.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, March 26, 2010

My dear

ချစ်သူ

ဘယ်အချိန်ခါမဆို ထာဝစဉ်ပြုံးရွှင်
နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင်
အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်းပျော်မယ်
ကိုယ်ငိုရင် သူလည်းငိုမယ်
တစ်ခါတလေများ အပြင်ပြဿနာတွေ
ယူလာပြီး သူစိတ်မချမ်းသာအောင်
ပြန်လည်တွေးတိုင်း သနားလို့လာတယ်
ဘယ်သူနဲ့မှ မတူဘူး...
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ...

ဘယ်အချိန်ခါမဆို ကိုယ့်အနားမှာ
အတူရှိတတ်တဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ
တကယ့်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ်
ဒီသီချင်းနဲ့ ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘဝမျိုးမှာ
အတူနေနိုင်ဖို့ ကိုယ်လေကြိုးစားမယ်

ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ်
ဘယ်သူနဲ့မှ မတူဘူး...
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ...

တေးရေးက မျိုးကျော့မြိုင်၊ တေးဆိုက အယ်လ်လွန်းဝါ။ သူရဲ့ အချစ်မျက်ဝန်း စီးရီးထဲက စိတ်ကူးနဲ့ရူး၊ သူငယ်ချင်းချစ်သူ၊ အချစ်မျက်ဝန်း၊ ဂုံးမချောနဲ့ သီချင်းတွေကို ကြိုက်မိတယ်။ သီချင်းအေးအေးလေးတွေကို ကြိုက်တတ်တဲ့ ကျွန်တော့်အဖို့ အယ်လ်လွန်းဝါရဲ့ သီချင်းတွေက အဆင်ပြေပါတယ်။ သွားစမ်းပါ သီချင်းထဲက ခေါ်တိုင်းလည်း လာရအောင် မီးသတ်ကားလည်း မဟုတ်ပဲကွယ် ဆိုတဲ့ စာသားကိုလည်း မှတ်မိနေတယ်။

ချစ်သူ သီချင်းကတော့ ဘယ်စီးရီးထဲမှာ ပါသလဲဆိုတာ မသိပါဘူး။ သီချင်းထဲက စာသားတွေက ခံစားချက်နဲ့ ကွက်တိမဖြစ်ပေမယ့် တချို့စာသားတွေက ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်အချို့ကို ဖော်ပြနိုင်စွမ်းရှိနေတယ်။ အမြဲလိုလို ပြုံးရွှင်နေတတ်တဲ့ သူ့မျက်နှာလေးရယ်၊ ဂရုစိုက်တတ်တဲ့ အကြင်နာတွေရယ်၊ အားပေးတတ်တဲ့ စကားတွေရယ်ကို နေမကောင်းတဲ့ကြားထဲက လွမ်းမိနေတယ်။ ဒီအချိန် အနားမှာ အတူမရှိပေမယ့် အနားမှာ ရှိစေချင်မိတယ်။ ကြာလာလေလေ ပိုချစ်လာလေ ဆိုတာလည်း လက်ရှိခံစားချက်ပါပဲ။

သေချာတာကတော့ ချစ်သူအပေါ် အခုထိ အနိုင်မယူခဲ့သေးပါဘူး။ အနိုင်ယူဖို့လည်း မလိုအပ်ပါဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုတွေ ရှိဖို့ပဲ အရေးကြီးပါတယ်။ အဲဒီလို ပျော်ရွှင်ဖွယ် ဘဝမျိုးတွေ ရဖို့အတွက် ကြိုးစားကြတာပေါ့။

9 comments:

Younggun said...

ရက်လည်း နီးလာပြီမို့.. ကြာလာလေလေ ပိုချစ်လာလေ ကို . ထာဝရ ရေးထိုးနိုင်ပါစေဗျားးး။ :)

JulyDream said...

နေမကောင်းပါဘူးဆိုမှ... ဆရာလေးက ဇွတ်ပဲနော်။ =) ဟဟ...

ဂျူနို said...

ပိုတာကွာ ပိုတာ။ စောင့်ကြည့်အုန်းမယ်။ ဟားဟား။
ချစ်သူလေးရေ ဒီစာကို ကူးထားတယ်ဟေ့။ နောင်များ တခုခုဆို ဒါပဲ ထုတ်ထုတ်ပြ ကြားလား။
မအယ် သက်သေ ရှိတယ်ဟေ့။


မအယ်

khin oo may said...

အော်.အချစ်အချစ်..

khin oo may said...

သေချာတာကတော့ ချစ်သူအပေါ် အခုထိ အနိုင်မယူခဲ့သေးပါဘူး။

..အဟက်ဟက်..

khin oo may said...

မှားသွားလို့ဆောရီး............အဟွတ်..ဟွတ်.. (ချောင်းဆိုး)

khin oo may said...

ဘွတ်လို့တော့မဆက်တော့ပါဘူးလေ.

Rita said...

hee hee
:D

mirror said...

သီချင်းလေးပါ အဆင်ပြေရင် တင်ရမှာ..
သြော် မတင်ချင်ဘူးလား။
ဒါဆိုလဲ အီးမေးလ်လေးနဲ့ ပို့လိုက်ပါလားဗျာ :)