.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, May 9, 2009

Arsenal fan hangs self

ချန်ပီယံလိခ် ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်ပွဲအပြီးမှာ အာဆင်နယ်အသင်း အရှုံးကြီး ရှုံးခဲ့သလို အာကြီးအသင်းရဲ့ ရလဒ်ဆိုးတွေကို မခံစားနိုင်တဲ့ အာဆင်နယ်ပရိသတ် ကင်ညာလူမျိုးတစ်ယောက်လည်း ကိုယ့်ဘာသာကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ပါတယ်။ သတ်သေသွားတဲ့သူက Suleiman Omondi လို့ခေါ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။

ကမ္ဘာတလွှားက တခြားနေရာတွေမှာလို အာဖရိကတိုက် ကင်ညာနိုင်ငံဟာလည်း ဘောလုံးပွဲ အားပေးသူ ပရိသတ် များပြားလှပါတယ်။ ပရီးမီးယားလိခ်၊ ချန်ပီယံလိခ် ဘောလုံးပွဲတွေကို နှစ်ခြိုက်စွာ အားပေးကြပါတယ်။ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီးပွဲတွေ ရှိတဲ့နေမှာဆို ဘောလုံးပွဲပြတဲ့ ဘားဆိုင်တွေမှာ လူတွေ ပြည့်သိပ်နေလေ့ ရှိပါတယ်။

သူဟာ နိုင်ရိုဘီမြို့က ဘားတစ်ခုမှာ ချန်ပီယံလိခ် ဆီမီးဖိုင်နယ်ပွဲကို ကြည့်နေခဲ့ပါတယ်။ မန်ယူအသင်းကို ပထမဂိုး ပေးလိုက်ရတုန်းက သူ စိတ်မပျက်သေးပါဘူး။ အေးဆေးပါပဲ။ ဒါပေမယ့် ပွဲစပြီး ၁၁ မိနစ်အကြာ ဒုတိယဂိုး ထပ်ပေးလိုက်ရတဲ့ နောက်ပိုင်းမှာ မန်ယူကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ဖို့အတွက် အာဆင်နယ်က ၄ ဂိုး ပြန်သွင်းရမယ်ဆိုတာကို သူသိသွားတဲ့နောက်ပိုင်း စိတ်ဓါတ် အတော်ကျသွားပါတယ်။ အာဆင်နယ်က ပထမပွဲမှာလည်း မန်ယူကို ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးထားပါသေးတယ်။

ပထမပိုင်းအပြီးမှာ မျက်ရည်တွေ တတောက်တောက်ကျ ငိုနေတဲ့ သူ့ကို... အားတင်းထားဖို့ ပွဲသိမ်းခရာ မမှုတ်သေးသရွေ့ ပွဲရဲ့အနိုင်အရှုံးအဖြေ ပြောင်းလဲသွားနိုင်ပါတယ်လို့... သူ့နဲ့ရင်းနှီးတဲ့ အာဆင်နယ်အသင်း ပရိသတ်တစ်ဦးက နှစ်သိမ့်ခဲ့ပါသေးတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ သူဟာ အရက်တွေ မှာသောက်ပြီး မျက်ရည်တွေ တဖြိုင်ဖြိုင်ကျ ငိုကြီးချက်မဖြစ်နေသေးတယ်လို့ ဘားကောင်တာ ၀န်ထမ်းက ပြန်ပြောပြပါတယ်။ နောက်တနေ့ ဗုဒ္ဓဟူးနေ့မနက်မှာ လူလတ်တန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲက သူ့ရဲ့အိမ်မှာ ကြိုးဆွဲချ သေနေတာကို တွေ့ခဲ့ရပါတယ်။

ကြိုးတန်းလန်းနဲ့ အသက်မဲ့နေပြီဖြစ်တဲ့ သူ့ခန္ဓာမှာ ၀တ်ထားခဲ့တာက Fly Emirates ဆိုတဲ့တံဆိပ်နဲ့ အာဆင်နယ် ဘောလုံးအသင်းရဲ့ ပွဲထွက်ဝတ်စုံ ပါပဲ။ နောက်ဆုံး ထွက်သက်တဲ့အထိ အာဆင်နယ် အသင်းကို အားပေးသွားတဲ့ ပရိသတ်တစ်ဦးပေါ့။ သတ်သေသွားတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းဖော်ထုတ်နေဆဲပါ။

ကျွန်တော်လည်း အာဆင်နယ် ပရိသတ်ပါပဲ။ ဒါပေမယ့် သူ့လိုတော့ မလုပ်ပေါင်...

10 comments:

ခင်မင်းဇော် said...

မိန်းမမရသေးတော့ ဘယ်လုပ်မလဲ ။ မဟုတ်ဘူးလား။

chocothazin said...

ဟင် လောင်းကစားများရှုံးလို့ လား။ တစ်မျိုးပါပဲလား။

ဝသန်မိုး said...

အာကြီးပရိသတ်တွေ လာတွေ့ ပြီ
ပျော်တယ်ဗျာ
အခုအချိန်မှာအာကြီး
ပရိသတ်က အရှားသားလား
အဆင်ပြေပါစေဗျာ
ခင်တဲ့
ဝသန်မိုး

Rita said...

ဦးနှောက်များ မကောင်းဘူးလားမှ မသိ

JulyDream said...

မခင်မင်းဇော်...
အခုရက်တွေမှာ အဲဒီအပိုင်းကို ဓါတ်ကျနေတယ် ထင်တယ်။ အဟီး အဲဒါတွေပဲ ခဏခဏ ပြောနေတယ်။

မသဇင်ရေ...
လောင်းကစား ရှုံးတာလည်း ဖြစ်နိုင်ပါတယ်လေ။

ဝသန်မိုးခင်ဗျာ
ကျွန်တော်လည်း ၁၉၉၀ ပတ်ဝန်းကျင်ကတည်း အာကြီး ပရိသတ်ပါ။ အခုချိန်ထိလည်း အာကြီးပါပဲ။ မပြောင်းလဲသေးတဲ့ ပရိသတ်ပေါ့။

ရီတာရေ...
စိတ်ခံစားချက်တွေ များလွန်းရင်လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဦးနှောက် မကောင်းဘူး ဆိုတာထက် ခံစားချက်က ဦးနှောက်ကို လွှမ်းမိုး အနိုင်ယူသွားပုံပဲ ခင်ဗျ။

P.Ti said...

လောင်းတာ လွန်သွားတာ ထင်ပါတယ်ဗျာ။

ဒီနှစ် အာဆင်နယ်က ကလေးတွေများနေတယ်။ အတွေ့အကြုံရှိတဲ့လူတွေရှိရင်ပိုကောင်းမယ်။ ကစားတဲ့ပုံကိုတော့ ကြိုက်တယ်။

ကံဆိုးစွာပဲ မနေ့ညက ချယ်လ်ဆီးကို ၄-၁ နဲ့ရှုံးသွားတယ်။

နောက်နှစ်ပေါ့။

puluque said...

အဟော သယ်ရင်းကြီးက အာကြီးပရိတ်သားလား။ အိမ်ကို လာအုံးကွ အိမ်ကကောင်တွေက မန်ယူတွေ ငါ့ကို နှိပ်ကွပ်နေကြတာ။ ငါကပြောလိုက်ပါတယ် သန်း၃၀ သုံးတဲ့အသင်းနဲပ သုံးသန်းသုံးတဲ့ အသင်း ဒီလောက်တော့ ကွာမပေါ့လို့။ ပီးတော့ ကလေးတွေလေကွာ ဟုတ်တယ်ဟုတ်..။
အင်းဆွဲကြိုးချသေတာကတော့ တစ်လုံးသွင်းတုန်းက ဂိုးပေါင်းလေး အောက်ကလောင်းထားတော့ ဖြေသားသေးတယ်ပေါ့ နှစ်လုံးလဲ သွင်းပီးရော ဂိုးပေါင်းပါ ရှုံး ဘော်ဒီလဲ ရှုံးလို့နဲ့တူပါတယ် ..နောက်တာနော် ...ငါလဲ ဟိုတုန်းက ဘောပွဲမုဒ် ဝင်နေတုန်းကပေါ့ အားကြီး ရှုံးရင် အိပ်လို့တောင်မပျော်ဘူးကွ......

နေ့အိပ်မက် said...

အာဆင်နယ်ကတော့ ရန်သူပဲ.... ဒါပေမဲ့ ဒါမျိုးကြားရတော့ စိတ်မကောင်းဘူး.... ဂျာနယ်ထဲမှာဖတ်ရကတည်းကပဲ..... နေ့အိပ်မက်တော့ မန်ယူရှုံးတုန်းက တစ်ခါ.. အင်္ဂလန်က ဘရာဇီးကို ရှုံးတုန်းကတစ်ခါတော့ အိပ်မပျော်ဘူး.. တစ်ညလုံးပဲ.. :(

Anonymous said...

အဲလောက်တောင်ပဲရူးရလားဗျာ..... အရည်မရ
အဖတ်မရ ဘ၀နဲ့ရင်းပြီင်္းလောင်ထားတာလဲ မဟုတ်။ ဘယ်လိုမှနားမလည်ဘူးဗျ...။
တော်ရုံရူးရင် မပြောပါဘူးဗျာ ခုတော့.....

ရွှေပြည်သူ (ShwePyiThu) said...

အာဆင်နယ်ကို သိပ်ချစ်လို့ပဲဖြစ်ဖြစ် ငွေကြေးအလောင်းအစားလုပ်ထားတာ ရှုံးသွားလို့ပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြေရှင်းသွားပုံက လူ့အသက်တစ်ချောင်း နှမြောဖို့ကောင်းလိုက်တာ... သာမာန်ထက် ပိုကဲတဲ့ စွဲလမ်းမှုတွေက ကြောက်ဖို့ကောင်းပါတယ်လေ...