.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, May 31, 2008

Our Helping Hands

အကြင်နာတွေနဲ့ ဖေးကူပါ...

ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ
ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား
ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ

လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ

အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော်
မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ
ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား

မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..

သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား

စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..

ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ
တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား

အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ
(အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား

အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ
နာကြင်အဖေါ်မဲ့ ဘ၀တွေ


Nargis victims တွေအတွက် လေးဖြူနဲ့ အဖွဲ့ သီဆိုထားတဲ့ Our Helping Hands To Nargis Survivors ဆိုတဲ့ သီချင်းလေးပါ။ လောလောဆယ်တော့ ဖန်တီးတဲ့သူတွေကို လေးစားသောအားဖြင့် သီချင်း Download link ကို ပြန်ဖြုတ်ထားပါတယ်။

ဆိုင်ရာတာဝန် ကျေပွန်တဲ့ အနုပညာရှင်များကို လေးစားဂုဏ်ယူလျှက်...

Tuesday, May 27, 2008

Not just one time donation

တခဏတာ မဟုတ်တဲ့ အလှု

နားဂစ်(စ်)မုန်တိုင်းကြောင့် ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အခုဆို မြန်မာပြည်မှာ လူပေါင်း ၂သန်း လေးသိန်းနီးပါး အိုးအိမ်မဲ့ စားဝတ်နေရေးမဲ့ အခြေအနေမဲ့ ဖြစ်နေကြရပါပြီ။ ဒီတော့ ဒီလူသန်းချီပြီးတော့ အစားအစာမဲ့ အိမ်မဲ့ ဖြစ်နေကြတာဟာ တခဏတာ လှုလိုက်တဲ့ အလှုနဲ့ သူတို့ တနှစ်စာ စားနိုင် သောက်နိုင် သွားနိုင်ပါမလား။ နောက်ဆုံး ကျနော်သိရသလောက် စင်္ကာပူမှာဆိုရင် လမ်းပြကြယ်စာကြည့်တိုက်နဲ့ အစုအဖွဲ့များက ဒေါ်လာ တစ်သိန်းလေးသောင်းသုံးထောင့်ခုနစ်ရာလေးဆယ့်တစ်ကျပ်နဲ့ ပြား ၆၀ ကောက်ခံရရှိခဲ့ပြီး ဒေါ်လာ ၉ သောင်း ဖိုး မြန်ပြည်တွင်းမှ ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ လှုဒါန်းနိုင်ခဲ့ပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ပါ။ ဒီ လမ်းပြကြယ်နဲ့ အစုအဖွဲ့များအပြင် တခြား တသီးပုဂ္ဂလ ကောက်ခံနေသူများနဲ့ အာအိုင်တီ စင်္ကာပူ၊ မြန်မာကလပ် စသဖြင့် ရှိကြပါသေးတယ်။ သူတို့တွေတင်မက တကမ္ဘာလုံးကလဲ အလှုတွေ အလှုတွေ လေယာဉ်နဲ့ ဆိုက်ဆိုက်နေတာ နေ့တိုင်ပါပဲကလား။ ဒီလိုဆိုရင်ဖြင့် ကျနော်တို့ တခေါက်လှုရုံနဲ့ လုံလောက်ရောပေါ့နော်လို့ တွေးစရာလေးတွေ ဖြစ်လာလို့ ကျနော် တွေးမိတာလေးတွေကို ရေးမိလိုက်ပါတော့တယ်။

အခု နာဂစ်ဒဏ် ဒုက္ခသည်တွေကို ကူညီနေတာဟာ အန်ဂျီအိုတွေ၊ ယူအန်က World Food Program၊ သြစတြေးလျက World Vision လို အသင်းမျိုးတွေနဲ့ ပုဂ္ဂလိက ကူညီသူတွေဟာ အဓိကကျတဲ့ ကယ်ဆယ်ရေးတွေ ဖြစ်ကြပါတယ်။ ဒီလောက် ကယ်ဆယ်နေတဲ့ ကြားကနေ ဒုက္ခသည်တွေရဲ့ ၂၅ ရာနှုန်းလောက်သာ ရောက်သေးတာကို ကြည့်ရင်ဖြင့် အချိန်ပိုမိုကြာမြင့်အောင် လှုရဦးမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်ရဲ့ ပြောစကားအရ အခုအချိန်မှာ တကမ္ဘာလုံးဟာ ဒုက္ခသည်တိုင်းကို ကူညီဖို့ အလေးစိုက်ရမယ်လို့ ပြောပါတယ်။ အာဆီယံ ဦးဆောင်တဲ့ နိုင်ငံတကာအကူအညီတွေဟာ မြန်မာပြည်ထဲကို ဖြည်းညှင်းစွာ စိမ့်ဝင်တော့မှာ ဖြစ်ပေမဲ့ အခုလောလောဆယ် ဒုက္ခသည်တွေဟာ တနေ့ပြီးတနေ့ အငတ်ဘေးကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကို စဉ်းစားနေရပါတယ်။ ပုတ်ပွနေတဲ့ အလောင်းတွေ ရေမျောနေတဲ့ အလောင်းတွေ ဒီလို အလောင်းကောင်တွေကို ရှင်းလင်းဖို့၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပေါက်လာဖို့ ဒါတွေဟာ အချိန်အတော်ကြာဦးမှာပါ။

ဒီတော့ ကျနော်တို့ကနေပြီး တခေါက်ပဲ အလှုကို ထည့်လိုက်တယ်ဆိုပါစို့။ ကျနော်တို့ ပေးလိုက်တဲ့ အလှုတွေအကုန်လုံးကို ရန်ကုန်က အန်ဂျီအိုတွေက လှုလိုက်ကြပြီးပြီဆိုရင် နောက်ထပ် ဒုက္ခသည်တွေရဲ့ အနာဂတ်နေ့ရက်ပေါင်းများစွာအတွက် အလှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ကြည့်ပါ။ အလှုကောက်ခံသူတွေကို မေးကြည့်ပါ။ အလှုငွေ ကောက်ခံရရှိမှုဟာ တစတစ နည်းပါးလာတာကို တွေ့ရမှာ ဖြစ်သလို ကျနော်တို့တွေအနေနဲ့လဲ ကိုယ့်အပူနဲ့ ကိုယ်၊ ကိုယ့်ဘ၀နဲ့ ကိုယ် ရုန်းကန်နေကြရင်းနဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို မေ့လျော့လာမှာ ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ နာဂစ်ကြောင့် အိုးအိမ်ကလဲမဲ့၊ အဓိက ပင်ရင်းဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းလဲ မရှိတော့တဲ့အခါ ဒီ ဒုက္ခသည်တွေဟာ ဘာနဲ့ သွားပြီး စားသောက် နေထိုင်ရပါမလဲ။ သူတို့ဟာ မြို့တွေနဲ့ နီးရင် မြို့တက်လာနိုင်ရင်တောင်မှ အလုပ်အကိုင် ရှားပါးတဲ့ နေရာဒေသမှာ ဘယ်လို အလုပ်မျိုးနဲ့ အသက်မွေးနိုင်ပါမလဲ။ မြို့နဲ့ မနီးတဲ့ ကျေးလက်တွေမှာ အိမ်ကလဲ မရှိ၊ မိုးကလဲရွာ၊ ဒုက္ခသည်စခန်းဆိုတာမှာ မနေရတဲ့ သူတွေအတွက် ဘယ်လို ရှင်သန်ကြပါမလဲ။ အထူးသဖြင့် အသက် ၁၀ နှစ်ဝန်းကျင်လေးတွေ ဘယ်လို အသက်ရှင်ပါမလဲ။ ကျနော့် မိတ်ဆွေတွေ ပြောပြချက်အရ ဆယ်ကျော်သက် ကလေးငယ်တွေ၊ မိန်းကလေးတွေ ယောက်ျားလေးတွေ သူတို့ဟာ ထမင်းကျွေးမယ်ဆိုရင် ဘယ်သူခေါ်ခေါ် လိုက်မယ့် ကလေးတွေပါ။ သူတို့တွေရဲ့ ဘ၀ကို ဘယ်လို ကယ်တင်ကြမှာလဲ။

နာဂစ်ဟာ အတော်ကို ဒုက္ခကြီးပါတယ်။ သူဟာ ဧရာဝတီတစ်တိုင်းလုံးနီးပါးကို မွှေနောက်ခဲ့သူပါ။ လယ်သမားတွေအကုန်သေ၊ လယ်ကွင်းတွေပျက်၊ ငါးဖမ်းသူတွေ သေ၊ လှေတွေ ပျက်၊ အဓိကကျတဲ့ အလုပ်အကိုင်တွေ အကုန်ပျက်စီးခဲ့ပါတယ်။ ကျန်ရစ်ခဲ့သူတွေ အတွက် တနေ့တာ တနေ့ အသက်ရှင်ရေးဆိုတာ အရေးကြီးပါတယ်။ ကျနော်တို့မှ မပံ့ပိုးရင် ဘယ်သူတွေက ပံ့ပိုးမှာလဲ။ နိုင်ငံတကာရောက် တရုတ်တွေကတောင် တရုတ်ပြည်မကြီးကို အလေးထား အလှုတွေ ပေးနေတယ်ဆိုရင် ကျနော်တို့ မြန်မာတွေကရော ဘာတွေ တွေးနေကြမှာလဲ။

ကျန်ရစ်တဲ့ ဒုက္ခသည်အားလုံးကို ကျနော်တို့ ကယ်ဆယ်နိုင်ရပါမယ်။ သူတို့ကို ကယ်ဆယ်ပြီးရင် နေရာချထားရပါမယ်။ နောက် အသက်မွေးဝမ်းကျောင်းတွေ ဖန်တီးပေးရပါဦးမယ်။ ဒါတွေအကုန်လုံး ကျနော်တို့ချည်း မတတ်နိုင်ပါ။ နိုင်ငံတကာ အကူအညီ လိုပါတယ်။ အစိုးရရဲ့ ဖန်တီးပေးမှုတွေ လိုပါတယ်။ အခုလောလောဆယ် ကယ်ဆယ်ရေးကိုတောင် ပြီးဆုံးအောင် မလုပ်နိုင်သေးတဲ့အတွက် ကယ်ဆယ်ရေးတွေ မပြီးခင် အလှုငွေတွေ ပြတ်သွားမှာ စိုးရိမ်ပါတယ်။ ကယ်ဆယ်ရေးတွေ ပြီးတော့ကော အလှုတွေ ရပ်လိုက်မှာလား။ ဒါဆို နေရာချထားရေးအတွက် အန်ဂျီအိုတွေဆောက်ပေးမဲ့ အိမ်ရာ အကူအညီတွေအတွက် အလှုတွေ လိုပါတယ်။ ကယ်ဆယ်ပြီးတာနဲ့ ဒီဒုက္ခသည်တွေကို မကြည့်တော့ဘူးဆိုရင် သူတို့ကို မကယ်ဆယ်ဘဲ ပစ်ထားလိုက်တာကမှ တော်ကာကြပါဦးမယ်။ ကယ်ဆယ်ပြီးတာနဲ့ သူတို့ကို ထမင်း တနပ်လောက် ကျွေးနိုင်တယ်ပဲထား၊ ဒုက္ခသည်တွေမှာ အနာဂတ် လက်ချိုးရေလို့ ရတဲ့ နေ့ရက်တွေအတွက် ထမင်းဝတယ်ပဲထား။ သူတို့အတွက် အသက်မွေးဝမ်းကျောင်းဆိုတာ မရှိရင် သူတို့ တောင်းစားရမှာပါပဲ။ ဒီလို တောင်းစားတာတောင်မှ မတောင်းစားခိုင်းရင်တော့ အတော့်ကို မသိသား ဆိုးရွားတယ်လို့ ပြောချင်ပါတယ်။

ဒီတော့ ကျနော်တို့ မပြီးပြတ်သေးတဲ့ ကယ်ဆယ်ရေးတွေအတွက်၊ ကယ်ဆယ်ပြီးတဲ့ ဒုက္ခသည်တွေရဲ့ တနေ့ပြီး တနေ့ ဒုက္ခတွေအတွက်၊ ကယ်ဆယ်ပြီးတဲ့ ဒုက္ခသည်တွေရဲ့ နေထိုင်စရာတွေအတွက်၊ ဒုက္ခသည်တွေ မှီခိုနေရတဲ့ ဘုန်းကြီးကျောင်းတွေ ပြုပြင်ရေးအတွက်၊ နောက်ဆုံး ဒုက္ခသည်တွေရဲ့ အသက်မွေးဝမ်းကျောင်း ဖန်တီးရေးတွေအတွက် လပေါင်းများစွာ ကျနော်တို့ အလှုတွေ မပြတ်လိုနေပါဦးမယ်။ ဒီအလှုတွေဟာ နိုင်ငံတကာကနေ ရရှိတဲ့ အလှုတွေနဲ့တင် မလုံလောက်ပါဘူး။ ကျနော်တို့ မြန်မာတွေဆိုတာ အလှုတောင်မှ တာရှည်ခံအောင် လှုနိုင်တဲ့အလှုမျိုးအဖြစ် မှတ်ကျောက်တင်ခံနိုင်ရပါမယ်။ တခဏတာ လှုပြီး မေ့သွားတာထက် လအတော်ကြာ အလှုငွေတွေထည့်ပြီး တစ်ဘ၀စာ ကိုယ့်အလှုကို မှတ်မိသွားမယ့်အဖြစ်မျိုး၊ တစ်ဘ၀စာ ကြည်နူးရမယ့် အလှုမျိုးအတွက် စဉ်းစားကြပါလို့ ပြောလိုပါတယ်။

ဒီလို လအတော်ကြာ လှုရမယ့်အလှုမျိုးဟာ အတော် စည်းကမ်းရှိဖို့ လိုပါတယ်။ အလှုရှင်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏကို လစဉ် လှုဖို့ မပျက်ကွက်ရပါဘူး။ လစဉ်ဆိုတဲ့နေရာမှာ နောက်ဆုံး ဒုက္ခသည်တွေ ကိုယ့်အလှုကို မလိုအပ်တော့တဲ့အထိ တနည်းအားဖြင့် ဒုက္ခသည်တွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အခြေအနေအထိ လှုဖို့ လိုအပ်ပါတယ်။ ဒီလစဉ်ဟာ တသက်လုံး မဖြစ်နိုင်ပါ။ အနည်းဆုံးတော့ ၁ နှစ်လောက်တော့ ကြာကောင်း ကြာနိုင်ပါတယ်။ ဒီတော့ ကိုယ်လှုရမယ့်ငွေဟာ ကိုယ် လတိုင်း လှုနိုင်မယ့် ငွေမျိုးဖြစ်ဖို့ လိုပါတယ်။ လှုဖို့ မပျက်ကွက်ဖို့ ဆိုတာကတော့ ကိုယ့်ဘက်က တလကို ဒေါ်လာ ၁၀ လှုတယ်ဆိုရင် ဒုက္ခသည်တယောက်ဟာ အဲဒီလအတွက် ဖြတ်ကျော်နိုင်မယ်လို့ မှတ်ယူထားစေချင်ပါတယ်။

ထို့အတူ အလှုလက်ခံသူများဘက်ကလဲ လကြာလာတဲ့နဲ့အမျှ ပေါ့လျော့လာတာမျိုး၊ စီမံခန့်ခွဲမှု လျော့နည်းလာတာမျိုး မဖြစ်သင့်ပါ။ ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ပါ။ အချိန်ကြာလာတာနဲ့အမျှ အလှုလက်ခံသူများအနေနဲ့ ပြဿနာဆိုတာလေးတွေ ရှိလာတတ်ပါတယ်။ ဒီပြဿနာတွေဟာ အလှုရှင်တွေကို စိတ်ပျက်စေသလို ဒုက္ခသည်တွေကို ပိုပြီး ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် ဖြစ်လာသမျှကို အေးချမ်းစွာ တည်ငြိမ်စွာ ဖြေရှင်းသင့်ပါတယ်။ ဒီလိုပါပဲ အလှုလက်ခံသူတွေကနေ အန်ဂျီအိုတွေကို ပေးတဲ့အခါ အန်ဂျီအိုတွေအနေနဲ့လဲ ရတဲ့ ရန်ပုံငွေတွေကို စနစ်တကျနဲ့ လှုဒါန်းရပါမယ်။ ပြီးပြီးရော ဆိုပြီး မလုပ်ဘဲ အချိန်ကြာမြင့်လာတာနဲ့အမျှ လျော့တိလျော့ရဲ မဖြစ်လာဖို့ အရေးကြီးပါတယ်။

ဒီတော့ အလှုကောက်ခံရာမှာလဲ အမျိုးမျိုး ရှိနိုင်ပါတယ်။ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး တလ ဘယ်လောက် စုမယ်၊ ပြီးရင် ဘယ်မှာ အလှုထည့်မယ်ဆိုတာ ဆုံးဖြတ်ရပါမယ်။ တကယ်လို့ မြန်မာပြည်က အန်ဂျီအိုတွေနဲ့ နီးစပ်တယ်ဆိုရင် ဘယ်အန်ဂျီအိုကို တိုက်ရိုက်လှုမယ်။ အဲဒီ ဆုံးဖြတ်ထားတဲ့ အန်ဂျီအိုကိုပဲ လစဉ်လှုမှာလား။ အန်ဂျီအိုတွေကို ရွေးပြီး တလ အန်ဂျီအိုတခု ပြောင်းပြီး လှုမှာလား ဆုံးဖြတ်ရပါမယ်။ အလှုရှင်တွေဘက်ကကော အန်ဂျီအိုတွေဘက်ကပါ အလှုငွေတွေကို တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး maximize လုပ်ရပါမယ်။ ဒီတော့ ဆုံးဖြတ်ကြပါ။ ကိုယ့်နီးစပ်ရာ သူငယ်ချင်းတွေ ဖြစ်စေ၊ မိသားစုအချင်းချင်းပဲဖြစ်စေ တလကို ဘယ်လောက် လှုမယ်ဟဲ့လို့ ရည်မှန်းပြီး ကိုယ် သန်ရာ သန်ရာ တကယ် အလှုဖြစ်နိုင်မယ့် အလှုခံဌာနမျိုး၊ အန်ဂျီအိုမျိုးကို လှုဒါန်းကြပါလို့ တိုက်တွန်းအကြံပေးရင်း မြန်မာပြည်အတွက် ဆုမွန်ကောင်းများ လှိုက်လှိုက်လှဲလှဲ တောင်းလိုက်ပါတယ်ခင်ဗျာ။


ကဒေါင်းညင်သာ
မေ ၂၆၊ ၂၀၀၈

Monday, May 26, 2008

Heroes

Dedicated to the brave people in Sichuan Earthquake, 2008


An earthquake, magnitude 8.0, struck Sichuan province of China at 2:28PM, May 12, 2008. The epicenter of the earthquake, Wenchuan, is about 90 miles from Chengdu. The earthquake released more energy than 500 atomic bombs, 30 times more than the Kobe earthquake in Japan, 1995. By May 19, there are more than 32,000 confirmed dead, more than 20,000 still missing, and more than 4.7 million houses collapsed or heavily damaged.

Cities close to the epicenter are flattened; whole mountains collapsed.


Millions of people lost their beloved ones, their homes, their belongings. Yet
there is no looting, no complaints, just people helping each other (CNN)


Within hours, people rushed to rescue. Blood donation lines run for 100 yards, and people waited hours to donate blood; within 24 hours, all major blood banks ran out storage space. The highway to the earthquake struck city Dujianyang (20 mile from Chengdu) was almost jammed one hour after the earthquake, not by people fleeing the aftershocks, but by volunteers, led by over 1,000 taxi drivers, came from Chengdu to rescue.


Chen Guangbiao, owner of a big construction company 1,500 miles from the disaster area, just 2 hour 30 minutes after the earthquake, started transporting 60 construction machineries and led 120 volunteers to rescue. They arrived at the disaster area 24 hours later, almost the same time as Army Engineering Corp.


Medical workers provided care under extreme conditions; they even delivered many new born babies on the parking lot.



Wen Jiabao, 66, Chinese Prime Minister, boarded on a plane 30 minutes after the earthquake, and arrived in disaster area in 2 hours. He has been the chief of the rescue operation since then, working almost around clock at the frontline with rescue workers.


1,100 paratroopers started boarding airplanes 2 hours after earthquake. Despite heavy rain, high wind and thick cloud, they jumped from over 20,000 foot high to remote mountain areas where they did not even know if there would be a place for them to land. The first jumped off plane was Senior Colonel Li Zhenbo, 51.



With roads buried by landslide and bad weather hammering airborne operations, a group of 600 soldiers and medical teams, let by Major General Xia Guofu, 57, Commander in Chief of Sichuan Military District, walked 21 hours straight on foot in mountain area, carrying heavy relief supplies, risking landslide and falling rocks. They became the first group to arrive at the epicenter of the earthquake.


Soldiers and rescue workers working around clock to rescue people still buried. Unable to transport heavy machineries to the remote areas since roads are buried by landslides, they often have to use hands to move tons of concrete.



People are rushing to donate money. Many rich people donated in millions…


…but no one can match Xu Chao, 60.

He is a homeless in Nanjing, 1000 miles from the disaster area. He saw the news and went to donate 5 Yuan in the morning. He said people in the disaster area were worse off than him because their lives were threatened. He came back in the afternoon, donated another 100 Yuan ($14). He explained that all he had were pennies and dimes, and he didn’t want to waste volunteer workers’ time to count them, so he went to the bank to change everything he had into one big bill. This is from a man who doesn’t have money to buy food for himself.

Song Xinying, 3, pulled out from rubble after being buried for 2 days. She was in critical condition and lost a leg, but survived. Her parents hold each other’s hands and shoulders face to face to make an arch to shield her from the falling building. Her parents did not make it out.


A 5 year old boy was rescued after being buried under rubbles for 24 hours. His left hand was broken, but he smiled and saluted to his rescuers. His smile made everybody cry.


.

Zhang Jiwang, 11, carrying his sister Zhang Han, 3,walked 12 hours straight to flee the disaster center.


Yuan Wentin, 26, first grade teacher. When the earthquake struck, she rushed to carry her stunned students from classroom on the 3rd floor to the ground. She managed to pull out most of her students, but the building collapsed when she was trying to pull out the last few. At the last moment of her life, she was trying to use her body to shield the students from falling concrete.

Many teachers did the same thing.

This high school student was rescued from the collapsed building. She lost both legs, and her both hands are broken. The rescue workers were all in tears when they saw this. She smiled to them: “Be Brave!”


This baby, after being buried over 24 hours, miraculously, was rescued unscratched. He is about 3-4 months old, and his mother kneeled down, pinned her head and hands on the ground to shielded him from the falling concrete, and milked him. His mother did not make it out.


A rescue worker found his mom’s cell phone in his wrapper. It had a text message left by his mother: “Dear child, if you survive, please remember, Mom loves you forever…

~~~~~~~~~
ပုံတွေကို ကြည့်လိုက် စာတွေကို ဖတ်လိုက် လုပ်နေရင်း မျက်ဝန်းထဲမှာ မိုးတွေရွာစေခဲ့ပါတယ်။ ခံစားမှု ရသပေါင်းစုံကို ပေးထားပါတယ်။ အတုယူချင်ရင် ယူလို့ရပါတယ်။ အားကျဖွယ် ဂုဏ်ယူဖွယ် ဖြစ်အောင် တင်ပြမှု ကောင်းလွန်းလှပါတယ်။ တရုတ်တွေရဲ့ အမျိုးသားရေး စိတ်ဓါတ်ကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အားနည်းချက်ရှိတယ် ဆိုတာ ဒါမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာလွန်းလှပါတယ်။ တကယ်တမ်း မြန်မာပြည်ထဲမှာလည်း အဲဒီလို နာဂစ်ဟီးရိုးတွေ အများကြီး ရှိနေတယ် ဆိုတာ ရှာဖွေတင်ပြနိုင်ရင် အတော်ကောင်းမယ်ဗျာ။

Credit: China Hero Slide Show

Monday, May 12, 2008

Nargis Surveying - 2

နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ အဖွဲ့ဖြစ်တဲ့ တောကျီးကန်းအဖွဲ့နဲ့ပဲ သာကေတမြို့နယ်က ရပ်ကွက်အချို့ကို မေလ ၁၂ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ လေဘေးသင့် ပြည်သူတွေအတွက် ယင်လုံအိမ်သာ ရှိမရှိ အနေအထားကို သွားရောက်လေ့လာခဲ့တာပါ။ အရင်ဦးဆုံး သာကေတမြို့နယ် မယကရုံးကို အရင်ဝင်ခဲ့ပြီး တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ လိုအပ်တာတွေ ရှိရင် ဆောင်ရွက်ပေးနိုင်ဖို့ လာရောက်လေ့လာတာ ဖြစ်ကြောင်း တင်ပြပါတယ်။ ရှေ့ရက်တွေတုန်းကလည်း အသိတစ်ယောက်ရဲ့ ကုမ္ပဏီကြီးတစ်ခုက လှူဒါန်းထားတဲ့ ဆန်အိတ် ၅၀၀ နဲ့ ဆီ ၃၆၀ ပိဿာကိုလည်း ဘယ်လို ဝေငှထားကြောင်းကို သိချင်တာလည်း ပါပါတယ်။


မယကအဖွဲ့က မြို့နယ် ဒုဦးစီးမှုးကို လိုအပ်တဲ့နေရာတွေကို လိုက်လံပြသပေးဖို့ကျွန်တော်တို့နဲ့ တစ်ပါတည်း ထည့်လိုက်ပါတယ်။ ဒါနဲ့ လေဘေးသင့် ပြည်သူတွေရဲ့ နေရပ်တွေကို လိုက်လံလေ့လာခဲ့ပါတယ်။ အိမ်သာလိုအပ်ချက်ရှိတဲ့ နေရာ အများစုကတော့ ကျူးကျော်တဲများ ဖြစ်ကြပါတယ်။ ယုဇန ဆောက်လုပ်ရေး၊ တက်လမ်း ဆောက်လုပ်ရေးတို့ရဲ့ ဆောက်လုပ်ရေးစီမံကိန်းများမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားများရဲ့ ပျံကျ ကျူးကျော်တဲများပါ။ ဆောက်လုပ်ရေး စီမံကိန်းတွေ ပြီးသွားတဲ့အခါမှာလည်း နဂိုနေရာမှာပဲ ဆက်လက် တဲထိုးနေထိုင်ခဲ့တာ ၁၉၉၈ ပါတ်ဝန်းကျင် ကတည်းကပါ။ နာဂစ်မုန်တိုင်းကြောင့်လဲ အဲဒီနေရာလေးရဲ့ အခြေအနေက ပိုမို ဆိုးရွားသွားပါတယ်။ နူရာဝဲစွဲ လဲရာ သူခိုးထောင်းသလိုပါပဲ။


ကျွန်တော်တို့အနေနဲ့ သူတို့အတွက် အိမ်သာဆောက်ပေးဖို့ တတ်နိုင်ပေမယ့် ကျူးကျော်နေရာတွေ ဖြစ်နေတာကြောင့် အချိန်တန်ရင် ပြန်ဖျက်ခံရမှာ ဖြစ်နေပါတယ်။ ရပ်ကွက်က တာဝန်ရှိသူတွေကတော့ အခုလောလောဆယ် မဲပေးပွဲ မတိုင်မှီမှာတော့ ဘာမှ လုပ်ဆောင်မှာ မဟုတ်သေးကြောင်း၊ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ဒီကျူးကျော်တဲတွေကို ဖျက်သိမ်းမှာ ဖြစ်ကြောင်း၊ တဖြည်းဖြည်း ရှင်းထုတ်သွားမှာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းပြပါတယ်။


အချို့နေရာတွေကျတော့ ဆောက်လုပ်ဖို့ မြေနေရာ မရှိပါဘူး။ တဲတွေနားက ရေကန်လိုဖြစ်နေတဲ့ နေရာမှာပဲ အိမ်သာဆောက်ပေးဖို့ ပြောပါတယ်။ အဲဒီနေရာမှာ လူဦးရေကတော့ အတော်လေးကို ထူထပ်ပါတယ်။ အဲဒီ လူဦးရေအတွက် အိမ်သာကို ရေထဲမှာပဲ ဆောက်၊ လူတွေကလည်း အဲဒီရေပေါ်မှာပဲနေ၊ ဘေးနားကို ကြည့်လိုက်တော့လည်း အမှိုက်ပုံကြီးပဲ ရှိပါတယ်။ အဲဒါမျိုးကျတော့လည်း ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိနိုင်ပါဘူး။ အခိုင်အခန့် အိမ်သာတွေ ဆောက်ပေးဖို့ကျတော့လည်း ကျူးကျော်ရပ်ကွက်ဖြစ်နေတော့ ခက်ပြန်ရော။


သာကေတမှာတော့ ရပ်ကွက်လူကြီးတွေ ခေါင်းခဲစရာတွေ ရှိနေပါတယ်။ လေဘေးသင့်ပြည်သူတွေက နီးစပ်ရာ တိုက်ခန်းအလွတ်တွေမှာ အိမ်ရှင်ရဲ့ခွင့်ပြုချက် မရပဲ တံခါးသော့တွေကို ရိုက်ချိုးပြီး ၀င်ရောက်နေထိုင်တာတွေ ရှိပါတယ်။ တိုက်ခန်းတွေရဲ့ လှေခါးခွင်တွေမှာလည်း နေထိုင်ကြပါတယ်။ တိုက်ခန်းပိုင်ရှင် အများစုကတော့ စစ်တပ်က ဗိုလ်မှုးကြီးတွေ ဖြစ်နေလို့ ရပ်ကွက်လူကြီးတွေ ခေါင်းကျိန်းနေပါပြီ။


တချို့ကျတော့လည်း အနားတ၀ိုက်က လူမနေသေးတဲ့ တိုက်အသစ်တွေရဲ့ ခေါင်မိုးတွေပေါ်တက်ပြီး သွပ်တွေကို အချပ်လိုက် ခွာထုတ်ယူပြီး ရောင်းစားတာတွေလည်း ရှိခဲ့ပါတယ်။ မသိရင်တော့ လေမုန်တိုင်း ကျတုန်းကပဲ လေနဲ့အတူ လွင့်သွားသလိုမျိုး ရောင်တော်ပြန်လွှတ်ပြီး ခိုးကြပါတယ်။ အဲဒီလို လုပ်နေတဲ့သူ အများစုက လေဘေးသင့် ပြည်သူတွေ မဟုတ်ပဲ ရပ်ကွက်ထဲက ဖဲသမား၊ အရက်သမားများ ဖြစ်ကြပါတယ်လို့ ရှင်းပြပါတယ်။


အနားတ၀ိုက် တိုက်ခန်းက အိမ်ရှင်တွေက သနားလို့ အိမ်ပေါ်ကို ခေါ်တင်ထားတာမျိုးလည်း ရှိပါတယ်။ အိမ်ပေါ်မှာ နေရာပြည့်သွားတဲ့အတွက် နောက်ထပ် လက်မခံနိုင်တဲ့ လူတွေလည်း လမ်းဘေးမှာပဲ ဖြစ်သလို တဲထိုးနေရတာလည်း ရှိပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခွင့်ရတဲ့လူ ရှိသလို နေရာအခက်အခဲကြောင့် အပြင်မှာပဲ နေရတာလည်း ရှိပါတယ်။


ပြဿနာက ကယ်ဆယ်ရေးစခန်း အတွင်းမှာရှိတဲ့ လူတွေကတော့ အလှူရှင်တွေ ထောက်ပံ့တဲ့ ဆန်ဆီ၊ အ၀တ်အထည် စတာတွေကို ရကြပြီး အပြင်မှာ နေတဲ့လူတွေကျတော့ အလှူရှင်တွေအနေနဲ့ မေ့ပြီး မလှူမိတာတွေ ရှိပါတယ်။ ကယ်ဆယ်ရေးစခန်းက မဟုတ်တဲ့အတွက် မပေးနိုင်ဘူးဆိုပြီး ငြင်းလွှတ်တာတွေ ခံကြရပါတယ်။ တချို့ကျတော့လည်း လေဘေးမသင့်ပဲ အချောင်ဝင် တောင်းရမ်းတာတွေ ရှိတတ်တော့ အလှူရှင်တွေကလည်း ပြင်ပက လူဆို မလှူချင်ကြပါဘူး။ အဲဒီမှာ ကယ်ဆယ်ရေးစခန်း တာဝန်ခံတွေကို အပြင်မှာ နေရတဲ့ လေဘေးသင့်တွေက ဓါးကျိမ်း ကျိမ်းပါတော့တယ်ဗျာ။

သြော်... လူ့ဘ၀ရဲ့ သောက... ဝေဒနာတွေကို စုံပလုံစိအောင် ကြားစေရမယ့် နာဂစ်ပါလားဗျာ။ ပန်းဆိုတဲ့ အမည်လေးက သင်းသလောက် ဖျက်ဆီးမှုအားက အတော်ကောင်းလှပါပေတယ်။ ကျွန်တော့် ဘ၀တစ်သက်မှာ အမှတ်တရပါပဲဗျာ။

Sunday, May 11, 2008

Nargis Surveying - 1

နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ အဖွဲ့ဖြစ်တဲ့ တောကျီးကန်းအဖွဲ့နဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာလေးတွေကို မေလ ၁၁ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ သွားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ရွာတွေမှာ အစားအစာ ရရှိမှု၊ သောက်သုံးရေသန့်ရရှိမှု အနေအထား၊ ယင်လုံအိမ်သာ ရှိမရှိ အနေအထားတွေကို သွားရောက်လေ့လာခဲ့တာပါ။ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့အတွက် ပမာဏ သွားရောက် လေ့လာခဲ့တာပေါ့။



ကြည့်မြင်တိုင် ဗားကရာဆိပ်ကနေ လှိုင်မြစ်တစ်ဖက်ကမ်းကို လှေနဲ့ကူးရပါတယ်။ လှေဆိပ်က လှေအတော်များများလည်း မုန်တိုင်းဒဏ်ခံလိုက်ရပြီး ပျက်စီးသွားလို့ လှေတွေ သိပ်မရှိလှပါဘူး။ လှေခက တစ်ခေါက်ကို ကျပ် ၂၀၀၀ ပေးရပါတယ်။ ခရီးသည် ၇ ဦးပဲ တင်ပါတယ်။ လှေအဆင်း မြင်းအတက် ဆိုတဲ့အတိုင်း သတိထားဆင်းတာတောင် လှေက လေတိုက်ပြီး ရွေ့သွားလို့ တခြားလှေထဲကို အမြန်ခုန်ချလိုက်ရတယ်။ တခြားလှေသာ မရှိရင် ကမ်းစပ်က ဗွက်ထဲကို တန်းနေတာပါပဲ။



ဟိုဘက်ကမ်းကို ရောက်တော့ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ နေရာတွေကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ လိုက်လံ ကြည့်ရှုခဲ့ပါတယ်။ နာဂစ်မှာ ကြက်ခြေနီတွေလည်း တကယ်ကို အလုပ်လုပ်ကြရပါတယ်။ သူတို့တွေဟာ ဘာတစ်ခုမှ အကျိုးအမြတ် မခံစားရတဲ့ အဖြူရောင်နှလုံးလှပိုင်ရှင် စေတနာဝန်ထမ်း အစစ်တွေဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်တတ်ရင် မြင်ကြမှာပါ။ ဆန်ဂိုဒေါင်မှာ ဖွင့်ထားတဲ့ စခန်းတွေ၊ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စခန်းတွေ၊ စာသင်ကျောင်းတွေမှာ ဖွင့်ထားတဲ့ စခန်းတွေကို နေပူကျဲကျဲအောက်မှာ တစ်ခုပြီး တစ်ခု ၀င်ထွက် သွားလာ ကြည့်ရှုခဲ့ပါတယ်။



ကြည့်မြင်တိုင်မြို့နယ် အပိုင်ဖြစ်ပေမယ့် ရွာတွေက အတော်လေး ခေါင်ပါတယ်။ တချို့ရွာတွေဆို လှည်းလမ်းတောင် မရှိပါဘူး။ ဆိုင်ကယ်လည်း မ၀ယ်နိုင်ကြပါဘူး။ တစ်ရွာနဲ့ တစ်ရွာ ၇ မိုင်လောက် ခြေကျင်လျှောက်ရပါတယ်။ လယ်ကန်သင်းရိုးပေါ်ကနေ သွားလာရတာ များပါတယ်။ ရွာတွေမှာ ရှိတဲ့ ရေတွင်းရေကန်များဟာ သန့်ရှင်းမှု မရှိပါဘူး။ ရေထွက် ညံ့တာလည်း ပါပါတယ်။ ရွာအများစုကတော့ ကန်ကြီးတွေ တူးထားပြီး မိုးရာသီမှာ ရွာတဲ့မိုးရေတွေကိုပဲ လှောင်ထားပြီး သောက်ရေအဖြစ် သုံးကြပါတယ်။ သုံးရေကိုတော့ အများစုက မြစ်ထဲကနေ ယူကြပါတယ်။ မြို့နယ်ထွေအုပ်ရုံးကတော့ သောက်ရေသန့် တိုင်ကီတွေကို စက်လှေတွေနဲ့ သယ်ပြီး ရွာတွေကို ပေးပို့ထောက်ပံ့နေတာလည်း ရှိပါတယ်။



လက်ရှိသုံးနေတဲ့ အိမ်သာတွေကတော့ လောက်တဖွားဖွားပါပဲ။ ကျင်းတွေကလည်း ပြည့်လျှံနေပါတယ်။ အနံ့အသက်ကတော့ ပြောမနေပါနဲ့တော့။ လှုပ်လီလှုပ်လဲ့ အိမ်သာတွေပေါ်ကို တက်ကြည့်ရတာလည်း အသဲယားစရာပါပဲ။ မတော်လို့ ပြုတ်ကျရင် ချီးတွင်းကြီးထဲကို တန်းနေတာပါပဲ။ အိမ်သာအများစုကတော့ ပျက်ဆီးနေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လောလောဆယ် ၀မ်းရောဂါဖြစ်နေသူက ၁၇ ယောက် ရှိနေပါပြီ။ ဒါကြောင့် ယင်လုံအိမ်သာတွေ ပြန်ဆောက်ပေးဖို့ လိုအပ်နေတဲ့ ရွာတွေပါလို့ မှတ်ချက်ပြုမိပါတယ်။



ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ရွာတွေက စုစုပေါင်း ၁၁ ရွာရှိပါတယ်။ ဦးမြ၊ ငဇင်၊ ဆိပ်ကြီး၊ အလတ်ချောင်း၊ စက်ဆန်း၊ အောက်ရုံ၊ အေးရွာ (အရှေ့)၊ အေးရွာ (အနောက်)၊ ဗလုတ်ညွှန့်နဲ့ ၀ါးရုံဆိပ်တို့ပါ။ လူဦးရေကတော့ ၃၈၀၀၀ ကျော်ပါတယ်။ တောကျီးကန်းအဖွဲ့အနေနဲ့ လောလောဆယ် ရွာတစ်ရွာမှာ အများသုံးအိမ်သာ ၄ လုံးလောက် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အိမ်သာတွေကိုတော့ သွပ်မိုး ပျဉ်ကာဆောက်ဖို့ မှန်းထားတယ်။ ဒါတောင် စရိတ်က မသေးပါဘူး။ အိမ်သာ ၁ လုံးကို ၃ သိန်းလောက် ကုန်ကျပါတယ်။ လက်သမားခ၊ ကျင်းတူးခတွေ ပေါင်းလိုက်ရင်တော့ ဒီထက်မက များသွားနိုင်ပါတယ်။ သိကြတဲ့အတိုင်း ကုန်ဈေးနှုန်းက ဒုံးပျံနဲ့ အပြိုင် မိုးပေါ်ကို ထောင်တက်နေကြတယ်လေ။



ဒီလိုနဲ့ တနေကုန် ရွာရိုးကိုးပေါက် သွားလာပြီး ညနေစောင်းလောက်မှာ ဒီဘက်ကမ်းကို ပြန်ကူးလာခဲ့ပါတယ်။ လူလည်း ပူပြင်းလှတဲ့နေရောင်အောက်မှာ အတော်လေးကို နှုံးချိနေပါပြီ။ ဒါပေမယ့် ကိုယ့်ထက် ဆိုးဝါးတဲ့ ဘ၀တွေကို ရင်ဆိုင်နေရတဲ့သူတွေနဲ့ ယှဉ်ရင် အခုခံစားရတာလေးတွေက အသေးအဖွဲလေးဖြစ်သွားပါတယ်။ ခရီးစဉ် အစအဆုံးကို လိုက်ပို့ပေးတဲ့ ကြည့်မြင်တိုင် ကြက်ခြေနီတပ်ရင်းက ပြန်ဆက်အရာရှိ အပါအ၀င် ရဲဘော်များအားလုံးကို အထူးကျေးဇူးတင်မိကြောင်း မှတ်တမ်းတင်ခဲ့ပါရစေဗျာ။



Sunday, May 4, 2008

Nargis Cyclone

ညပိုင်းကတည်းကနေ မနက် မိုးလင်းတဲ့အထိ မာန်ဟုန်ပြင်းနေတဲ့ နာဂစ်မုန်တိုင်းဒဏ်ရဲ့အောက်မှာ ရန်ကုန်မြို့ကြီး ငြိမ်ဝပ်ပိပြားနေရှာပါတယ်။ မြို့တစ်ခုလုံး ထောင်းထောင်းကြေအောင် တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး နေ့လည်ပိုင်းလောက်မှာ အောင်နိုင်သူအပြုံးနဲ့ နှုတ်ဆက်ထွက်ခွာသွားပါတယ်။ မုန်တိုင်းပြီးရင် လေပြေ လာစမြဲပေမယ့် အဲဒီလေပြေအောက်မှာ ပြုံးရယ်နိုင်သူ ရှာမတွေ့နိုင်ခဲ့ပါဘူး။ ကြည့်လေရာ နေရာတိုင်းမှာ အပြိုအပျက်တွေ တောင်ပုံရာပုံပါပဲ။

နှစ်သက်တမ်းရှည်ကြာပြီဖြစ်တဲ့ အပင်ကြီးတွေ မြေမှာ ပြိုလဲနေပါပြီ။ တချို့ကတော့ လမ်းမပေါ်မှာ အတုံးအရုန်းပေါ့။ တချို့ကတော့ အိမ်တွေထဲကို နှုတ်ဆက်အနမ်းတွေနဲ့ ၀င်လာကြသလို အိမ်တွေအပေါ် အရုပ်ကြိုးပြတ် ဘုံးဘုံးလဲနေတာလည်း ရှိကြပြန်ရော။ လမ်းပေါ်က နေရာတိုင်းမှာ သစ်ခက်သစ်ကိုင်း သစ်ရွက်တွေ မြင်မကောင်းအောင် ရှုပ်ပွနေပါတယ်။ ကြေငြာဆိုင်းဘုတ်ကြီးတွေလည်း မြေမှာ သက်ဆင်းနေကြပါတယ်။


တိုက်အိမ်တွေကိုကြည့်လိုက်ရင်လည်း အမိုးမရှိတဲ့အိမ်တွေက အများသား။ မှန်တွေ အချပ်လိုက် အချပ်လိုက် ကွာကျလို့ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်တွေကလည်း မနည်းမနှော။ မှန်တွေကွာကျထားတဲ့ လှေခါးတွေဆို ဒိုးလျှိုပေါက်ကို မြင်နေရလို့ ဆောက်လက်စ တိုက်အသစ်လားတောင် ထင်မှတ်မှားရပြန်တယ်။ ပျဉ်ထောင်အိမ်တွေ၊ တဲအိမ်တွေကတော့ မြင်မကောင်းအောင် ပျက်ဆီးကုန်ပါတယ်။ မြစ်ရိုးတစ်လျှောက် အိမ်တွေကတော့ ရေထဲ မြှုပ်ကုန်ပါပြီ။

အိမ်အပြင်ကို ထွက်လိုက်တော့လည်း အပြိုအပျက်တွေကြားမှာ ဟိုဟိုဒီဒီ သွားနေတဲ့ လူတွေ ဟိုနားတစ်စု ဒီနားတစ်စု။ ပြုတ်ကျလာတဲ့ စလောင်းတွေကို ပြန်ကောက်တဲ့သူတွေက ကောက်၊ သွပ်မိုးတွေကို ပြန်ကောက်တဲ့သူတွေက ကောက်၊ မှန်ကွဲစတွေ ရှင်းတဲ့သူက ရှင်းပေါ့။ ရပ်ကွက်ထဲက လူကြီးလူငယ်တွေလည်း လမ်းရှင်းတဲ့သူက ရှင်း၊ အပင်တွေကို ခုတ်ထစ်တဲ့သူက ခုတ် အားလုံး အလုပ်တွေများနေကြပါတယ်။ အားလုံး တနိုင်တပိုင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရကိုင်ရပါတယ်။


လမ်းမကြီးတွေမှာလည်း ဘတ်စ်ကားတွေလည်း မပြေးနိုင်တော့ လူတွေလည်း သွားစရာ လာစရာ ရှိတာတွေကို ခြေလျင်ပဲ သွားရလာရပြန်တယ်။ ရထားလမ်းပေါ်မှာလည်း သစ်ပင်တွေက ကန့်လန့်ဖြတ်ကျနေတော့ ရထားတွေလည်း မထွက်နိုင်ပါဘူး။ အငှားယာဉ် တက်စီတွေလည်း မထွက်တော့ ပိုက်ဆံရှိလည်း ကားမငှားနိုင်တဲ့ ဘ၀ကို ရောက်သွားရတယ်။ ဒီလိုအချိန်ကျတော့လည်း ငွေဆိုတာ စာရွက် တစ်ရွက်လိုပဲ ဘာမှ တန်ဖိုးမရှိ ဖြစ်သွားပါတယ်။


လမ်းပေါ်က သစ်ပင်တွေကြား ရှောင်ကွင်းသွားရသလို ဓါတ်ကြိုးတွေ ဓါတ်တိုင်တွေကိုလည်း ကျော်ခွသွားလာရပါတယ်။ အချို့နေရာမှာဆို ရေကြီးနေလို့ လူတွေ ရေထဲမှာ လျှောက်နေရတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေကတော့ ကားတွေ မောင်းပြီး သွားကြလာကြပေါ့။ လမ်းတွေပိတ်ကုန်လို့ တစ်လမ်းမောင်း လမ်းတွေမှာလည်း ကားတွေ လမ်းပြောင်းပြန် မောင်းတာတွေ ဖြစ်ကုန်ရော။ အဲဒီအချိန်မှာ ယာဉ်ထိန်းရဲဆိုတာလည်း တာဝန်ကျရာနေရာကို ရောက်အောင် မလာနိုင်တော့ပါဘူး။ မီးပွိုင့်တွေလည်း လေမုန်တိုင်း တိုက်တုန်းက ဂျင်လည်သလို တိုင်တွေက လည်နေတော့ လေငြိမ်တဲ့အချိန်မှာ အရင်ပုံစံ နေရာမှန်မှာ မရှိတော့ပါဘူး။ နေရာမှန်မှာရှိလည်း မီးက မလာတဲ့အတွက် အလကားပါပဲ။


မုန်တိုင်းပြီးချိန်မှာ ဘာဈေးဆိုင်မှ မဖွင့်နိုင်တော့ပါဘူး။ ကြိုတင် မပြင်ဆင်ထားနိုင်တဲ့ မြို့နေလူထုအတွက် စားစရာမရှိတဲ့ မနက်ခင်းကို နဖူးတွေ့ ဒူးတွေ့ ကြုံရပါပြီ။ လက်ဖက်ရည်ဆိုင်တွေ၊ စတိုးဆိုင်တွေရဲ့ ရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီးက တမျှော်တခေါ်ကြီးပါ။ ကြက်ဥတွေ ပေါင်မုန့်တွေ ခေါက်ဆွဲခြောက်တွေဟာ ရောင်းအကောင်းဆုံးတွေပေါ့။ ရေသန့်ဗူးတွေလည်း ရောင်းမလောက် ဖြစ်ကုန်ပါတယ်။ ဈေးတက်တဲ့ဆိုင်တွေ ရှိသလို ဈေးမတက်ပဲ နဂိုဈေးအတိုင်း ရောင်းတဲ့ဆိုင်တွေလည်း ရှိကြပါတယ်။


ဘုန်းကြီးကျောင်းတွေကိုလည်း ၀င်လာတဲ့ မုန်တိုင်းသင့်ပြည်သူတွေလည်း တဖွဲဖွဲပေါ့။ သယ်လို့ရသမျှ အ၀တ်ထုပ်တွေကို သယ်လာတဲ့သူနဲ့.. ကလေးတွေကို လက်ကဆွဲလို့ ၀င်လာတဲ့သူနဲ့... အိမ်က အိုးခွက်ပန်းကန်တွေကို မနိုင်မနင်း သယ်လာတဲ့သူနဲ့... ဘုန်းကြီးကျောင်းတ၀ိုက်မှာ ပျားပန်းခပ်နေပါတယ်။ ဘုန်းကြီးတွေလည်း နေလို့ရမယ့် အဆောင်တွေ၊ အခန်းတွေ၊ ဇရပ်တွေကို ဖွင့်ပြီး နေရာချပေးနေရပါတယ်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း စတဲ့ အစိုးရကျောင်းတွေလည်း မုန်တိုင်းသင့်ပြည်သူတွေ ထားနိုင်သလောက် ထားပြီး နေရာချပေးနေရပါတယ်။


ညပိုင်းမှာဆိုလည်း မြို့ကြီးတစ်ခုလုံး အမှောင်ထုက ကြီးစိုးနေပါတယ်။ သွားလေရာ နေရာတိုင်းမှာ အပင်ကြီးတွေက ပြိုလဲနေတော့ အမေဇုန်တောထဲ ရောက်နေသလား အမှတ်မှားရပါတယ်။ မြို့လယ် လမ်းမကြီးတွေလည်း အပင်တွေနဲ့ ပိတ်နေလို့ ဟိုရှောင်ကွင်း ဒီရှောင်ကွင်းပြီး တစ်လမ်းဝင် တစ်လမ်းထွက် ကားမောင်းနေရပါတယ်။ မြို့ပျက်တယ်ဆိုတာ ဒါမျိုးပါလား အခုမှ နဖူးတွေ့ ဒူးတွေ့ကြုံ့ရတာပါပဲ။

ဘူးလေးရာ ဖရုံဆင့်တယ်ပဲ ပြောရမလား။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာပဲ ပြောရမလား။ မြေနိမ့်ရာ လှံစိုက်တယ်ပဲ ပြောရမလား။ နာဂစ်မုန်တိုင်းရဲ့ ရိုက်ချက်ကတော့ အောက်မြန်မာပြည်အတွက် အတော်လေးကို အထိနာစေခဲ့ပါတယ်ဗျာ။ အဲဒီဒေသတွေ ဘယ်အချိန်များမှာမှ ပြန်လည် နာလန်ထူနိုင်မလဲဆိုတာကို တွေးမိရင်း သက်ပြင်းတွေ အခါခါချနေမိတော့တယ်။