.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, August 28, 2009

More than 22

နှစ်ဆယ့်နှစ်ထက် ပိုများတယ်လို့ ဖတ်မိကြမလားပဲ။ တကယ်တော့ နှစ်ဆယ့်နှစ် မဟုတ်ပါဘူး။ တူးတူးပါ။ မိဆိုး သီချင်းကိုဆိုတဲ့ အဆိုတော်တော့ မဟုတ်ပါဘူး။ ပိုများတယ်ဆိုတာကလည်း သာသွားတယ်ပေါ့။ အားလုံးကို ပြန်ချုပ်လိုက်ရင် အဖြေကတော့ တူးတူးသာပါ။

အဲဒီ တူးတူးသာဆိုတာ စာရေးဆရာမပေါက်စ ဆိုပဲ။ ပေါက်စဆိုတာ ဗလသိပ်မကြီးဘူးလို့ ပြောချင်တာပါ။ သေချာတာကတော့ သူရေးခဲ့တာတွေကို တစ်ခါမှ မဖတ်ခဲ့မိပါဘူး။ မဖတ်မိတာလည်း သိပ်ပြီးမဆန်းလှပါဘူး။ ကျွန်တော်က မဂ္ဂဇင်းတွေမှ မဖတ်တာ။ သူက မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ရေးတာဆိုပဲလေ။ ဂျာနယ်ကလည်း နိုင်ငံတကာအကြောင်းတွေပါတဲ့ဂျာနယ်တွေနဲ့ ဘောလုံးဂျာနယ်တွေလောက်ပဲ ဖတ်ဖြစ်တာ။ ကုမုဒြာတော့ ဖတ်ဖြစ်တယ်။ တခါတလေ ဈေးကြီးကြီးပေးရတဲ့ မြန်မာတိုင်းမ်ကို ၀ယ်ဖတ်ဖြစ်တယ်။

အမှတ်မထင် ဘ၀မှာ သူနဲ့ သိကျွမ်းခွင့်ရလိုက်တယ်။ တခြားကလောင်နဲ့ ရေးတဲ့ စာတွေကို သဘောကျမိလို့ အဲဒါကို သိတဲ့သူအချို့က မိတ်ဆက်ပေးခဲ့တယ်။ ထုံးစံအတိုင်း တည့်လှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူလည်း ငပေ ကျွန်တော်လည်း ငတေ ဆိုတော့ အဆင်တော့ ပြေနေတာပဲ။ သူက ငပေဆိုတဲ့ အဆင့်ထက် ပိုမြင့်သွားတာက ငပေါဂေဟာကြီးမှာ ငပေါနာယကပါ လုပ်လိုက်သေးတယ်။ ကျွန်တော့်ကိုတောင် သူတို့လို မပေါတတ်လို့ သနားမိတယ် ဆိုပဲ။

အရင်တုန်းကတော့ သူ့အလုပ်မှာ နည်းနည်းအားနေပုံပဲ။ အမြဲတမ်း စိမ်းနေတတ်တယ်။ အဲဒီအချိန်တုန်းက စကားတွေ ပြောဖြစ်တယ်။ ဟိုရောက် ဒီရောက်ပါပဲ။ ငြင်းလိုက် ခုန်လိုက် ကိုက်ကြတာပေါ့။ သူ စင်္ကာပူကို လာလည်တုန်းကလည်း တွေ့ဖြစ်လိုက်သေးတယ်။ မုန့်လိုက်ကျွေးပါဆိုလို့သာ သွားကျွေးရတာ သူ့ကိုလည်း မမြင်ဖူးဘူး။ သူကလည်း ကျွန်တော့်ကို မမြင်ဖူးဘူး။ ညစာကျွေးတော့လည်း ကုန်အောင် မစားနိုင်ဘူး။ ပိုနေတာတွေ အများကြီး။ ပြောတော့ လေတစ်လုံး မိုးတစ်လုံးနဲ့ တမုန်းဆွဲမယ် စားမယ် သောက်မယ်ဆိုပြီး တကယ်တမ်းကျတော့ ချိုမိုင်မိုင် ကပြသွားတယ်။

အဲဒီနောက်ပိုင်းတော့ မအားရှာတော့ဘူး။ နီနေတာ များတယ်။ ကျွန်တော်ကလည်း စိမ်းနေတတ်တဲ့သူတွေ နီနေရင် သိပ်ပြီး အာလူး မပေးချင်ဘူး။ သူတို့ တကယ်ကို အလုပ်တွေများပြီး မအားရှာဘူးလို့ပဲ မြင်မိလို့ မနှောင့်ယှက်တော့ဘူး။ သူ့ဘလော့မှာလည်း စာ သိပ်မရေးတော့ဘူး။ သူ့ရဲ့ တခြားကလောင်ခွဲကိုလည်း သိပ်မမြင်ရတော့ဘူး။ ဂီတာပဲ တီးနေသလား။ ကက်ဆက်ကို စောင်ကြမ်းကြီးအုပ်ပြီး သီချင်းပဲ သွင်းနေသလား။ ဘာတွေ ရှုပ်ပြီး ဘာတွေ လုပ်နေလဲတော့ သူပဲ သိမှာပါ။ ကျွန်တော်လည်း မမေးပါဘူး။

သူ့ဘလော့မှာ ၂၀၀၈တုန်းက တင်ထားတဲ့ အမှတ်တရရက်စွဲများ-၂ကို ဖတ်ပြီးတော့ “ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ... နာသည်ဖြစ်စေ အိုသည်ဖြစ်စေ... တယောက်ကိုတယောက် သေတပန်သက်တဆုံး ချစ်ခင်ပါမည်ဟု ကတိပြုပါသည်” ဆိုတဲ့ ခရစ်ယာန်ဘာသာဝင်တွေ မင်္ဂလာဆောင်တဲ့အချိန်မှာ အပြန်အလှန် ဂတိက၀တ်ပြုတဲ့ စာသားလေးကို သဘောကျကြောင်း ပြောမိသေးတယ်။ ကျွန်တော် မင်္ဂလာဆောင်တဲ့အခါ အဲဒီလိုမျိုးလေး လုပ်လို့ရသလားဆိုတာ မေးဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ ခရစ်ယာန် မဟုတ်ပါဘူး။

ဒီနေ့က သူ့မွေးနေ့ပါ။ ရှေ့ရက်တုန်းက သူ့အစ်ကို ကိုနောင်ကြီးရဲ့ မွေးနေ့ဆိုပဲ။ သူ့မွေးနေ့အတွက် အထူးစပါယ်ရှယ် ဒီစာကို တကူးတက ရေးလိုက်တာတော့ မဟုတ်ပါဘူး။ သူက ဘာမို့လို့ မွေးနေ့အတွက် အမှတ်တရ ပို့စ်ရေးတင်ရသလဲ မေးချင်နေတဲ့သူတွေရှိခဲ့ရင် အဖြေကတော့ ကျွန်တော်ဇူလိုင် လုပ်ချင်တာကို လုပ်တတ်ပါတယ်။ သူကတော့ ဘာမှမဟုတ်ပါဘူး။ အဖြေက ရှင်းပါတယ်နော်။

မတူးတူးသာရေ... မွေးနေ့အမှတ်တရလေး ဆုတောင်းပေးလိုက်ပါတယ်။
အေးအတူ ပူအမျှ... မိသားစုဘ၀လေးမှာ ပျော်ရွှင်ကြည်နူး ပေါတောတော နေနိုင်ပါစေဗျာ။

8 comments:

Anonymous said...

မပြောင်းလဲသောအကြောင်းတရားများ....

ခြေလှမ်းသစ် said...

ကောင်းလိုက်တဲ့ ပိုစ့်လေးပါ ဒီလိုမွေးနေ့ပိုစ့်လေးနဲ့ အတူ မွေးနေ့ရှင်ကို လဲဆုတောင်းရင်း ကိုယ်ကိုတိုင်တောင် မွေးနေ့လုပ်ချင်သွားပီ.. ဟားဟား

Anonymous said...

ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူးနဲ့... အဟင်းဟင်း..... ခင်မင်နေလို့ ရေးတာတော့ သေချာပါတယ်ဗျာ...။
ဟတ်ပီးဘတ်ဒေးပါဗျား..။

Rita said...

ဟက်ပီးဘဒ်သ်ဒေးပါ မတူးတူးသာ!

ဒါနဲ့ ဘယ်နှစ်နှစ် မျောက်တဲ့လဲ။ :))))
(ဟီးဟီး ပေါတတ်တယ်ဆိုလို့ စိတ်မဆိုးလောက်ဘူး ထင်ပြီး မခန့်လေးစား မေးကြည့်တာ)

:)))

ကိုလူထွေး said...

သူ့အိမ်လိုက်သွားလိုက်ဦးမယ်...
ဘာကျွေးမလဲလို့...

းဝ)

khin oo may said...

happy birthday tu tu tha

Angel Shaper said...

ခင်မင်တတ်တာ ချစ်ဖို့ကောင်းပါတယ်ဗျာ။ ဟဲဟဲ
မတူးတူးသာရေ... ဟက်ပီဘတ်ဒေးဗျိုးးးးးးးးးးးး
အောင်မြင်ပျော်ရွှင်ပါစေနော့်။

tututha said...

ဘာပဲဖြစ်ဖြစ် ဒီလောက်ဂွကျ ကလန့်တိုက်တဲ့ ကဏန်းကောင်က ခုလို မွေးနေ့ပို့စ်တွေဘာတွေ ရေးပေးတော့ ဝမ်းသာတာပေါ့နော် (မင်းသမီးတွေလို ပြောကြည့်တာ) ကိုယ်ကတော့ မင်းသမီးမဟုတ်ပါဘူး။ မင်းသမီးဆိုလည်း ငပေါမင်းသမီးကြီးပဲဖြစ်မှာ။ ဒီပို့စ်တောင် ဗီလိန်ကောင်ပြောလို့ သိတာ။ မအားတာပါ ဖိုးဂျူရာ ..တကယ်ဂျီးကို မအားတာပါ။ မရီတာရဲ့ အမေးကိုလည်း ဖြေရဦးမယ် .. မျောက်ကတော့ ၂ ကောင်ပေါ့ (သား ၂ ယောက်ရှိတာကိုပြောတာ) အသက်ကတော့ ၃ ဆယ်နဲ့မှ ၈ နှစ်ပြည့်ပါတယ်။ ထိပ်စည်းမပြောင်းသေးဘူးပေါ့နော် ..။ ထပ်တခါ ကျေးဇူးတင်လိုက်ဦးမယ် .. သိုင်းကျူး ဖိုးဂျူရေ။ စကားမစပ် ကျုပ်က ဂျပန်စာမှမကြိုက်ဘဲ :{