လူတကိုယ် အကြိုက်တမျိုးစီပဲ။ ကိုယ်ကတော့ ကာတွန်းကားတွေ ကြိုက်တယ်။
ဒါကြောင့် ကာတွန်းကားအသစ်တွေ ထွက်ရင် ဘာကားအသစ်ထွက်သလဲ ဆိုတာ သိတယ်။
သိအောင်လည်း ကြိုးစားအားထုတ်မှု အထိုက်အလျှောက် ရှိရတာပေါ့။
ကုလားကားကိုတော့ စင်္ကာပူမှာ ကုလားလိုင်းက စနေ တနင်္ဂနွေမှာ ပြတော့
ကြည့်ဖြစ်တယ်။ သို့ပေမယ့်လည်း ကုလားကား ဘာကားအသစ်တွေ ထွက်သလဲ ဆိုတာတော့
မသိဘူး။ ရုပ်သံလိုင်းက ပြတာပဲ ကြည့်တာကိုး။ တကူးတက အသစ်တွေ လိုက်ရှာပြီး
ကြည့်မနေဖြစ်ဘူး။
ဒီလိုပဲ တခြား ဘာရုပ်ရှင်ကားသစ်တွေ ထွက်သလဲ လာမမေးနဲ့။ တကယ်ကို မသိဘူး။ မြန်မာကားလည်း
မကြည့်ဘူး။ တရုတ်ကား ဂျပန်ကား ကိုရီးယားကားတွေလည်း မသိဘူး။ အက်ရှင်တွေ
ဒရမ်မာတွေ သရဲကားတွေ ဘာတခုမှ လာမမေးနဲ့ တကယ်ကို မသိဘူး။ သိအောင်လည်း
မကြိုးစားထားဘူး။
ကျွန်တော်နဲ့ ဆန့်ကျင်ဘက်
ပြောင်းပြန် လူတွေလည်း ရှိနေနိုင်တယ်။ ကာတွန်းကားက လွဲလို့ ကျန်တဲ့ကား
အကုန်ကြည့်တယ်။ ကာတွန်းကားအကြောင်း ပြောရင် ဘာတခုမှ မသိတဲ့ သူမျိုးပေါ့။
သူတို့အတွက် ကာတွန်းကားက ဆက်သွယ်မှုပြင်ပဧရိယာပဲ။
ပြောချင်တာက...
လူတဦးဆီမှာ အကြိုက်မတူသလို တန်ဖိုးထားချက်လည်း မတူဘူး။ တချို့အတွက်
ရိုးသားမှုက တန်ဖိုးကြီးတယ်။ တချို့အတွက် ပညာအရည်အချင်းက အရေးကြီးတယ်။
တချို့အတွက် လူရည်လည်မှု လည်လည်ပတ်ပတ် ရှိမှုက အရေးကြီးတယ်။ တချို့အတွက်
ဂုဏ်ဓနက အရေးကြီးတယ်။ တချို့အတွက်က အပြောအဆို ကောင်းတာမျိုးက အရေးကြီးတယ်။
ကြက်ခြေနီအမှတ်အသား အလွဲသုံးစား လုပ်မှုကို မြင်တဲ့အခါ ကိုယ်တွေက
သဲသဲလှုပ် အသံတွေ ထွက်နေချိန်မှာ ကျန်တဲ့သူတွေက နေစိမ့်နေကြတယ်။ တခြားသူတွေ
အာဆင်နယ် မန်ယူ လီဗာပူး ချယ်ဆီး ဆိုပြီး ဘောလုံးနဲ့ ပတ်သက်ပြီး
နောင်ဂျိန်ချနေချိန်မှာ ကိုယ်ကတော့ အေးဆေးပါပဲ။ သူများတွေက
အမှိုက်ကောက်နေတဲ့အချိန် ကိုယ်တွေက သွေးလှူရှင်စုဆောင်းရေးကို အဓိကထား
အာရုံစိုက်ထားတယ်။ ဆိုလိုချင်တာက အာရုံစိုက်မှု ဂရုပြုမှုက လူတိုင်းမှာ တပြေးညီတည်း မရှိနိုင်ဘူး။
လောလောဆယ်တော့ ရွေးချယ်ခံ ဝန်ကြီး ၂ ပါးရဲ့
ဒေါက်တာဘွဲ့အတုနဲ့ ပတ်သက်ပြီး အသံတွေ ထွက်ကြတယ်။ သူငယ်ချင်းတွေထဲမှာလည်း အသံတွေ ဆူဆူညံညံ ထွက်ကြတယ်။ ရိုးသားမှုနဲ့
တိုင်းကြတယ်။ အတုမှန်း မသိရအောင် အလိမ်ခံရတဲ့အထိ ညံ့ကြသလား ဆိုပြီး
တိုင်းကြတယ်။ အတုတွေကို မစစ်နိုင်လောက်အောင် စိစစ်ရေးကော်မတီက
အားနည်ချက်ရှိရသလားလို့ ဆိုကြတယ်။ ဒါဟာ သူတို့ရဲ့
ကိုယ်ပိုင်တန်ဖိုးထားချက်အရ အသံတွေ ထွက်ကြတာကို သဘောပေါက် လက်ခံပါတယ်။
ကိုယ်တွေကတော့ လောလောဆယ်မှာ ပွဲကြည့်ပရိသတ်ပါ။ ဝေဖန်ဖို့ စောသေးတယ်လို့ပဲ
မြင်မိတယ်။ အစိုးရအဖွဲ့အသစ်က အလုပ်တွေ ဘာတခုမှ မစရသေးပါဘူး။ ဒါကြောင့်
သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ပဲ
အားသန်မိတယ်။ လုပ်ဆောင်ချက်တွေနဲ့ တာဝန်ယူမှုတွေဟာ အရင်အစိုးရလိုပဲ
ထူးမခြားနားဆိုရင်တော့ အသံတွေ ထွက်ရမှာပေါ့။ အစိုးရအဖွဲ့ကို
စောင့်ကြည့်သလို ကိုယ်တွေလည်း ကိုယ့်အလုပ်ကို အလုပ်နဲ့ တူအောင်
လုပ်ကြတာပေါ့။
အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူး။
ရောမမြို့ကို တရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်
လိုအပ်ချက်တွေအပေါ်မှာ အကောင်းဘက်ကို ဦးတည်တဲ့ ဝေဖန်မှုတွေ
ထောက်ပြမှုတွေနဲ့ တိုင်းပြည်ကို အချိန်ယူ ပြန်လည် တည်ဆောက်ကြပါစို့။
Saturday, March 26, 2016
Tuesday, March 22, 2016
Rome was not built in One day
အစိုးရအသစ်က မတက်ရသေးခင် အခုကတည်းက ကြိုပြောထားတာ။ ရောမမြို့ကြီးကို ၁
ရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ စုတ်ပြတ်နံဟောင်နေတဲ့
တိုင်းပြည်ကြီးကို နတ်ဘုံနတ်နန်းလိုမျိုး ပြောင်လက်တောက်ပသွားအောင်
နေ့ချင်းညချင်း ဟတ်ချလောင်းဆိုပြီး ပြောင်းလဲဖို့ဆိုတာ အိပ်မက်ထဲမှာတောင်
မလွယ်လှဘူး။
အဲဒီတော့ အစိုးရသစ်ရဲ့ ပထမနှစ် ဒုတိယနှစ်တွေမှာ အခုချိန်မှာ ရှိနေတဲ့ သောင်းခြောက်ထောင်သော ပြဿနာတွေဟာ အကုန် ပြောင်ရှင်းသွားမှာ မဟုတ်ပဲ ဆက်လက် ရှိနေဦးမှာပါ။ ရန်ကုန်မြို့က လမ်းတွေ ဆက်ပိတ်နေဦးမှာပါပဲ။ နွေရာသီရောက်ရင် ရေလည်း ရှားနေဦးမှာပဲ။ ရာသီဥတုလည်း ပူမြဲ ပူနေဦးမှာပဲ။ မီးတွေလည်း ပျက်နေဦးမှာပဲ။ ဒါပေမယ့် အဲဒီချီးထုပ်တွေ အမှိုက်ထုပ်တွေကို ရှင်းလင်းဖို့ အစိုးရအသစ်ဟာ ပြုပြင်ပြောင်းလဲရေးတွေကိုတော့ လုပ်ဆောင်မယ်လို့ ယုံကြည်ပါတယ်။

ပြောချင်တာက အဲဒီချီးထုပ်တွေ အမှိုက်ထုပ်တွေ အပြောင် မရှင်းရသေးခင်မှာ
ချီးပေါက်မယ့် လူတွေကိုပဲ။ အဲဒီ ချီးထုပ်တွေ အမှိုက်ထုပ်တွေဟာ
ဘယ်သူ့ဟာတွေလည်း ဆိုတာ ဒင်းတို့တွေ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။
အဲဒါတွေကို အမြစ်ဖြတ်ဖို့ အချိန်လိုတယ် ဆိုတာ ဒင်းတို့တွေ သိဖို့ လိုပါတယ်။
ဒါဆို အရင်အစိုးရလက်ထက်တုန်းက မင်းတို့တွေက အပြစ်တွေပဲ ပြောပြီး ဘာလို့ အချိန်မပေးသလဲ... ပြန်မေးရင် သူတို့ နှစ်ပေါင်း ၂၀ ကျော် အချိန်အများကြီး ရခဲ့ပေမယ့် ကောင်းကောင်းကန်းကန်း မလုပ်ပြနိုင်ခဲ့တာကို ပြန်ညွှန်ပြချင်ပါတယ်။

Thursday, December 31, 2015
Summary of year 2015
ဒီနှစ် ၂၀၁၅ မှာ...
NLD ကို နိုင်သလောက် ဝန်းရံဖြစ်တယ်
အမတ်လောင်းတွေကို ကူညီဖြစ်တယ်
ရန်ကုန်ပြန်ပြီး မဲပေးဖြစ်တယ်
အင်ဒိုက မီးခိုးတွေ ရှုဖြစ်တယ်
သွေးလှူပွဲတွေ လုပ်ဖြစ်တယ်
သွေး ဆက်လှူဖြစ်တယ်
အလုပ်ပြောင်းဖြစ်တယ်
အိမ်ပြောင်းဖြစ်တယ်
NLD ကို နိုင်သလောက် ဝန်းရံဖြစ်တယ်
အမတ်လောင်းတွေကို ကူညီဖြစ်တယ်
ရန်ကုန်ပြန်ပြီး မဲပေးဖြစ်တယ်
အင်ဒိုက မီးခိုးတွေ ရှုဖြစ်တယ်
သွေးလှူပွဲတွေ လုပ်ဖြစ်တယ်
သွေး ဆက်လှူဖြစ်တယ်
အလုပ်ပြောင်းဖြစ်တယ်
အိမ်ပြောင်းဖြစ်တယ်
၂၀၁၆ လား... ဒီလိုပါပဲ။
Monday, November 16, 2015
Solidarity with the people of Paris
ပါရီအကြမ်းဖက်မှုကို စာနာထောက်ထားလို့ Facebook ရဲ့ profile picture မှာ
ပြင်သစ်အလံ အရောင်လေး ထည့်တာကို တချို့တချို့တွေ အမြင်မကြည်တာ
ဘာကြောင့်ပါလိမ့်။
ရှမ်းပြည်မှာ စစ်ပွဲတွေ တိုက်ပွဲတွေ ဖြစ်တာနဲ့ ခိုင်းနှိုင်းပြီး အတင်းစကားတွေ ဆိုကြတယ်။ အစကတော့ မပြောဘူး ဆိုပြီး လွှတ်ထားလိုက်တယ်။ အမျိုးနီးစပ်တွေမှာပါ အဲဒီအသံလေး ထွက်လာလို့ ပြောသင့်တာတွေ ပြောပါဦးမယ်။
စစ်ပွဲဆိုတာ မကောင်းမှန်း သိပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ ခဏခဏ ပြောဖူးပါတယ်။ ပြည်သူတွေက စစ်ပွဲတွေ ရပ်ဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် နားထောင်လို့လား။ သက်ဆိုင်သူတွေ နားမထောင်ကြပါဘူး။ စစ်ဘေးဒဏ်ကို ကြားထဲကနေ မြေစာပင် ဒေသခံတွေ ခံစားနေရတာကို စာနာပါတယ်။

ကဲ... ရှမ်းပြည်က စစ်ဘေးဒဏ်ခံ ပြည်သူတွေကို စာနာပါပြီ။ ဒါပေမယ့် Facebook က
အဲဒါကို ပါရီလောက် အလေးမထားဘူး ခင်ဗျ။ Media Coverage ကွာတာလည်း
ပါမှာပေါ့။ ရှမ်းပြည်အလံ ဒါမှမဟုတ် ရှမ်းနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ်
တခုခုကို Facebook profile မှာ သူတို့ မထည့်ပေးထားဘူး။ အလွယ်တကူ
ပြောင်းလို့ရအောင် လုပ်မပေးထားဘူး။
ပါရီကျတော့ လုပ်ပေးထားပါတယ်။ ဓါတ်ပုံပြင်တဲ့ နည်းပညာ ဒီဇိုင်းပြင်တဲ့ နည်းပညာ ဘာတခုမှ တတ်ထားစရာ မလိုပဲ Facebook က အဲဒီလို ပြင်လို့ရအောင် လုပ်ပေးထားပါတယ်။ အလွယ်တကူ ပြင်လို့ ရတဲ့ သဘောပေါ့။ သုံးလို့ လွယ်အောင် လုပ်ပေးထားရင် လူတွေက လွယ်တဲ့ဟာကို လိုက်လုပ်ကြမယ် ဆိုတာ အခုခေတ်က လူတွေ သိထားပြီးသား ဖြစ်မှာပါ။ အဲဒီတော့ အလွယ်တကူလေး လုပ်လို့ရတဲ့ profile picture ကို ပြောင်းပြီး ပါရီသားတွေကို စာနာစိတ် ရှိကြောင်း ပြသကြတယ်။
ဒါဟာ ဘာဆန်းလဲ။ ဘာမှ မဆန်းပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကပဲ ထူးထူးခြားခြား ထ လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအစုံက လူပေါင်းစုံ စိတ်ပါရင် ပါသလို profile picture တွေ ပြောင်းကြပါတယ်။ အတင်းအကျပ် လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ့်စာနာစိတ်ကို ပြသတာပါ။
နောက်တခုက စစ်နဲ့ အကြမ်းဖက်မှုကို ခွဲခြား သိမြင်ဖို့ လိုပါတယ်။ စစ်ပွဲဆိုတာ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း တိုက်ခိုက်ကြတာပါ။ အကြမ်းဖက်မှု ဆိုတာက လက်နက်မဲ့ အပြစ်မဲ့ လူ့အဖွဲ့အစည်းကို ရန်ရှာ သတ်ဖြတ်တာပါ။ ဖြစ်စဉ် မတူညီပါဘူး။ အဲဒါကို ခံရတာ လူသားတွေပဲ ဆိုပြီး အတင်းကြီး ညီမျှခြင်း လာမချပါနဲ့။
ပါရီဆိုတာ ငါတို့နဲ့ အဝေးကြီးပါကွာ။ အိုးက မပူ... စလောင်းက ပူနေပြန်ပြီ လို့ ပြောချင်ရင်တော့ မေတ္တာတွေ မုဒိတာတွေ ကရုဏာတွေ ဆိုတာ မြန်မာစာ အဘိဓါန်ထဲမှာ ရှိသေးလားလို့ ပြန်မေးချင်တယ်။
အခုခေတ်မှာ ကမ္ဘာကြီးဟာ အပြန်အလှန် ကူးလူး ဆက်ဆံနေတာပါ။ ကျွန်တော်တို့ ၂၀၀၈ နာဂစ်တုန်းက၊ အခုနှစ် ရေဘေးဒဏ်ခံရတုန်းက Save Myanmar ဆိုပြီး အကူအညီ တောင်းခံခဲ့ရတာပဲ မဟုတ်လား။ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်တုန်းက ကမ္ဘာသူ ကမ္ဘာသားတွေ စာနာထောက်ထား ကူညီပံ့ပိုးပေးခဲ့တာပါပဲ။ သူတို့တွေ ဒုက္ခရောက်တဲ့အချိန် ကျွန်တော်တို့က ပြန်လည် စာနာ ထောက်ထားပြတာဟာ ဘာမှားသွားသလဲ။ ဘာတွေ စံလွဲသွားလို့လဲ။
အခုကိစ္စမှာ စာနာစိတ် ရှိတာကို ပြသဖို့ ပြင်သစ်စာ တတ်ဖို့ မလိုဘူး။ အင်္ဂလိပ်လို စီကာပတ်ကုံး ရေးပြနေစရာ မလိုဘူး။ Profile picture ပြောင်းပြီး ပါရီသားတွေနဲ့ အတူတကွ ရှိကြောင်း ပြသလို့ ရနေတယ်။
အဲဒီတော့ လွယ်သလား ခက်သလား ရာမ။

Friday, September 25, 2015
3Ps of Voters
3Ps of Voters တဲ့။ မဲဆန္ဒရှင်တွေဆီက မဲ ၃ မျိုးပေါ့။
1. Protest
2. Pity
3. Passion တဲ့။
1. Protest
2. Pity
3. Passion တဲ့။
နံပါတ် ၁ Protest မျိုးက အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို မကျေနပ်လို့
အစိုးရကို ဆန့်ကျင်တဲ့ သဘောအနေနဲ့ အတိုက်အခံပါတီကို ပေးတဲ့ မဲမျိုးတွေ။
နံပါတ် ၂ Pity မျိုးက အတိုက်အခံတွေအပေါ် အစဉ်တစိုက် နှိပ်ကွပ်လာတဲ့ အစိုးရကြောင့် အတိုက်အခံတွေအပေါ် သနားကြင်နာစိတ် ယိုဖိတ်ပြီး ပေးတဲ့ မဲမျိုးတွေ။
နံပါတ် ၃ Passion မျိုးက မဲဆန္ဒရှင်တွေ ကိုယ်တိုင် အတိုက်အခံပါတီအပေါ် ယုံကြည်တယ် မြတ်နိုးတယ် အားကိုးတယ်။ အတိုက်အခံပါတီ အစိုးရဖွဲ့နိုင်ဖို့ကို လိုလားတယ်။ အဲဒါကြောင့် အတိုက်အခံပါတီကို ချစ်တဲ့စိတ်ကို အဓိက အခြေခံပြီး မဲပေးတယ်။
လက်ရှိ မြန်မာနိုင်ငံရေးမှာ NLD ပါတီဟာ နံပါတ် ၁ P ကို အသေအချာ ရထားတယ်။ အစိုးရရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုတွေကို စိတ်ကုန်နေတဲ့ လူထုကြီးက NLD ကို နံပါတ် ၁ P အရ မဲပေးလိမ့်မယ်။ ဒီအစိုးရ ပြုတ်ရင် ပြီးရော ဆိုတဲ့ လူက အများသားပဲ။
၁၉၈၈ အရေးတော်ပုံကနေ ၂၀၁၀ နှစ်တွေအလွန်အထိ NLD ပါတီဟာ နည်းမျိုးစုံနဲ့ ဖိနှိပ် ခွဲခြားဆက်ဆံ ခံခဲ့ရတယ်။ NLD ပါတီဝင် အတော်များများ ထောင်တွေကျပြီး သူတို့ရဲ့ မိသားစုတွေ ဘဝတွေ ပျက်ခဲ့ရတယ်။ ဒါကြောင့် လူထုအနေနဲ့ ပါတီအပေါ်မှာ သနားကြင်နာတဲ့ စိတ်ရှိနေနိုင်တယ်။ နံပါတ် ၂ P ကိုလည်း တချို့တဝက် ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်တယ်။ လက်ရှိ အာဏာရပါတီမှာ အဲဒီလို P ကို ပိုင်ဆိုင်ဖို့ ပါတီတွင်း အကွဲအပြဲတွေ လုပ်ပြထားတာ မြင်နိုင်တယ်။
တကယ် အရေးကြီးဆုံးက နံပါတ် ၃ P ပါ။ NLD ပါတီဆိုတဲ့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေမယ့်အစား ကိုယ်ပိုင် အလင်းရောင် ထွန်းလင်းနိုင်အောင် အမတ်လောင်းတွေ ပိုမို ကြိုးစားရမယ်။ ကိုယ့်ရွေးချယ်ခံ ဒေသအကျိုး လူထုအကျိုး သယ်ပိုးနိုင်ရမယ်။ တိုင်းပြည်အကျိုးကို အစဉ်တစိုက် ရှေးရှုနိုင်ရမယ်။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်ရမယ်။ အရည်အချင်းရှိ အရည်အသွေး ကောင်းတဲ့ အမတ်လောင်းတွေ ဖြစ်ကြောင်း မှတ်ကျောက်တင်နိုင်ရမယ်။ ပြည်သူချစ်တဲ့ ပြည်သူတွေ မြတ်နိုးတဲ့ အမတ်လောင်းတွေ ဖြစ်အောင် ကြိုးစားရမယ်။
သိထားသလောက် မဲဆန္ဒရှင်တွေ ပေးမယ့် မဲ P ၃ မျိုးပါ။ ကျွန်တော်တို့ အမတ်လောင်းများ အကျိုးရှိစွာ အသုံးချနိုင်ပါစေ။

Subscribe to:
Posts (Atom)