.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Camp. Show all posts
Showing posts with label Camp. Show all posts

Sunday, December 5, 2010

Youth Donor Camp 2010



ခရစ်စမတ်ပိတ်ရက်မှာ အချိန်လေးများ ပေးနိုင်ရင် စင်္ကာပူကြက်ခြေနီက ဖွင့်လှစ်တဲ့ Youth Donor Camp 2010 ကို လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အသက် ၁၆ နှစ်ကနေ အသက် ၃၀ နှစ်ကြား မည်သူမဆို တက်ရောက်နိုင်ပါတယ်။ စင်္ကာပူမှာ နေတဲ့သူဆိုရင်တော့ ဒေါ်လာ ၂၀ ဝင်ကြေးပေးရပါမယ်။ အဲဒီ ဒေါ်လာ ၂၀ က မနက်စာ၊ နေ့လည်စာ၊ ညစာအတွက်ပါ အပြီးအစီး စရိတ်ငြိမ်းပါ။ သွေးလှူတာနဲ့ပတ်သက်တဲ့ အမြင်တွေ ဖလှယ်ကြမယ်။ အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေ ဆွေးနွေးကြမယ်။

ဝင်ခွင့်လျှောက်လွှာကို ဒီနေရာမှာ ယူနိုင်ပါတယ်။ အဲဒီလျှောက်လွှာကို ဖြည့်ပြီးရင် Ms Chin Li Peng, lipeng.chin@redcross.org.sg ဆီကို မေးလ်ပို့လိုက်ပါ ခင်ဗျာ။

Wednesday, December 30, 2009

Youth Donor Camp 2009


စင်္ကာပူက သွေးဘဏ်ကိုလည်း လေ့လာရေးထွက်ခဲ့ကြတယ်။


အသက်ငယ်ပေမယ့် အတော်သွက်တဲ့ ချစ်စရာ ကောင်မလေးတွေ။


ဒါကတော့ ဒီလိုရှိတယ်။ ဟိုဟာကတော့ ဟိုလိုရှိပါတယ်။


အင်္ဂလိပ်စကားမွတ်နေအောင် ပြောတတ်တဲ့ ထိုင်းကြက်ခြေနီလေး။


နိုင်ငံအစုံက လူငယ်တွေ စုစုစည်းစည်းပေါ့။


အပီအပြင် ဗိုက်လှုပ်ပြီး ကနေတဲ့ ဗီယက်နမ်က ၀၀တုတ်တုတ် ဆရာဝန်


ပြန်ခါနီးညနေစောင်းမှာ နှုတ်ဆက်အလွမ်းတွေနဲ့ ဝှေ့ယမ်းနေတဲ့လက်တွေ။

Tuesday, December 30, 2008

Youth Donor Camp 2008 - 9


ဖိလစ်ပိုင်ပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


ဟောင်ကောင်ပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


မြန်မာပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


လာအိုပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။

Monday, December 29, 2008

Youth Donor Camp 2008 - 8


မိန်းခလေးဆိုလို့ ၁ ယောက်ပဲပါတဲ့ ထိုင်းအဖွဲ့သားတွေ ပြခန်းကို ပြင်ဆင်နေတာပါ။


ဖိလစ်ပိုင်အဖွဲ့ကလည်း မိန်းခလေး ၁ ယောက်ပဲပါတယ်။


ပါကစ္စတန်က ၁ ယောက်တည်း လာတယ်။ လက်ထောက်ညွှန်မှုးဆိုပဲနော်။


ဗီယက်နမ်ကလည်း ၁ ယောက်တည်းပဲ။ ဗလတောင့်တောင့်နဲ့ ကောင်လေးပေါ့။

Sunday, December 28, 2008

Youth Donor Camp 2008 - 7


Amazing Race ထဲမှာပါတဲ့ River Cross လို့ အမည်ပေးထားတဲ့ ကစားနည်းလေးပါ။
ဖြတ်ကူးစရာ မြစ်မရှိလို့ ပင်လယ်ထဲမှာပဲ ကမ်းစပ်နားကပ်ပြီး လှော်ကြတာပေါ့။


နောက်မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလှူရှင်ပါ။
ရှေ့မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလက်ခံမယ့် လူနာလို့ သတ်မှတ်ထားပါတယ်။


အေ၊ ဘီ၊ အို၊ အေဘီ သွေးအမျိုးအစားအလိုက် လူနာမှာ လက်ခံနိုင်မှု ရှိမရှိ သိစေချင်တာပါ။
အကယ်လို့ လူမှားသယ်လာရင် လက်မခံပဲ ဟိုဘက်ကမ်းကို ပြန်လှော်ခိုင်းပါတယ်။


အေဘီသမားကတော့ အေဘီသမားကိုပဲ လှူလို့ရပါတယ်။
သွေးအားလုံးမှာ သွင်းလို့ရတဲ့ အိုသွေး အလှူရှင်က အများဆုံး လှော်ခတ်ရပါတယ်။

Saturday, December 27, 2008

Youth Donor Camp 2008 - 6


Group - A (Aorta Group)


Group - C (Camaraderie Group)


Group - D (Ding Dung... Group)


Group - E (Elvis Group)

Friday, December 26, 2008

Youth Donor Camp 2008 - 5


ဒီကစားနည်းကို ရှဉ့်ကလေးနဲ့ အိမ်ကလေးလို့ ခေါ်ရမလားပဲ။
ကစားနည်းမှာ အိမ်ကနည်းပြီး ရှဉ့်တွေက ပိုများရပါတယ်။


အိမ်ရွှေ့ရင် ရှဉ့်တွေက ထိုင်နေရတယ်။ ရှဉ့်တွေ ရွှေ့ရင် အိမ်တွေက ငြိမ်နေရတယ်။


ကစားပြီး ခဏနား... ပြီးတော့ နေ့လည်စာ ၀ါးတီးပေါ့။
အအေးဗူးနဲ့ သစ်သီးတွေလည်း ကျွေးတယ်။


သူတို့တွေက အားရပါးရ စားနေချိန် ကိုယ်တွေကတော့ ရေသောက်ဗိုက်မှောက်ပဲ။
အားလုံး စားပြီးမှပဲ ကိုယ်တွေအလှည့်ရောက်တော့တယ်။ သြော်.. တာဝန် တာဝန်

Thursday, December 25, 2008

Youth Donor Camp 2008 - 4


ထမင်းမစားခင် Pavilion ထဲမှာ အားလုံးအတူ ဆော့ကစားပါတယ်။
စက်ဝိုင်းတစ်ခုဖြစ်အောင် အားလုံး လက်တွေချိတ်ထားရပါတယ်။


ပြီးရင် ကြိုးကို လက်တွဲမဖြုတ်ပဲ လက်ဆင့်ကမ်းရပါတယ်။
အ၀ါရောင်နဲ့ တစ်ယောက်က မြန်မာပြည်ကပါ။


အနီရောင်က ထိုင်းကြက်ခြေနီပါ။ အဖြူရောင်က လာအိုကြက်ခြေနီပါ။


ဆော့တာ နှေးတဲ့သူတွေက စည်းဝိုင်းအလယ်မှာ ကပြရပါတယ်။

Wednesday, December 24, 2008

Youth Donor Camp 2008 - 3


သဲသောင်ပြင်မှာ အဖွဲ့လိုက် ဆော့ကစားစဉ် ဗီဒီယိုမှတ်တမ်းရိုက်ကူးပါတယ်။
အဲဒီ ဗီဒီယိုကို IFRC (International Federation of Red Cross) ကို ပို့မှာပါ။


အမည်ခေါ်ခံရတဲ့သူကို ဆွမ်းကြီးလောင်း ၀ိုင်းရိုက်နေကြတာပါ။
သူက အခြားတစ်ယောက် အမည်ကို မခေါ်မချင်း အရိုက်ခံနေရမှာပါ။


အဖွဲ့ A မှာ Human Chain လို့ခေါ်တဲ့ ဂိမ်းကို ဆော့နေကြတာပါ။
တွဲထားတဲ့ လက်တွေကို မဖြုတ်ရပဲ လူတွေ နေရာရွှေ့ရတာပါ။


အဖွဲ့ D မှာ Human Chain လို့ခေါ်တဲ့ ဂိမ်းကို ဆော့နေကြတာပါ။
ချွေးပြိုက်ပြိုက် ကျတဲ့အပြင် တချို့ဆို လျှာတောင် ထွက်နေပြီ။

Tuesday, December 23, 2008

Youth Donor Camp 2008 - 2


Sentosa မှာ ဆော့ကစားဖို့အတွက် စီစဉ်စရာရှိတာကို လုပ်ဖို့ ရောက်လာတဲ့ ရှေ့ပြေးအဖွဲ့ပါ။


ကမ့်ဝင်တဲ့သူတွေ ရောက်မလာခင် ရှေ့ပြေးအဖွဲ့က လိုအပ်တာတွေကို နေရာယူ စီစဉ်ခဲ့ပါတယ်။


ကမ့်ဝင်တဲ့သူတွေ Sentosa ကို ရောက်လာပါပြီ။ အနီရောင်တွေက ထိုင်းကြက်ခြေနီတွေပေါ့။


ဂိမ်းတွေဆော့ဖို့ သဲသောင်ပြင်မှာ အဖွဲ့လိုက် နေရာယူခိုင်းထားလိုက်ပါတယ်။
နေကတော့ ခြစ်ခြစ်တောက်ပူနေတာပါပဲ။ အသားတောင် မဲတယ်။

Monday, December 22, 2008

Youth Donor Camp 2008 - 1


Bedok ဘူတာမှာ ကမ့်ဝင်မယ့်သူတွေကို လာကြိုတာပါ။


YDC banner ကြီးဖြန့်ပြီး အခုလို လူစုရတာပေါ့။ ပြီးမှ ကားနဲ့ ကမ့်ကို သွားကြမှာပါ။


မြန်မာပြည်က လာမယ့် ကြက်ခြေနီ ၂ ယောက်ကို လေဆိပ်မှာ လာကြိုနေတာပါ။


မြန်မာပြည် ကြက်ခြေနီ ၂ ယောက်နဲ့ လာကြိုတဲ့သူတွေ လေဆိပ်မှာ အမှတ်တရပေါ့။
အိတ်မှားယူသွားလို့ လေဆိပ်မှာ အကြောင်းကြားနေတာနဲ့ အကြာကြီးစောင့်ခဲ့ရသေးတယ်။

Friday, December 12, 2008

YDC Camp Meeting -2


သောကြာနေ့ညက ကမ့်အတွက် နောက်ဆုံးမီတင်ရှိလို့ ရုံးကနေ အိမ်ကိုအရင်ပြန်ပြီး ရေမိုးချိုးအ၀တ်စားလဲ... အိမ်မှာရှိတဲ့ မုန့်လေးကို အစာပြေ စားပြီးတော့ သွေးဘဏ်ကို ထွက်လာခဲ့လိုက်တာ ၇ နာရီ ၂၅ မိနစ်မှာ ရောက်ခဲ့တယ်။ ဟိုရောက်တော့ အဖွဲ့ ၅ ဖွဲ့ခွဲထားတဲ့ အမည်စာရင်းတွေ့တာနဲ့ ယူဖတ်ကြည့်လိုက်တယ်။ အဖွဲ့တိုင်းမှာ မြန်မာအမည်တွေ ပါနေတာကို တွေ့လိုက်ရတယ်။ မိန်းခလေး ၂ ယောက် ယောကျာ်းလေး ၄ ယောက်ပါ။ စုစုပေါင်း ၆ ယောက် တွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာ ဆရာဝန် ၂ ယောက် ပါပါတယ်။

အစည်းအဝေးမှာ အခြားနိုင်ငံက ကိုယ်စားပြုလာမယ့် ကိုယ်စားလှယ်တွေကို လေဆိပ်မှာ သွားကြိုဖို့အတွက် ဆွေးနွေးကြပါတယ်။ အများစုက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စင်္ကာပူကို ရောက်ပါမယ်။ ဖိလစ်ပိုင်က ၄ ယောက်က မနက် ၉ နာရီ ၅၀ မိနစ်မှာ Terminal 1 ကို ရောက်ပါမယ်။ လာအိုက ၄ ယောက်နဲ့ ပါကစ္စတန်က ၁ ယောက်က နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှာ Budget Terminal ကို ရောက်ပါမယ်။ ဟောင်ကောင်ကိုယ်စားပြု ၁ ယောက်က Terminal 1 ကို နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှာ ရောက်ပါမယ်။ ထိုင်းနိုင်ငံ ကိုယ်စားပြု ၅ ယောက်က ညနေ ၄ နာရီ ၁၀ မိနစ်မှာ Terminal 1 ကို ရောက်ပါမယ်။ ဗီယက်နမ် ၁ ယောက်ကတော့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ Terminal 1 ကို ရောက်ပါမယ်။

လေဆိပ်ကြိုရမယ့်စာရင်းတွေ ဖတ်ပြသွားတော့ မြန်မာနဲ့ မလေးရှားက မပါဘူးဖြစ်နေတယ်။ မလေးရှားက စင်္ကာပူနဲ့ နီးတော့ ကိစ္စမရှိဘူး။ သူတို့ဘာသာ သွားတတ် လာတတ်ကြတယ်။ မြန်မာက လာမယ့်အချိန်ကို အခုထိ အကြောင်းမပြန်နိုင်သေးဘူး ဖြစ်နေတယ်။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်သိတော့ အေးဆေးဖြစ်ပေမယ့် စင်္ကာပူက လူတွေကတော့ စိုးရိမ်လို့ မေးကြတာပေါ့။ ဘယ်နေ့ လာမယ်ဆိုတာ သိနိုင်မလားပေါ့။ ကိုယ်လည်း မသိတော့ မသိဘူးပဲပေါ့။ အခုတလော လေယာဉ်လက်မှတ်တွေ ၀ယ်ရခက်နေတာပဲ သိတယ်။

ဒီတစ်ခေါက်ကမ့်က Regional Camp ဖြစ်လို့ ကြက်ခြေနီအလံ လွှင့်ထားဖို့ ကိစ္စတွေ၊ YDC အလံပါ လွှင့်ဖို့ လိုအပ်တဲ့ အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်။ Banner တွေလည်း လုပ်ကြမယ်ပေါ့။ ည ၁၁ နာရီခွဲပြီဆိုတာနဲ့ မီးပိတ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်။ မနက်စာ စားရမယ့်အချိန်နဲ့ သန့်ရှင်းရေး လုပ်ရမယ့် အချိန်တွေကို ပြန်ပြင်ကြတယ်။ အစက မနက် ၈ နာရီခွဲမှာ မနက်စာ စားဖို့ စီစဉ်ထားပေမယ့် မနက် ၇ နာရီ ၄၅ မိနစ်ကို ပြောင်းလိုက်ပါတယ်။ စာသင်ချိန်က မနက် ၉ နာရီ စမှာဆိုတော့ မနက်စာ စားတဲ့အချိန်နဲ့ နည်းနည်းလေး ခွာထားလိုက်တာပါ။

ဒီတစ်ခေါက် ကမ့်မှာ သွေးဘဏ်ကို လေ့လာရေးခရီးထွက်တာ ပါသလို Blood Mobile Drive တစ်ခုကိုလည်း လေ့လာကြမှာပါ။ ပထမဦးဆုံး သွေးဘဏ်ကို လေ့လာရေး ထွက်ကြမှာပါ။ သွေးဘဏ်မှာ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံပါမယ်။ Dhoby Ghaut NEL Station မှာ SMU က ဦးစီးကျင်းပတဲ့ သွေးလှူဒါန်းပွဲ ရှိပါတယ်။ အဲဒီပွဲကို အဖွဲ့လိုက် သွေးဘဏ်ရှိရာကနေ ရထားစီးပြီး လေ့လာရေး ခရီးထွက်ကြပါမယ်။ ပြီးမှ ကမ့်ရှိရာကို ကားနဲ့ ပြန်ကြမယ်။

နောက်ဆုံးနေ့ မတိုင်ခင် ညဦးပိုင်းမှာလည်း အဖွဲ့လိုက် ပြဇာတ်တိုတွေ လုပ်ရအုံးမှာပါ။ အဲဒီ ပြဇာတ်တွေကို အမှတ်ပေးမယ့် ဒိုင်အဖွဲ့လည်း ရှိပါတယ်။ ဒီတစ်ခေါက် ဒိုင်မှာ စင်္ကာပူကြက်ခြေနီရဲ့ အတွင်းရေးမှူး ကိုယ်တိုင် တက်ရောက် အမှတ်ပေးမှာပါ။ အခြားနိုင်ငံက ကြက်ခြေနီ လူကြီး ၃ ယောက်လည်း အမှတ်ပေးဒိုင်အဖြစ် လာကြအုံးမယ်တဲ့။ အဲဒီညမှာပဲ Farewell Dinner အနေနဲ့ ရှေ့နှစ်ကလို BBQ လုပ်ကြမယ်။ ပြီးရင် အခြား ပျော်စရာဂိမ်းအစီအစဉ်တွေလည်း လုပ်ကြအုံးမယ်။ အဲဒီညက မီးကုန်ယမ်းကုန် အပြတ်ကဲကြမယ့် ညပေါ့။ ရှေ့နှစ်တုန်းကဆို တချို့အဖွဲ့တွေ ညလုံးပေါက် မအိပ်ပဲ စုဖွဲ့ထိုင်ပြီး စကားတွေပြော လေပန်းကြသေးတယ်။ ဘယ်ရမလဲ... ကိုယ်ကတော့ အိပ်တာပေါ့။

အဲဒီလိုနဲ့ ကမ့်နဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ အစုံအလင် ဆွေးနွေးရင်း ည ၁၀ နာရီခွဲကျော်မှာ အစည်းအဝေး ပြီးဆုံးခဲ့ပါတယ်။ ကမ့်မှာ ၀တ်ဖို့အတွက် တစ်ယောက်ကို ကြက်ခြေနီ တီရှပ် ၂ ထည်စီပေးပါသေးတယ်။ အရင်ပွဲတွေမှာ ပေးခဲ့တာတွေ ရှိတော့ ၅ ရက်စာ ၀တ်ဖို့ ပူစရာ မလိုတော့ဘူးပေါ့။ သိမ်းဆည်းစရာ ရှိတာတွေ သိမ်းဆည်းပြီး ရထားစီး အိမ်ပြန်လာခဲ့တာ ည ၁၂ နာရီထိုးခါနီးမှ အိမ်ပြန်ရောက်တယ်။ အိမ်ပြန်ရောက်တော့ အိမ်တံခါးက အထဲကနေ လော့ခ်ချထားလို့ ဖွင့်လို့မရဘူး ဖြစ်နေတယ်။ ဒါနဲ့ အိမ်ထဲမှာ အိပ်နေတဲ့သူကို ဖုန်းဆက်ပြီး နှိုးရသေးတယ်။ နှိုးလာလို့ တော်သေးတာပေါ့ဗျာ။ မဟုတ်ရင် ဘယ်ပန်းခြံမှာ ဘယ်ခုံတန်းမှာ ခွေခွေလေး သွားအိပ်ရမလဲဆိုတာ မသိတဲ့ဘ၀ကို ရောက်ရတော့မှာဗျာ။

Friday, December 5, 2008

YDC Camp Meeting -1


သောကြာနေ့ညပိုင်းမှာ ကမ့်နဲ့ပါတ်သတ်ပြီး အစည်းအဝေးရှိလို့ ရုံးဆင်းတာနဲ့ အိမ်ကိုအရင်ပြန် ရေမိုးချိုး အ၀တ်စားလဲပြီး သွေးဘဏ်ကို ပြန်ထွက်လာတာ ၇ နာရီခွဲမှာ ရောက်တယ်။ အဲဒီနေ့မှာပဲ စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေး ကြက်ခြေနီတွေအတွက် ဂုဏ်ပြုညစာစားပွဲရှိတယ်။ အစည်းအဝေးက ပိုအရေးကြီးလို့ ဟိုပွဲကို မတက်တော့ဘူး။ ဒါကြောင့် စကာင်္ပူကြက်ခြေနီ ရုံးခွဲရှိတဲ့ သွေးဘဏ်ကိုပဲ ထွက်လာခဲ့တယ်။

ကမ့်မှာတာဝန်ယူကြမယ့် တချို့တွေက ရောက်နှင့်နေပြီ။ တချို့တွေကတော့ မရောက်သေးဘူး။ ဗိုက်ဆာတာနဲ့ မိုင်လိုတစ်ခွက် ဖျော်သောက်ရင်း စောင့်နေလိုက်တယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ကမ့်မှာ ကျွန်တော်က ကမ့်ဝင်သူပေါ့။ ဒီနှစ်မှာတော့ ကမ့်ရဲ့တာဝန်ရှိသူ တစ်ဦးပေါ့။ တာဝန်ခွဲဝေမှုဇယားမှာ ကျွန်တော် တာဝန်ယူရမယ့် အပိုင်းကို ကြည့်လိုက်တော့ Program အပိုင်းဖြစ်နေတယ်။ ဆန်တိုစာမှာ လုပ်မယ့် Amazing Race မှာ အဓိက တာဝန်ကျပါတယ်။ ကောင်းလိုက်တာ။ တချို့တွေက Logistics အပိုင်း တာဝန်ယူရတယ်။ တချို့တွေက Food & Beverage အပိုင်း၊ တချို့တွေက Safety အပိုင်းပေါ့။ တချို့တွေကတော့ Group leader အဖြစ် တာဝန်ယူရပါတယ်။ Group က ၅ ဖွဲ့ ရှိပါမယ်။ A, B, C, D, E ပေါ့။ တစ်ဖွဲ့မှာ Leader ၂ ယောက် ရှိကြမှာပါ။

ကမ့်ဝင်မယ်လို့ စာရင်းပေးထားတဲ့အထဲမှာ စင်္ကာပူက ၈၂ ယောက်ပါ။ အခြားတိုင်းပြည်က လာမယ့်သူကတော့ လောလောဆယ် ၁၉ ယောက် ရှိပါပြီ။ ဒါကြောင့် စုစုပေါင်း ၁၀၀ ကျော်နိုင်ပါတယ်။ ဗီယက်နမ်၊ လာအို၊ ယိုးဒယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဟောင်ကောင်နဲ့ ပါကစ္စတန်က လာကြပါမယ်။ လေ့လာသူအနေနဲ့ လာမယ့်အဖွဲ့တွေလည်း ရှိနေပါတယ်။ IFRC လို့ခေါ်တဲ့ Federation ကလည်း အဲဒီပွဲကို အကဲဖြတ် လေ့လာမှာပါ။ ဒါကြောင့် စကာင်္ပူကြက်ခြေနီအနေနဲ့ ဒီပွဲကို အစွမ်းကုန် ကြိုးစားယူမယ့် သဘောမှာ ရှိနေပါတယ်။ မျက်နှာ အပျက်မခံနိုင်ကြပါဘူး။

အစည်းအဝေးမှာ တာဝန်ယူမယ့်အပိုင်းအလိုက် တာဝန်နဲ့ ၀တ္တရားတွေကို ရှင်းလင်းပါတယ်။ နေ့အလိုက် လုပ်မယ့် အချိန်ဇယားကို တင်ပြဆွေးနွေးကြပါတယ်။ အဲဒီမှာ လိုအပ်တာတွေ ဖြည့်စွက် အကြံပေးကြပေါ့။ ရှေ့နှစ်ကတော့ အိပ်ရာထချိန်ကို ၈ နာရီလို့ သတ်မှတ်ခဲ့ပေမယ့် အခုနှစ်မှာတော့ မနက် ၇ နာရီ ထရမယ်လို့ ပြင်ထားပါတယ်။ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့အတွက် အချိန်ပြောင်းလိုက်တာပါ။ အိပ်ချိန်ကတော့ ည ၁၀ နာရီပါပဲ။ ကမ့်မှာ တာဝန်ယူမယ့် ကျွန်တော်တို့တွေက ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခွဲ အရောက် ကမ့်ကို သတင်းပို့ရမှာပါ။ ပြီးမှ ဘဒုတ်ဘူတာမှာ ကမ့်ဝင်မယ့်သူတွေကို သွားကြိုတဲ့အဖွဲ့နဲ့ ကမ့်မှာ နေရာချထားမယ့် အဖွဲ့ဆိုပြီး ၂ ဖွဲ့ခွဲလိုက်ပါမယ်။

ဆန်တိုစာမှာ လုပ်မယ့် ကစားပွဲအတွက်လည်း ဘာတွေလုပ်မယ် ဆိုတာကို တစ်နေရာချင်းစီအလိုက် ရှင်းပြ ဆွေးနွေးကြပါတယ်။ လိုအပ်တာတွေ ဖြည့်စွက်ကြပါတယ်။ မကြိုက်တဲ့အချက်တွေကို ငြင်းကြခုန်ကြပါတယ်။ အဖွဲ့လိုက် တာဝန်ယူရမယ့် အပိုင်းတွေကို ပြောကြပါတယ်။ Safety အပိုင်းကလည်း သူတို့ တာဝန်ယူမယ့် အပိုင်းတွေကို ရှင်းပြပါတယ်။ တစ်ခုခုဖြစ်ခဲ့ရင် အချိန်မှီ အကြောင်းကြားဖို့ကိုလည်း တဖွဖွ မှာပါတယ်။ ကမ့်ဝင်တဲ့သူတွေမှာ ဓါတ်မတည့်တာတွေ ပင်လယ်စာနဲ့ မတည့်တာတွေ ရှိရင်လည်း ကြိုမေးထားဖို့လည်း ပြောကြပါတယ်။

အဲဒီလို အပြန်အလှန် ငြင်းခုန်ဆွေးနွေးရင်း ည ၁၀ နာရီမှာမှ အစည်းအဝေး ပြီးပါတယ်။ လေဆိပ်မှာ သွားကြိုဖို့အတွက် တာဝန်ယူနိုင်မယ့်သူတွေ ရှိရင် စာရင်းပေးဖို့နဲ့ နောက်တစ်ပတ် သောကြာနေ့ညပိုင်းမှာ နောက်ဆုံးပိတ် အစည်းအဝေးတစ်ခု ထပ်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ တာဝန်ရှိသူအားလုံး မပျက်မကွက် တက်ရောက်ပေးကြဖို့ ပြောကြားပြီး ကျွန်တော်တို့တွေ လမ်းခွဲခဲ့ကြပါတော့တယ်။

Sunday, January 13, 2008

Youth Donor Camp 2007 - 13

အရေးပေါ်အခြေအနေ သင်ခန်းစာပြီးတော့ နေ့လည် ၁၂ နာရီ ထိုးခါနေပါပြီ။ ကမ့်က လူတွေလည်း ဗိုက်တွေဆာလို့ပေါ့။ ဒါပေမယ့် ထမင်းစား ပေးမဆင်းသေးပါဘူး။ အရင်ဦးဆုံး ၀ိုင်ဒီစီမှာ အသင်းဝင်ချင်သူတွေ ရှိရင် စာရင်းပေး အသင်းဝင်ပါဆိုလို့ ကွန်ပျူတာထဲမှာ စာရင်းတွေ ဖြည့်ပေးရပါတယ်။ အသင်းမှာ ကိုယ်တာဝန်ယူနိုင်တဲ့ လုပ်ငန်းကိုပါ တွဲပြီး စာရင်းပေးရပါတယ်။ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်း၊ အီးမေးလ်တွေ ပေးရပါတယ်။ စာရင်းပေးတဲ့သူ အများကြီးဆိုတော့ စောင့်နေရပါတယ်။ တချို့ကျတော့ ကိုယ့်အမည်စာရင်းပဲ ဖြည့်တာတင် မဟုတ်ဘူး သူများတွေရေးထားတဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေပါ လိုက်မှတ်နေသေးတယ်။ အများစုကတော့ စာရင်းပေးကြပါတယ်။ အိမ်ကို ပြန်မေးရမယ်ဆိုတဲ့ လူငယ်ပိုင်းတွေလောက်ပဲ စာရင်း မပေးကြတာပါ။ အသက်က ကျော်နေပြီဖြစ်တဲ့ ကျွန်တော်လည်း ခပ်တည်တည်နဲ့ စာရင်းပေးပြီး အသင်းဝင်ထားလိုက်ပါတယ်။

ပုံ။ ။ အမည်စာရင်း ဖြည့်သွင်းနေကြစဉ်။

စာရင်းတွေ ပေးပြီးတော့ ကမ့်က တာဝန်ရှိသူတွေက သင်ခန်းစာတွေကို အနှစ်ချုပ် ပြန်ပြောပါတယ်။ ပြီးတော့ တစ်ဖွဲ့ချင်းစီက ကိုယ်စားလှယ်တွေ ရွေးခိုင်းပါတယ်။ သူတို့က အဖွဲ့ကို ပြန်လည် စုစည်းဖို့ တာဝန်ယူရပါတယ်။ တစ်ဖွဲ့ချင်းစီက လူတွေကို အဖွဲ့က မရွေးရပဲ တခြား ၃ ဖွဲ့က ရွေးပေးရပါတယ်။ ကျွန်တော်တို့ အဖွဲ့ ၄ ကို ရွေးတဲ့အခါမှာ ကျွန်တော့်ကို ၃ ဖွဲ့စလုံးကို ရွေးပါတယ်။ ဒါပေမယ့် ကျွန်တော့်က အလုပ်တစ်ဖက်နဲ့ အချိန်ပြည့် တာဝန်မယူနိုင်သေးကြောင်း ကမ့်ကြီးကြပ်သူကို ပြောပြပြီး အဖွဲ့ထဲက နောက်ထပ်တစ်ယောက် ထပ်ရွေးဖို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကလေးစုံတွဲက ကောင်လေးကိုပဲ ကျွန်တော်တို့အဖွဲ့ ကိုယ်စားလှယ်အနေနဲ့ ရွေးလိုက်ပါတယ်။


ပုံ။ ။ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်စဉ်။

အဖွဲ့လိုက် ကိုယ်စားလှယ်တွေ ရွေးပြီးတော့ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပါတယ်။ မန်နေဂျာ အီလင်းက သင်တန်းသား တစ်ဦးချင်းကို အောင်လက်မှတ် ပေးပါတယ်။ ဓါတ်ပုံတွေလည်း ရိုက်ပေါ့။ ဒါပေမယ့် ရိုက်ထားတဲ့ ဓါတ်ပုံတွေက ၀ိုင်ဒီစီ ၀ဘ်ဆိုဒ်မှာ အခုအချိန်အထိ မတင်ထားသေးပါဘူး။ ကျွန်တော့် ကင်မရာလေးနဲ့ ရိုက်ထားတဲ့ပုံလေးတွေ ရှိလို့သာ တော်သေးတာပေါ့။ အောင်လက်မှတ် ပေးပြီးတော့ ကမ့်ကြီးကြပ်သူက ကမ့်သန့်ရှင်းရေး လုပ်ဖို့ တာဝန်တွေ ခွဲဝေပါတယ်။ ကျွန်တော်တို့အဖွဲ့က ကန်တင်းနဲ့ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်ရပါတယ်။ ကျန်တဲ့အဖွဲ့တွေက အပေါ်ထပ်က အိမ်သာတွေနဲ့ အိပ်ခန်းတွေကို အသီးသီး တာဝန်ယူရပါတယ်။ သန့်ရှင်းရေး မလုပ်ခင် ကိုယ့်အထုပ်အပိုးတွေကို ထုပ်ပိုးထားဖို့ ကြိုမှာပါတယ်။ ကုတင်ပေါ်က မွေ့ရာနဲ့ ခေါင်းအုံးတွေကိုလည်း စနစ်တကျ ထုပ်ပိုး သိမ်းဆည်းပေးရပါတယ်။ ပြီးတော့ တာဝန်ကျရာမှာ သန့်ရှင်းရေး လုပ်ကြပါတယ်။


ပုံ။ ။ အော်တိုလေးတွေ ရေးပြီး အမှတ်တရ။

အားလုံး သန့်ရှင်းရေး လုပ်ပြီး ခဏနားပြီးတော့မှ နေ့လည်စာ ထမင်းကို ကျွေးပါတယ်။ အများစုကတော့ ထမင်းမစားနိုင်ကြပဲ အချင်းချင်း အော်တိုရေးနေတာနဲ့ အလုပ်များနေကြပါတယ်။ အသင်းခေါင်းဆောင် ရောက်မလာသေးတော့ ကျွန်တော်တို့အဖွဲ့က အစကတော့ ဘာမှ မရေးကြပါဘူး။ နောက်မှ ရောက်လာတဲ့ အသင်းခေါင်းဆောင်က သူရေးလာတဲ့ အော်တိုစာရွက်တွေကို အဖွဲ့က တစ်ယောက်စီ ဝေငှပါတယ်။ တစ်ယောက်စီရဲ့ စာရွက်မှာပဲ ကျန်တဲ့လူတွေက ၀ိုင်းဖြည့်ပြီး ရေးကြတာပေါ့။ ထမင်းစားလိုက် စာရေးလိုက်နဲ့ လက်ကို မလည်ပါဘူး။ တချို့လည်း ထမင်းကို မစားတော့ပဲ စာကြီးပဲ လိမ့်ရေးနေကြပါတယ်။ နေ့လည်စာ စားပြီးတဲ့အခါ ဘူတာရုံကို ပြန်ပို့မယ့် ဘတ်စ်ကားက အဆင်သင့် စောင့်နေပါပြီ။ ထမင်းစားတဲ့သူတွေက စာရေးနေလို့ စားလို့ မပြီးသေးကြပါဘူး။ မနည်းဆော်သြယူမှာ အမြန်လက်စသပ်ပြီး ထမင်းစားပွဲတွေကို သန့်ရှင်းရေး လုပ်ပါတယ်။ အမှိုက်ထုပ်ကို သွားပစ်တဲ့လူက ပစ်ကြပေါ့။ အားလုံးပြီးတော့ ကမ့်တစ်ခုလုံး ဓါတ်ပုံစုရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတော့ အထုပ်တွေဆွဲပြီး အိမ်ပြန်ခရီးကို စတင်ကြပါတော့တယ်။ အဲဒီလိုနဲ့ ၂၀၀၇ အတွက် လူငယ်ကမ့်တစ်ခု ပျော်ပျော်ရွှင်ရွှင် ချစ်ခင်ရင်းနှီးမှု အပြည့် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။

Saturday, January 12, 2008

Youth Donor Camp 2007 - 12

တတိယနေ့ မနက်ပိုင်းမှာ အဖွဲ့ ၃ ခေါင်းဆောင် ဒဲရစ်က မနက် ၇ နာရီကတည်းက သူ့လူတွေနဲ့ အဖွဲ့လိုက် အိပ်ရာနိုးတဲ့သီချင်းကို သံပြိုင်အော်နေကြပါတယ်။ မနေ့ညက စကားပြော ကောင်းပြီး နောက်ကျမှ အိပ်ရာဝင်တဲ့ လူတွေလည်း နားကို ခေါင်းအုပ်ဖိပြီး အတင်းဇွတ်အိပ်ပေမယ့် ထပါတော့ ထပါတော့ လို့ သံပြိုင်အော်နေတဲ့ အသံတွေကို ကြာတော့လည်း မခံနိုင်ပါဘူး။ အသီးသီး အိပ်ရာကနေ ထလာကြပါတယ်။ မနေ့ညက အစောဆုံး အိပ်ရာဝင်ခဲ့တဲ့ ကျွန်တော်ကတော့ သူတို့တွေ အောက်ထပ်မှာ စ အော်ကတည်းက အိပ်ရာထလိုက်ပါတယ်။ အဲဒီလိုနဲ့ မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီး အောက်ထပ်မှာ မနက်စာ စားဖို့ ဆင်းလာခဲ့ကြပါတယ်။

မနက်စာ စားပြီးတော့ နံနက် ၉ နာရီမှာ သင်တန်းစပါတယ်။ ဒီတစ်ခါ သင်တန်းဆရာက ဒဲရစ် ပါ။ သူက စင်္ကာပူကြက်ခြေနီက ၀န်ထမ်းတစ်ဦးပါ။ သူ့က ရှေးဦးပြုစုနည်းတွေ အကြောင်း သင်ပြပါတယ်။ ရှေးဦးပြုစုသူတွေ လိုက်နာရမယ့် အချက်တွေကို အရင်ရှင်းပြပါတယ်။ ပြီးတော့ ဒဏ်ရာပြုစုခြင်း၊ အပူလောင်ခြင်း၊ ရှော့ခ်ဖြစ်ခြင်း၊ သွေးယိုထွက်ခြင်း၊ အရိုးကျိုးခြင်း၊ အဆိပ်မိခြင်း စတာတွေကို ဘယ်လိုပြုစုရမယ်ဆိုတဲ့ ပြုစုနည်းတွေကို တစ်ဆင့်ခြင်း ပြောပြပါတယ်။ ပြီးတော့ ပတ်တီးစည်းနည်းတွေကို လက်တွေ့ပြပါတယ်။ သင်ခန်းစာတိုင်းမှာ မရှင်းတာတွေ ရှိရင် ပြန်မေးခိုင်းပြီး စိတ်ရှည်လက်ရှည် ပြန်ဖြေပေးပါတယ်။ အခုသင်ခန်းစာမှာ သူပြောသွားတာတွေက အတိုချုံးဖြစ်တဲ့အတွက် စနစ်တကျ အသေးစိတ် ထပ်မံလေ့လာသင့်ကြောင်း၊ ဒါကြောင့် စကာင်္ပူကြက်ခြေနီမှာ ရှေးဦးပြုစုနည်း သင်တန်းကို လာရောက် သင်ယူသင့်ကြောင်းကို နောက်ဆုံးပိတ်အနေနဲ့ ပြောသွားပါသေးတယ်။ အဲဒါနဲ့ မနက် ၁၀ နာရီခွဲသွားပြီး ကော်ဖီသောက်ချိန် ခဏအနားပေးပါတယ်။


ပုံ။ ။ အရေးပေါ် အခြေအနေမှာ သွေးလှူဒါန်းမှု စီမံခန့်ခွဲပုံကို လေ့ကျင့်စဉ်။

ကော်ဖီသောက်ပြီး ပြန်တက်လာတော့ သွေးလှူရှင် ရှာဖွေစုဆောင်းတဲ့ ပရောဂျက်က မန်နေဂျာ အီလင်းက အရေးပေါ်အခြေအနေမှာ သွေးလှူဒါန်းတဲ့ လုပ်ငန်းစီမံခန့်ခွဲမှု ဘယ်လိုဘယ်ပုံ လုပ်ရမလဲဆိုတာ သင်ကြား ပြသပါတယ်။ သွေးလှူရှင်ကို ဘယ်လို ရွေးချယ်မလဲ၊ သွေးလှူဒါန်းနိုင်အောင် ဘယ်လို စီစဉ်မလဲ၊ သွေးလှူရှင်ကို ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှု ပြန်ပေးမလဲ စတာတွေကို ရှင်းပြပါတယ်။ အဲဒီလို အခြေအနေမှာ သွေးလှူရှင် အယောင်ဆောင်ပြီး လူအုပ်ကြီးထဲမှာ ဗုံးခွဲတိုက်ခိုက်မယ့် အကြမ်းဖက်မှုတွေကို သတိထားသင့်ကြောင့် စောင့်ကြည့်နေသင့်ကြောင်း ပြောပြပါသေးတယ်။ ပြီးတော့ အရေးပေါ် အခြေအနေမှာ သွေးလှူဒါန်းပုံကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး အဖွဲ့လိုက် အစမ်းလေ့ကျင့်ရပါတယ်။

ပုံ။ ။ သွေးဖောက်ထားတဲ့လက်ကို ပတ်တီးစည်းနည်း သင်ပေးနေပုံ။

ကျွန်တော်တို့အဖွဲ့က သွေးလှူရှင်တွေကို တန်းစီစောင့်ဆိုင်းခိုင်းတဲ့ တိုကင်ပေးစနစ်ကို အကောင်အထည် ဖော်ပေးရပါတယ်။ အခြားအဖွဲ့တွေက သွေးလှူဒါန်းမှုကို မှတ်ပုံတင်တာ သွေးစစ်တာတွေ လုပ်ရပါတယ်။ ကျန်တဲ့တစ်ဖွဲ့က သွေးလှူပြီး အလှူရှင်ကို ပတ်တီးစီးပေးတာ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတွေ လုပ်ရပါတယ်။ အားလုံး အစမ်းလေ့ကျင့်ပြီးတော့ ကမ့်ဝင်တဲ့လူတိုင်း သွေးလှူရှင်ရဲ့ သွေးဖောက်ထားတဲ့ လက်ကို သွေးထွက်မှု မရှိအောင် စနစ်တကျ ပတ်တီးစည်းပေးပုံကို ဒဲရစ်က သင်ကြားပြသပြီး လူတိုင်း တစ်ဦးစီ ပတ်တီးစည်းနည်း လေ့ကျင့်ရပါတယ်။