.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 28, 2010

Saved 36 lives



ဒီနေ့ စင်္ကာပူမှာ ၁၂ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။ ငယ်သူငယ်ချင်းနဲ့ အလုပ်တူကြတဲ့ မြန်မာပြည်က လူငယ်တွေကိုလည်း သွေးလှူဖို့အတွက် တခါတည်း ခေါ်သွားလိုက်တယ်။ သွေးလှူရှင်အသစ် လေးယောက် ခေါ်လာတာ နှစ်ယောက် လှူခွင့်ရခဲ့တယ်။ တစ်ယောက်က ကြွက်သားတွေကြီးပြီး သွေးကြောပျောက်နေလို့ မလှူခဲ့ရဘူး။ နောက်တစ်ယောက်က ဟေမိုဂလိုဗင် အားနည်းလို့ မလှူရပြန်ဘူး။

သွေးလှူပြီးတော့ ပင်နီဇူလား သွားပြီး လေယာဉ်လက်မှတ် ဝယ်လိုက်တယ်။ အဲဒီလက်မှတ်က မြန်မာပြည်ကို အလည်ပြန်တာ ဖြစ်နိုင်သလို အပြီးပြန်တာလည်း ဖြစ်သွားနိုင်တယ်။ လက်မှတ်ဝယ်ပြီး အထွက် နုချောကြီး ရီနိုမာန်နဲ့တောင် တွေ့ခဲ့သေးတယ်။ မာမီကွမ်း(ခင်ဦးမေ) စီပုံးထဲက နာမည်ကျော် ဒန့်သလွန်သီးမင်းသား မဟူရာကောင်မို ညွှန်းတဲ့ ဖိနပ်ဆိုင်တွေဘက်လည်း ရောက်ခဲ့ပြန်တယ်။ သူညွှန်းတဲ့ ဆိုင်မှာ ဖိနပ်ပုံစံတွေက ဂေါ်လွန်းအားကြီးလို့ မဝယ်ဖြစ်ခဲ့ဘူး။ အဲဒီဆိုင်ဘေးနားက ဆိုင်မှာပဲ ဝယ်ဖြစ်ခဲ့တယ်။ အဲဒီဖိနပ်ကို အီတလီက လုပ်တယ်လို့ ရေးထားတာပဲ။

စ ရေးလိုက်တာက သွေးလှူတဲ့ မှတ်တမ်းလေးပါ။ ဒါပေမယ့် အဲဒီနေ့က ဖြစ်ရပ်လေးတွေပါ အမှတ်တရလေး ချရေးမိသွားတယ်။ စိတ်တော့မရှိပါနဲ့။ မျောက်နှစ်မှာ မမွေးပေမယ့် မျောက်စိတ်လိုပဲ ဟိုရောက်ဒီရောက်ပါပဲဗျာ။

10 comments:

ShwunMi- said...

ဟိုရောက်ဒီရောက်က မကြာခင် ခြေငြိမ်တော့မယ် ထင်တယ်..
ထင်တာပြောတာပါ။ =)

mae said...

သာဓု သာဓု သာဓု

khin oo may said...

ရူးနေတာကိုး...

ဂျူနို said...

သွေးလှူတယ် ဆိုတော့ အေ ဘီ စီ ဒီ ကင်းတယ် ဆိုတဲ့ သဘောပဲ။:)

Anonymous said...

ပြန်မယ်ဆိုပါ့လား....

ကောင်းကင်ပြာ said...

အလည်ပဲ ပြန်ပါ..နော့

Zephyr said...

သာဓုပါဗျာ ... သွေးလှူတာ စိတ်ချမ်းသာစရာ သိပ်ကောင်းပါတယ်။ ၁၂ ကြိမ်တောင်ရှိပြီဆိုလို့ Congratulations လာလုပ်ပါတယ်။ Singapore က blood bank ရဲ့ sms system ကို ပဲ ဘ၀င်မကျဖြစ်ပါတယ်။ ကျန်တာတွေက အဆင်ပြေပါတယ်။ ကျွန်တော်သွားလှူပြီးနောက်နေ့မှာ O သွေးအလှူခံတဲ့ sms ထပ်ပို့ပါတယ်။ system က update မဖြစ်ဘူးဆိုတာ သိသာပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ ...။

ခင်မင်စွာဖြင့်
Zephyr

Rita said...

အလကားနေရင်း မျောက်နှစ်မွေးတဲ့လူတွေကို ဖဲ့ထားသေးတယ်။

Unknown said...

ကျွန်တော်လည်း မျောက်နှစ်ဖွားပဲဗျ။ သွေးလည်း လှူပါတယ်။

Ree Noe Mann said...

ဒီလထဲ အဆင်ပြေရင်တော့ သွားလှူချင်တယ်။