.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, May 26, 2009

Why July Dream?

ဇူလိုင်အိပ်မက်ဆိုတာ ဘာလဲ... မသိလို့ မေးတာလား။ သိရဲ့နဲ့ မေးတာလား။

မိုးခါးက အမှတ်တရနစ်ခ်အကြောင်း သိချင်လို့ ရေးပေးပါဆိုတော့ ဒီမေးခွန်းတွေ ဖြစ်လာရပြီပေါ့။

တကယ်တော့ အဲဒါနစ်ခ်တစ်ခုပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ကလောင်တစ်ခု။ နစ်ခ်ဆိုတဲ့အတိုင်း အမည်အရင်းကို မသိစေချင်လို့ ပေးထားတဲ့ အွန်လိုင်းကမ္ဘာက အမည်တစ်ခုပေါ့။

၂၀၀၇ ဇူလိုင် ၇ ရက်နေ့မှာ ၀၇-၀၇-၀၇ ခုနစ်သုံးလုံး ဆုံခဲ့တယ်။ ဆဲဗင်းဇူလိုင်မှာ မွေးတဲ့ ကျွန်တော့်အတွက် တစ်သက်မှာ တစ်ခါပဲ ကြုံနိုင်တဲ့ နေ့ရက်တစ်ခုပေါ့။ အဲဒီလို နေ့ရက်မှာ အမှတ်တရ တစ်ခုခုတော့ ဖြစ်အောင် လုပ်မယ်ဆိုပြီး ရည်စူးထားခဲ့မိတယ်။ အဲဒီမတိုင်ခင်က ဖိုရမ်တွေမှာပဲ စာရေးနေမိတယ်။ ဖိုရမ်ဆိုတဲ့အတိုင်း အကြောင်းအရာ တစ်ခုအပေါ်မှာ အဓိကထား ဆွေးနွေးပြောဆိုကြတာ များပါတယ်။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ချရေးဖို့ကျတော့ အဆင်မပြေတာတွေ ရှိလာနိုင်တယ်။ စင်္ကာပူကို ရောက်နေတာဆိုတော့ အင်တာနက်ဆိုတာကလည်း မြန်မာပြည်မှာလို ခက်ခဲတဲ့အရာ မဟုတ်တော့ဘူး။ အဲဒါနဲ့ပဲ ဘလော့ဘက်ကို မြားဦးလှည့်လာမိတယ်။

ဘလော့အတွက် အမည်ရွေးတော့ ဖိုရမ်မှာ ရေးနေတဲ့ အမည်ကို သယ်မလာချင်ဘူး။ သီးခြားကမ္ဘာလေး ဖြစ်စေချင်မိတယ်။ တခြားလောင်းရိပ်တွေ မထိုးစေချင်ဘူး။ တခြားလွှမ်းမိုးမှုတွေ မရှိစေချင်ဘူး။ အဲဒါနဲ့ ကလောင်တွေ စဉ်းစားရတယ်။ သူငယ်ချင်းတွေကိုလည်း အကြံဥာဏ်တောင်းကြည့်ခဲ့တယ်။ သူတို့တွေက လူသိများမှာ သေချာလွန်းပြီး ချစ်စရာ ကောင်းလှတဲ့အမည်တွေ ၀ိုင်းပြီး စဉ်းစားပေးကြပါတယ်။ အောင်နက်၊ ပေါက်ကျိုင်း၊ အနက်လူ၊ ဒွန်းစဏ္ဍား ဆိုပြီး စပါယ်ရှယ်အမည်တွေ ၀ိုင်းရွေးပေးကြတယ်။

နောက်ဆုံးတော့လည်း ကိုယ့်အားကိုယ်ကိုး ရပါတယ်။ မိုးရွာရင် ပျော်ပြီး မိုးကို ချစ်လွန်းတဲ့ ကျွန်တော်... မိုးဆိုတဲ့ အငွေ့အသက်လေး အမည်ထဲမှာ ပါချင်မိတယ်။ အဲဒီလိုပဲ ၇ ဂဏန်းတွေလည်း ပါစေချင်တယ်။ တစ်ချက်ခုတ် သုံးချက်ပြတ် ဖြစ်သွားရအောင် ဇူလိုင်ဆိုတဲ့ စာလုံးလေးကို ယူလိုက်တယ်။ ဇူလိုင်ဆိုတာ ၇ လပိုင်းပဲလေ။ ဇွန်ဇူလိုင်မှာ ရွာတဲ့ မိုးဖွဲလေးများ မစဲသလို... ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ဇူလိုင်လမှာ မိုးတွေရွာသေးတယ်။ ပြီးတော့ ကျွန်တော့် မွေးလလည်း ဟုတ်ပြန်ရော။

ကရကဋ်ဖွားပီပီ စိတ်ကူးယဉ်လည်း ဆန်သေးတယ်။ စိတ်ကူးယဉ်ကမ္ဘာထဲမှာ အတွေးသံစဉ် စည်းချက်အတိုင်း ၀ါသနာတွေနဲ့ ကခုန်နေလေ့ရှိတယ်။ အိပ်မက်ဆိုတာ အတွေးတွေရဲ့ ကိုယ်ပွါးတစ်ခုပဲလေ။ ဘ၀မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေဟာ အိပ်မက်တွေကနေတဆင့် ပေါက်ဖွါးလာကြတာပေါ့။ အိပ်မက်ဆိုတာ လူ့ဘ၀မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုပဲ။ အိပ်မက်တွေသာ မရှိခဲ့ရင် ဘ၀ကြီးက ပျင်းစရာကောင်းလွန်းနေမှာ သေချာတယ်။ အဲဒါနဲ့ အိပ်မက်ဆိုတဲ့ စာလုံးလေးကို သဘောကျမိသွားတယ်။ ကျွန်တော့် အတွေးတွေ၊ ခံစားချက်တွေ၊ အိပ်မက်တွေ ဖော်ကျူးခွင့်ရချင်မိခဲ့တယ်။

တကယ်တော့ ဆဲဗင်းဇူလိုင်..... အဲဒီရက် အဲဒီအချိန်မှာ မာမားတစ်ယောက်လည်း ဇူလိုင်အိပ်မက်တွေ မက်နေခဲ့အုံးမှာပါ။ သားဦးဖြစ်တဲ့ ကျွန်တော့်အပေါ် မျှော်မှန်းချက်တွေ တပွေ့တပိုက်ကြီးနဲ့ စိတ်ကူး တိမ်တိုက်တွေကြား လေဟုန်စီးပြီး အာကာပြင်ကို အပြုံးပန်းချီ ခြယ်သနေလောက်တယ်။ ဇူလိုင်မှာ စမက်ခဲ့တဲ့ အိပ်မက်တွေနဲ့ မိသားစုဘ၀တွေ စိုပြေလှပအောင် မာမားတစ်ယောက် ကြိုးစားခဲ့ပုံပါပဲ။ ဒါကြောင့်လည်း ဇူလိုင်အိပ်မက်တွေက မွေးသမိခင်ကိုလည်း ကိုယ်စားပြုခဲ့တယ်။

ကြုံတုန်းတစ်ခါတည်း ပြောရရင်... လူတွေက ကျွန်တော်တို့ ညီအစ်ကိုတွေကို ချီးကျူးကြတယ်။ ဒီလိုသားမျိုး မွေးရတာ မွေးရကျိုးနပ်တယ်။ လိမ္မာတယ်။ ဘာညာကွိကွပေါ့။ အမှန်တော့ လိမ္မာတာ မဟုတ်ပါဘူး။ လောကမှာ မာမားမျက်နှာ မပျက်ရလေအောင် ကျွန်တော်တို့ နေထိုင်တယ်။ မာမားအိပ်မက်တွေအတွက် ကျွန်တော်တို့ ကြိုးစားတယ်။ မာမားမျှော်လင့်ချက်တွေအတွက် ကျွန်တော်တို့ အားထုတ်တယ်။ ဒီလောက်ပါပဲ။

အပြင်ပန်းကြည့်လိုက်ရင် ယုန်သူငယ်လို ဖြူဖြူစင်စင် နူးနူးညံ့ညံ့ အနေအထိုင် အပြောအဆို သိမ့်မွေ့ပေမယ့် မာမားကို ထိပါးလာတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ ဆိုးပါတယ်။ ရိုင်းပါတယ်။ အရွဲ့တိုက်ပါတယ်။ အပြောအဆို ကြမ်းပါတယ်။ လက်ရဲပါတယ်။ အမျိုးတွေ အဆွေတွေ အသက်ကြီးတာတွေ အသက်ငယ်တာတွေ ဂုဏ်ဒြပ်တွေ ချမ်းသာတာတွေ ဘာတစ်ခုမှ ဂရုမစိုက်ပဲ ဆော်ပလော် တီးလေ့ရှိပါတယ်။

ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀မှာ အဒေါ်တစ်ယောက်ရဲ့ သူငယ်ချင်း တရုတ်မ(ဘောပြား)ကို ဓါးနဲ့ လိုက်ခုတ်ဖူးပါတယ်။ ဘောပြားဆိုတာ ဘောလုံး မဟုတ်လို့ပါ။ ယောကျာ်းလျာပေါ့။ အိမ်ကိုလာလည်ပြီး ဧည့်သည်က ဧည့်သည်လို မနေပဲ စကားရင့်ရင့်တွေ ပြောပြီး မာမားကို ထိပါးစော်ကားလို့ ၀က်သားခုတ်တဲ့ ဓါးပြားကြီးနဲ့ စိမ်ပြေနပြေ လိုက်ခုတ်ခဲ့တာပါ။ အိမ်မှာလည်း ဓါးရာတွေ ဗလပွ ဖြစ်သွားတယ်။ အဲဒီကတည်းက အဲဒီတရုတ်မ အိမ်ကို မလာရဲသလို လမ်းထဲကိုလည်း မ၀င်ရဲတော့ဘူး။

ခုနစ်တန်းကျောင်းသားဘ၀ကလည်း အမေ့ကို ထိပါးတဲ့ စကားလုံးကြမ်းတွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း လာဆဲတဲ့ ကျောင်းသားကို ကျောင်းအုပ်ကြီး ရုံးခန်းဘေးမှာတင် လိပ်ကျောက်မြီးနဲ့ ကျွဲရိုက်နွားရိုက် ဆော်ခဲ့ဖူးသေးတယ်။ အဲဒီနှစ်တုန်းက ကျောင်းစားပွဲခုံရဲ့ အံဆွဲထဲမှာ လိပ်ကျောက်မြီးကျာပွတ်က ဘာရယ်ညာရယ် မဟုတ်ဘူး အသင့်ရှိထားတယ်။ ဟိုကောင့်ကို ဘယ်ညာဘေးနှစ်ဘက်ညှပ်ပြီး ဖမ်းချုပ်ပေးထားတဲ့ သူငယ်ချင်း ၂ ယောက်လည်း အရှိုးရာတွေ ထပ်လို့။ ရိုက်လို့ အားရတော့မှ ဖမ်းချုပ်ပေးတဲ့ သူငယ်ချင်း ၂ ယောက်ကို အမြဲဆောင်ထားတဲ့ ဆရာခိုဆေး ထုတ်ပြီး လိမ်းပေးလိုက်တယ်။ ဒီကောင်တွေလည်း ဆေးလိမ်းခံတဲ့အချိန် ရှုံ့မဲ့နေတာပဲ။ လက်စပြင်းသွားပုံပဲနော်။ ဘာရယ်တော့ မဟုတ်ပါဘူး... ကျွန်တော် ဆိုးတယ်ဆိုတာကို ကြုံလို့ ပြောပြတာပါ။

ဒါကြောင့်... ဇူလိုင်အိပ်မက်တွေထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် လွမ်းဆွေးဖွယ်တွေပဲ ရှိမယ်လို့ မထင်လိုက်ပါနဲ့။ ရှည်လျားထွေပြားတဲ့ အိပ်မက်ဆိုးတွေလည်း ပါတတ်ပါတယ်။ လောကမှာ အကောင်းအဆိုး ဒွန်တွဲနေတာကို သတိချပ်မိအောင် ဒီနေရာကနေ သတိတရား နိုးဆွပေးလိုက်ပါတယ်။

အစဉ်အလာအရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
မြန်မာပြည်က ပြန်ရောက်တာ မကြာသေးတဲ့ တူမကြီးအလွမ်းပြေ

24 comments:

Anonymous said...

ဂျူလိုင်အိပ်မက်ဆိုတဲ့ နာမည်လှလှလေးကို
အဲ့လိုစိတ်ကူးကောင်းလေးတွေနဲ့ပေးပင်မယ့်
ဘယ်လိုမှမမြင်တွေ့နိုင်တဲ့ အွန်လိုင်းကမ္ဘာကြီးထဲမှာ အိပ်မက်ထဲ ထည့်မက်ချင်စရာ နာမည်လှလှလေးအဖြစ်ကနေ လွန်မြောက်ဖို့ ဆန္ဒပြုပါတယ်။

မဂျူလိုင်ဆိုပြီးလာမှားတတ်ကြလွန်းလို့ စာလုံးကြီးနဲ့သာ ရေးထားဗျာ။ ဒါမှမဟုတ်နန်းညီလိုသာ ကြော်ငြာထားလိုက်

khin oo may said...

ဂျုဂျုက ဂျုဂျုပါကွယ်။

yehtutnaung said...

ကိုဂျူလိုင်ရဲ့  7 July အကြောင်း လာနားထောင်သွားပြီဗျို့ ။ :)

Anonymous said...

သြော် 7 July လား
မမေ့နိုင်စရာနေ့ လေးတနေ့ မှာ မွေးခဲ့တာပေါ့နော်

Unknown said...

ဘယ်လိုလုပ်ပြီးမေ့ရပါ့ 7 July

ရယ်။

မိုးခါး said...

နစ်ခ်လေးကတော့ နူးနူးညံ့ညံ့လေးပါ ..
ဓါးမနဲ့လိုက်ခုတ်တယ်ဆိုတော့ ... ??????????
စိတ်ကြီးတယ်နော် .. :D
မစရဲတော့ပါဘူး ..

ခင်မင်လျှက်

chocothazin said...

အခုလို nick အကြောင်းသိရတော့ ပိုရင်းနှီးသွားပါတယ်။

Phyo Maw said...

ကိုအိန်ဂျယ် အန် ဒီမွန်လိုပါပဲကွယ် :)

ပန်းခရမ်းပြာ said...

ကိုဂျူလိုင် ဒရင်းလို့ အပြည့် အစုံ ခေါ်ရတော့မယ် ထင်တယ်။ ယုန်သူငယ်လေးလို့ ခေါ်ရမှာလည်း အခက်သား။ ၀ိတ်များလွန်းလို့ သံကုတောင် ကျိုးတယ်လို့ ၀န်ခံထားဘူးတာကိုး.။

Moe Cho Thinn said...

အစမှာတော့ မိုးကို ချစ်သလေး၊ အိပ်မက်ကို ချစ်သလေး နဲ့ တကယ့် နူးနူးညံ့ညံ့။

ဖတ်ရင်းနဲ့ ၀က်သားခုတ်တဲ့ ဓားမကြီးနဲ့ လိုက်ခုတ်တယ်၊ ကြာပွတ်နဲ့ ဆော်တယ် ဆိုတော့...

အင်းးးး ကိုဂျူလိုင် ကိုဂျူလိုင် လို့ပဲ..။

may16 said...

ကိုဂျူလိုင်ရဲ့နာမည်ပေးကောင်းတယ်..

ATN said...

နံမည်ကို တွေ့တာနဲ့ ထင်တော့ ထင်နေသား...
ခုတော့ ထင်တဲ့ အတိုင်းပဲ...း)
ကြည့်စမ်း ကိုယ်ထင်တဲ့အတိုင်းပဲ...
ဓါးနဲ့လည်း လိုက်ခုတ်သတဲ့...
အနားမှာ ဓါးပဲရှိလို့ပေါ့...
သေနတ်သာရှိရင် အဲကောင် သေပြီ...
နောက်ဆို အခွင့်အရေးရရင် အနားမှာ သေနတ်တလက်သာ ဆောင်ထားပေတော့...း)

ဂျူနို said...

လူဝင်စားများလား ကိုဂျူလှိုင်

သတ္တိရှိပုံလည်းရတယ်နော်

ဒီနေ့ မှာမွေးတော့ ..........

777 ဆိုပြီး ....

Rita said...

အာဂ ကို July ပါတကား

ကြောက်ကြောက်
ဝက်သားခုတ်တဲ့ ဓါးနဲ့တဲ့
ကြာပွတ်နဲ့တဲ့

မယ့်ကိုး said...

ဘုရား ဘုရား ကြောက်တတ်ပါတယ်ကွဲ့ ....
လမ်းမှာ တွေ့ ရင် တမိုင် အကွာလောက်က ပြုံးပြထားလေမှ... :)

ဖိုးဂျယ် said...

ဟီး အခုမှပဲ ရာဇင်ဝင်လေး သိတော့တယ်း)

Anonymous said...

ဟ.. လက်စသတ်တော့ ကိုဂျုကြီးက သိုင်းလောကထဲက ဓားသိုင်းသမားကြီးပါလားဗျ
ဂေါ်မိသောခေါ ပါဗျား... ဟိဟိ ကျနော်လဲ အိုးဖုံး သိုင်းဆရာကြီးနော် (သင်္ဘောသားချင်းရန်ဖြစ်ရင်း အိုးဖုံးနဲ့ဆော် လိုက်တာနဖူးကွဲအောင်ချဖူးလို့) ဟီး.နေဦးဗျာ
ဘလော့ဂါတွေကို သိုင်းလောကထဲ ဆွဲသွင်းပြီး
သိုင်းသမားတွေ ဖြစ်အောင် ရေးဥိးမယ် ဟဲဟဲဟဲ
လာမည်ကြာမည်မျှော်ဗျား...။

မမသီရိ said...

ကြာပွတ်နဲ့ ..တဲ့....
မင်းတော့.. နော်...ဒီစာဖတ်မိတဲ့ ကောင်မလေးတွေ
အနားကပ်ရဲမှာ မဟုတ်တော့ဘူး...း)
ဓါတ်ပုံ ထဲ ကကောင်မလေး မဖတ်မိပါစေနဲ့
ဆုတောင်းပေးလိုက်ပါရဲ့..း)

မမသီရိ said...

ကြာပွတ်နဲ့ ..တဲ့....
မင်းတော့.. နော်...ဒီစာဖတ်မိတဲ့ ကောင်မလေးတွေ
အနားကပ်ရဲမှာ မဟုတ်တော့ဘူး...း)
ဓါတ်ပုံ ထဲ ကကောင်မလေး မဖတ်မိပါစေနဲ့
ဆုတောင်းပေးလိုက်ပါရဲ့..း)

nyimuyar said...

only 38 days to your birthday. :D :P so how you will celebrate this year?

Unknown said...

ကျွန်တော့်ရဲ့ အိပ်မက်ကတော့ တစ်မျိုး အစ်ကိုရ ;)

flowerworld said...

ကြာပွတ်နဲ့တောင်ရိုက်တယ်လား ကြက်သီးပါထတယ် နားထဲမှာရွှမ်းရွှမ်းနဲ့ ဟိဟိ
ဂျူလိုင်အိမ်မက်က ဒီလိုဖြစ်လာပါတယ်ပေါ့နော်း)

နေ့အိပ်မက် said...

အိပ်မက်ကြီးကလည်း လက်နက်တွေစုံလိုက်တာ.... နေ့အိပ်မက်တော့ နေ့အိပ်မက်ပဲ သွားမက်ပါတော့မယ်.... :

ဝသန်မိုး said...

အမငီးးး
ကြာပွတ်တဲ့ဗျ
ကိုအောင်သာငယ်ပြောသလို
သေနတ်သာဘေးရှိလို့ ကတော့
ဘာပြောကောင်းမလည်း
အဲဒီတစ်ယောက်
ခန့် ခန့် ကြီးနဲ့ 
စန့် စန့် ကြီး ဖြစ်နေမှာဗျနော်

ခင်မင်လျက်
ဝသန်မိုး