.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, May 9, 2010

Mother day blood drive



ဘဝမှာ ပထမဦးဆုံး စီစဉ်ဖြစ်တဲ့ စုပေါင်းသွေးလှူပွဲလေးပါ။ စင်္ကာပူက သွေးဘဏ်မှာ မေလ ၉ ရက်နေ့ ၂၀၁၀ အမေများနေ့ အထိမ်းအမှတ်အနေနဲ့ ဘာသာရေးအသင်းအဖွဲ့တစ်ခုက အမေကို ချစ်ကြတဲ့ ရွှေမြန်မာတွေ စုပေါင်း သွေးလှူဒါန်းဖြစ်ခဲ့တယ်။ မနက် ၉ နာရီခွဲမှာ စခဲ့တဲ သွေးလှူပွဲဟာ နေ့လည် ၁၂ နာရီမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သွေးလှူရှင် စုစုပေါင်း ၃၅ ယောက် လာရောက် သွေးလှူဒါန်းကြပေမယ့် ၃ ယောက်က ဟေမိုဂလိုဗင် မပြည့်တာကြောင့် လှူလို့ မရတဲ့အတွက် ၃၂ ယောက်ပဲ သွေးလှူဖြစ်ခဲ့ပါတယ်။

သွေးလှူပွဲမှာ အစစ အရာရာ အဆင်ပြေအောင် စီစဉ်ပေးတဲ့ စင်္ကာပူကြက်ခြေနီက တာဝန်ခံမန်နေဂျာကိုလည်း ကျေးဇူးတင်ပါတယ်။ သွေးလှူရှင်များကို ဂရုတစိုက်ရှိလှတဲ့ သွေးဘဏ်က သူနာပြုဆရာမတွေ အထူးသဖြင့် မြန်မာသူနာပြုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သွေးဘဏ်မှာ သွေးလာလှူကြတဲ့ သွေးလှူရှင်များနဲ့ ပွဲဖြစ်မြောက်အောင် စုစည်းစီစဉ်တဲ့ ကိုသန့်ဇင်ကျော်၊ ရှမ်းကြီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပွဲအစအဆုံး လာရောက်ကူညီသွားတဲ့ မဟူရာပြုံးအလှပိုင်ရှင် ကောင်ကောင်မိုကိုလည်း ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

3 comments:

နေ့အိပ်မက် said...

အဲဒါကြောင့် အဲနေ့က စီးတီးဟောလ်မှာ လက်မောင်းမှာ ပ၀ါပတ်ထားတဲ့သူတွေ တွေ့လိုက်တာ.. :) သာဓု သာဓု သာဓု

Thant said...

သွေးလှူပြီးတော့ အပြင်ထွက်လာတဲ့လူတွေရဲ့ မျက်နှာပေါ်ကအပြုံးပါးပါးလေးတွေကို ချစ်တယ်......

Nge Naing said...

မအားတဲ့ကြားက ဘလော့ဂ်ကို လာလည်သွားတာ ကျေးဇူးပဲနော့်။ မအားတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်ဆိုတာ သိပါတယ်။