.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, August 26, 2009

It's your love

It's your love

Dancing in the dark middle of the night
Taking your heart and holding it tight
Emotional touch touching my skin
And asking you to do what you've been doing all over again

Oh it's a beautiful thing don't think I can keep it all in
I just gotta let you know what it is that won't let me go

It's your love
It just does something to me
It sends a shock right through me
I can't get enough
And if you wonder
About the spell I'm under
Oh it's your love

Better than I was, more than I am
And all of this happened by taking your hand
And who I am now is who I wanted to be
And now that we're together,
I'm stronger than ever
I'm happy and free

Oh it's a beautiful thing,
Don't think I can keep it all in
If you asked me why I've changed,
All I gotta do is say your sweet name

It's your love
It just does something to me
It sends a shock right through me
I can't get enough
And if you wonder
About the spell I'm under
Oh, it's your love

Oh it's a beautiful thing,
Don't think I can keep it all in
I just gotta let you know what it is that won't let me go

It's your love
It just does something to me
It sends a shock right through me
I can't get enough
And if you wonder
About the spell I'm under,
Oh it's your love
It's your love, it's your love, it's your love

အခုတလော နားထောင်ဖြစ်နေတဲ့ သီချင်းလေးပေါ့။ မူရင်းအဆိုတော်က Tim McGraw ပါ။ ၁၉၉၇ မှာ ထုတ်ဝေခဲ့တဲ့ Everywhere ဆိုတဲ့ Album အထဲမှာ ပါတဲ့ သီချင်းတစ်ပုဒ်ပေါ့။ အဲဒီသီချင်းနဲ့ပဲ Country Music Award တွေ ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဂျာမန်အဆိုတော် Gil Ofarim ပြန်ဆိုထားတာကို ပိုသဘောကျမိတယ်။ နားထောင်ရတာ ပိုပြီး အဆင်ပြေတယ်။

သူငယ်ချင်းတစ်ယောက်က ချစ်သူရေးရာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အကြံပေးဖူးတယ်။ မြန်မာပြည်မှာ နေနေသေးတဲ့ အဝေးရောက်ချစ်သူမျိုးကို ထားနေမယ့်အစား စင်္ကာပူက တစ်ယောက်ယောက်ကို ကြိုက်လိုက် ချစ်လိုက်ရင် ပိုပြီး အဆင်မပြေဘူးလားတဲ့။ သူကတော့ စေတနာနဲ့ အကြံပေးတာပါ။ သူတွက်ပြတာတွေကို နားလည်ပါတယ်။ ဒါပေမယ့် ပြောရတာလည်း ခက်သား။ ချစ်တယ်ဆိုတာ ဈေးတွက် တွက်လို့ရတာမျိုးမှ မဟုတ်တာ။

ဘယ်သူတွေ ဘာပဲပြောပါစေ... မှန်တာပဲ ဒို့လုပ်နေသည်... ဆိုပြီး မြန်မာ့ရုပ်မြင်သံကြားမှာ လွှင့်ခဲ့ဖူးတဲ့ သီချင်းထဲက စာသားတွေကို ကော်ပီယူပြီး မပြောချင်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အတော်လေးကို ပြောင်းလဲပစ်နေတယ် ဆိုတာပါပဲ။ အနေအထိုင် အပြုအမူ အရာရာပေါ့။ အဲဒါတွေကို ဘယ်သူမှ မယုံလည်း အေးဆေးပါပဲ။ တစ်ယောက်သောသူ သိရင် ကျေနပ်ပါတယ်လေ။

15 comments:

ကိုလူထွေး said...

တယောက်သောသူ သိပါစေ...

းဝ)

ကြည်ဖြူပိုင် said...

မြန်မာပြည်ကတစ်ယောက်သောသူကလ
ဲသိနေပြီးသားပါတဲ့..မယုံမရှိနဲ့
အနော်ကြားလိုက်တယ် :)

ဖိုးသင်္ကြန် said...

ဒါကြောင့် ညက ထူးထူးခြားခြား ( ထူးထူးခြားခြား) အိပ်တော့မယ်လို့ နှုတ်ဆက်သွားတာကိုး...

Anonymous said...

အံမာ... ကိုယ့်ဆရာက သီချင်းကြော်ငြာသလို ဘာလိုလိုနဲ့ ချစ်သူရှိကြောင်းနဲ့ ချစ်သူ စိတ်ချအောင် ရေးပြနေတာလားဗျ.. ဟားဟား မသိရင် ခက်မယ်...။

moekhar said...

:D
နားလည်ပါစေဗျို့ :D

ခြေလှမ်းသစ် said...

တယောက်သော သူလေး အမြန်သိ၍ ကိုဂျူလိုင် တယောက် အမြန်ကျေနပ်နိုင်ပါစေဗျာ

လင်းဒီပ said...

ခေတ်ကြီးက ပြောင်းသွားပြီကိုး...သီချင်းခံစားမှုဆောင်းပါးလေးတောင်
ချစ်သူကြေငြာစာတမ်းလေးနဲ့..:P

may16 said...

ကောင်းတဲ့သီချင်းလေးပါ
ပျော်ရွင်ပါစေ..

Rita said...

"အပြစ်လို့ မြင်နေသူတွေရယ်၊ ချစ်တယ် ဆိုတာတွေ နားမလည်..."

ကိုယ်တော့ ပေါ်လစီ သီချင်းကြီး ဆိုမပြပါဘူး။
အဲလက်စ် သီချင်းလေးပဲ ဆိုပြလိုက်မယ်။
(မြန်မာပြည်မှာ ကျန်ခဲ့တယ်လို့ ပြောရင် အင်္ဂါဂြိုဟ်က ခုမှရောက်လာတဲ့ အီးတီကို မြင်ကြသလိုပဲ။)

ဒီဇင်ဘာနှင်း said...

ကိုဂျူလိုင်တယောက်တော့ တကယ်ကိုချစ်တတ်နေပြီ။ သိစေချင်နေတဲ့ချစ်သူလေး မြန်မြန်သိပါစေနော်။

mabaydar said...

သေချာတာတော့ ဒီတစ်ယောက်သောသူလေးက ဒီဘလော့ကို သိပုံရတယ်... နောက်ပိုင်းပိုစ့်တွေမှာ တစ်ယောက်သော သူကျေနပ်အောင် သာသာလေးရေးပေးနေတာ တွေ့ရတယ်... ဟဲ.. ဟဲ... "စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ... သယံဇာတတွေ ပေါတဲ့မြေ" ဟဲ.. ဟဲ.. သီချင်းအဆက်လေး ဆက်ဆိုတာ.. (တစ်ပုဒ်ထဲဟုတ်မဟုတ်တော့မသိဘူး.. လေချွန်နတ်ဆိုတဲ့ သီချင်းပဲ)

PhotoVigor said...

Good writing..
Cheers..

ရွှေပြည်သူ (ShwePyiThu) said...

“ချစ်တယ်ဆိုတာ ဈေးတွက် တွက်လို့ရတာမျိုးမှ မဟုတ်တာ။”

မှန်၏။

အပြောင်းအလဲတွေများတဲ့ ဒီခေတ်ကြီးမှာ သစ္စာမြဲတဲ့လူတွေအကြောင်း ကြားရရင် ဖတ်ရရင် စိတ်ချမ်းသာတယ်။ လေးလည်း လေးစားမိတယ် ကိုဂျူလိုင်ရေ (အတည်ရေးသွားတယ်း))

purplemay said...

ကိုဂျူလိုင်ရေ...
သီချင်းလေးအရမ်းကိုကြိုက်ခဲ့ဖူးတာပါ..။
နားမထောင်ဖြစ်တာကြာပါပြီ။
P.S : တစ်ယောက်သောသူကလည်း သိပါတယ်တဲ့..
(ဟီး ဘာရယ်မဟုတ်ဘူး ၀င်ပွါးသွားတာ)

Anonymous said...

Appreciate to yr respecting of love!