စင်္ကာပူရဲ့ အထင်ကရ ရုပ်တုကြီးဖြစ်တဲ့ Merlion လည်း အခပေးတည်းခိုရတဲ့ ဟိုတယ်ဘဝကို ဧပြီလ ၄ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ၃၂ ရက်တာ ပြောင်းလဲရှာရတော့မယ်။ ငါးခြင်္သေ့ရုပ်ကြီးရဲ့ ရှေ့မှာ ၂ ယောက်အိပ် အိပ်ခန်းဆောင်တခုပဲ ပါတဲ့ ဟိုတယ်က တညတာ တည်းခိုခ စင်္ကာပူဒေါ်လာ ၁၅၀ ပါ။ ရေချိုးခန်း အိမ်သာလည်း ပါပါတယ်။ မနက်စာကိုတော့ ဖူလတန်ဟိုတယ်မှာ သွားစားရပါမယ်။ ဈေးကြီးလွန်းတယ်လို့ မဆိုနိုင်တဲ့ စင်္ကာပူဒေါ်လာ ၁၅၀ ကြောင့် ဟိုတယ် Booking လုပ်ထားတာ ၃၂ ရက်စာအပြည့်ပါပဲ။
အခုတော့ ပြင်ဆင်တည်ဆောက်ဆဲ ကာလပေါ့။ မတ်လ ၁၁ ရက်နေ့မှာ တည်ဆောက်ရေး လုပ်ငန်းခွင်ကို အပြီးသပ်ပါမယ်။ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်းမှာတော့ အများပြည်သူ အလည်အပတ် ကြည့်ရှုခွင့်ပြုမယ်လို့ ကြားထားပါတယ်။
ဒီနေ့ မရည်ရွယ်ပဲ အဲဒီအနား ရောက်သွားလို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူထားခဲ့လိုက်တယ်။

1 comment:
ကျန်းမာပါစေမင်္ဂလာပါ-
ဂျူလိုင်ရေ----လာလည်သွားတာကျေးဇူးပါခင်ဗျာ-
နောက်လည်းလာလည်အုံးနော်-
ဟိုတယ်မှာ Booking ဘာ့ကြောင့်သွားလုပ်တာလဲ-
သူမှာဖြင့်ချစ်ချစ်လည်းမရှိဘဲနဲ့များ---
အော်သိပြီသိပြီ----ဓါတ်ပုံသွားရိုက်ချင်လို့မဟုတ်လား-
တော်နေကြာဗွီဒီယိုမှတ်တမ်းအရိုက်ခံရရင်တော့ဒုက်ခပါဘဲ-
Post a Comment