.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, April 3, 2010

Don't want anymore

နောက်ထပ်အလိုမရှိ

ကြင်နာသူအနားမှာ ရှိနေဒီအချိန်များ
အရာရာဟာပြည့်စုံ ကောင်းကင်ဘုံလေလား
သူရယ်ပြုံးတိုင်းမှာ ရင်ထဲအေးချမ်းသွားခဲ့တာ
သူရယ်ပြုံးတိုင်းမှာ ဒီကမ္ဘာမြေဟာလှပသွား
မျှော်လင့်ခြင်းတွေ ရောက်ရှိလာ
ဘာမှနောက်ထပ် ထပ်မလိုပါ...

အပြာရောင်မျက်ဝန်းမှာ အချစ်ရဲ့ရောင်စဉ်များ
အမှောင်တွေ ကွယ်ပျောက်ကာ
အားလုံးလင်းလက်သွား
သူရယ်ပြုံးတိုင်းမှာ ရင်ထဲအေးချမ်းသွားခဲ့တာ
သူရယ်ပြုံးတိုင်းမှာ ဒီကမ္ဘာမြေဟာလှပသွား
မျှော်လင့်ခြင်းတွေ ရောက်ရှိလာ
ဘာမှနောက်ထပ် ထပ်မလိုပါ...

မင်းတစ်ယောက်တည်းနဲ့ ကိုယ့်ကမ္ဘာဟာလှပသွားခဲ့
ကျန်တာတွေ လိုအပ်ချက်မရှိတော့ဘူး
အရာရာတိုင်း အချစ်ရဲ့တန်ခိုးနဲ့
အရာရာတိုင်းပေါ့ တို့ဖန်ဆင်း
ရေး.... အားလုံးပြည့်ဝသွားခဲ့
ဘာမှနောက်ထပ်မရချင်ဘူး
အိုး... ကိုယ့်ဘ၀မှာ မင်းတစ်ယောက်တည်း...

တေးရေးဆရာက မြင့်မိုးအောင်ပါ။ တေးဆိုကတော့ ဖြူဖြူလို့ လူသိများတဲ့ ဖြူဖြူကျော်သိန်းပါ။ အမျိုးသမီး အဆိုတော်ထဲမှာ တင်ဇာမော်ကို အကြိုက်ဆုံးပဲ။ တင်ဇာမော် ပြီးရင်တော့ ထွန်းအိန္ဒြာဗိုလ်နဲ့ ဖြူဖြူပေါ့။ သီချင်းခေါင်းစဉ်က နောက်ထပ်အလိုမရှိတဲ့။ ရုတ်တရက် ဖတ်ကြည့်လိုက်ရင် အနုတ်ဘက်ကို ပြနေသလိုပဲ။ တကယ်တော့ အရာရာ ပြည့်စုံနေလို့ နောက်ထပ် မလိုတော့တာကို ပြောချင်တာပါ။ မိန်းခလေး သီဆိုတဲ့ သီချင်းဖြစ်ပေမယ့် စာသားတွေက ယောကျာ်းလေးဘက်က ခံစားရင်လည်း အဆင်ပြေတာပါပဲ။

ဘုန်းကြီးဆီမှာ ချော်လဲခဲ့တာ ဝန်ခံမယ့် ချစ်သူမျိုး မဟုတ်တာကို ယုံကြည်ထားတဲ့အတွက် ကျွန်တော်ကလည်း မိုးရေထဲမှာ မိုးကာစွပ်ပြီး မာရသွန် ပြေးမှာ မဟုတ်တာ အသေအချာပါပဲ။ ဂတိစကားတွေဆိုတာ အလုံးစုံ ယုံကြည်ဖို့ ခက်ခဲတယ် ဆိုတာ နားလည်ပေမယ့် အချိန်က သက်သေပြသွားနိုင်အောင် ကြိုးစားရမှာပဲလေ။ နှစ်ပေါင်းများစွာ တွဲလာတဲ့ ငယ်သူငယ်ချင်းတွေပဲ သိထားတဲ့ ကျွန်တော်ရဲ့ ခံယူချက်အချို့က ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးဆိုတာ သူသိဖို့ အချိန်တစ်ခု လိုအပ်ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်စရာ မလိုတဲ့အတွက် ကျေးဇူးမတင်စေချင်ဘူး။

စကားဝှက်တွေ ဟိုဟိုဒီဒီပါနေတဲ့ ဒီခံစားချက်စာစုကို ဘေးလူတွေ နားမလည်နိုင်လောက်ဘူး။ ဒါပေမယ့် တစ်ယောက်သောသူကတော့ ဒါတွေကို အဖြေထုတ်နိုင်မှာပါ။ ဒါကြောင့် ဘာမှ နောက်ထပ် ထပ်မလိုပါ။

2 comments:

Kyaw Nyo Thway said...

အဲ့သီချင်းလိုချင်တယ်။ တင်ပေးပါလား။

TKLinn said...

တို့ကတော့ တစ်ယောက်သောသူမဟုတ်ပေမယ့်
အလွန် ပါးနပ်သော ပညာဥာဏ် နဲ့ နားလည်သွားပါကြောင်း.. သတင်းကောင်းပေးအပ်ပါတယ်။ ဒူ...ဟူဟူဟူ