.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, January 4, 2011

Shwe Dagon Pagoda


မြတ်ဘုရား ရွှေတိဂုံ


ရာဟုထောင့် အောင်မြေ


နောင်တော်ကြီးစေတီ


ဘုရားစောင်းတန်း

ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှာ ရွှေတိဂုံဘုရားကို ဘုရားဖူးရောက်တုန်း ရိုက်ခဲ့တဲ့ဓါတ်ပုံတွေပါ။ သူငယ်ချင်း လင်မယား အသစ်စက်စက်နဲ့ ချောင်းသာသွားပြီး ရန်ကုန်ပြန်ရောက်တော့ ရွှေတိဂုံဘုရားကို ရောက်အောင် သွားဖူးပါအုံးမယ် ဆိုပြီး မနက် ၈ နာရီလောက် ချစ်ချစ်နဲ့အတူ ထွက်လာခဲ့ဖြစ်တယ်။ ဘုရားမှာ ဆုံမယ်လို့ ချိန်းထားတဲ့ အဲဒီ လင်မယားကတော့ ရောက်မလာဘူး။ ချောင်းသာပြန်လက်ဆောင် ကိုယ်လက်တွေကိုက် ဖျားနေလို့တဲ့။

အဲဒီနေ့က ဘုရားမှာ ရာသီဥတု သာယာတယ်။ နေထွက်ချိန်ပေမယ့် အပူရှိန် မပြင်းဘူး။ ကောင်းကင်မှာ တိမ်တွေတော့ မထူဘူး။ တိမ်တွေ ထူနေရင် ရှူခင်းတွေ ပိုပြီးလှနေမယ်လို့ ထင်မိတာပဲ။ မွေးနံထောင့်တွေမှာ ရေသပ္ပါယ်တယ်။ ဆုံးသွားရှာပြီ ဖြစ်တဲ့ ဆရာဦးဝင့်ကျော်ရဲ့ စကားကိုတောင် သတိရမိတယ်။ စောစောစီးစီး ရေသပ္ပါယ်တော့ ဘုရား ချမ်းနေမှာပေါ့ကွာတဲ့။

ချစ်ချစ်လည်း သူ့မွေးနံထောင့်မှာ ရေသပ္ပါယ်နေတုန်း စေတီပေါ်မှာ နားနေတဲ့ ကျီးကန်းကြီးတစ်ကောင်က ပျံဆင်းလာပြီး သူ့ခေါင်းကို နင်းသွားသေးတယ်။ အဲဒီကျီးကန်းကြီးက ချစ်ချစ်ခေါင်းကို နင်းပြီး ရင်ပြင်ပေါ်ကို ခပ်တည်တည်နဲ့ ဆင်းသွားတာ သူ မဟုတ်သလိုပဲ။ အောင်မြေလည်း နင်းခဲ့သေးတယ်။ ဘုရားစောင်းတန်းမှာ ချစ်ချစ်က ပုတီးဝယ်ရင်း ရုံးက လူတွေကို ပေးဖို့အတွက် လက်ဆောင်တွေ ဝယ်ဖြစ်ခဲ့သေးတယ်။

ဒါနဲ့ ဘုရားရင်ပြင်ပေါ်မှာ ထီးဆောင်းလို့ ရ မရ သိချင်မိတယ်။ ကြားဖူးနားဝကတော့ ဘုရားရင်ပြင်မှာ ထီး မဆောင်းကောင်းဘူးတဲ့။ အဲဒါ မှန်လား မှားလား အသေအချာ မသိလို့ ဂဃဏန သိသူများ အလင်းပေး ညွှန်ပြ ရှင်းလင်းပေးပါလို့ တောင်းဆိုချင်ပါတယ်။

မြန်မာပြည်သားအားလုံး လွတ်လပ်ပျော်ရွှင် သာယာအေးချမ်းနိုင်ကြပါစေ...

8 comments:

linn said...

ခု ဘဲ ရွှေတိဂုံဘုရားကို ည ဖူးပြီးပြန်လာတာ ( ဒီဂိုလာ ဆီကနေ ဖူးလာခဲ့တာ ) နေ့ရောညရော ဆိုတော့ ကုသိုလ်တွေ များသွားပြီ .. ပုံတွေကောင်းတယ် မောင်ဇူလိုင် .. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကျန်းမာချမ်းသာ စေမယ့် ၂၀၁၁ ကြီး ဖြစ်ပါစေ ...

mie nge

khun said...

အစ်ကိုရေ
အပေါ်ဆုံးက ဘုရားပုံ အရမ်းသပ္ပါယ်တာဘဲ.....

ချစ်ကြည်အေး said...

ဘုရားဖူးသွားတယ် ကိုJD၊ သပ္ပါယ်လိုက်တာ၊ ကိုယ်တိုင် ဖူးချင်စိတ်ပေါက်သွားတယ်။ ပုံတွေ ကောင်းတယ်။

တရုတ်ကြီး said...

ကိုဂျူလိုင်ရေ

မြတ်စွာဘုရား လက်ထက်တုန်းက စေတီတောင် မပေါ်သေးလို့ ဘုရားပေါ် ဖိနပ်မစီး ထီးမဆောင်းတာဟာ ဘုရားရှင်ပညတ် မဟုတ်ပါဘူး။ လူတွေက ကြည်ညိုစိတ်နဲ့ မလုပ်ကြတာပါ။

ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်စီး မဝင်ရတဲ့ ကျောင်းတွေ ရှိသလို မဟာဂန္ဓာရုံ ကျောင်းတွေ အပါအဝင် ကျောင်းဝင်းထဲ ဖိနပ်စီးရတဲ့ ကျောင်းတွေလဲ ရှိပါတယ်။ ရိုသေသမှုနဲ့ ကျောင်းဝင်းထဲ ဖိနပ်ချွတ် ဝင်လာပြီး ကျောင်းပေါ်တက်တော့ ဖုန်တွေသဲတွေ ဒကာတွေ ခြေမှာလဲ ပေ၊ ကျောင်းပေါ်လဲပေ ဖြစ်ရတယ်။ ဖိနပ်ပေးစီးသင့်တယ်လို့ မဟာဓဂန္ဓာရုံ ဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီး အတော်များများက မြင်ကြပါတယ်။

ထီးကိစ္စလဲ အလားတူပါပဲ။ ဘုရားပေါ် ထီးမဆောင်းရ လို့ ဗုဒ္ဓဘာသာဝင်တို့ လိုက်နာရမယ့် စည်းကမ်းအနေနဲ့ ပညတ်ထားတာ မရှိပါ။ နေပူရင် မိုးရွာရင် ဆောင်းသင့်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် လူတွေက ရိုသေသမှုနဲ့ မလုပ်ကြတော့ ကိုယ်ကလုပ်ရင် ဘုရားပေါ်မှာ အငြင်းပွားစရာ ဖြစ်နိုင်ပါတယ်။ မလိုအပ်ဘဲ ငြင်းခုံနေရမယ်လေ။

TZA said...

ကျနော်တို့ ၁၈ ရက်နေ့ည ရောက်ဖြစ်တယ်၊ ဂျူလိုင်တို့စုံတွဲက ဘယ်နေ့သွားတာတုန်း..

Nge Naing said...

Happy New Year!!! ဘုရားစေတီပုံတွေ လာကြည်ညိုသွားပါတယ်။ ဘုရားပေါ်မှာ ထီးဆောင်းရမရ ဖိနပ်စီးရမရဆိုတာ အပေါ်မှာ ကိုတရုတ်ကြီးပြောသလိုပဲ ထင်တယ်။ စေတီတခုစီမှာ ရမရဆိုတာကတော့ ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့အပေါ်မှာပဲ မူတည်မယ်ထင်တယ်။

mabaydar88 said...

ဟလို....ကိုဂျူလိုင်..

မနေ့ကတည်း ဘုရားပုံတွေကို ကြည်ညိုသွားသလို အင်မတန်လည်း လွမ်းမိပါတယ်... တရက်တော့ ကိုဂျူလိုင်တို့လိုပဲ ဖူးမျှော်ခွင့်ရအုံးမယ်လို့ ထင်နေတာပဲ... ဖူးခွင့်ရှိသူတွေထဲ ပါချင်သေးတယ်..။

ဗျူးတာလေးလည်း ဖတ်သွားတယ်.. ကောင်းပါ၏.. အမြင်ကို အမြင်အတိုင်း ရိုးရိုးပဲ ပြောသွားတာလည်း သဘောကျပါ၏..။

ကိုယ့်အမိတိုင်းပြည်ထဲမှာ ပျော်ရွှင်နိုင်ပါစေ...။

အခက်အခဲတွေကြားက လာလည်တာလည်း ကျေးဇူးးးးးး..။
မဗေဒါ (၈၈)

K Lwin said...

ကျွန်တော်လည်း ရွှေတိဂုံဘုရားရဲ့  သပါယ်ပုံကိုကြည့်ပြီးတော့ ဖူးေါမျှာ်မိလိုက်ပါတယ်ခင်ဗျာ.. အရမ်းကို အားရပါတယ်.. admin လည်း ကုသိုလ်တွေရပါစေဗျာ