နိစ္စဓူဝ မွန်းကြပ်မှုတွေကနေ တခါတလေ ပြေးထွက်မိတယ်။ ခဏခဏ ပြေးထွက်ချင်ပေမယ့် အခွင့်မသာဘူး။ အခွင့်သာခိုက်လေးမှာ မြို့ထဲကို ရောက်ဖြစ်တဲ့အခါ ဒူးရင်းသီးဘက်ကို ခြေဦးလှည့်မိတယ်။ ရေပြင်တွေက စိတ်ကို အေးချမ်းမှု ပေးစွမ်းနိုင်လို့ ရေကသိုဏ်း သွားရှုရင်း ဂီတပွဲတွေကို အားပေးဖြစ်ပြန်တယ်။ ဂီတနဲ့ ပတ်သက်ရင် ငတုံးငအ နလိန်ပိန်းတုံး ဖြစ်လို့ နားထောင်ရုံက လွဲပြီး ဘာမှကို မသိတာပါ။ ဒါပေမယ့် အဲဒီဂီတပွဲတွေမှာ အမှန်တကယ် တီးခတ်နေတဲ့ လူငယ်တွေကို မြင်ရင် အားကျမိတာ အမှန်ပဲ။ သူတို့လို တီးတတ်ချင်တယ်။ သူတို့လို ခုန်ပေါက်လိုက်ချင်တယ်။ စတိတ်ရှိုးကို တစ်သက်မှာ တစ်ခါပဲ ကြည့်ခဲ့ဖူးတဲ့ ကျွန်တော့်အဖို့ သူတို့လေးတွေရဲ့ အနုပညာအရည်အသွေးက မြန်မာပြည်က နာမည်ကျော် ပရိုတီးဝိုင်းတွေလို ကောင်းတယ်လို့ ခံစားရတယ်။
ဘာလိုလိုနဲ့ ကျွဲပါး စောင်းတီးဘဝကတော့ တက်လာပြီ ထင်ပါရဲ့။ ပလာတာလည်း မစားရတာ ကြာပြီလေ။
ဘာလိုလိုနဲ့ ကျွဲပါး စောင်းတီးဘဝကတော့ တက်လာပြီ ထင်ပါရဲ့။ ပလာတာလည်း မစားရတာ ကြာပြီလေ။
9 comments:
ဓာတ်ပုံလေး လှတယ်။ :)
မှာကျွေးပါမယ် စားချင်ရင်
=)
ပလာတာတွေ NTUC မှာ ရတယ်ထင်တယ်... :)
သိပါတယ်။
သူတို့လို မတီးတတ်လည်း စိတ်ဓါတ်မကျပါနဲ့
လက်ခုပ်တီးတတ်ရင်တော်ပြီလေ။
နောက်တာပါ :))
ရောက်ရှိကြောင်း
ဂီတနဲ့ပတ်သတ်တဲ့ကိုဂျူလိုင်ရဲ့ အစွမ်းအစလေး သိရပါပြီ.. ဘလော့ဂါတီးဝိုင်းဖွဲ့ရင်.. တီးနိုင်တာတစ်ခုတော့ရှိပါတယ်.. ၀ါးလက်ခုပ်.. တိုင်မင်လေးတော့မှန်ပစေပေါ့..
အဲ့ဒီမှာ weekend တွေတိုင်း promotion လုပ်တဲ့ band လေးတွေ အတော်များများကောင်းကြတယ်...။
ဒီနိုင်ငံမှာ ဒီနေရာလေးက တကယ့်စိတ်ထွက်ပေါက်လိုပါပဲ..။
ခုန်ပေါက်ချင်ရင်ပေါက်လိုက်ပေါ့.
လူငယ်က လူငယ်လိုမှ မနေဘဲ။
Post a Comment