.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, February 19, 2010

Visiting to HHHP

အလည်တခေါက် ရောက်ခဲ့တဲ့ သုခရိပ်မြုံဂေဟာမှာ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။ တကူးတက လိုက်ပို့ပေးတဲ့ နှစ်ချို့ကော်ဖီတစ်ခွက်ထဲက မိုးလှိုင်ညကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါရစေ။


သုခရိပ်မြုံဂေဟာ ခြံဝင်းတံခါးလေးမှာ ရေးထားတာက HHHP တဲ့။


ဦးစီးဦးဆောင်ပြုနေတဲ့သူတစ်ဦးကတော့ စာရေးဆရာမ သန်းမြင့်အောင်။


အနီးကပ်ကြီးကြပ်နေတဲ့ ဂေဟာမှုးက ဒေါ်အေးအေးမြင့်။


ကလေးတွေအတွက် အိုဗာတင်းနဲ့ မုန့်တွေပါ ဝယ်သွားခဲ့တယ်။


သုခရိပ်မြုံက အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျှက်...

မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်များ အခွင့်အရေး ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို သုခရိပ်မြုံဂေဟာက တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုး ဖြည့်ဆည်းပေးနေတာကို ဂေဟာကနေ အပြန်လမ်း ကားပေါ်မှာ ဖြတ်ခနဲ တွေးမိခဲ့လိုက်သေးတယ်။

ကလေးသူငယ်များအခွင့်အရေး ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်
အပိုဒ် ၆ အရ.. ကလေးတိုင်း အသက်ရှင် ရပ်တည်ခွင့် ရှိသည်။ အသက်ရှင် ရပ်တည်ခွင့်ရှိအောင် နိုင်ငံအစိုးရများ၊ မိဘများ၊ အုပ်ထိန်းသူများက ဆောင်ရွက်ပေးရမည်။
အပိုဒ် ၂၀ အရ... မိသားစုရင်းခြာများက ပြုစုစောင့်ရှောက်မှု မပေးနိုင်သော ကလေးများအား ၄င်းတို့၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားကို လေးစားမှုရှိသည့် ပုဂ္ဂိုလ်များက ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ရပါမည်။
အပိုဒ် ၂၄ အရ... ကလေးများအနေဖြင့် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိပြီး ရေကောင်းရေသန့်နှင့် အာဟာရရှိသော အစားအစာများ စားသောက်ခွင့်နှင့် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်ခွင့် ရှိပါသည်။

3 comments:

ShwunMi- said...

ကြည်နူးစရာကောင်းတဲ့ မှတ်တမ်းနဲ့ဓာတ်ပုံများအတွက် အတိုင်းမသိအောင် ကျေးဇူးတင်ပါတယ်။
ပထမဆုံး ပုံထဲက တံခါးဒီဇိုင်းလေးကို သဘောကျတယ်။

အနမ်း said...

မှတ်တမ်းတင် ဓါတ်ပုံများကြည့်ရှုသွားပါတယ်။ ၀မ်းသာစရာပါပဲ။
အဆင်ပြေပျော်ရွှင်ပါစေ။

Unknown said...

သုခရိပ်မြုံကို တည်ထောင် ကြီးကြပ်နေတဲ့ လူကြီးမင်းတွေ အားလုံးကို လေးစားတယ်ဗျာ။ စေတနာနဲ့ လုပ်နေတာဆိုတာကို စာလုံးကြီးကြီးနဲ့ ဆိုင်းဘုတ်ထိုးစရာ မလိုဘူးလေ။ သတင်းစာမှာလည်း စာလုံးမည်းကြီးတွေနဲ့ ဓါတ်ပုံတွေ ဝေဝေဆာဆာ ဟိုလုပ်ဒီလုပ်တွေထက် သာလွန်းပါတယ်။