ ဝနေတဲ့သူတွေ ရှိတယ်။ ပေပေတေတေနဲ့ ဘဝကို ရွက်တိုက်နေတဲ့သူတွေ ရှိတယ်။

ဘယ်လို ဘဝအခြေအနေမှာပဲ ဖြစ်ဖြစ်... ဘယ်လို လူနေမှုပုံစုံမှာပဲ ဖြစ်ဖြစ်... ကိုယ့်ကိုကိုယ် ချစ်ကြပါ။ အာရောဂျံ ပရမံ လာဘံ ဆိုတဲ့အတိုင်း ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးပါပဲ။ မကျန်းမာရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အတွက် လက်ရှိဘဝထက် ပိုဆိုးတဲ့အခြေအနေကိုပဲ ဦးတည်သွားနိုင်ပါတယ်။ ဒါကို အသိတရား ရှိဖို့လိုတယ်။

ဆေးဖြစ်ဝါးဖြစ် သောက်တာပါ... အိမ်ကို လေးဘက်ထောက်ပြီး ပြန်လာတာမျိုး တွေ့ဖူးသလား... ဆိုပြီး နေ့စဉ်ရက်ဆက်နီးပါး သောက်နေတာမျိုးကတော့ မကောင်းဘူးလို့ မြင်တယ်။ ဘီယာဟာ အရက် မဟုတ်ပါဘူး ဆိုတာမျိုးကလည်း ဆင်ခြင်ပေးကြတယ်။ ငယ်တုန်းကလို အသည်းတွေ ကောင်းရင်တော့ ဘာအရေးလဲပေါ့။ အသက်တွေ မငယ်တော့တာကို ထည့်တွက်ဖို့ လိုတယ်ဆိုတာကို မေ့ထားကြပုံပဲ။

ဖင်မီးခိုးထွက်အောင် သောက်တာ မဟုတ်ဘူး။ တနေ့ကိုမှ ၃ လိပ် ၅ လိပ်ပဲ သောက်တာပါ။ အိမ်မှာတော့ ဆေးလိပ် မသောက်ဘူး။ အပြင်ရောက်မှ သောက်တာပါ။ ဘာညာကွိကွတွေ ပြောနေပေမယ့်လည်း ကိုယ့်အဆုတ်က အကောင်းတိုင်း ရှိသေးတယ် ထင်နေတာကိုက သိပ်ခက်တယ်။ ချောင်းက တဟွတ်ဟွတ် မဆိုးသေးပေမယ့် ဆေးလိပ်မသောက်တဲ့ လူထက် ချောင်းပိုဆိုးတာကို သတိထားမိရင် သိမှာပါ။

လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရဘူး။ အလုပ်က သိပ်များတယ်။ လမ်းတော့ လျှောက်ဖြစ်ပါတယ်။ ဘယ်လို လျှောက်သလဲဆိုတော့ ရုံးမှာ ထိုင်နေတဲ့နေရာကနေ အိမ်သာဆီကို လျှောက်ဖြစ်တယ်တဲ့။ အေးပေါ့... လေးဘက်ထောက် သွားလို့မှ မရတာပဲလေ။ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်အောင် ကြိုးစားနေပါတယ်။ အပြောကတော့ ဟုတ်နေတာပဲ။ လူကတော့ ခါးတုတ်နေပြီ။ မျက်နှာက မောင့်လပြည့်ဝန်းလို ပြည့်ဖောင်းနေပြီ။

ကိုယ့်ကိုကိုယ်မှ မချစ်တတ်ရင်တော့ ဘေးလူအနေနဲ့ ဘာမှ ဝင်လုပ်ပေးလို့ မရဘူး။ ကိုယ့်ကိုကိုယ်ချစ်ရင် ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်။ သောက်စားတာကို လျှော့သင့်တာ လျှော့ ရပ်သင့်တာကို ရပ်ပစ်ဖို့ လိုမယ်။ လေ့ကျင့်ခန်းကို ၁ ရက်ကို ၁ နာရီစာတော့ အချိန်ပေး လုပ်သင့်တယ်။ ၁ နာရီတောက်လျှောက် အချိန်မပေးနိုင်ရင်တောင် ၁၅ မိနစ်ကို ၄ ခါခွဲပြီး အချိန်ပေးလည်း အဆင်ပြေတယ်။

ကိုယ်ကတော့ အိမ်မှာ အပြေးလေ့ကျင့်စက် ဝယ်ထားတယ်။ အဲဒါက နေပူလွန်း မိုးရွာနေရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်ပေးလို့ မရအောင် လုပ်ထားတာ။ အလုပ်တွေ များလွန်းလို့ အပြင်ထွက် အားကစား မလုပ်နိုင်ရင် စက်ပေါ်မှာ နာရီဝက်လောက် တက်ပြေးဖြစ်တယ်။

မနက်ပိုင်းမှာ ရုံးကို သွားတဲ့အခါ အိမ်ကနေ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်တယ်။ ကားဂိတ်မှာ ထိုင်မနေပဲ ဘတ်စ်ကား မလာမချင်း အနီးအနားက တိုက်အောက်တွေထဲမှာ လမ်းပတ်လျှောက်တယ်။ အဲဒီမှာ ၇ မိနစ်ကနေ ၁၅ မိနစ်ကြား လမ်းလျှောက်ဖြစ်တယ်။ ရုံးနားက ဘတ်စ်ကားဂိတ်ကနေ ရုံးကိုလည်း ၁၀ မိနစ်လောက် လမ်းလျှောက်ရတယ်။

နေရိပ်တဲ့ညနေခင်းဆိုရင် ရုံးကနေ အိမ်ကို စက်ဘီးစီး ပြန်တယ်။ စက်ဘီးစီးတာက ၁ နာရီလောက် အချိန်ပေး နင်းရတယ်။ ကုန်းအတက်အဆင်း ၅ ခု လောက် ဖြတ်ကျော်ရတယ်။ အိမ်ရောက်ရင် လူက တကိုယ်လုံး ချွေးစိုစိုရွှဲပဲ။ ဒါပေမယ့် စိတ်လက်ပေါ့ပါးစေတယ်။
တနေ့ကို ခြေလှမ်းပေါင်း ၁ သောင်းကျော်အောင် လမ်းလျှောက်တယ်။ လေ့ကျင့်ခန်းကို မိနစ် ၃၀ လုပ်ကို လုပ်ဖို့ သတ်မှတ်ထားပေမယ့် လေ့ကျင့်ခန်းက ၁ နာရီစာလောက် လုပ်ဖြစ်တယ်။ တခါတလေမှာ အဲဒီထက်တောင် ပိုသေးတယ်။

တခါတလေ အပျင်းတစ်ပြီး မလုပ်ချင် မကိုင်ချင် ရှိပေမယ့် ကိုယ့်ကိုကိုယ် ချစ်တော့လည်း ကိုယ့်ခန္ဓာကိုယ်ကြီးကို ခိုင်းရပါတယ်။ ကိုယ်မှ မခိုင်းရင် အဲဒီခန္ဓာကြီးက နေ့စဉ်စားသောက်သမျှရဲ့ ဘေးထွက်ပစ္စည်း အဆီအဆိမ့် အဆိပ်တွေ စုပုံသံချေးတွေတက်ပြီး ပျက်ဆီးသွားမှာပဲလေ။

ကဲ... သူငယ်ချင်းတို့ ချစ်လို့ ပြောတာ မှတ်ပါ။ မင်းတို့ကိုယ်တိုင် ကိုယ့်ကိုကိုယ် မချစ်တတ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။ ဘယ်သူကမှ အစားထိုး ဝင်ခံပေးလို့ မရဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်း သဘောပေါက်။

ဘယ်သူ့ကို ပြောနေတာလဲလို့ လာမမေးနဲ့။ ကိုယ့်သူငယ်ချင်းဖြစ်တဲ့ မင်းတို့ကိုပဲ ပြောနေတာပါ။ ဒီထက် ရှင်းတာ မရှိတော့ဘူး ဟုတ်တယ် ဟုတ်။

ကဲ လိုက်ဆို... ဥုံ မပျင်းနဲ့ မဖျင်းနဲ့ သူငယ်ချင်းတို့။ :)

Tuesday, October 17, 2017

Yoon and HFMD

ပြီးခဲ့တဲ့ ၂ ပတ်တုန်းက ယွန်းရဲ့ကျောင်းက ယွန်းကို နှုတ်ခမ်းအတွင်းသားမှာ အနီစက်လေးတွေ ပေါ်နေလို့ဆိုပြီး HFMD (Hand Foot Mouth Disease) လို့ သံသယရှိတယ်ဆိုပြီး ကျောင်းပေးမတက်ဘူး။ ကျောင်းကနေ ချက်ချင်း ပြန်လွှတ်တယ်။ ကလေးက ဖျားလည်း မဖျားဘူး။ လက်တွေ ခြေတွေမှာလည်း အနီစက်တွေ မပေါ်ဘူး။ လန်းလန်းဆန်းဆန်းပဲ။

ယွန်းတို့ကျောင်းက အဲဒီလို HFMD တွေ တွေ့ရင် မိဘတွေအားလုံးဆီကို ကျောင်းမှာ HFMD တွေ့တယ်ဆိုတာမျိုး အီးမေးလ်ပို့တယ်။ ယွန်းကို အိမ်ပြန်လွှတ်ပြီး အဲဒီလို အီးမေးလ် ပို့တော့လည်း ကိုယ်တွေကလည်း HFMD ဖြစ်တယ်ထင်ပြီး ကလေးကို ရေများများတိုက်ပြီး စောင့်ကြည့်ရတာပေါ့။ Virus ဆိုတော့လည်း ကိုယ်ခံအားစနစ်ကပဲ တိုက်ထုတ်ရမှာဖြစ်တော့ ဆေးခန်းတော့ သွားမပြဖြစ်ဘူး။ 

အဲဒါနဲ့ ယွန်းက ၃ ရက်လောက် ကျောင်းမတက်ဖြစ်ဘူး။ နှုတ်ခမ်းထဲမှာ အနီစက်တွေ ပျောက်သွားလို့ ကျောင်းကို ပြန်သွားတော့လည်း ကျောင်းက ဆရာဝန်ရဲ့ ဆေးစာတောင်းတယ်။ ဆရာဝန်မှ မပြတာ ဘယ်က ဆရာဝန်ရဲ့ဆေးစာ ရှိမလဲပေါ့။ အဲဒီနေ့ကတော့ ကလေးကို အသေအချာ စစ်ကြဆေးကြတယ်။ ပါးစပ်ထဲကို အပြူးအပြဲ ကြည့်ကြတယ်။ လက်တွေ ခြေတွေကို အပြန်ပြန်အလှန်လှန် စစ်ကြတယ်။

ဖြစ်ချင်တော့ ကျောင်းပြန်တက်ပြီး နောက်တရက်မနက်ကျတော့ ယွန်းက ဖျားပါလေရော။ ဖျားတာက ရိုးရိုးနှာစေးချောင်းဆိုးပါ။ ဒီတခါတော့ ဆရာဝန် ပြလိုက်တယ်။ ဆရာဝန်ပြရင်း HFMD ဟုတ် မဟုတ်ကို မှတ်ချက်ပေးခိုင်းတော့ ဆရာဝန်က HFMD မဟုတ်ကြောင်း ဆေးစာရေးပေးတယ်။ ဆေးစာရေးခ ၁၀ ဒေါ်လာတော့ပေးရတယ်။

အဲဒီဆေးစာပြပြီး ကျောင်းပြန်တက်တော့မှ အဆင်ပြေတယ်။ မဟုတ်ရင် ကျောင်းက HFMD များဖြစ်နေမလား ဆိုပြီး ကလေးကို အပြူးအပြဲ စစ်ဆေးလွန်းလို့ ကလေးမှာ သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်လေးကို ဖြစ်လို့။ အဲဒီလို ဆေးစာပြပြီး ကျောင်းတက်လို့ ရမှန်းသိရင်လည်း ကျောင်း ၃ ရက် အပျက် ဘယ်ခံမလဲ။

ပြောချင်တာက HFMD ဆိုပြီး ကျောင်းက ပြန်လွှတ်ရင် အနီးအနားက ဆေးခန်းပြပြီး ဆေးစာတောင်းလိုက်ပါ။ ကလေးအထူးကုနဲ့ ပြဖို့တောင် မလိုပါဘူး။ ဆရာဝန်က HFMD မဟုတ်ဘူးလို့ မှတ်ချက်ပေးရင် ကလေးကလည်း လန်းလန်းဆန်းဆန်း နေကောင်းတယ်ဆိုရင် ကျောင်းလွှတ်လို့ ရပါတယ်။

Saturday, March 6, 2010

Sleeping with bra

အတူတူ မအိပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ရေးထားတဲ့ အီးမေးလ် ဖတ်ဖူးကြမှာပါ။ မျက်ကပ်မှန် ဝတ်ပြီး မအိပ်သင့်တာတွေ၊ လက်ကိုင်ဖုန်းကို အိပ်ရာအနားမှာ မထားသင့်တာတွေ၊ လက်ပတ်နာရီဝတ်ပြီး မအိပ်သင့်ကြောင်း၊ သူများ သားမယားနဲ့ ဖောက်ပြားဖို့ မအိပ်သင့်ကြောင်းတွေ ပါတဲ့ အီးမေးလ်လေးပေါ့။ ဘယ်သူရေးမှန်း မသိတဲ့ အဲဒီစာကို ဟိုလူက ပို့၊ ဒီလူက ပို့နဲ့ အွန်လိုင်းကမ္ဘာမှာ ကူးချီသန်းချီ လုပ်နေတာ ကြာလှပါပြီ။ အမည်လေးတောင် မဖော်ပြတော့ အချိန်ပေးပြီး ရေးခဲ့တဲ့သူအတွက် နစ်နာလွန်းလှပါတယ်။ အဲဒီ မေးလ်ထဲမှာပဲ မိန်းခလေးတွေ လိမ်းထားတဲ့ မိတ်ကပ်တွေ မဖျက်ပဲ ညမအိပ်သင့်ကြောင်းနဲ့ ဘရာစီယာဝတ်ပြီး မအိပ်သင့်ကြောင်း ဆိုတာတွေလည်း ပါပါသေးတယ်။ အမေရိကန်က ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်မှာ ၁၂ နာရီထက် ကျော်လွန်ပြီး ဘရာစီယာ ဝတ်ထားရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီမေးလ်ထဲမှာ ရေးထားပါတယ်။

မနေ့ညက တစ်ယောက်သောသူနဲ့ ဖုန်းပြောနေရင်း အမှတ်မထင် အဲဒီကိစ္စကို ငြင်းကြသေးတယ်။ ဘရာ ဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်မယ်လို့ ရေးထားတဲ့ အီးမေးလ်ကြီးကို ဖတ်ထားမိတော့ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်မိတာပေါ့။ ကင်ဆာဆိုတာက သိတဲ့အတိုင်း လူနာရော လူနာရှင်ရော သူငယ်ချင်းတွေရော စိတ်ညစ်စေဖို့ အရမ်းကောင်းတယ်။ ဒီလိုနဲ့ပဲ ဂျီစီဘီအေ တွဲရေးခွဲရေး အမြင်မတူသလိုမျိုး မိန်းခလေးတွေ ဘရာစီယာ ဝတ်ပြီး အိပ်လို့ ရမရ အငြင်းပွါးစရာ ကိစ္စလေးတစ်ခု ဖြစ်လာတယ်။

အဲဒီတော့လည်း အင်တာနက်မှာ ဟိုဟိုဒီဒီ ရှာဖွေ ဖတ်ရှုရတာပေါ့။ တွဲရေးခွဲရေး လိုမျိုးပါပဲ။ တွဲသင့်တယ်လို့ ရေးတဲ့သူလည်း ရေးပါတယ်။ ခွဲသင့်တယ်လို့ နှိုးဆော်တဲ့သူလည်း နှိုးဆော်ပါတယ်။ တွဲချင်တွဲ ခွဲချင်ခွဲ ဆိုတာတွေလည်း ရှိပါတယ်။ ဖတ်နေရင်းနဲ့ လူလည်း ချာချာလည်သွားတယ်။ အဲဒီတော့ ဒီကိစ္စကို အွန်လိုင်းမှာ အစုံသုပ်မော မအယ်လ်နဲ့ တွေ့လို့ လှမ်းမေးကြည့်သေးတယ်။ သူလည်း အိုဂျီ မဟုတ်လေတော့ တိတိပပ မဖြေတတ်ဘူးတဲ့။

ဖတ်မိသလောက်ထဲက ကောင်းနိုးရာရာလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အတွက် ဆိုလို့ အိုမေမေတွေက စိတ်မကောက်ကြပါနဲ့။ ယူသော် ရ၏... လို့ သဘောထားပြီး ယူလိုသမျှကို ယူကြပါ။ မိန်းခလေးတွေအတွက် ဦးတည်ရေးထားတဲ့ စာတွေကို ဝေမျှတာဖြစ်လို့ ဦးဦးကိုကိုညီညီ ကာလသားများ မျက်စိရှက်ရင် ကျော်ဖတ်သွားကြပါလို့ ပြောရင်လည်း မကျော်တဲ့အပြင် တစ်လုံးချင်း တစ်ကြောင်းချင်းကို အပ်ကျမတ်ကျ ဂရုတစိုက် ဖတ်ရှုနေမှာကိုလည်း မြင်မိပါတယ်။ အလွတ်ကျက်မယ့်သူတောင် ရှိနိုင်ပါတယ်လေ။

မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။

တချို့မိန်းခလေးတွေအနေနဲ့ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာဟာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာ မှားတဲ့ကိစ္စတော့ မဟုတ်ပါဘူးတဲ့ဗျာ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ပြီး အိပ်တာ ဆိုရင်ပေါ့လေ။ အသက်ရှုကျပ်လောက်တဲ့ ဘရာတွေတော့ နေ့ဘက်လည်း မဝတ်သင့်သလို ညမှာလည်း မဝတ်သင့်ပါဘူး။ ရင်သား နာကျင်နေတဲ့ အမျိုးသမီးလူနာတွေကိုတောင် တချို့ဆရာဝန်တွေက ဘရာ ဝတ်ပြီး အိပ်ဖို့တောင် အကြံပေးပါသေးတယ်။ ညအိပ်တဲ့အခါ ဘယ်လို ဘရာ အရွယ်အစားမျိုး ဝတ်ဆင်သင့်သလဲ ဆိုတာကိုတော့ ပြောင်းလဲနေတတ်တဲ့ ကိုယ့်အရွယ်အစားကို တိုင်းတာပြီး ဆိုင်မှာ သေချာ ရွေးချယ်ကြပေါ့။

အွန်လိုင်းလောကမှာတော့ ဘရာဝတ်အိပ်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး အမျိုးစုံကို ရေးထားတဲ့ ယုံတမ်းစကားတွေကို ဖတ်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာတော့ အဲဒီယုံတမ်းစကားတွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ် သက်သေပြထားတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဘရာ ဝတ်ပြီး အိပ်လို့ မိန်းခလေးတွေရဲ့ ရွှေရင်နှစ်မွှာ ပိုပြီးလှပတင့်တယ်လာမယ် ဆိုတာလည်း အာလူးတွေပါပဲ။ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင့်တင့်ပေးထားတဲ့ ဘရာကြောင့် ရင်သားတွေ ပျော့အိတွဲကျလာတာကို ကာကွယ်တယ် ဆိုတာတွေလည်း မဟုတ်ပါဘူး။ ရင်သားတွေ ပျော့အိတွဲကျလာတာ အသက်အရွယ်ကြောင့်နဲ့ ကိုယ်ဝန်ဆောင်တာတွေနဲ့ပဲ ပတ်သက်ပါတယ်။ အဲဒီလိုပဲ ဘရာဝတ်ပြီး အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ် ဆိုတာလည်း သက်သေပြစရာ မရှိသေးပါဘူး။ ဘရာ ဝတ်အိပ်လို့လည်း မိန်းခလေးတွေရဲ့ ရင်သား ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်စေတယ်ဆိုတာလည်း မမှန်ပြန်ပါဘူး။

အကောင်းဆုံးကတော့ ပေါ့ပါးချောင်ချိတဲ့ ဘရာစီယာမျိုးကို ဝတ်ပြီး အိပ်ပေါ့။ တချို့သော ညအိပ်ဝတ်တဲ့ ဝတ်စုံအပေါ်ပိုင်းမှာလည်း အသင့်ချုပ်ထားတဲ့ ဘရာတွေ တွဲပါတာမျိုး ရှိပါတယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ်ပါ။ ညအိပ်ဝတ်ဖို့ ရွေးချယ်တဲ့ ဘရာဟာ ကျပ်ထုပ်နေတဲ့ ဘရာမျိုး မဟုတ်ရင် အဆင်ပြေပါပြီ။ ရင်သားထဲကို သွေးလည်ပတ် စီးဆင်းမှုနေတာ အနှောင့်အယှက် မဖြစ်ရအောင်ပေါ့။ မိန်းခလေးတွေ ဘရာကို ဝတ်ပြီး အိပ်ရာဝင်တဲ့ ကိစ္စမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဝတ်ထားတဲ့ ဘရာက သက်တောင့်သက်သာ မရှိလို့ ညဘက် အိပ်မရတာမျိုး ဖြစ်စေတာပါပဲ။

ကဲ... အခုက စပြီး ကျွန်တော် နားလည်လိုက်ပါပြီ။ ဘရာနဲ့အတူ အိပ်ချင် အိပ်.. မအိပ်ချင်လည်းနေ... အရာရာ မင်းပါ မေ... ပါကွယ်။

အရာရာ မင်းပါ မေ...

Saturday, January 16, 2010

Good morning

ငယ်ငယ်တုန်းက ကြော်ငြာတွေ လာရင် ကြည့်ဖြစ်တယ်။ အဲဒီတုန်းက မြန်မာ့ရုပ်သံက ပြတဲ့အစီအစဉ်တွေက ပျင်းဖို့ အလွန်ကောင်းတယ်။ သီချင်းတွေ လာရင်လည်း ပုံတုံးကြီးတွေ။ အရောင်တွေကလည်း မှိန်တိန်တိန်။ ကြော်ငြာတွေကမှ ကြည့်လို့ ပိုကောင်းနေတယ်။ ရိုက်ထားတာလည်း စွဲဆောင်မှု ရှိတယ်။ Good Morning ပေါင်မုန့် ကြော်ငြာဆိုရင် ထက်ထက်မိုးဦးနဲ့ တွဲပြီး မှတ်မိနေတယ်။ အဲဒီခေတ်အခါက အဲဒီပေါင်မုန့်က ဈေးကြီးတယ်လို့ ပြောလို့ရတယ်။ ဆိုင်မှာ ရောင်းမကုန်လို့ ရက်လွန်နေတဲ့ ပေါင်မုန့်ဆိုရင်လည်း သူတို့က အသစ်နဲ့ ပြန်လဲပေးသေးတယ်။ အဲဒီတော့ ဆိုင်တွေက အဲဒီပေါင်မုန့်ကို ဈေးကြီးပေမယ့် ရောင်းကြတယ်။ ကြော်ငြာအားကောင်းတော့ ရောင်းအားလည်း ကောင်းပြန်တယ်။

နောက်ပိုင်းမှာ နန္ဒာလှိုင်ရဲ့ ကြော်ငြာတွေ ပေါ်လာတယ်။ အဲဒီထဲက ကြော်ငြာတစ်ခုကို ကလေးဘ၀တုန်းက အတော်လေးကို နားမလည်ခဲ့တာပါ။ ကြော်ငြာထဲမှာ ပေါင်မုန့်လိုမျိုး အထုပ်လေးကို ပြထားပြီး နွေမိုးဆောင်း ဘယ်လိုပြောင်းပြောင်း အချိန်တိုင်းမှာ အန်းလီပါ... ဆိုပြီး နန္ဒာလှိုင်က ပြောသွားတယ်။ ကလေးပီပီ မြင်မိထင်မိတာက အဲဒါလည်း ပေါင်မုန့်ကြော်ငြာပဲပေါ့။ ဒါကြောင့် မုန့်ဆိုင်ကိုရောက်ရင် အဲဒီအန်းလီကို တကူးတက ရှာကြည့်သေးတယ်။ ဒါပေမယ့် မုန့်တွေထားတဲ့ နေရာမှာ အန်းလီကို ဘယ်တော့မှ မတွေ့ပါဘူး။

အိမ်က အမေကို မေးကြည့်တော့လည်း ရေရေရာရာ မဖြေဘူး။ စားစရာ မဟုတ်ဘူးလို့ပဲ ဖြေတယ်။ စားစရာ မဟုတ်ရင် ဘာလဲ မေးတော့ အဖြေက ဟိုလိုလို ဒီလိုလိုပဲ။ မွေးထားတာကလည်း သားယောကျာ်းတွေပဲ သုံးယောက်။ သမီးမိန်းခလေး လုံးဝမပါ။ ဒီလိုပဲ ကေသီပန် ဆေးကြော်ငြာလည်း ယောင်ဝါးဝါးနဲ့ နားမလည်။ ရွှေမှုန့်စားလို့ လှတာမဟုတ်ဘူး။ ကေသီပန် သောက်လို့ လှတာပါ ဆိုပဲ။ သွေးပုပ်ချဆေး ဆိုတော့ သွေးပုပ်တွေ မရှိတော့ရင် ကောင်းတာပေါ့။ အဲဒီကေသီပန် ၀ယ်သောက်လို့ ရမလားတောင် အဒေါ်ကို မေးကြည့်ခဲ့သေးတယ်။ ခေါင်းလှမ်းခေါက်လို့ ရှောင်လင်ကွန်ဖူး သုံးလိုက်ရသေးတယ်။ မရှောင်ရင် ထိပ်ဖူးတော့မှာလေ။ အီဗာနဲ့ဆို ကိုယ့်ကိုကိုယ် အမြဲယုံကြည်မှု ရှိတယ်လေ... ဆိုပြီး မကြားတကြား လှမ်းစတာလည်း ကြားဖူးခဲ့တယ်။ စာမေးပွဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိအောင် အီဗာဝယ်ဆောင်ရမလို ဖြစ်နေပြီ။

ကျောင်းမှာတော့ အတန်းကြီးသမားတွေ သူတို့အချင်းချင်း စ နောက်နေကြတာ ကြားဖူးတယ်။ အဲဒီမှာ ရာသီလာတယ်ဆိုတာ ကြားဖူးလာတယ်။ သေသေချာချာတော့ မသိဘူး။ အဲဒါက ရှက်စရာကောင်းလို့ပဲ မိန်းခလေးတွေကို မထိတထိ စနောက်နေတာလား။ အဲဒီအကြောင်းအရာက မြန်မာတစ်ယောက်အနေနဲ့ဆိုရင် ရှက်တာရယ် ပြောရမှာ အားနာတာရယ်နဲ့ပဲ လူရှေ့သူရှေ့မှာ ချမပြ၀ံ့တဲ့ စာတစ်ခု ဖြစ်နေတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါ ဆိုသလိုပဲ မသိလို့လည်းမဖြစ် ပြောပြဖို့လည်း ခက်။ ဒါပေမယ့် ပြောဖို့တော့ လိုအပ်နေတယ်။ ယောကျာ်းလေးတွေ အနေနဲ့လည်း အဲဒီကိစ္စကို သိထားသင့်ပါတယ်။ အဲဒါမှပဲ ဒါဟာဖြစ်ရိုးဖြစ်စဉ် သဘာဝဆိုတာ သိလာပြီး မစသင့် မနောက်သင့်တဲ့ဟာဆိုတာ နားလည်လာနိုင်မှာပါ။ အခုချိန်မှာတော့ ကျွန်တော်ဇူလိုင် ကေသီပန် သောက်ဖို့ မလိုမှန်း သိသွားပါပြီ။ ယုံကြည်မှုတည်ဆောက်ဖို့ အီဗာလည်း မဆောင်ထားပါဘူး။ အန်းလီပေါင်မုန့်လည်း မရှာတော့ပါဘူး။ အခုတော့ ကျွန်တော် သိပါပြီလေ။

ကျွန်တော်သိထားသလောက် ပြန်ပြောဝေမျှရမယ်ဆိုရင်... အင်္ဂလိပ်လို Period ဆိုတာ မြန်မာလို ဘာသာပြန်ရရင် ရာသီသွေးပေါ့။ မိန်းကလေးများ အပျိုဖော်ဝင်စမှာ စပြီး မိန်းမကိုယ်လမ်းကြောင်းကနေ သွေးဆင်းပါတယ်။ ပထမဆုံးတစ်ခါမှ မကြားဘူး မမြင်ဘူးတဲ့ ကလေးမတစ်ယောက်အတွက်တော့ အင်မတန်မှ လန့်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ ဘာမှန်းမသိပဲ ဆီးသွားသလို ခံစားရပြီး သွေးတွေ ဆင်းလာတာကို မြင်လိုက်ရတဲ့အခါမှာ သွေးပျက်သွားနိုင်ပါတယ်။ အဲဒီတော့မှ လူကြီးမိဘများကိုပြော... လူကြီးမိဘများက တော်သလို လျော်သလိုပြောပြီး ဖြေရှင်းလိုက်ရပါတယ်။ တိုင်ပင်စရာ ပြောပြစရာ အမေ အဒေါ်မရှိတဲ့ ကလေးမများအတွက်ကတော့ အတော်လေးခက်ပါလိမ့်မယ်။ အဲဒီအခါကျတော့လည်း ကျောင်းက အတန်းဖော် မိန်းကလေးတွေကိုပဲ မေးရမလား။ ဆရာမတွေကိုပဲ ချဉ်းကပ်ရမလား။ ဒွိဟတွေ ဖြစ်ကုန်တယ်။

Period လို့အလွယ်ခေါ်ကြသလို Menstruation လို့လည်း ခေါ်လေ့ရှိကြတယ်။ ပထမဆုံးလာတဲ့ အချိန်မှာ သိပ်တော့မများလေ့ ရှိတယ်။ ပထမဆုံးရက်မှာ နည်းနည်းစလာ။ ဒုတိယနဲ့ တတိယရက်က များများလာ။ လေးရက်နောက်ပိုင်းကနေ စပြီးနည်းသွားတတ်တယ်။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက်နဲ့လည်း မတူဘူး။ တချို့က နည်းနည်းသုံးရက် တစ်ချို့ကများများ ခုနစ်ရက်။ တစ်ချို့ကလည်း လစဉ် လာတယ်။ တစ်ချို့ကလည်း မမှန်ချေဘူး။ မမှန်တဲ့ ကလေးများကတော့ ခက်တယ်။ ပြက္ခဒိန်မှာ မှတ်ထားဖို့အကျင့်ကို မွေးမြူခိုင်းရမယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုလာမယ် ဆိုတာ မသိတော့ အဲဒီရက်ပိုင်းတွေမှာ သွားလာစရာရှိခဲ့ရင် ကြိုတင်ပြင်ဆင် ဆောင်သွားဖို့ သတိရှိကြရတယ်။ အဆင်သင့် ဆောင်ထားတာ မရှိရင်လဲ အတန်းထဲမှာ နီးစပ်ရာကို လှည့်မေးလိုက်ရင် တစ်ယောက်ယောက်မှာတော့ ရှိတတ်ပါတယ်။

တစ်ခါတစ်လေလည်း လာနေကျ ရာသီက ပျောက်သွားတတ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ (၁) မတရားဝလာတဲ့အခါ ( ၂) လေ့ကျင့်ခန်းလုပ်တာ များသွားတဲ့အခါ (၃) ကိုယ်ဝန်ရှိတဲ့အခါတွေပေါ့။ တိတိပပ အကြောင်းရှာမရတဲ့ အဖြစ်တွေလည်း ရှိနိုင်တယ်။ နားမလည်တဲ့အဆုံးတော့ နားလည်တဲ့ဆရာဝန်နဲ့ ပြဖို့ပါပဲ။ လာနေကျက မလာပဲ ပျောက်သွားရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

တစ်ချို့ မိန်းကလေးတွေ များသောအားဖြင့် ရာသီလာတဲ့အခါ ဝမ်းဗိုက်သားပြင်မှာ ကိုက်ခဲမှုဝေဒနာကို ခံစားကြရတယ်။ Dysmenorrhoea လို့ခေါ်ပါတယ်။ သားအိမ်မှာရှိတဲ့ ကြွက်သားတွေရဲ့ လှူပ်ရှားမှု (contracting)ကြောင့် ဆုပ်ဆွဲသလိုမျိုး(Cramp) ကို ခံစားရတယ်။ အတော်ကို ခံစားနာကျင်ရပါတယ်။ အဲဒီအချိန်မှာ အကိုက်အခဲသက်သာစေနိုင်တဲ့ ဆေးမျိုးကို သောက်ပေးရင်တော့ သက်သာမှူရစေပါတယ်။ ဆေးသောက်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြပါ။ တစ်ချို့တွေက ပြင်းပြတဲ့ နာကျင်မှူဖြစ်ပြီး တစ်ချို့တွေကတော့ ခံနိုင်တဲ့ အနေအထားလောက်ပဲ နာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့ သဘောပါပဲ။ အဲဒီကိစ္စက အသက် ၂၅ကျော်ရင်ဖြစ်စေ အိမ်ထောင်ကျပြီးရင်ဖြစ်စေ တဖြည်းဖြည်းနဲ့ သက်သာလာတတ်ပါတယ်။

တစ်ချို့သော မိန်းကလေးတွေက ရာသီမလာခင် တစ်ပါတ်ဝန်းကျင်လောက်မှာ Pre-Menstrual Syndrome (PMS)ဆိုတဲ့ ခံစားမှုမျိုးဖြစ်တတ်ပါတယ်။ ဘာတွေဖြစ်တတ်သလဲဆိုတော့ ခေါင်းကိုက်မယ်။ အထိမခံ ရွှေပန်းကန် ထိလွယ်ရှလွယ်တဲ့ စိတ်ခံစားမှုမျိုးရှိမယ်။ စိတ်ညစ်သလိုလိုဖြစ်မယ်။ စိတ်အပြောင်းအလဲ မြန်ဆန်မယ်။ Moody ခေါ်တာပေါ့။ စိတ်ကို တည်ငြိမ်အောင် လုပ်ရတာလည်း ခက်မယ်။ ပင်ပန်းလွယ် မောလွယ်မယ်။ အလုပ်တစ်ခုခု လုပ်ရင်လည်း ပိုပြီး အားစိုက်သုံးရသလို ခံစားရမယ်။ ဗိုက်ကြီး ပူနေသလိုလည်း ခံစားရနိုင်တယ်။ အစားအစာကို ပိုစားချင်သလိုမျိုး ခံစားချက်လည်း ရှိနိုင်တယ်။ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ တစ်မျိုးမျိုးလည်း ဖြစ်နိုင်သေးတယ်။ လုပ်ရည်ကိုင်ရည်တွေလည်း ကျလာသလိုမျိုး ကိုယ့်ဘာသာ ထင်တတ်တယ်။ ခါးကိုက်သလိုလို ဘာလိုလို အိပ်လို့မရသလိုလို ဘာလိုလို Tension တွေ တက်လာသလို ဖြစ်တတ်တယ်။

အဲဒီအခါမှာ ဒါမျိုးလေးတွေ လုပ်ပေးရင် သက်သာတတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ စားပါ။ လေ့ကျင့်ခန်းလေး လုပ်ပေးဖို့။ အိပ်ရေးဝအောင် အိပ်ဖို့ လိုမယ်။ ဆေးဝါးအကူအညီယူတာ၊ ယောဂကျင့်တာ အနှိပ်ခံတာ၊ ရေကူးတာ ဂီတအကဘက်ကို ခြေဦးလှည့်တာမျိုးတွေ လုပ်ကြည့်ပေါ့။ Vitamins B6, B1, B-complex, C, Calciumနဲ့ iron ဓါတ်ပါတဲ့အစားအသောက်တွေကို ပိုစားပေးသင့်တယ်။ ဆေးလိပ် မသောက်တတ်ရင် ကောင်းပါတယ်။ ဆေးလိပ် သောက်တတ်တဲ့သူတွေက အဲဒီအချိန်မှာ ဆေးလိပ်သောက်တာ လျှော့သင့်ပါတယ်။ အဲဒါနဲ့မှ သက်သာမှု မရရင်တော့ ဆရာဝန်နဲ့ပြဖို့ ဆုံးဖြတ်လိုက်ပါ။

Tampons and pads တွေ၊ Sanitary napkinsတွေကတော့ ရာသီလာတဲ့အခါမှာ သုံးတဲ့ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတစ်မျိုးပါပဲ။ ဟိုခေတ်ဟိုအခါ အစစအရာရာ ရှားပါးလွန်းတဲ့ အချိန်တုံးကတော့ အဝတ်စတွေကို ဖြတ်ဖြတ်ပြီးသုံးရတယ်။ ပြီးတဲ့အခါ ပြန်လျှော်ဖွတ်ကြတယ်။ အခုလို ရွေးချယ်စရာများလာတဲ့ အချိန်မှာတော့ အထုပ်ကလေးတွေကို အဆင်သင့် ဝယ်သုံးရုံပါပဲ။ အဲဒါမျိုးလေးတွေက အတွင်းခံဘောင်းဘီနဲ့ အဆင်ပြေအောင်ထားပြီး စီးဆင်းလာတဲ့ ရာသီသွေးကို စုပ်ထားဖို့ စီမံထားနိုင်တဲ့ ပစ္စည်းလေးတွေပါပဲ။ ဝယ်တဲ့အခါမှာဆိုရင်လည်း ကိုယ့်ရဲ့အနေအထားနဲ့ လိုက်ဖက်ညီမယ့် အရာမျိုးလေးတွေကို ဝယ်ရပါတယ်။ ရာသီသွေးလာတာ နည်းတဲ့သူများကတော့ ခပ်ပါးပါးကိုဝယ်ပြီး များတဲ့သူကတော့ Heavy ဆိုတဲ့ Pad ကို ဝယ်ရမှာပါ။ ညဘက်အတွက်ကိုတော့ နည်းနည်းရှည်တာ ဝယ်ရမှာဖြစ်ပြီး နေ့လည်ဘက်ကတော့ ပုံမှန် အရွယ်အစားကို ဝယ်ရမှာပါ။

အဲဒီ Pad ကို တစ်နေ့ကို သုံးခါ အကြမ်းဖျင်း လဲပေးရပါမယ်။ ရေချိုးပြီးတဲ့အခါ လဲတာ အသင့်တော်ဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ဆိုရင်လည်း မိန်းမကိုယ်ဝန်းကျင်ကို သေချာဆေးကြောပြီးကာမှ Pad ကို သုံးရပါမယ်။ တစ်ချို့သော ရာသီလာများသူတွေက အဲဒီမိန်းမကိုယ်လမ်းကြောင်းထဲမှာပါ သွေးခဲတွေ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အချိန်မှာ မိန်းမကိုယ်ဝန်းကျင်ကိုသာမက မိန်းမကိုယ်ထဲကိုပါ (မရိုမသေ) လက်နှိုက်ပြီး ရှင်းလင်းဆေးကြောပေးရပါမယ်။ အတွင်းပိုင်းကိုပါ ရေနဲ့သေချာဆေးကြောပြီး သန့်ရှင်းစွာထားရပါတယ်။

အဲဒီ Pad ကို မလဲပဲထားရင် ကိုယ်ခန္ဓာကနေ အနံဆိုးတွေ ထွက်ပြီး ဘေးလူ မခံစားနိုင်အောင် ဖြစ်ပါလိမ့်မယ်။ အဲဒီ Pad ကို လွင့်ပစ်ရင်လည်း ဒီအတိုင်း လူမြင်သူမြင် မပစ်သင့်ပါဘူး။ အင်မတန်မှ အော့အော့ဖြစ်သလို ကျန်းမာရေးရှုဒေါင့်အရလည်း မသင့်တော်ပါဘူး။ သတင်းစာလိုမျိုး စက္ကူတစ်ခုခုနဲ့ သေသေချာချာပတ်ပြီးမှ ပစ်သင့်ပါတယ။် ပစ်တဲ့အခါမှာလည်း လမ်းပေါ်မဟုတ်ပဲ အမှိုက်ပုံးထဲကို သေချာပစ်ရပါမယ်။ ဘယ်တော့မှ အိမ်သာအိုးထဲကို မပစ်ပါနဲ့။ အိမ်သာ ရေဆင်းလမ်းကြောင်းကို ပိတ်ဆို့သွားပါလိမ့်မယ်။ အဲဒီ Pad တွေကို ရေဖျောဖို့လည်း မစဉ်းစားပါနဲ့။ လုံးဝ မဖြစ်နိုင်ပါ။

တစ်ချို့ကလည်း Tampons ဆိုတာ သုံးလေ့ရှိကြတယ်။ အဲဒါက ဘယ်လိုမျိုးလဲဆိုတော့ ရှည်ရှည်မျောမျော အစကလေးကို မိန်းမကိုယ်ကြားထဲ ထည့်ထားလိုက်တာပါပဲ။ စီးဆင်းလာတဲ့ ရာသီသွေးကို အဲဒီဟာလေးက စုပ်ထားပေးပါလိမ့်မယ်။ ရာသီသွေးဆင်းတာ နည်းတတ်တဲ့သူအတွက်ပဲ ကောင်းပါမယ်။ ရာသီသွေး များများလာတတ်တဲ့ သူအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့ကတော့ အဲဒါကို သုံးရမှာ မကြိုက်လို့ မသုံးကြပါဘူး။

အားကစားလည်း ရာသီလာချိန်မှာ လုပ်နိုင်ပါတယ်။ ရေကူးတာမျိုးလည်း လုပ်လို့ရပေမဲ့ အခုခေတ်မှာ HIVလို ကူးစက်ရောဂါတွေကို ကြောက်နေရတဲ့ အချိန်မှာတော့ ရာသီလာချိန်မှာ လူအများရှိနေတဲ့ ရေကူန်းကန်ထဲကို မဆင်းသင့်ဘူးလို့ မြင်မိတာပါပဲ။ HIV မရှိပါဘူးလို့ သေချာနေပေမယ့်လည်း အသည်းရောင် အသားဝါ အေပိုး ဘီပိုး စီပိုးတွေ၊ ဘာမှန်းမသိနိုင်သေးတဲ့ ရောဂါတွေက သွေးတွေထဲမှာ ရှိနေတာဆိုတော့ ရေကူးကန်ထဲဆင်းပြီး အများသူငါကို ဖြန့်ဝေပေးနေသလို ဖြစ်သွားမလို့ တွေးမိနေတယ်။ ကိုယ်တွေက အကြောက်လွန်နေတာလည်း ဖြစ်ပါလိမ့်မယ်။

~~~
အချက်အလက်တွေကို ဒီနေရာက မှီငြမ်းပါတယ်။ ကိုယ်တွေ့လုံးဝမရှိပေမယ့် တတ်သိနားလည်တဲ့ ဆရာဝန်တွေဆီက မေးမြန်းလေ့လာထားတဲ့ အချက်တွေနဲ့ စိတ်ကူးထဲက အတွေး ဟိုတစ်စ ဒီတစ်စတွေကို ပေါင်းစပ်ရေးပါတယ်။

Saturday, December 5, 2009

Fighting the HIV stigma

နာမည်ပျက်လေး ရှိခဲ့လို့... လူတကာတွေက ရှောင်ဖယ်ကြတယ် ဆိုတာ ကျွန်တော်တို့ လူ့ဘောင်လောကမှာ မြင်တွေ့နေကြမို့ သိပ်ပြီးမဆန်းလှပါဘူး။ တံဆိပ်တွေ ကပ်ကြတာ လူတွေရဲ့ သဘာဝပါ။ တံဆိပ်ကပ်တဲ့ နောက်ကွယ်မှာ အတူတွဲပါလာတဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်တွေကိုတော့ သတိထားမိကြတဲ့သူ ရှိသလို သတိမမူမိတဲ့သူလည်း ရှိကြမှာပါ။ ငါနဲ့မဆိုင်ပါဘူး ဆိုပြီး ဘာသိဘာသာ နေကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလို လည်နေတတ်တယ်။ စက်ဝိုင်းတွေ လွှမ်းမိုးနေတဲ့ လူ့ဘ၀မှာ မဆိုင်ပါဘူး ဆိုတဲ့သူတွေဆီ အကျိုးဆက်တစ်ခု ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

လေးလုံးရောဂါ ဆိုလို့ မျက်မှန်တပ်တဲ့ လူတွေကိုများ ပြောသလားပေါ့... ဆိုပြီး တပ်ထားတဲ့ မျက်မှန်တောင် ကိုယ့်ဘာသာ ပြန်စမ်းမိတယ်။ အဲဒီကောင်မ အေကိုက်နေတယ်တော့... ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် အတင်းချတယ်။ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်။ တချို့ကတော့ စကားဝှက်လေးနဲ့ အေ၀မ်းဒီဖိုက် ဆိုပဲ။ အဲဒီကနေ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာတယ်။ တောထုတ်ချင်လာတယ်။ ဝေးဝေးရှောင်တယ်။

လမ်းဆုံလမ်းခွတွေမှာ ကုရာနိတ္ထိ ဆေးမရှိ... ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်လိုက်တော့ အခြေအနေ ပိုဆိုးသွားတယ်။ နဂိုကမှ ခွဲခြားဆက်ဆံခံရတဲ့အထဲ အဲဒီလိုမြင်လိုက်ရတော့ လူတွေရဲ့ တကိုယ်ကောင်းဆန် အတ္တကို မီးကူထိုးပေးလိုက်သလို ဖြစ်ကုန်တယ်။ ရောဂါပိုး ကူးစက်ခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေ များလာတယ်။ တကယ်တော့ လောကမှာ ကုမရတဲ့ ရောဂါတွေ အများကြီးပါ။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဘီပိုး၊ သွေးကင်ဆာ... ဘယ်မှာ အရှင်းပျောက်အောင် ကုလို့ရလို့လဲ။ ရောဂါသက်သာအောင် အခြေအနေ ပိုမဆိုးအောင်ပဲ လုပ်လို့ရတာမျိုးပါ။ အေလည်း ဒီအတိုင်းပါပဲ။ ပျောက်အောင် ကုလို့မရပါဘူး။ ဒါဖြင့် ဘာကွာလို့များ လူတွေက အသည်းအသန် ကြောက်လန့်နေရသလဲ။

လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ... မိမိဇနီးခင်ပွန်းအပေါ်မှာ သစ္စာရှိပါ... တစ်လင် တစ်မယားစနစ် ကျင့်သုံးပါ... ဆိုတဲ့ လူမြင်ကွင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကြောင့် နှာဘူးကျလို့ တဏှာကြီးတဲ့ ကာမဘီလူးတွေပဲ အေအိုင်ဒီအက်စ် ရောဂါရသလို လူတွေက ထင်ကုန်ကြတယ်။ ဒီရောဂါရှိရင် ယောကျာ်းလေးဆို နှာဘူး သို့မဟုတ် ဂန်ဒူးလို့ ထင်ကြတယ်။ မိန်းခလေးဆို အရပ်ပျက်မ ရွစိစိန် သို့မဟုတ် အောက်အီးအွတ်ပေါ့။ ကဲ... ဥမမယ် စာမမြောက်သေးတဲ့အရွယ် ကလေးငယ်တွေကို ဘယ်လို ပြောကြအုံးမလဲ။ ဘယ်တံဆိပ် ကပ်ကြအုံးမလဲ။ တကယ်တော့ ရောဂါဘေးတားဆီးတဲ့ နေရာကနေ မမျှော်မှန်းထားပဲ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို နာမည်ပျက်တစ်ခုအနေနဲ့ ဘ၀တစ်သက်စာ အလူးအလိမ့် အလဲအကွဲ ခံစားရတာက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံလိုက်ရတဲ့ အသိုင်းအ၀ိုင်းပါပဲ။

အိတ်ခ်ျအိုင်ဗွီပိုးက လိင်အပျော်အပါး တစ်ခုတည်းကနေ ကူးတာ မဟုတ်မှန်း အခုအချိန်မှာ အတော်များများ နားလည်သိရှိပြီးသားပါ။ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆေးထိုးအပ်တွေ၊ စနစ်တကျ မရှိလှတဲ့ သွေးသွင်း ကုသမှုတွေကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သိပေမယ့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှောင်ခွာဖယ်ကျဉ်မှုတွေ ရှိနေတုန်းပါပဲ။ အဲဒီလို ခွဲခြားဆက်ဆံမှုကြောင့် နာမည်ဆိုးတွေ ဖြစ်စေကုန်တယ်။ နာမည်ပျက်ကုန်တယ်။ အရိပ်မည်းကြီး မိုးကုန်တယ်။

နာမည်ဆိုး အရိပ်မည်းကြောင့် ဘာတွေဖြစ်ကုန်လဲ။ ရောဂါပိုး ရှိကြောင်း ပြောရမှာ ရှက်လာတယ်။ အပြစ်တစ်ခု ရှိသလို ခံစားလာရတယ်။ လူတွေကို ကြောက်လာတယ်။ ခံယူချက်တွေ မှားလာတယ်။ အမူအကျင့်တွေ ပြောင်းကုန်တယ်။ တချို့က လောကကြီးကို အရွဲ့တိုက်ကြတယ်။ အဲဒါကြောင့် ရောဂါပိုးကို ဆက်လက် ဖြန့်ဖြူးတယ်။ တချို့က ဇာတ်မြှုပ်ပြီး ဘ၀ကို အမြန် အဆုံးသတ်ချင်လာတယ်။ ဒါကြောင့် သတ်သေတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ကတော့ ပျော်ရွှင်ကြည်နူးစရာ မဟုတ်တာတော့ သေချာပါတယ်။

နာမည်ပျက်ဖြစ်စေတဲ့ အရာတွေက အများကြီးပါ။ အလွယ်တကူ မြင်နိုင်တဲ့အရာကတော့ ရပ်ကွက်ထဲမှာ အတင်းပြောတာပါပဲ။ အတင်းပြောတာက အတော်လေး ပြောလို့ ကောင်းပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ မကောင်းပါဘူး။ အတင်းပြောခံရတဲ့ လူအနေနဲ့ လူ့အသိုင်းအ၀ိုင်းကနေ တဖြည်းဖြည်း ဝေးကွာလာပါတယ်။ အတင်းပြောခံရမှာ ကြောက်ပြီး သူ့မှာ ရောဂါရှိနေကြောင်း ဖွင့်ပြောရဲတဲ့ သတ္တိတွေလည်း လျှော့နည်းကုန်တယ်။ ရောဂါရှိမှန်း မသိတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲ။ မြင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကိုရေးရင် ကျမ်းတစ်စောင် ဖွဲ့လို့ရပါတယ်။ အဲဒီတော့ အနှစ်ချုပ် တိုက်တွန်းချင်တာက ရောဂါပိုး ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မလုပ်ပါနဲ့။ နာမည် မဖျက်ကြပါနဲ့။ နှာခေါင်း မရှုံ့ပါနဲ့။ အတင်း မတုပ်ပါနဲ့။ သူတို့ကို ပုံမှန်အတိုင်း ဆက်ဆံပါ။ စကားပြောပါ။ ကြင်နာပါ။ ဖေးမပါ။ ကူညီပါ။ ရောဂါပိုး ရှိတဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို သေသေချာချာ နားထောင်ပေးပါ။ စိတ်ဝင်တစား ပြန်လည်ဆွေးနွေးပါ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မဖြစ်ရအောင် ၀ိုင်းဝန်း ကာကွယ် တားဆီးပေးကြပါ။ ကိုယ်တိုင် ဦးဆောင်ပြီး လှုပ်ရှားပြပါ။ မီဒီယာတွေကလည်း လွှဲမှားတဲ့ အသိတရားတွေ မဖြစ်ရလေအောင် သေချာ စိစစ်လေ့လာပြီး ပညာပေးတွေ ပြုလုပ်ပေးစေလိုတယ်။

နေခွင့်ရတဲ့အခိုက်မှာ ကမ္ဘာလောကကြီးကို လှပစေချင်တယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိနေတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အပြစ်တစ်ခုလည်း မဟုတ်ပါဘူးဆိုတာ လက်ခံလိုက်ကြပါ။ အင်း... ပြောတာတော့ လွယ်ပါတယ်။ ခေါင်းညိမ့်ဖို့လည်း လွယ်ပါတယ်။ တကယ်လုပ်ဖို့က အတော် ခက်လှပါတယ်။ ဒါပေမယ့် ကြိုးစားကြည့်ရအောင်ဗျာ။

Friday, September 11, 2009

Hemoglobin

လူနာက သွေးသွင်းဖို့ လိုနေတယ်။ သွေးလာလှူပေးပါဆိုလို့ ဆေးရုံမှာ သွေးသွားလှူကြတယ်။ လိုအပ်တဲ့ သွေးအမျိုးအစားလည်း တူအောင် စီစဉ်ကြတယ်။ ဘီသွေးလိုတယ်ဆိုလို့ ဘီသွေးအလှူရှင် ခေါ်လာတယ်။ အေသွေးလိုတယ်ဆိုရင် အေသွေးသမား ပါလာတယ်။ ခေါ်လာတဲ့ သွေးလှူရှင်မှာ ယောကျာ်းလေးတွေလည်း ပါတယ်။ မိန်းခလေးတွေလည်း ပါတယ်။ ဓါတ်ခွဲခန်းကနေ သွေးစစ်ပြီးတော့ ထွက်လာကြတဲ့ တချို့က ခေါင်းခါပြတယ်။ တချို့က ခေါင်းငိုက်စိုက်နဲ့။ အေဘီစီများလား။ ဘာများဖြစ်ကြသလဲ ဆိုပြီး စိုးစိတ်တိုးတိတ် မေးရမြန်းရပြီပေါ့။ သူတို့ရဲ့ အဖြေက သွေးလှူလို့ မရဘူးတဲ့။

သွေးဘဏ်ကို သွေးလှူရှင်တွေ လိုက်ပို့ပေးခဲ့ဖူးတဲ့ သက်တမ်းတလျှောက် သွေးလှူခွင့်မရတဲ့ ကြုံခဲ့ရသမျှမှာ အများစုက သွေးမှာ ဟေမိုဂလိုဗင် မပြည့်လို့ပါတဲ့။ အဲဒီ ဟေမိုဂလိုဗင်ဆိုတာကို ကြားဖူးကြမယ် ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေလည်း ရှိကြပါမယ်။ တချို့က သွေးလှူဖူးပေမယ့် ဟေမိုဂလိုဗင် စစ်တယ်ဆိုတာကို မသိလိုက်တာလည်း ရှိနိုင်တယ်။ တချို့က ဟေမိုဂလိုဗင်ဆိုတာ ကြားဖူးကြပေမယ့် ဘာမှန်းဆိုတာကို မသေချာ မရေရာတာလည်း ဖြစ်နိုင်ပြန်တယ်။

၁၈၄၀ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ကြတဲ့ ဟေမိုဂလိုဗင်ဆိုတာ သွေးနီဥထဲမှာရှိတဲ့ ပရိုတင်းပါတဲ့ဓါတ်တစ်မျိုးပါ။ သူက သွေးကို အနီရောင်ဖြစ်စေတဲ့ အရာလေးပဲပေါ့။ ပြီးတော့ သူက အဆုတ်တွေကနေ အောက်ဆီဂျင်ကို သယ်ပေးသေးတယ်။ ဟေမိုဂလိုဗင် မပြည့်ဘူးဆိုတာ သွေးထဲမှာ သွေးနီဥ အရေအတွက် နည်းနေတာလည်း ဖြစ်နိုင်သလို သံဓါတ်ချို့တဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်။

သွေးမလှူခင်မှာ ဟေမိုဂလိုဗင်ကို အမြဲစစ်ပါတယ်။ လက်ထိပ်က ဖောက်ထုတ်လိုက်တဲ့ သွေးစက်လေးကို အပြာရောင် ဓါတုဆေးရည် ထည့်ထားတဲ့ ဖန်ခွက်ထဲ ချကြည့်ပါတယ်။ သွေးစက်လေးက အပေါ်ကနေ ကျလာတဲ့ အရှိန်ကြောင့် ဖန်ခွက်ထဲက အရည်ထဲကို တိုးဝင် နှစ်မြှုပ်သွားပေမယ့် ဖန်ခွက်အောက်ခြေထိ မရောက်ခင်မှာ သံဓါတ် အားမကောင်းတဲ့ သွေးစက်တွေဟာ အရည်မျက်နှာပြင်ပေါ်ကို ပြန်တက်လာပါတယ်။ ဟေမိုဂလိုဗင် ပြည့်တဲ့ သွေးစက်တွေပဲ အောက်ခြေအထိ ဆင်းသွားပါတယ်။ ဖန်ခွက် အောက်ခြေအထိ မရောက်တဲ့ သွေးကို ဟေမိုဂလိုဗင် တိုင်းတာတဲ့စက်နဲ့ တစ်ခါပြန်စစ်ပါတယ်။ အနိမ့်ဆုံး သတ်မှတ်ချက်ကို ပြည့်မီတယ်ဆိုရင် သွေးလှူခွင့် ပေးပါတယ်။

ဘယ်လို အကြောင်းအရာကြောင့် ဟေမိုဂလိုဗင် အားနည်းရတာလဲဆိုရင် အဓိကအဖြေကတော့ သံဓါတ်ပါတဲ့ အစားအစာတွေ စားသုံးမှု နည်းလို့ပါ။ အသားမစားရင်၊ နို့ထွက်ပစ္စည်း စားသုံးတာ နည်းလွန်းရင် သံဓါတ် ချို့တဲ့နိုင်ပါတယ်။ သတ်သတ်လွတ် စားတဲ့သူတွေ၊ ကိုယ်အလေးချိန် လျှော့ချဖို့ အစားရှောင်နေတဲ့ သူတွေမှာ သံဓါတ် အားနည်းတာကို တွေ့ရနိုင်ပါတယ်။ သံဓါတ်ပါတဲ့ အစားအစာတွေကို စားသောက်ပေမယ့်လည်း နေထိုင်မကောင်းတဲ့အချိန်၊ ကိုယ်ထဲမှာ ဗီတာမင်စီဓါတ် နည်းနေတဲ့အချိန် ခန္ဓာကိုယ်မှာ သံဓါတ်စုတ်ယူမှု အားနည်းနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုတွေကြောင့်လည်း သံဓါတ် အားနည်းတတ်ပါတယ်။ လိပ်ခေါင်းဖြစ်နေတဲ့သူတွေလည်း ဟေမိုဂလိုဗင် အားနည်းနိုင်ပါတယ်။ မိန်းခလေးတွေ ရာသီဓမ္မတာလာတဲ့ ကာလမှာ ဟေမိုဂလိုဗင် အားနည်းနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာလည်း ဖွံ့ထွားလာတဲ့ သန္ဓေသားက မိခင်ဆီကနေ သံဓါတ်ကို ရယူတဲ့အတွက် မိခင်မှာ သံဓါတ် အားနည်းစေပါတယ်။ ဒါကြောင့် မိန်းခလေးတွေကို ရာသီလာနေတဲ့အချိန်၊ ကိုယ်ဝန်ဆောင်တဲ့ အချိန်၊ မီးဖွားပြီးတဲ့ အချိန်တွေမှာ သွေးလှူဒါန်းခွင့် မပြုပါဘူး။

ဟေမိုဂလိုဗင် အားကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုရင် အဖြေကတော့ သံဓါတ်ပါတဲ့ အစားအစာတွေကို များများ စားသောက်ပေးပါလို့ပဲ ဖြေရပါမယ်။ ပဲအမျိုးမျိုး၊ အသည်း၊ အသားတွေဟာ သံဓါတ် အားကောင်းတဲ့ အစားအစာတွေပါပဲ။ သစ်သီးတွေထဲမှာဆိုရင် ငှက်ပျောသီး၊ ထောပတ်သီး၊ သခွါးမွှေး၊ စတော်ဘယ်ရီနဲ့ စပျစ်သီးတွေက သံဓါတ် အားတိုးစေပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာဆိုရင် ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ မုန့်လာဥ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူးတို့ကို များများ စားသင့်ပါတယ်။

ဗီတာမင်စီပါတဲ့ အစားအစာကို အတူတွဲပြီး စားပေးရင် သံဓါတ်စုတ်ယူမှုကို ပိုမို အားကောင်းစေတဲ့အတွက် ဗီတာမင်စီပါတဲ့ ကီဝီသီး၊ လိမ္မော်သီးတွေကို သံဓါတ်ပါတဲ့ အစားအစာတွေနဲ့အတူ စားပေးသင့်ပါတယ်။ စားလိုက်တဲ့အစာကနေ သံဓါတ်တွေ စုတ်ယူမှုကို လက်ဖက်ရည်က အနှောင့်အယှက်ပေးတဲ့အတွက် သံဓါတ် အားနည်းတဲ့သူတွေ လက်ဖက်ရည် လျှော့သောက်သင့်ပါတယ်။ လက်ဖက်လည်း လျှော့စားသင့်ပါတယ်။ တစ်ခု သတိပေးချင်တာကတော့ ခန္ဓာကိုယ်ထဲမှာ သံဓါတ်တွေ အရမ်းများနေရင်လည်း မကောင်းပါဘူး။ ဒါကြောင့် ဘယ်အရာမဆို တရားလွန် မစားကြဖို့ သတိထားစေလိုပါတယ်။

သြော်... လူသားတွေရဲ့ သွေးထဲက ဟေမိုဂလိုဗင် ဘယ်လိုပုံစံမျိုး ရှိသလဲဆိုတာ ပြောဖို့ ကျန်ခဲ့တော့မလို့။ ကဲ... မြင်ဖူးသွားရအောင် ဘယ်လိုပုံစံလေးလဲဆိုတာ ပုံကိုပဲ ကြည့်လိုက်ပါတော့ဗျာ။

Photo Credit: Wikipedia

Wednesday, September 9, 2009

Myths about blood donation

သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါတယ်။ ကျွန်တော့်မှာလည်း အတွေးမှား အမြင်မှားတွေ ဟိုတချိန်တုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။

၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။

၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။

၅။ သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။

၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။

၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။

၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။

အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

Tuesday, September 8, 2009

Blood facts in general

သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။

သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။

သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။

သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။

အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။

သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။

သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ၀င်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။

သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။

သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။

သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။

သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။

အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။

သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။

သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။

သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။

အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။

လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာဝအလျှောက် ထုတ်လုပ်ပေးတာပါ။

Wednesday, August 12, 2009

Malaria parasites



ငှက်ဖျားပိုးဟာ သွေးနီဥတွေကို မာတောင့်သွားစေနိုင်တဲ့အတွက် သွေးကြောထဲကို သွေးနီဥတွေ ဖြတ်သန်း စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကင်ဆာကတော့ ပြောင်းပြန်ပါပဲ။ ကင်ဆာဆဲလ်တွေဟာ ပျော့ပြောင်းလွန်းတဲ့အတွက် တခြားတစ်ရှုးတွေဆီကို ကူးစက်ပျံ့နှံ့ဖို့အတွက် အလွန်လွယ်ကူတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ရှိမှုကို စင်္ကာပူအမျိုးသားတက္ကသိုလ်နဲ့ မန်ဆာချူးဆတ် နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်း လေ့လာတဲ့ သုတေသနလုပ်ငန်းကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။

သွေးနီဥတွေရဲ့ အချင်းဟာ ၈ မိုက်ခရိုမီတာပဲ ရှိပါတယ်။ ဆံခြည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံစာလေးပေါ့။ ဒါပေမယ့် ဦးနှောက်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေဟာ ၂ မိုက်ခရိုမီတာပဲ ရှိပါတယ်။ ဒါကြောင့် သွေးနီဥတွေဟာ အဲဒီလို ဆံခြည်မျှဉ်သွေးကြောလို သွေးကြောသေးသေးလေးတွေမှာ ဖြတ်သန်းနိုင်ဖို့အတွက် အ၀ိုင်းကနေ ရှည်မျှောမျှောလေးတွေ ဖြစ်အောင် ပုံစံပြောင်း ဆွဲဆန့်လေ့ရှိပါတယ်။ လိုရာနေရာကို ဖြတ်သန်းပြီးတဲ့နောက် သွေးကြောအကျယ်တွေထဲကို ပြန်ရောက်တဲ့အခါ မူလအ၀ိုင်းပုံစံကို ပြန်ပြောင်းလေ့ရှိပါတယ်။

ငှက်ဖျားရောဂါပိုး သွေးကြောထဲကို ရောက်သွားတဲ့အခါမှာ ငှက်ဖျားပိုးက သွေးနီဥတွေကို မာတောင့် စေးကပ်သွားအောင် ပြောင်းပစ်လိုက်တဲ့အတွက် ငှက်ဖျားပိုး ကူးခံထားရတဲ့ အခြားသွေးနီဥတွေနဲ့ ပေါင်းစပ်မိပြီး သွေးအစုအခဲတွေ ဖြစ်ကုန်ပါတယ်။ အဲဒီလို သွေးနီဥ အစုအခဲတွေ ဖြစ်ကုန်တဲ့အခါ ပုံစံပြောင်း ဆွဲဆန့်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ငှက်ဖျားပိုးရှိနေတဲ့ သွေးနီဥတွေဟာ ဆံခြည်မျှင် သွေးကြောလေးတွေထဲနေ ဖြတ်သန်းပြီး အခြားသွေးကြောတွေဆီကို စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ သွေးဖြတ်သန်း စီးဆင်းမှု မရှိတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေဟာ လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် မရရှိတော့ပါဘူး။ ဒါကြောင့် သတိလစ် မေ့မြောတာတွေ ဖြစ်နိုင်ပါတယ်။

ကင်ဆာဆဲလ်တွေကတော့ သွေးနီဥတွေလို မဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေဟာ ပိုပြီး ပျော့ပြောင်းပါတယ်။ အလွန်သေးတဲ့ ဆံခြည်မျှင် သွေးကြောတွေထဲကို ကျုံ့ဝင်နိုင်ပါတယ်။ မူလပုံစံ ပြန်မယူခင် အချိန်လေးမှာတင် ခန္ဓာကိုယ်အတွင်း နေရာဝေးဝေးကို ကူးလူး သွားလာနိုင်တာကို တွေ့ရှိရပါတယ်။

Sunday, July 26, 2009

Stop Dengue. Act Now!

ခြင်ဆော်မယ့် စီမံချက်ကို လုပ်မယ် လုပ်မယ်ဆိုပြီး ပြင်နေတာ ကြာပါပြီ။ ရှေ့နှစ်ကတည်းက စိတ်ချင်းနီးတဲ့ လူတစ်စုနဲ့ တိုင်ပင်ဖြစ်ထားခဲ့တယ်။ ဒါပေမယ့် အကောင်အထည် မဖော်ဖြစ်သေးဘူး။ လူဆိုတာ ကိုယ့်အသား မနာသေးသရွေ့ အေးဆေး နေတတ်ကြတာ ဆိုတော့ ကျွန်တော်လည်း လူသားထဲက လူတစ်ယောက်ဆိုတော့ လူပီသမိနေတယ်။ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ အခုဇူလိုင်လမှ အကောင်အထည် ဖော်ဖြစ်သွားတယ်။

မိုးရာသီရဲ့ ဇူလိုင်၊ သြဂုတ်လတွေက သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ ရာသီတွေပေါ့။ ဇွန်မှာ စတင်သွန်းဖြိုးတဲ့ မိုးရေတွေနဲ့ ရေကြည်အိုင်တွေ ဟိုနားတကွက် ဒီနားတကွက် ကဗျာဆန်ဆန် မြင်ရမှာပါ။ လွမ်းတတ်တဲ့သူအဖို့ ဒီရေကြည်အိုင်တွေက လွမ်းစရာရှုခင်းတစ်ခုလိုလို။ ဒီလိုပဲ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေအတွက် ခြေဆေးလို့လည်း ကောင်းပြန်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီလို ရေကြည်အိုင်သေးသေးလေးမှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ အေဒီးစ်ခြင်တွေ စံတင်လောက်တဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဗုန်းဗလောအော ပေါက်ဖွားတာပါပဲ။ တခြား ရေကြည်စုတဲ့ နေရာတွေမှာလည်း ခြင်တွေ ပေါက်ပြန်တယ်။ ခြင်တွေ များလေလေ ခြင်ကိုက်ခံရလေလေပေါ့။

အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉

သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်က နေ့ဘက် အလင်းရောင်ရှိတဲ့အချိန်မှာ ကိုက်တတ်ပါတယ်။ ခြင်ထောင် ထောင်အိပ်ဖို့ မဖြစ်နိုင်တဲ့ အချိန်မျိုးပေါ့။ အရေထူနေပြီဖြစ်တဲ့ လူကြီးတွေက အလုပ်တွေများပြီး ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွားဆိုတော့ ခြင်က ကိုက်ဖို့ အခွင့်သိပ်မသာရှာဘူး။ ကလေးတွေကတော့ ခြင်ကိုက်လည်း မသိ။ ခြင်အုံနေလည်း မသိ။ ခြင်ဝဲနေလည်း မသိ။ သူ အာရုံဝင်စားနေတဲ့ တစ်ခုခုမှာပဲ စိတ်က ရှိနေတတ်တယ်။ အလုပ်တစ်ဖက်နဲ့ လူကြီးတွေကလည်း ကလေးအနားမှာ အချိန်ပြည့် အသေအချာ ဂရုမစိုက်နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များလာတယ်။

အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉

၂၀၀၇ မိုးစဲနေရဲ့ အလင်းရောင်အောက် နေ့လည်ခင်းမှာ သူငယ်ချင်းတစ်ယောက် အရေးပေါ် သွေး လာတောင်းတယ်။ မူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ သားအတွက် ဘီသွေး ၆ လုံး လိုတယ်တဲ့။ ဘယ်အတွက် လိုတာလဲ မေးကြည့်တော့ သွေးလွန်တုပ်ကွေးဖြစ်လို့ ကလေးဆေးရုံမှာ တင်ထားတယ်ဆိုပြီး ပြန်ဖြေတယ်။ အဲဒီကလေးက နေမကောင်းဖြစ်တာ ၃ ရက်လောက် ရှိပြီ။ ဒါပေမယ့် သာမာန်ဖျားနာတာလို့ ထင်ပြီး ဆေးမြီးတိုလေးတွေနဲ့ အိမ်မှာပဲ ကုနေခဲ့လိုက်တယ်။ ဒီလိုနဲ့ ကလေးက ကော်ဖီရောင်တွေ အန်နေပြီ။ လက်တွေ ခြေတွေမှာလည်း အနီအစက်ပြောက်လေးတွေ ထွက်လာပြီ။ အဲဒီတော့မှ ဆေးခန်းပို့ပြီး ဆရာဝန် ပြကြည့်တယ်။ ဆရာဝန်က ဆေးရုံ အမြန်တင်ရမယ် ဆိုလို့ သွေးလာတောင်းတဲ့ မနက်မှာမှ ကလေးဆေးရုံကို တင်လိုက်ရတာ။

အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉

လိုနေတဲ့ ဘီသွေး ၆ လုံးအတွက် သွေးလှူရှင်တွေ ရှာလိုက်ပြီး ကလေးဆေးရုံကို ထွက်လာခဲ့လိုက်တယ်။ ဆေးရုံရောက်တော့ သွေး ၂ လုံးကို ချက်ချင်းသွင်းမယ်ဆိုလို့ သွေးလှူရှင် ၂ ယောက်ကို သွေးစစ်တယ်။ သွေးအဖြေ ထွက်လာတော့ အားလုံးအိုခေတယ် ဆိုတာနဲ့ သွေးချက်ချင်း ဖောက်ထုတ်ပြီး ကလေးလူနာမှာ သွေးသွင်းကုသပေးတယ်။ မွေးချင်းမရှိ၊ တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အသက်ကြီးမှ ရထားတဲ့ ကလေးဖြစ်လို့ ဆရာကြီးတို့ခမျာ ရတက်ပွေနေရှာတယ်။ သွေး ၂ လုံး သွင်းပြီးတဲ့နောက် ကလေးက နေလောင်ပန်းလို နွမ်းနေတာကနေ မိုးဆန်းပန်းလို လန်းစပြုလာတယ်။ ကလေးအဖေဖြစ်တဲ့ ဆရာကြီးလည်း မျက်နှာလေး ရွှင်လာတယ်။ ဆရာဝန်တွေ သူနာပြုဆရာမတွေ သွေးလှူရှင်တွေကို ကျေးဇူးတင်စကားတွေ ဘာတွေ ပြောနိုင်လာတယ်။

အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉

ညပိုင်းမှာ သွေး ထပ်သွင်းဖို့အတွက် သွေးမလှူရသေးတဲ့ သွေးလှူရှင် ၄ ယောက်ကို သွေးနမူနာ ဖောက်ပြီး သွေးစစ်ထားမယ်တဲ့။ အဲဒီအတွက် စောင့်နေပါအုံးဆိုလို့ ဆေးရုံဓါတ်ခွဲခန်းရှေ့မှာပဲ ထိုင်စောင့်နေလိုက်တယ်။ ပထမဦးဆုံး သွေးလှူရှင် ၂ ယောက်ကို သွေးနမူနာ ယူတယ်။ နောက်ထပ် ၂ ယောက်ကို သွေးဖောက်ဖို့ လုပ်နေတုန်း ကလေး ရှော့ခ်ဖြစ်လို့ ဆရာဝန်တွေ အလုပ်ရှုပ်နေတယ် ဆိုတဲ့အကြောင်း သွေးဖောက်ခန်းထဲကို သတင်းဝင်လာတယ်။ ခဏကြာတော့ ကလေးလေး ဆုံးသွားပြီဆိုတဲ့အကြောင်း လာပြောတဲ့ သတင်းဆိုးနဲ့ပဲ ဆရာကြီးခမျာ အထူးကြပ်မတ်ကုသဆောင် အရှေ့မှာတင် အရုပ်ကြိုးပြတ် ဘုံးကနဲကို လဲပါလေရော။ ဒီလိုနဲ့ ဆရာကြီးကို သတိရအောင် လုပ်ရပြန်တယ်။ သတိရလာတဲ့နောက် ဆရာကြီးက ဆရာဝန်တွေ အနောက်ကို တကောက်ကောက်လိုက်ပြီး သူ့သားလေးကို အသက်ရှင်လာအောင် ထပ်ကြိုးစားပေးဖို့ မျက်ရည်လည်ရွှဲနဲ့ လိုက်ပြောနေတယ်။ သွေးသွင်းပြီးတဲ့ နေ့လည်ကမှ အကောင်း၊ ညနေလည်း ရောက်ရော ရုတ်တရက်ကြီး ကြွေလွင့်သွားရတာကို လက်မခံနိုင်ရှာဘူး ဖြစ်နေတယ်။ လက်တွေ့မှာတော့ အသားဖြူဖြူ ၀၀တုတ်တုတ် ချစ်စရာ ကလေးတစ်ယောက် ပါးစပ်တွေ၊ နှာခေါင်းတွေမှာ သွေးတွေ ယိုစီးပြီး အသက်ဝိဥာဉ် ကင်းမဲ့နေရှာပြီ။

ဒီလိုမျိုးနဲ့ အပြာရောင်မိုးသားအောက်မှာ လောကကြီးကို အလှဆင်မယ့် ရောင်စုံပန်းဖူးလေးတွေ ဝေမလိုနဲ့ ကြွေခဲ့ရတာ မရေမတွက်နိုင်အောင်ပဲ။ အချိန်နဲ့အမျှ ကြွေပြီးရင်း ကြွေနေဆဲပဲ။ အဲဒါဆို ပန်းခြွေတဲ့လေက ဆေးမြီးတိုလား။ သွေးလွန်တုပ်ကွေးလား။ အေဒီးစ်ခြင်လား။

လက်ညိုးတွေ ထိုးဖို့လွယ်ပါတယ်။ ပြောရတာတွေလည်း လွယ်ပါတယ်။ တကယ် ထလုပ်ဖို့က ခက်ပါတယ်။ ကမ်းခြေတလျှောက်မှာ ကြယ်ငါးတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အကုန် မကောက်နိုင်ပါဘူး။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ နိုင်သလောက်နဲ့ စ ကြည့်လိုက်ပါ။ အမြင့်ကြီးကို မမှန်းပါနဲ့။ ပင်ပန်းပါတယ်။

"Just made a difference to that one!"


ကျွန်တော်တို့ ပန်းခြွေတဲ့လေ ကို ဘယ်လို တားကြမလဲ။ ပန်းပျိုးတဲ့လက် ဖြစ်အောင် ဘာတွေ လုပ်နိုင်ကြမလဲ။ ကျွန်တော်ကတော့ ဆင်သတ်ပြီး အရပ်မဝေဘူး။ ခြင်သတ်ပြီး အမျှဝေမယ်ဗျာ။

ကဲ... ဘာလုပ်နိုင်ကြမလဲဆိုတာ နဖူးပေါ် လက်တင်ပြီး မျက်လုံးလေးမှိတ် စဉ်းစားကြည့်ကြပါလား ခင်ဗျာ။

~~~~~~~
မောင်ရင်ငတေ မိုက်ကန်းသည် ဆိုသလိုမျိုး မိုက်ဖော်မိုက်ဖက်များ...
အဖူးကြွေ (ရွာသားလေး YTU)
တထောင့်တနေရာ ရှိပါတယ် (ရွှေပြည်သူ)
ကွက်လပ်ဖြည့်ကြစို့ (ဖိုးသင်္ကြန်)

Thursday, July 2, 2009

Personal Hygiene

တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှုကို ဂရုတစိုက် ကျင့်သုံးတာဟာ တုပ်ကွေးရောဂါ ကူးစက်မှုနှုန်းကို လျှော့ချနိုင်တဲ့ အဓိကနည်းဗျူဟာတွေထဲက အထိရောက်ဆုံး နည်းတစ်ခုပါပဲ။ အဲဒီနည်းက လူတိုင်းကိုယ်စီ လိုက်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် အသုံးဝင်ဆုံးလို့လည်း ဆိုနိုင်ပါသေးတယ်။

လိုက်နာ ကျင့်သုံးသင့်တဲ့ အဓိက အချက်တွေက...

နှာချေ၊ ချောင်းဆိုးချင်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်တွေကို လက်နဲ့တိုက်ရိုက်မအုပ်ပဲ တစ်ရှူးစက္ကူစတွေ၊ လက်ကိုင်ပုဝါတွေနဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးသင့်ပါတယ်။ တစ်ရှူးတွေ လက်ကိုင်ပုဝါတွေ အဆင်သင့် မရှိရင် အင်္ကျီလက်နဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးပါ။ လက်နဲ့ တိုက်ရိုက် မထိတွေ့ခိုင်းတာက အဲဒီလက်ကနေတဆင့် တခြားအရာတွေကို ကိုင်မိတဲ့အခါ ဗိုင်းရပ်စ်ပိုးက အဲဒီမှာ ကျန်ခဲ့ပြီး ပျံ့နှံ့သွားနိုင်လို့ပါ။

နှာချေပြီးတဲ့အခါ တစ်ရှူးစက္ကူစနဲ့ နှာခေါင်းပတ်ဝန်းကျင်ကို သန့်ရှင်းပေးသင့်ပါတယ်။ ပြီးရင် သုံးပြီးသား အဲဒီတစ်ရှူးစကို တွေ့ကရာမှာ စည်းမဲ့ကမ်းမဲ့ မပစ်ရပါဘူး။ အမှိုက်ပုံးထဲမှာ စနစ်တကျ စွန့်ပစ်သင့်ပါတယ်။
နှာချေ၊ ချောင်းဆိုးပြီးတဲ့အခါ ဖြစ်နိုင်ရင် လက်ကို ဆေးကြောသင့်ပါတယ်။ တစ်ရှူးစနဲ့ ဖုံးအုပ်ပြီးမှ နှာချေ ချောင်းဆိုးတယ် ဆိုပေမယ့် အဆင်ပြေရင် လက်ဆေးတာဟာ မမှားပါဘူး။ ကိုယ့်ရှေ့မှာ တစ်စုံတစ်ယောက် အသုံးပြု ကိုင်တွယ်သွားတဲ့ပစ္စည်းကို မဖြစ်မနေ ကိုင်တွယ်ရတဲ့အခါမှာလည်း အဲဒါတွေ ကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်သန့်တာပေါ့။

နေမကောင်းတဲ့အခါ တခြားသူတွေဆီကို ရောဂါ မကူးသွားရလေအောင်... နှာခေါင်းစည်းကို သုံးသင့်ပါတယ်။ နှာခေါင်းစည်းကို အသုံးပြုပြီးတဲ့အခါမှာလည်း တွေ့ကရာ နေရာမှာ လွင့်မပစ်ပါနဲ့။ စနစ်တကျ စွန့်ပစ်ပေးပါ။ သုံးပြီးသား နှာခေါင်းစည်းကို ကိုင်တွယ်ပြီးတဲ့အခါမှာလည်း လက်ဆေးဖို့ မမေ့ကြပါနဲ့။

လက်ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ သေသေချာချာ ဆေးသင့်ပါတယ်။ ဆပ်ပြာပွတ်ပြီး.. ပြီးပြီးရောဆိုပြီး ရေဆေးပြီး ထွက်လာတာမျိုး မလုပ်ကြပါနဲ့။ လက်ရဲ့ အပေါ်အောက် မျက်နှာစာနဲ့ လက်ချောင်း အားလုံးကို ဆပ်ပြာနဲ့ ပွတ်တိုက် ဆေးကြောရမှာပါ။ စက္ကန့် ၂၀ စာလောက် အချိန်ပေးလိုက်ပါ။ အပန်းမကြီးလှပါဘူးလေ။

အဲဒါဆို နင်လားဟဲ့ တုပ်ကွေးဆိုပြီး ကမ္ဘာကြီးက စိန်ခေါ်နိုင်ပြီပေါ့ဗျာ။

Wednesday, July 1, 2009

Be flu free

အစကတော့ ၀က်တုပ်ကွေး။ ၀က်တွေမှာတွေ့ရတဲ့ တုပ်ကွေးမိုလို့ ၀က်တုပ်ကွေး။ နောက်တော့ လူတွေဆီ ရောက်လာပြီ။ အခုချိန်မှာတော့ လူတွေကနေ လူအချင်းချင်းကို ကူးကုန်ကြပြီ။ စဖြစ်တဲ့ နိုင်ငံက မက္ကဆီကို။ အဲဒီဗိုင်းရပ်စ် စကာင်္ပူကို ရောက်လာတာက မေလ ၂၇ ရက်နေ့မှာ။ အခုတော့ ရန်ကုန်ကို ဆက်ရောက်သွားပြီ။

ရန်ကုန်ကို ၀က်တုပ်ကွေး ရောက်ပြီဆိုတာ နိုင်ငံပိုင်သတင်းစာက ကြေညာတော့ လူတွေလည်း ဘုမသိဘမသိ အလန့်တကြားတွေဖြစ် ခြောက်ခြားကုန်ပြီ။ နှစ်ပေါင်းများစွာ သတင်းအမှောင်ချခံရတာ များလွန်းတော့လည်း လူတွေလည်း ဟုန်သွား ထုံသွားကုန်တာလား။ ဒါမှမဟုတ် ရေစစ်ဇကာတွေ များလွန်းတဲ့ ပြည်တွင်းမီဒီယာက ပေးသမျှ သတင်းကို မယုံရဲတာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။

ဝယ်လိုက်ကြတဲ့ နှာခေါင်းစည်းတွေ ပင်ရင်းဒိုင်တွေမှာတောင် ပစ္စည်းပြတ်ကုန်တယ်ဆိုပဲ။ ဈေးတွေကလည်း ခုန်တက်သွားပြီ။ ထုံးစံအတိုင်း ခေတ်ပျက်သူဌေးကြီးတွေ ပေါ်လာအုံးမယ်။ ပွဲလန့်တုန်း ဖျာဝင်ခင်းကြမယ့် အလှူရှင်ကြီးတွေ လာကြအုံးမယ်။ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ပြီး မဏ္ဍပ်တိုင် တက်ပြမယ့် လူကြီးမင်းတွေ တွေ့ရအုံးမယ်။ အော့နှလုံးနာ စိတ်ပျက်စရာတွေက ခြောက်ခြားစရာထက် ပိုမယ်လို့ မြင်နေမိပါတယ်။

စင်္ကာပူကျွန်းမှာ အဲဒီတုပ်ကွေးဗိုင်းရပ်စ် ရောက်နေတာ ၁ လ ကျော်နေပါပြီ။ ကူးစက်တဲ့ ဦးရေလည်း ၈၀၀ နီးပါး ဖြစ်နေပါပြီ။ ကျွန်တော် တွေ့သလောက်တော့ အများစုမှာ တုန်လှုပ်ခြောက်ခြားတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ နေ့စဉ်ဓူဝ ဖြတ်သန်းနေတဲ့ ပုံစံလေးအတိုင်း ပုံမှန်လေးပဲ သွားလာလှုပ်ရှားနေကြပါတယ်။ မီဒီယာတွေမှာ နေ့စဉ်လိုလို အဲဒီဗိုင်းရပ်စ်အကြောင်း၊ ကူးစက်ခံနေရတဲ့ဦးရေကို သတင်းပေး ဖော်ပြနေလို့ပဲလား။ ဒါမှမဟုတ် စင်္ကာပူရဲ့ ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်းကို ယုံကြည်အားထားလို့ပဲလား။ အများပြည်သူမြင်ကွင်းမှာ နှာခေါင်းစည်းတွေနဲ့ သွားလာ လှုပ်ရှားနေတာကို တွေ့ရတာ ရှားလွန်းလှပါတယ်။

အဲဒီတုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပုံကို နားလည်သဘောပေါက်ထားခဲ့ရင် နှာခေါင်းစည်းတစ်ခုတည်းနဲ့ ကာကွယ်လို့ မရဘူးဆိုတာ သဘောပေါက်ကြမှာပါ။ ကူးစက်ပုံက... ဗိုင်းရပ်စ်ရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကို လက်နဲ့ကိုင်မိပြီး အဲဒီလက်နဲ့ပဲ နှာခေါင်း၊ ပါးစပ်ကို ထိမိရင် ကူးစက်သွားနိုင်ပါတယ်။ နှာခေါင်းစည်းကြီး ကာထားပြီး ဗိုင်းရပ်စ်ရှိတဲ့လက်နဲ့ ထမင်းစား ရေသောက်ချိန်မှာ နှာခေါင်းတွေ ပါးစပ်တွေကို ထိမိရင်လည်း ကူးနိုင်တာပါပဲ။ အဲဒီတော့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့က ပိုပြီး အရေးကြီးပါတယ်။

ကောင်းမွန်မှန်ကန်တဲ့ ကျန်းမာရေး အမူအကျင့်တွေ ရှိရင် ရောဂါကူးစက်မှာကို သိပ်ပြီး တွေးပူစရာ မလိုပါဘူး။ အစာ မစားမီ၊ အိမ်သာက ဆင်းလာတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးသင့်ပါတယ်။ နှာချေ၊ ချောင်းဆိုးတဲ့အချိန်မှာ တစ်ရှူးစက္ကူ၊ ဒါမှမဟုတ် လက်ကိုင်ပုဝါနဲ့ ကာပြီးမှ နှာချေ ချောင်းဆိုးသင့်ပါတယ်။ နေမကောင်းဘူးလို့ ခံစားနေရရင် ဆရာဝန်ပြ ကုသသင့်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီကနေ သူများဆီကို မကူးရအောင် ကျောင်းသွားတာတို့၊ အလုပ်သွားတာတို့၊ ဈေးဝယ်ထွက်တာတို့ ရှောင်သင့်ပါတယ်။ အဲဒီအချိန်မှာ နှာခေါင်းစည်းကိုလည်း မဖြစ်မနေ သုံးသင့်ပါတယ်။

အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ နေ့တိုင်းလိုလို စားသင့်ပါတယ်။ ရေများများ သောက်ဖို့လည်း မမေ့သင့်ပါဘူး။ ကိုယ်ခံအားကောင်းဖို့အတွက် အိပ်ရေးဝဖို့ကလည်း အရေးကြီးလှပါတယ်။ အဲဒါကြောင့် အလုပ်ကြီးပဲ ဖိမလုပ်ပဲ အနားယူကြပါ။ သွေးလေလည်ပတ်မှု ကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ၁ နာရီစာကို တစ်ပတ်မှာ ၅ ရက်လောက် လုပ်သင့်ပါတယ်။ ဆေးလိပ်သောက်တာကလည်း ဗိုင်းရပ်စ်ကူးစက်ဖို့ အခွင့်အရေး ပိုများတဲ့အတွက် ဆေးလိပ်သောက်တတ်တဲ့သူတွေ ဆေးလိပ်သောက်တာကို လျှော့သင့်ပါတယ်။

အဲဒီလိုမှန်ကန်တဲ့ ကျန်းမာရေး အမူအကျင့်တွေ ရှိနေရင် ဒီဗိုင်းရပ်စ် ကူးစက်မှာကို တုန်လှုပ်ခြောက်ခြားစရာ မလိုတော့ပါဘူး။ အဲဒီတော့... ဘုမသိဘမသိ ကြောက်လန့်နေမယ့်အစား တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ မျှတကောင်းမွန်တဲ့ စားသောက်နေထိုင်မှုတွေနဲ့အတူ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

Monday, December 1, 2008

Keep the promise


The theme for World AIDS Day 2007 and 2008 is “leadership”. This theme will continue to be promoted with the campaigning slogan, “Stop AIDS. Keep the Promise.

Leadership was selected as the theme for World AIDS Day to encourage leaders at all levels to stop AIDS. Building on the 2006 theme of accountability, leadership highlights the discrepancy between the commitments that have been made to halt the spread of AIDS, and actions taken to follow them through. The theme empowers everyone from individuals to organisations to governments to lead in the response to AIDS.

International statistics


People living with HIV:
* 33 million people living with HIV worldwide
* 30.8 million adults
* 15.5 million women
* 2.0 million children under 15

New HIV cases in 2007:
* 2.7 million total new cases
* 2.3 million adults
* 370,000 children under 15

HIV-related deaths in 2007:
* 2.0 million total deaths

All figures from UNAIDS.

In Singapore, new cases of HIV infection have rise from 42 to 423 in the last 16 years. In Thailand, they have fallen from 143,000 to 17,000. What made the difference?

Education, awareness and safe sex helped in Thailand. So did easy access to generic drugs that can keep people with HIV healthy for many years. Infectious disease experts and social workers say battling HIV is tough in Singapore because many patients cannot afford critical medicines which are not subsided. Some smuggle home cheaper drugs from Thailand. Others skip treatment, risking an earlier death from AIDS.

Credit to :
UNAIDS
World AIDS Campaign
National AIDS Trust (NAT -UK)
The Straits Times

Tuesday, November 4, 2008

By my side

By my side ဆိုတဲ့ခေါင်းစဉ်ကြီး မြင်ပြီး ကိုဇူလိုင်တော့ ဘာတွေ စိတ်ကူးယဉ်နေသလဲလို့ အထင်တော် မလွဲကြပါနဲ့အုံး။ အထင်လည်း မကြီးကြပါနဲ့။ အဲဒါကြီးက စင်္ကာပူရုပ်သံ MediaCorpက လွှင့်တဲ့ Channel 8 မှာပြနေတဲ့ တရုတ်ကားရဲ့ အမည်လေးပါ။ တရုတ်လို ပေးထားတဲ့အမည်က (不凡的爱) ပုဖန်တဲ့အိုက် ပါ။ အဲဒါကို ကျွန်တော် သိသလောက်လေး ဘာသာပြန်ရမယ်ဆိုရင် သာမန်မဟုတ်တဲ့အချစ်ပါ။ ဆန်းဆန်းပြားပြား အချစ်လို့ပဲ ပြောရမလားပဲ။ တနလာင်္နေ့ကနေ သောကြာနေ့အထိ နေ့စဉ် ည ၉ နာရီမှာ ပြပါတယ်။ အဲဒီကားရဲ့ အဓိက အကြောင်းအရာက HIV/AIDS ရောဂါအကြောင်း ပညာပေးချင်တာပါ။ Health Promotion Board ရဲ့ အစီအစဉ်လေးတစ်ခုပါ။

ချန်ပုဖန်မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး တစ်ခုရှိပါတယ်။ သမီးရယ် ဇနီးရယ် ယောက်ခထီးနဲ့ ယောက်ခမရယ် အခန်း ၄ ခန်းပါတဲ့ HDB Flat လေးမှာ နေထိုင်ကြတယ်။ ပုဖန်ကတော့ ကြီးကြပ်ရေးမှုးပါ။ သူ့ဇနီးရှင်းရာကတော့ ကျူရှင်ဆရာမပေါ့။ သမီးလေး မွေးတဲ့အချိန်မှာ အသက်ဆုံးမလို ဖြစ်ခဲ့ရတဲ့ ရှင်းရာက နောက်ထပ် ကလေးရသွားမှာကို အလွန်ကြောက်နေရှာပါတယ်။ ဒါကြောင့် ပုဖန်နဲ့ လင်ခန်းမယားခန်း မရှိတာ သမီးလေး တစ်သက်ပါပဲ။

ပုဖန်က အားတဲ့အချိန်တွေမှာ ငါးမျှားထွက်လေ့ရှိပါတယ်။ ငါးမျှားထွက်တဲ့အခါ အလုပ်က သူငယ်ချင်းတွေ တခါတလေ ပါကြတာပေါ့။ အဲဒီထဲက Black Horse လို့ အမည်ပြောင်ရှိတဲ့ တစ်ယောက်ကတော့ လူရှုပ်ပါ။ သူက ငါးမျှားဖို့ အကြောင်းပြပြီး မိန်းမရှုပ်ပါတယ်။ တစ်နေ့မှာ ငါးမျှားဖို့ အကြောင်းပြဖို့ ထွက်လာတဲ့ Black Horse ဟာ ကောင်မလေး တစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ အဲဒါကို Black Horse ရဲ့ မိန်းမက တွေ့သွားပြီး ကောင်မလေးကို ရိုက်နှက် ကန်ကြောက်ပါတယ်။ စိတ်ကောင်းရှိတဲ့ ပုဖန်က ဒဏ်ရာရသွားတဲ့ ကောင်မလေးကို သူ့ကားနဲ့ အိမ်လိုက်ပို့ပေးပါတယ်။

ပုဖန်လို နိုက်ကလပ်ကို သိပ်မရောက်ဖြစ်တဲ့... အရှုပ်အရှင်း မရှိအောင်နေတဲ့... အူရိုင်းကြီး ယောကျာ်းမျိုးကို သိမ်းသွင်းရတာ လွယ်ကြောင်း သိထားတဲ့ ကောင်မလေးက လမ်းတစ်လျှောက်လုံးမှာ သူ့ကို အမျိုးမျိုး မြူဆွယ်ပါတယ်။ သူမရဲ့ မာယာတွေကြားမှာ မျှောပါသွားတဲ့ ပုဖန်တစ်ယောက် အတိတ်က အရိပ်ဆိုးကို ပြန်သတိဝင်မှပဲ ရုန်းထွက်ပြေးနိုင်ခဲ့တယ်။ အတိတ်က အရိပ်ဆိုးဆိုတာ... နိုက်ကလပ်တစ်ခုမှာ မူးမူးရူးရူး သတိမကပ်တဲ့အချိန် ကောင်မလေးတစ်ယောက်နဲ့ လွန်ကျူးမိခဲ့ပါတယ်။ မနက်မိုးလင်း နိုးထလာတဲ့အချိန် အဲဒီကောင်မလေးက ပြည့်တန်ဆာမှန်း သိလိုက်ရတဲ့အချိန် သူ အတော်လေးကို တုန်လှုပ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းက စပြီး သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေခဲ့တယ်။ သူ့ဇနီးအပေါ်မှာ သစ္စာရှိခဲ့တယ်။

ဇာတ်လမ်းကတော့ အရှည်ကြီးပါပဲ။ ပြီးတော့ မပြီးသေးပါဘူး။ ကြည့်ပြီးသမျှကို အကျဉ်းချုပ် ပြန်ပြောရရင် တရှောင်ရှောင် ဖျားနေပြီး ချောင်းတွေ ခဏခဏ ဆိုး၊ ၀မ်းတွေ သွားနေတဲ့ ပုဖန်တစ်ယောက် HIVအကြောင်း ရေးထားတဲ့ လက်ကမ်းစာစောင်လေးကို ရလိုက်ပါတယ်။ ဒါနဲ့ ဆေးခန်းမှာ သွားစစ်လိုက်တော့ သူ့မှာ HIV ရှိမှန်း သိသွားခဲ့ပါပြီ။ နှောင်းနောင်တနဲ့အတူ သူသိပ်ချစ်တဲ့ ဇနီးနဲ့သမီးကို သူဘယ်လိုမှ မျက်နှာ မပြရဲလောက်အောင် ဖြစ်နေရှာပါတယ်။ ဒါကြောင့် သူ အိမ်မှာမနေတော့ပဲ လျှောက်သွားနေပါတယ်။ ဒါပေမယ့် Social Worker လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်သိမ့်အားပေး ပညာပေးမှုတွေကြောင့် သူ အိမ်ပြန်လာရဲပါပြီ။ သူ သိပ်ချစ်တဲ့ သမီးလေးနဲ့ ဇနီးကို သူ ဘယ်လို ရင်ဆိုင်မလဲ။ သူ့ကို အထင်ကြီးခဲ့တဲ့ ယောက်ခထီး ယောက်ခမတွေကို ဘယ်လို ဖြေရှင်းမလဲ။ သူ့အိမ်ထောင်ရေးမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူ့ အလုပ်ခွင်မှာ ဘာတွေ ရင်ဆိုင်ရမလဲ။

ကဲ... ကျန်တာတွေကို ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်ကြည့်ကြပါဗျာ။ ရောဂါအကြောင်း ပညာပေးဖို့ ရိုက်ထားတဲ့ ကားလေးဖြစ်ပေမယ့် ရသပေါင်းစုံကို ကြည်နူးကြေကွဲ ခံစားထိရှစေရမှာပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့် HIV/AIDS ရောဂါအကြောင်း သိရှိနားလည်စေပါမယ်။ ရောဂါသည်ရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေကို မြင်တွေ့စေနိုင်သလို မိသားစုရဲ့ ဂယက်တွေကို မြင်လာနိုင်ပါတယ်။ သူတို့အပေါ်မှာ Stigama တွေ... Dicrimination တွေ မရှိရလေအောင် ကျွန်တော်တို့ ဘယ်လို ပြုမူဆက်ဆံရမလဲဆိုတာ သိရှိစေပါမယ်။

တကယ်တော့ လူဆိုတာ သေမျိုးကြီးပါပဲ။ HIV/AIDS ဖြစ်မှ သေရတာ မဟုတ်ပါဘူး။ ပျောက်ကင်းအောင် ကုသဖို့အတွက် ဆေးမရှိသေးတဲ့ ရောဂါတွေလည်း အများကြီးရှိပါတယ်။ ဒါမျိုး ရောဂါတွေ မဖြစ်လည်း သေမှာပါပဲ။ သေမယ့်လူအချင်းချင်း ခွဲခြားဆက်ဆံတာတော့ မဖြစ်စေချင်ပါဘူးဗျာ။

Monday, February 4, 2008

Before you say "I DO" 21

om;tdrfacgif; tcRJwkdif;enf;
(Cervical Mucus Method - Billings Method)
 
'Denf; taMumif;awG;rdwkdif; aemufqHk;ESpfu q&moifay;cJhwmav;udk owd&aerdygao;w,f/ "When you're wet, a baby you can get. When you're dry the sperm will die." wJh/ 'DaNcmufwmawG? pdkwmawG[m bmudk aNymwmvJ¿
 
obm0rSm trsdK;orD;&JU om;tdrfacgif; (Cervix)uae t&nftenf;i,f tNrJxGufaeygw,f/ &moDwpfMudrfay: NyD;cgprSm 'Dt&nf[m aemufvnf;aemuf? yspfvnf;yspfaeNyD; tcRJtaeeJU &Sdaeygw,f/ rsdK;Oa<ucsdef eD;vmwmeJUtrQ tufpfx&dk*sif a[mfrkef;&JU vIHUaqmfrIaMumifh wNznf;Nznf; usJvmNyD; rsdK;Ora<ucif &uftenf;i,feJU rsdK;Oa<uNyD;ptcsdef ydkif;avmufrSm a&vdkyJ MunfNyD; usJvmygw,f/
 
trsdK;orD;[m aeUpOf qD;roGm;rD rdef;rukd,fu xGufvmwJh t&nf ^ tcRJudk puúLeJU Nzpfap? vufeJUNzpfap wkdUNyD; Munfh&ygr,f/ wkdif;wmzdkU aumif;wJh tcsdefuawmh trsdK;orD;[m tdyf&mu xwm em&Dtenf;i,f &SdoGm;NyD; om;tdrfacgif;u t&nf[m rdef;rudk,f0avmufudk a&mufavmufcsdefNzpfygw,f/
 
owdxm;&r,fh tcsufuawmh 'Denf;udk oHk;r,fqdk&if wpf&ufNcm;om trsdK;om;eJU twlaevdkU&ygw,f/ 'DvdkowfrSwfxm;&wJh &nf&G,fcsufuawmh rdef;rudk,fxJrSm okuf&nf a&mufoGm;cJhwm? a&aq;ypfwmrsdK; &SdcJh&if om;tdrfacgif;u xGufvmwJh t&nfukd rSef;q& cufwwfovdk? vdifrqufqHcif trsdK;orD;&JU rdef;rudk,fvrf;aMumif;[m obm0t& pkdpGwfvmwJh oabm &SdwwfwmawGaMumifhyg/
 
'Denf;udk oHk;wJhtcgrSm tm;enf;csufawGuawmh trsdK;orD; awmfawmfrsm;rsm;[m t&nftcRJudk rppfaq;vdkMuNcif;? tNrifeJUom ppfaq;&wmrdkU wcsdKU trsdK;orD;awGtwGuf cufcJNcif;? trsdK;orD;t*Fgvrf;aMumif; a&m*gydk;&SdaecJh&if tajzrSm;EkdifNcif; pwmawGNzpfygw,f/ tm;omcsuf wpfckuawmh bmrS axGaxGxl;xl; rSwfom;xm;p&m rvdkbJ toHk;cs&vG,fulwJh tcsufygyJ/
 
rsdK;Oa<uNyD; tufpfx&dk*sif txGufNyefenf;oGm;vdkU tcRJNyefNzpfoGm;vkdU ajcmufaoGUvmNyD; 3 &uftMumrSm udk,f0efr&EkdifwJh taetxm;NyefNyD; a&mufoGm;NyD Nzpfygw,f/

Credit : Dr. PuuKaung (NativeMyanmar)

Sunday, February 3, 2008

Before you say "I DO" 20

4/ obm0enf;rsm;udk oHk;íumuG,fjcif; (Physiological)

udk,ftylcsdef wkdif;enf; (Temperature Method)
 

trsdK;orD;awG&JU cE¨mudk,f[m rsdK;Oa<uNyD; 24 em&Duae 36 em&DtwGif;rSm tedrfhqHk; NzpfoGm;ygw,f/ tJ'Daemufydkif;rSmawmh  yHkrSm Nrif&ovdkyJ 0.3-0.4 pifwD*&dwf (0.5-0.7 zm&if[kduf) txd tylcsdef xdk;wufoGm;ygw,f/ 'DvdkcE¨mudk,f tylcsdef taNymif;tvJudk aeUpOf wkdif;xm;NyD; rsdK;Oa<ucsdefudk cefUrSef;vdkU&ygw,f/ rsdK;Oa<uNyD; 3 &ufMum tcsdeftwGif;[m udk,f0ef&oGm;EkdifwJh tcsdefNzpfygw,f/
 
udk,ftylcsdefukd wkdif;wJhtcgrSm owdxm;&rSmawG &Sdygw,f/ yxrqHk; taeeJUuawmh reufcif; tdyf&mu Ekd;Ekd;csif; bmrS vIyf&Sm;rI rvkyf&ao;cifrSm wkdif;&ygr,f/ aeUpOftcsdef twdtus wkdif;Ekdif&ifawmh ydkaumif;ygw,f/ yg;pyfxJuae wkdif;vdkU&ayr,fh ptdk 'grSr[kwf rdef;rudk,fxJu tylcsdefudk wkdif;Ekdif&if ykdNyD; wdusygw,f/ 'DvkdaeUwkdif; wkdif;ae&mu &kwfw&uf tylcsdef usoGm;NyD; ('gudk rodvdkuf&ifawmif) aemufaeUawGrSm tylcsdef wufvmNyD qdk&if tJ'DaeU[m rsdK;Oa<uwJh aeUygyJ/
 
udk,ftylcsdef wkdif;enf;[m rrsdK;Oa<ucsdefudk cefUrSef;zdkUeJU? 3 &uftMumrSm udk,f0efr&Ekdifbl; qkdwm odzdkUom toHk;0ifNyD;? 'Denf; wpfrsdK;xJudkawmh udk,f0efwm;zdkU oHk;vdkU r&ygbl;/ jyu©'defenf;udk oHk;wJhtcgrSm udk,ftylcsdefwkdif;NyD; oHk;Ekdifr,f qkd&ifawmh Nyu©'defenf;wpfrsdK;wnf; oHk;wmxuf ydkpdwfcs&ygw,f/
 
'Denf;vrf;[m om;orD; vdkcsifwJh pHkwGJawGtwGufvnf; om;orD;&EkdifwJh taumif;qHk;aeUudk cefUrSef;zdkU toHk;csvdkU&ygw,f/
 
cE¨mudk,ftylcsdefudk wkdif;&wm jzpfvkdU zsm;emwJh tcgrsdK; rSm pdwfcsvufcs toHk;NyKvdkU r&ygbl;/

Credit : Dr. PuuKaung (NativeMyanmar)

Saturday, February 2, 2008

Before you say "I DO" 19

4/ obm0enf;rsm;udk oHk;íumuG,fjcif; (Physiological)

&moDykwD; (Cycle Beads)

udk,ftylcsdef wkdif;NyD; &ufwGufwJh enf;udk raNymcif Cycle Beads vdkUac:wJh  &moDykwD; eJU &ufrSwfenf; qdkwmudk enf;enf;a&;csifygw,f/ 'guawmh ArmNynfrSm oHk;ae? roHk;aeqdkwm rodygbl;/ A[kokw taeeJU odxm;&atmif wifay;csifwmyg/
 

yHkrSm Nyxm;wJh ykwD;av;uawmh trsdK;orD;awGtwGuf udk,f0ef&EkdifwJh aeUeJU r&EkdifwJh aeUawGudk rSwfrdvG,fatmif pDrHxm;wJh &moD&ufwkdif;wJh ykwD;av;yJNzpfygw,f/ ykwD;rSm teDa&mifvHk; 1 vHk;? tNzLa&mifvHk; 12 vHk;? tndKa&mifvHk; 17 vHk; eJU teufa&mifvHk; 2 vHk;- pkpkaygif; ykwD;vHk; 32 vHk;eJU a&TUvdkU&wJh uGif;wpfuGif; ygygw,f/
 
teDa&mif ykwD;vHk;av;[m yxrqHk; &moDpvmwJh aeUukdukd,fpm; NyKygw,f/ (ykwD;vHk;awGudk em&DvufwH vnfwJhtwkdif; qufMunfhoGm;yg/) teDa&mif ykwD;vHk;aemufu uyfvsuf tndKa&mif 6 vHk; [m udk,f0efr&EkdifwJh aeUawGudk udk,fpm;NyKygw,f/ tNzLa&mif 12 vHk;uawmh udk,f0ef&EkdifwJh aeUawGudk udk,fpm;NyKygw,f/ tNzLa&mif 12 vHk;udk ausmfvm&if tndKa&mifeJU teufa&mifvHk;awG tm;vHk;aygif; 19 vHk; awGU&ygvdrhfr,f/ 'D&ufawG[mvnf; udk,f0efr&EkdifwJh &ufawGygyJ/ teufa&mifvHk; 1 vHk;[m 27 &ufaNrmufaeUrSm &SdNyD; aemufwpfvHk;uawmh aemufqHk;aeU 32 &ufaNrmufaeUrSm &Sdaeygw,f/ yxr teufa&mifvHk; rwkdifcif &moDay:w,fqdk&if tJ'DtrsdK;orD;[m &moD&ufwdkvGef;aeNyD;? 'kwd, teufa&mifvHk; a&mufwJhtxd &moDray:ao;wJh trsdK;orD;uawmh &moD&uf &SnfvGef;aeygw,f/ &moD&uf 27 &ufatmufenf;wJh trsdK;orD;awGeJU &moD&uf &SnfvGef;wJh trsdK;orD;awG[m 'D&ufa&Smifenf;udk roHk;oifhygbl;/ oHk;vdkU r&ygbl;/
 
ykwD;udk toHk;NyKwJh trsdK;orD;[m uGif;uav;udk a&TUoGm;NyD; udk,f0ef&Ekdif? r&EkdifwGufvdkU &ygw,f/ ykwD;wpfywfrvnfcif &moDNyefay:vmw,fqkd&if teDa&mifudk Nyefa&TUNyD; tpuNyefp&ygr,f/ wGuf&? rSwf& oufomatmif wDxGifxm;wJh enf;av; wpfckoufoufyg/
 
'DykwD;av;awGudk 'Dvifhcf rSmoGm;MunfhvdkU&ygw,f/ tifwmeufuae 0,fvdkU &ygw,f/ (tcrJh aMumfNim udk,fpm;vS,f vkyfwmyg)

Credit : Dr. PuuKaung (NativeMyanmar)

Friday, February 1, 2008

Before you say "I DO" 18

4/ obm0enf;rsm;udk oHk;íumuG,fjcif; (Physiological)

&ufa&SmifNcif; (Periodic Abstinence)

obm0t& trsdK;orD;wpfa,muf[m &moDv wpfvrSm udk,f0ef&oGm;EkdifwJh&uf tenf;i,fyJ &Sdygw,f/ &ufa&SmifwJhenf; qdkwmuawmh 'Dvkd udk,f0ef&oGm;EkdifwJh &uftenf;i,fudk aocsmwGufcsufNyD; trsdK;om;eJU twlraewmyJ Nzpfygw,f/ 'Dvdk &ufa&Smifwmudk pnf;csuf (Rhythm) 'grSr[kwf obm0twkdif; oaE¨wm;Ncif; (Natural Family Planning) vdkUvnf; ac:ygw,f/
 
oaE¨atmifNcif;NzpfzdkU okufaumifeJU rrsdK;O[m trsdK;orD;&JU rrsdK;ONyGef (Oviduct) xJrSm awGU&ygw,f/  rrsdK;O[m rsdK;Otdrf (Ovary) xJu xGufvmNyD; (rsdK;Oa<uNyD;) 1 &ufrS 3 &uf twGif;  rsdK;ONyGefxJrSm &Sdaeygw,f/ 'Dtcsdefudk t"duxm;NyD; wGufcsuf a&SmifMuOf&ygw,f/
 
rjrif&wJh cE¨mudk,fxJu rsdK;Oav;&JU 3 &ufwm 'Dc&D;udk odEkdifzdkUu aocsm wGufcsufwwfzdkU vdkwJhtNyif? trsdK;orD;[mvnf; &moD&uf yHkrSefwJh trsdK;orD; NzpfzkdU ta&;MuD;ygw,f/
 
enf;vrf;awG tm;Nzifhawmh
  • jyu©'defenf; (Calendar Method)
  • udk,ftylcsdef wkdif;enf; (Temperature Method)
  • om;tdrfacgif; tcRJwkdif;enf; (Cervical Mucus Method - Billings Method)
  • tNyifvu©Pmrsm;ESifh udk,ftylcsdefwkdif;enf; aygif;pnf;toHk;NyKenf; (Symptothermal Method) pwmawG Nzpfygw,f/
jyu©'defenf; (Calendar Method)


jyu©'defenf; qdkwmuawmh trsdK;orD;&JU yHkrSef&moDvmavh&SdwJh yHkpHeJUEIef;udk tenf;qHk; 6 v wkdif;wmNyD;rS rsdK;Oa<ucsdefudk wGufcsufa&Smif&Sm; &wJh enf;Nzpfygw,f/ &moDvm&uf awGxJrSm yxrqHk; &moDpay:wJh aeU[m ta&;MuD;ygw,f/ tJ'D &moDpvmwJh aeUrwkdifrD 14 &uftvdkrSm rrsdK;Oa<uygw,f/ 'gudk em;vnfEkdifzdkU atmufu yHkav;udk enf;enf;&Sif;Nycsifygw,f/
 

 
yHkrSmygwJh yxr wpfydkif;uawmh trsdK;orD;&JU &moDwpfywfvnfpOfrSm Nzpfay:aewJh rrsdK;OwpfvHk; (Ovum) &JU tqifhqifh aNymif;vJaeyHkyg/ 'kwd,ydkif;uawmh om;tdrfeH&HrSm Nzpfay:aewJh aNymif;vJrIyg/
 
yxrqHk; aeU[m trsdK;orD;&JU &moDpvmwJh aeUyg/ 'DtcsdefrSm om;tdrfeH&H&JU vdkUac:wJh tvTm[m wNznf;Nznf; uGmusvmygw,f/ &moDqif;&uf Endometrium (Menses) NyD;oGm;csdefrSmawmh oaE¨atmifcJh&if jzpfvmr,fh oaE¨om;avmif;av;twGuf pNyD;Nyifqifygw,f/ om;tdrfeH&H[m wNznf;Nznf; xlvmwmudk yHkrSmawGU&ygvdrhfr,f/ wcsdefxJrSm rrsdK;O Nzpfvmr,fh qJvf wpfck[mvnf; a[mrkef;awG&JU vIHUaqmfrIaMumifh wpf&ufxufwpf&uf &ifhusufvmygw,f/ 14 &ufaNrmufaeUrSmawmh om;tdrfeH&H tqifoifh NzpfoGm;NyDNzpfNyD; rrsdK;Oa<uusvmygw,f/ oaE¨ratmifbl; qdk&ifawmh yHkrSm Nyxm;ovdk rrsdK;Oa<uNyD; 14 &ufaNrmufaeU (&moD 28 &ufaNrmufaeU) rSm om;tdrfeH&Hu tay:qHk; tvTm[m wNznf;Nznf; a<uus ysufpD;oGm;ygw,f/ 'DtcsdefrSm trsdK;orD;[m &moDpvmygw,f/
 
rsdK;Ora<ucif &ufydkif;eJU rsdK;Oa<uNyD; &ufydkif;awGudk Munfhr,fqdk&if rsdK;Oa<uNyD; &moDprvmcif 14 &uf[m ydkNyD; wdusaocsmygw,f/ (Oyrm - 28 &ufrSm wpfMudrf &moDvmwJh trsdK;orD;wOD;eJU &uf 30 wpfMudrf &moDvmwwfwJh trsdK;orD;wpfOD;udk ,SOfMunfh&if rsdK;Ora<ucif &ufydkif;[m rwlMuwm awGU&NyD; rsdK;Oa<uNyD; 14 &ufuawmh raNymif;vJbJ wlaewwfygw,f/) 'gaMumifhrkdU trsdK;orD;wpfa,muf rsdK;Oa<ur,fh &ufudk wGufcsuf&mrSm ajymif;jyefwGuf&wm wdusygw,f/
 
Nyu©'defenf;[m 'D'kwd, 14 &ufudk wGufcsufNyD; trsdK;orD;&JU rsdK;Oa<ur,fh &ufawGudk a&Smif&Sm;apwJh enf;Nzpfygw,f/ ('DwGufenf;udk uav;vdkcsifMuwJh pHkwGJawGrSmvnf; uav; ydk&apEkdifwJh tcsdefudk wGufwJhtcg toHk;csvdkU &ygw,f)/ rsdK;Oa<ur,fh&ufudk wGufcsuf&wm rcufygbl;/ trsdK;orD;&JU yHkrSef&moDvmr,fh&ufawGudk tenf;qHk; 6 v apmifhNyD; rSwfxm;&ygw,f/ yHkrSefNzpfwm aocsmw,f qdk&if yxrqHk; &moDvmr,fh aeUxJu 14 &ufEIwfvdkuf&if rsdK;Oa<ur,fh &ufudk&ygvdrhfr,f/ (rSwfcsuf/   / trsdK;orD;[m wpfveJU wpfv &moDwpfywfvnfzdkU &ufaygif; twdtus wlraebJ enf;enf;uGmae&ifawmh twkdqHk;v&JU &ufaygif;xJu 14 &ufudk EIwf&ygvdrhfr,f)
 
Nyu©'defenf;udk oHk;r,fqdk&ifawmh rsdK;Ora<ucif tenf;qHk; 2 &ufeJU rsdK;Oa<uNyD; tenf;qHk; 2 &uf (tm;vHk;aygif; 5 &uf) [m pdwfrcswJh aeUrsm;  (udk,f0ef&oGm;EkdifwJh aeUrsm;) Nzpfygw,f/ ydkNyD; pdwfcs&atmif 'D 5 &ufrwkdifcif 2 &ufeJU 5 &ufNyD; aemuf 2 &uf - tm;vHk; aygif; 9 &uf- a&Smif&ygr,f/ 'D&ufwGufwmudk pmtkyfwtkyfeJU wpftkyf uGJwwfygw,f/ (WHO uxkwfwJh pmtkyfwpftkyfuawmh 8 &ufaNrmufaeUuae 19 &ufaNrmufaeUtxd &ufa&Smif&r,fvdkU aNymxm;ygw,f/)
 
&ufa&Smifenf;awGxJrSm Nyu©'defenf;[m vloHk; trsm;qHk; enf;Nzpfayr,fh pdwfrcs&qHk; enf;vnf; Nzpfaeygw,f/ 'Denf;udk 1 ESpfoHk;pGJwJh pHkwGJawGrSm udk,f0ef&oGm;EkdifEIef; 35% &Sdw,fvkdU qdkxm;ygw,f/

Credit : Dr. PuuKaung (NativeMyanmar)

Wednesday, January 30, 2008

Do they test the blood?

သွေးလှူ၇င် ဘာတွေ စစ်ပေးတာလဲ ပြောပြပါလား.. စီ ပိုးတွေ ဘာတွေရော စစ်လား မသိဘူး နော်.. ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ သွေးသွင်းတာကနေ စီပိုးကူးတာ ခေတ်စားနေသလားလို့ပါ... ဆိုပြီး မေးထားတာလေး တွေ့လို့ ဒီပို့စ်လေးကို တင်လိုက်တာပါ။

သွေးလှူတာက ၂ မျိုးရှိပါတယ်။ သွေးဘဏ်မှာ မိမိသဘောအလျှောက် သွေးလှူတာနဲ့ အရေးပေါ် သွေးလိုအပ်လို့ လူနာရှင်က အကူအညီတောင်းလို့ သွေးလှူတာ ဆိုပြီး ခွဲထားနိုင်ပါတယ်။ မိမိသဘောနဲ့ လှူတဲ့သွေးကိုတော့ အရင်ဦးဆုံး သွေးပေါင်ချိန် ဟေမိုဂလိုဗင် သွေးအမျိုးအစား စတာတွေပဲ စစ်ပါတယ်။ ရောဂါရှိမရှိကို မစစ်ပဲ သွေးတစ်အိတ်စာကို အရင် ထုတ်ယူထားပါတယ်။ ပြီးမှ အဲဒီသွေးထဲက နမူနာကို ဓါတ်ခွဲခန်းပို့ပြီး ရောဂါပိုး ရှိမရှိ စစ်ပါတယ်။ သွေးမှာ ရောဂါပိုးတွေ မရှိဘူးဆိုရင် အအေးခန်းမှာ စနစ်တကျ သိမ်းဆည်းထားပါတယ်။ နောက်မှ လိုအပ်တဲ့ လူနာကို လိုအပ်သလို ထုတ်ပေးပါတယ်။ ရောဂါပိုး ရှိတယ်ဆိုရင်တော့ လုံးဝ မသုံးပဲ လွင့်ပစ်ပါတယ်။ အဲဒီလို လွင့်ပစ်ရတဲ့အတွက် သွေးအိတ်ခတွေ၊ သွေးစစ်ခတွေကို အမျိုးသားသွေးဘဏ်က ကျခံ ဆုံးရှုံးရပါတယ်။ လွင့်ပစ်တဲ့ အပိုင်းကိုတော့ မြန်မာပြည်မှာ ဘယ်လို လုပ်သလဲ မသိပေမယ့် စင်္ကာပူမှာတော့ စနစ်တကျ ဓါတ်ပေါင်းဖို ထဲကိုထည့်ပြီး ဓါတုဗေဒနည်းနဲ့ အချိန်ပေး ဖျက်ဆီးရပါတယ်။ သွေးအိတ်တစ်အိတ်ကို ဖျက်ဆီးရတဲ့ ကုန်ကျစရိတ်က စင်္ကာပူဒေါ်လာ ရာဂဏန်းလောက် ကုန်ကျပါတယ်။ အဲဒါကြောင့် ရောဂါရှိမယ်လို့ သံသယရှိရင် သွေးမလှူခိုင်းကြတာပါ။

အရေးပေါ် သွေးလိုလို့ လူနာရှင်က အကူအညီတောင်းတဲ့အချိန်မှာ သွားရောက်လှူဒါန်းတဲ့ သွေးကို ထပ်ပြီး ၂ မျိုးခွဲနိုင်ပါတယ်။ တစ်ခုက ရှေ့က ပြောသလို သွေးကို အရင်ထုတ်ထားပြီးမှ ရောဂါစစ်တာပါ။ နောက်တစ်မျိုးက လိုအပ်တဲ့ သွေးကို မယူခင်ကတည်းက ရောဂါပိုးရှိမရှိကို သွေးနမူနာ နည်းနည်းလေး ယူပြီး ကြိုတင်စစ်တာပါ။ ရောဂါပိုး စစ်တဲ့နေရာမှာလည်း ဆေးရုံ တစ်ခုနဲ့တစ်ခု ကြာမြင့်ချိန် မတူကြပါဘူး။ အမျိုးသား သွေးဘဏ်မှာဆိုရင် ၄၅ မိနစ်ကနေ ၂ နာရီ ကြား ကြာတတ်ပါတယ်။ အာရှတော်ဝင်ကတော့ မနက်က ယူထားတဲ့သွေးကို တစ်နေ့ကုန် စစ်ပြီး နောက်တစ်နေ့မှ အဖြေ ပြန်ထွက်ပြန်ပါတယ်။ ဘာကြောင့် အဲဒီလောက် အချိန်ယူတာလဲ မေးကြည့်တော့ ၂ ခါပြန်စစ်နေလို့ပါတဲ့။ တခါတလေမှာ လူနာရဲ့ အရေးပေါ် အခြေအနေပေါ် မူတည်ပြီး သွေးအမျိုးအစား မှန်တယ် လူနာရဲ့သွေးနဲ့ တည့်တယ်ဆိုတာနဲ့ သွေးမှာ ရောဂါစစ်မနေတော့ပဲ တိုက်ရိုက် သွင်းရတဲ့ကေ့စ်တွေလည်း ရှိပါတယ်။ လူနာရဲ့အသက်ကို လုနေတဲ့အချိန်မှာ နောင်ခါလာ နောင်ခါဈေး ဆိုပြီး လုပ်ကြရပါတယ်။ အဲဒီအချိန်မှာ သွေးလှူရှင်ရဲ့ နေရာက အလွန်ကို အရေးပါ ပါတယ်။ သူရဲ့ အမူအကျင့်တွေဟာ စိတ်ချရတဲ့ အနေအထားမှာ မရှိရင် လူနာရဲ့ ဘ၀ရှေ့ရေးမှာ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ မိမိကိုယ်ကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီးမှ သွေးလှူဖို့ကို တိုက်တွန်းချင်ပါတယ်။ အဲဒီလိုပဲ ပုံမှန်သွေးလှူရှင်ဖြစ်ဖို့အတွက် မိမိစိတ်ဆင်ရိုင်းကို လွတ်မပေးပဲ ချွန်းအုပ်သင့်ပါတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်။

အဲဒီလို သွေးစစ် မလား မစစ်ဘူးလားဆိုတာကို လူနာရှင်တွေဘက်က ဆုံးဖြတ်ခွင့်ရှိမယ်လို့လည်း မမြင်မိပါဘူး။ အဲဒီလိုပဲ သွေးလှူရှင်အနေနဲ့လည်း သွေးစစ်ပေးပါလို့ တောင်းဆိုခွင့်မရှိပါဘူး။ လူနာရဲ့ ရောဂါအနေအထားပေါ် မူတည်ပြီး တက်ကျွမ်းနားလည်တဲ့ ဆေးဘက်ပညာရှင်တွေကပဲ ဆုံးဖြတ်ကြမှာပါ။ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်တဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုကလည်း လူနာရဲ့အသက်ကို အဆုံးအဖြတ် ပေးပြန်ပါတယ်။ ဆုံးဖြတ်ချက် မှန်ပေမယ့် နောက်က အကောင်အထည် ဖော်တဲ့အချိန်မှာ နှောင့်နှေးပြီး ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရသလို မူလ ဆုံးဖြတ်ချက်ကိုက မှားနေတဲ့အတွက် အဖတ်ဆယ် မရတာတွေလည်း တွေ့ဖူးပါတယ်။ မမှားသောရှေ့နေ မသေသော ဆေးသမား ဆိုသလိုပေါ့။

စရိတ်မျှပေး ကျန်းမာရေးလို့ ဆိုင်းဘုတ်ကြီးတွေ ပြူးနေအောင် ချိတ်ထားတဲ့ ဆေးရုံကြီးတွေမှာလည်း လူနာရှင်ကပဲ သွေးစစ်ခ သွေးအိတ်ခ ပေးဆောင်ရပါတယ်။ ပြင်ပက ဆေးရုံကြီးတွေမှာလည်း လူနာရှင်ကပဲ ပေးဆောင်ရပါတယ်။ အရမ်းကို နွမ်းပါးတဲ့လူနာတွေအတွက် တခါတလေမှာ သွေးစစ်ခကို ပေးဆောင်ခိုင်းခြင်း မရှိတာကို တွေ့ဖူးပါတယ်။ ဒါပေမယ့် နွမ်းပါးတယ် ဆိုတာရဲ့ နောက်မှ အပြောအဆို ခံရမှုတွေ၊ သိမ်ငယ်မှုတွေ အများကြီးကို တောက်လျှောက် ခံစားရမှာပါ။ အစိုးရ ဆေးရုံကြီးတွေက နိုင်ငံတကာမှ လှူဒါန်းထားတဲ့ အရာတွေကို အသုံးပြုနေပေမယ့် လူနာတွေရဲ့ လိုအပ်ချက်ကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။ အဲဒါကြောင့် စရိတ်မျှပေးဆိုပြီး သွေးစစ်ခ သွေးအိတ်ခကို ပိုက်ဆံ ပြန်ကောက်ကြတာပါ။ ဒါပေမယ့် ပြင်ပဆေးရုံ အထူးကုဆေးခန်းတွေလောက်တော့ ဈေးမများပါဘူး။ ကျွန်တော် သိသလောက် အဲဒီပြင်ပက ဆေးရုံကြီးတွေမှာ သွေးစစ်ခက မြန်မာငွေ ၃ သောင်းကျော်လောက် ကုန်ကျပါတယ်။ အစိုးရ ဆေးရုံတွေမှာတော့ ကျပ် ၁ သောင်း ပတ်ဝန်းကျင် ပေးရပါတယ်။

နားမလည်နိုင်အောင်ပဲ အလှူအတန်း ရက်ရောပါတယ် စေတနာဖြူစင်ပါတယ် ဆိုတဲ့ ရွှေမြန်မာတွေ သွေးလှူဒါန်းတဲ့ဓလေ့ အရမ်းနည်းနေပါတယ်။ ပညာပေးစည်းရုံးမှု အားနည်းတာကြောင့်လို့ မြင်မိပါတယ်။ အမျိုးသားသွေးဘဏ်မှာ တစ်နေ့လုံးနေမှ သွေးအလုံးရေ ၁၀၀ ကျော်လောက်ပဲ ရပါတယ်။ ဒါပေမယ့် ဆေးရုံတစ်ခုထဲက သွေးလိုအပ်ချက်တင် တစ်နေ့ကို သွေးအလုံး ၂၀၀ ကျော် လိုပါတယ်။ ဆေးရုံမှာ ပုံမှန် သွေးသွင်းကုသနေရတဲ့ သွေးရောဂါရှင်တွေ ရှိသလို ထိခိုက်ဒဏ်ရာကြောင့် အရေးပေါ် သွေးလိုတဲ့ လူနာတွေလည်း ရှိပါတယ်။ ပြီးတော့ ရန်ကုန်မြို့ပေါ်မှာ ဆေးရုံကြီးပေါင်း ၅၀ ကျော်ရှိပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ သွေးလိုအပ်မှုက နေ့စဉ် ရှိနေပါတယ်။ မီဒီယာတွေမှာ တင်ပြမှု မရှိလို့သာ နေ့စဉ် ကြွေလွင့်နေရတဲ့ လူ့အသက်တွေ မသိရတာပါ။ သွေးဆိုတာ လူ့အသက် ကယ်တဲ့နေရာမှာ အစားထိုးလို့ မရသေးတဲ့ အရာတစ်ခုပါ။ အစားထိုးလို့ မရတဲ့သွေး လိုအပ်ချိန်မှာ မရတဲ့အခါ လူ့လောကကို အချိန်မတိုင်ခင် သက်တမ်းစေ့ မနေရခင် နှုတ်ဆက် ထွက်ခွာပေးကြရပါတယ်။

သွေးမှာ ရောဂါပိုး ရှိမရှိ စစ်တဲ့အခါမှာ ဘာတွေ စစ်သလဲဆိုတော့ အေ ဘီ စီ နဲ့ ကာလသားရောဂါပိုးပဲ စစ်ပါတယ်။ အေအိုက်ဒီအက်စ် ဖြစ်စေနိုင်တဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ၊ အသည်း ဘီပိုး စီပိုး ရှိမရှိ စစ်ပါတယ်။ စီ ပိုး ရှိမရှိကို စစ်ရတဲ့အချိန်က အကြာဆုံးပါပဲ။ ဒါကြောင့် အရေးပေါ် သွေးလိုနေတဲ့အချိန်မှာ စီ ပိုး စစ်မစစ်ဆိုတာကို အသေအချာ အာမ မခံနိုင်ပါဘူး။ အာရှတော်ဝင်က အချိန်အကြာကြီးယူတာ စီပိုးကို သေချာ စစ်နေရလို့ပါလို့ ဆင်ခြေပေးဖူးပါတယ်။ သွေးလှူဒါန်းမှု စုစုပေါင်းမှာ စီပိုးစစ်တဲ့နှုန်းက ၆၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အများအားဖြင့်တော့ စီပိုး စစ်လေ့ရှိတဲ့အတွက် စီပိုးကူးစက်နှုန်းက သွေးကတစ်ဆင့် ကူးဆက်မှုကြောင့်လို့ တစ်ထစ်ချ ပြောလို့မရနိုင်ပါဘူး။ အသည်းစီပိုး ကူးဆက်တဲ့ နည်းလမ်းက အိတ်ခ်ျအိုင်ဗွီပိုး လိုပါပဲ။ လိင်ဆက်ဆံမှုကတဆင့် ကူးပါသေးတယ်။ ဆေးထိုးအပ်တွေကနေ ကူးပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးရဲ့ ကူးစက်နှုန်းထက် စီပိုးတွေရဲ့ ကူးစက်နှုန်းက ပိုမြင့်တဲ့အတွက် အပျော်အပါး လိုက်စားတဲ့သူတွေ အေမကိုက်လို့ ၀မ်းသာနေချိန်မှာ စီပိုးထိနေပါပြီ။ ဒါကြောင့် မြန်မာပြည်မှာ စီပိုးကူးစက်နှုန်း မြင့်နေရတာ သွေးသွင်းကုသမှု တစ်ခုတည်းက မဖြစ်နိုင်ဘူးလို့ ကျွန်တော် မြင်မိပါတယ်ခင်ဗျာ။