.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, January 9, 2011

View from Waterfront





ကလူသစ် ရိုက်ထားတဲ့ ဓါတ်သေကို အားကျလို့ ဒီနေ့ညနေပိုင်း ဒူးရင်းသီးဘက်ကို ရောက်တုန်းရောက်ခိုက် ငါးချောင်းထောက်နဲ့ ကြိုးစားပမ်းစား ရိုက်ခဲ့တာပါ။ ငါးချောင်းထောက်မှာ အရေးကြီးတဲ့ ကျောက်ချစရာ ဗိုက်ကြီးဖြစ်ဖို့ကို အခုလတွေမှာ အတော်ကြိုးစားထားရပါတယ်။

မမှောင်တမှောင် အချိန်လေး ညဦးပိုင်း ၇ နာရီကျော်လောက် ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ။ ကောင်းကင်မှာ မိုးတွေအုံနေလို့ တိမ်မည်းညိုတွေပဲ အုပ်စိုးနေတယ်။ အဲဒီအတွက် ကောင်းကင်ဘက်ကို အလေး မပေးတော့ပဲ ရေပြင်ဘက်ကို အာရုံစိုက်လိုက်တယ်။ ရေငြိမ်နေရင်တော့ ရေမျက်နှာပြင်မှာ ထင်ဟပ်နေမယ့် ပုံရိပ်တွေက ရှင်းလင်း ပြတ်သားမှာပါ။ အခုတော့ အပျော်စီးလှေတွေက ဟိုဟိုဒီဒီ ဖြတ်သွားလိုက်... လေပြေအေးလေးက ကျီစယ်ပြေးလိုက်နဲ့ လှိုင်းတွန့်နေတဲ့ ရေမျက်နှာပြင်က လှုပ်လီလှုပ်လဲ့ ပုံတွေပဲ ရလိုက်တယ်ဗျာ။

2 comments:

ကလူသစ် said...

ကျန်တာတွေထားတော့ ဗိုက်ချင်းတော့ မတူနိုင်ဘူးကွယ် :)။

ဆရာလုပ်တယ်လို့တော့ မထင်နဲ့နော်။ ရိုးရာထုံးတမ်းစဉ်လာအရတော့ ရေပြင်ညီကို ရေပြင်ညီပဲထားကြတယ်။ ဖောက်ထွက်ပြီးရိုက်ချင်ရင်တော့ တမျိုးပေါ့။

JulyDream said...

ဟုတ် ကလူသစ်... ဖောက်ထွက်တာတော့ မဟုတ်ပါဘူး။ အဲဒီနေရာကနေ အဲဒီအဆောက်အအုံကို အတည့် ရိုက်ကြည့်တာပါ။ ရေပြင်ညီ ရိုက်ထားတဲ့ ပုံတွေတော့ ရှိတယ်။ ဒါပေမယ့် နည်းနည်း လင်းနေတဲ့အချိန် ပုံတွေ ဖြစ်နေလို့။ နောက်ဆို ၃ ပုံ ၄ ပုံလောက် အမျိုးမျိုး ရိုက်ထားအုံးမှပဲ။

နည်းပေးလမ်းပြတဲ့အတွက် ရှဲ့ရှဲ့နီပါ ခင်ဗျာ။ ပညာသင်ဘဝမို့ ဝေဖန် ထောက်ပြကြပါ...