.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, November 29, 2009

July Note 8

ဆရာ့ဝတ်

အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
~~~

တပည့်ဝတ်

ညီညာထကြွ
ဆုံးမနာယူ
လာမူကြိုဆီး
ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခုသာ။
~~~

မိဘ၀တ်

မကောင်းမြစ်တာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ။
~~~

သားသမီးဝတ်

ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့မှာ။
~~~

လင်ကျင့်ဝတ်

မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။
~~~

မယားကျင့်ဝတ်

အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကျဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။
~~~

ဒါလေးတွေက မှတ်ထားသင့်လို့ မှတ်ထားလိုက်ပါမယ်။ အချိန်ကြာရင် မေ့ကုန်တတ်လို့ ဟိုမေးဒီမေး လုပ်ပြီးမှ သတိတရ ပြန်ကူးထားတာပါ။ အဖြေတိုက်ပေးတဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

8 comments:

ဂျပန်ကောင်လေး said...

လင်ကျင့်ဝတ်နဲ့ မယားကျင့်ဝတ်ကတော့ နည်းနည်းစိမ်းသဗျ..

Rita said...

လျော်အောင် ဖြန့်ချီ ဆိုတာ ဟိုဘက် ဒီဘက် မျှအောင်ပေးရမယ် လို့ ပြောတာလား။ ဒါဆို သူတို့ဘက်ကလည်း ညီတူညီမျှ ပေးမှဖြစ်မှာ။

:D

ခြေလှမ်းသစ် said...

အစိုးရ ကျင့်ဝတ်တွေကော မရှိဘူးလားဗျ ... လုပ်ပါအုံး

NangNyi said...

မမရီတာ.. လျော်အောင်ဖြန့်ချိ ဆိုတာ.. မီးပူတိုက်တဲ့ အလုပ်ကိုပြောတာဖြစ်မယ်..

မျှော်လင့်ခြင်း said...

အခုချိန်ထိ အိမ်ထောင်မပြုရသေးရင်
မိဘတွေ တာဝန်မကျေလို့ လို့ 
ပြောချင်တာလား
Ha Ha Ha

Vista said...

နန်းညီ said...

မမရီတာ.. လျော်အောင်ဖြန့်ချိ ဆိုတာ.. မီးပူတိုက်တဲ့ အလုပ်ကိုပြောတာဖြစ်မယ်..
လူးလိမ့်ရယ်သွားပါတယ်

mae said...

အင်းပေါ့ .. တာဝန်ဆိုတာ ကျေသင့်တာပေါ့

Nge Naing said...

လင်ကျင့်ဝတ်နဲ့ မယားကျင့်ဝတ်ကလွဲရင် ကျန်တာတွေက ပထမတန်းက သင်ဖူးတယ်။ မယားကျင့်ဝတ်နဲ့ ပတ်သက်ပြီး အိမ်တွင်းမှုလုပ်ဆိုတာ က ဘရားလက်ထက်က တခြားလုပ်စရာ မရှိတဲ့ မစ္ဈိမဒေသက မိန်းမတွေအတွက်တော့ ဟုတ်တာပေါ့။ ခုခေတ်မှာတော့ နှစ်ယောက်စလုံး အလုပ်ကအတူတူ ပြန်လာတဲ့အချိန်မှာ မိန်းမက အိမ်တွင်းမှုလုပ်ပြီး အလုပ်ရှုပ်နေတဲ့ အချိန်မှာ ယောက်ျားက ဇိမ်နဲ့ T.V ထိုင်ကြည့်၊ ဂီတာတီးလုပ်နေလို့ တော့ ဘယ်ဖြစ်မလဲ ၀ိုင်းလုပ်ရမှာပေါ့။