.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 30, 2010

Thaipusam Festival

ဒီနေ့ သွေးဘဏ်မှာ ဟောပြောပွဲတစ်ခုရှိလို့ သွားခဲ့လိုက်တယ်။ အေအိုင်ဒီအက်စ်အကြောင်း ဟောပြောတာပါ။ ချစ်သူများနေ့မှာ ဝက်ဝံရုပ်လေး ရလိုက်ရုံလေးနဲ့ ချစ်သူကို ရှိသမျှအကုန် ပုံအောပြီး အလိုမလိုက်သင့်ကြောင်း ဟာသနှောပြီး ပြောသွားတာကို သဘောကျမိတယ်။ ဈေးပေါတဲ့ကွန်ဒုံးတွေက စိတ်မချရတဲ့အတွက် မသုံးဖို့ ဟောပြောသွားတဲ့သူကြောင့် ဈေးကြီးတဲ့ကွန်ဒုံးတွေ လက်ဆောင် ရခဲ့လိုက်တယ်။ လောလောဆယ် သုံးစရာ မရှိပေမယ့် ပုပ်သိုးမယ့်အရာမှ မဟုတ်တော့လည်း သိမ်းထားလိုက်ပါမယ်။

ညနေပိုင်းမှာ မူစတာဖာဘက်ကို ဆက်လက် ချီတက်ခဲ့တယ်။ သွားရတဲ့အကြောင်းက ဆေးကျောင်းတက်နေတဲ့ ညီဝမ်းကွဲနဲ့ တပည့်မအတွက် မူစတာဖာကုန်တိုက်မှာ ဆရာဝန်သုံးနားကျပ် သွားဝယ်ဖို့ပါ။ ဟိုရောက်တော့ ကုလားပွဲတော်တစ်ခုနဲ့ တိုးနေတယ်။ လူအုပ်ကြားထဲမှာ ညှပ်ပြီးပါသွားတာ မူစတာဖာကုန်တိုက်ကို မရောက်ပဲ ကုလားဘုရားကျောင်းကို ရောက်သွားတယ်။ အဲဒီတော့လည်း ပါလာတဲ့ ကင်မရာကို မသုံးပဲ ထားလိုက်ရင် ငွေဖြုံးရာရောက်မှာ စိုးတာနဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်လိုက်တယ်။


အပ်တွေ ချိတ်တွေ ကိုယ်မှာချိတ် ပါးမှာလည်း တိုးလျှိုပေါက်...


အိုးလေးတွေ တွဲလောင်းချိတ်... သူကျတော့ ပုံစံတစ်မျိုးပဲ...


အပီအပြင် အားရပါးရ တီးလိုက်မယ်ကွယ်...


မြန်မာရှင်ပြုမှာဆို ကွမ်းတောင်ကိုင်လိုမျိုးဖြစ်မယ်...


ကုလားပြည်မှာလည်း ကိုကြီးကျော် ရှိနေလား...


ဒေလီ-ပီကင်း ချစ်ကြည်ရေး...

12 comments:

ShwunMi- said...

ဒေလီ-ပီကင်း ချစ်ကြည်ရေးပုံက စိတ်ဝင်စားဖို့ကောင်းတယ်။ လှလည်းလှတယ် =)

khin oo may said...

မှိုတက်သွားမှာတော့စိုးသကွယ်။

khin oo may said...

အဲဒါမျိုးပေါ့ ပြေးရင်းလွားရင်း..........ဆိုတာ။

khin oo may said...

ဓါတ်ပု့လေးတွေကြည့်ရလို့ကျေးဇူး

Rita said...

မိုက်သကွယ့်။

ကလူသစ် said...

expire တော့ ဖြစ်နိုင်တယ်နော် သတိထား။
အဲ့ဒီအပ်တန်းလန်းနဲ့ ဆရာသမားတွေကိုရော Aids ပညာပေးခဲ့သေးသလား။

ရွှေရတုမှတ်တမ်း said...

ကုလားမလေးတွေနဲ့ ဓါတ်ရှင်ထဲကလို က ခဲ့သေးလား

နေ့အိပ်မက် said...

အဲဒီကုလားပွဲလုပ်တာ နေ့အိပ်မက် ကားပေါ်မှာ မိနစ်လေးဆယ်လောက်ကြာသွားတယ်.. ဆယ်မိနစ်ခရီးကို.. :( :( :(

Phyo Maw said...

အုန်းသီးအစွမ်း =)

mae said...

မနာလိုဘူး၊ ငါလဲ ရိုက်ချင်တယ်

ပုံတွေ ကြိုက်တယ်၊ အသက်ပါတယ်

Nge Naing said...

ကြောက်စရာ လန့်စရာပဲ အသားတွေမှာ ဖေါက်ထားတာ။

Tamil Home Recipes said...

Good pictures on thai poosam.