.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, March 6, 2010

Sleeping with bra

အတူတူ မအိပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ရေးထားတဲ့ အီးမေးလ် ဖတ်ဖူးကြမှာပါ။ မျက်ကပ်မှန် ဝတ်ပြီး မအိပ်သင့်တာတွေ၊ လက်ကိုင်ဖုန်းကို အိပ်ရာအနားမှာ မထားသင့်တာတွေ၊ လက်ပတ်နာရီဝတ်ပြီး မအိပ်သင့်ကြောင်း၊ သူများ သားမယားနဲ့ ဖောက်ပြားဖို့ မအိပ်သင့်ကြောင်းတွေ ပါတဲ့ အီးမေးလ်လေးပေါ့။ ဘယ်သူရေးမှန်း မသိတဲ့ အဲဒီစာကို ဟိုလူက ပို့၊ ဒီလူက ပို့နဲ့ အွန်လိုင်းကမ္ဘာမှာ ကူးချီသန်းချီ လုပ်နေတာ ကြာလှပါပြီ။ အမည်လေးတောင် မဖော်ပြတော့ အချိန်ပေးပြီး ရေးခဲ့တဲ့သူအတွက် နစ်နာလွန်းလှပါတယ်။ အဲဒီ မေးလ်ထဲမှာပဲ မိန်းခလေးတွေ လိမ်းထားတဲ့ မိတ်ကပ်တွေ မဖျက်ပဲ ညမအိပ်သင့်ကြောင်းနဲ့ ဘရာစီယာဝတ်ပြီး မအိပ်သင့်ကြောင်း ဆိုတာတွေလည်း ပါပါသေးတယ်။ အမေရိကန်က ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်မှာ ၁၂ နာရီထက် ကျော်လွန်ပြီး ဘရာစီယာ ဝတ်ထားရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီမေးလ်ထဲမှာ ရေးထားပါတယ်။

မနေ့ညက တစ်ယောက်သောသူနဲ့ ဖုန်းပြောနေရင်း အမှတ်မထင် အဲဒီကိစ္စကို ငြင်းကြသေးတယ်။ ဘရာ ဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်မယ်လို့ ရေးထားတဲ့ အီးမေးလ်ကြီးကို ဖတ်ထားမိတော့ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်မိတာပေါ့။ ကင်ဆာဆိုတာက သိတဲ့အတိုင်း လူနာရော လူနာရှင်ရော သူငယ်ချင်းတွေရော စိတ်ညစ်စေဖို့ အရမ်းကောင်းတယ်။ ဒီလိုနဲ့ပဲ ဂျီစီဘီအေ တွဲရေးခွဲရေး အမြင်မတူသလိုမျိုး မိန်းခလေးတွေ ဘရာစီယာ ဝတ်ပြီး အိပ်လို့ ရမရ အငြင်းပွါးစရာ ကိစ္စလေးတစ်ခု ဖြစ်လာတယ်။

အဲဒီတော့လည်း အင်တာနက်မှာ ဟိုဟိုဒီဒီ ရှာဖွေ ဖတ်ရှုရတာပေါ့။ တွဲရေးခွဲရေး လိုမျိုးပါပဲ။ တွဲသင့်တယ်လို့ ရေးတဲ့သူလည်း ရေးပါတယ်။ ခွဲသင့်တယ်လို့ နှိုးဆော်တဲ့သူလည်း နှိုးဆော်ပါတယ်။ တွဲချင်တွဲ ခွဲချင်ခွဲ ဆိုတာတွေလည်း ရှိပါတယ်။ ဖတ်နေရင်းနဲ့ လူလည်း ချာချာလည်သွားတယ်။ အဲဒီတော့ ဒီကိစ္စကို အွန်လိုင်းမှာ အစုံသုပ်မော မအယ်လ်နဲ့ တွေ့လို့ လှမ်းမေးကြည့်သေးတယ်။ သူလည်း အိုဂျီ မဟုတ်လေတော့ တိတိပပ မဖြေတတ်ဘူးတဲ့။

ဖတ်မိသလောက်ထဲက ကောင်းနိုးရာရာလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အတွက် ဆိုလို့ အိုမေမေတွေက စိတ်မကောက်ကြပါနဲ့။ ယူသော် ရ၏... လို့ သဘောထားပြီး ယူလိုသမျှကို ယူကြပါ။ မိန်းခလေးတွေအတွက် ဦးတည်ရေးထားတဲ့ စာတွေကို ဝေမျှတာဖြစ်လို့ ဦးဦးကိုကိုညီညီ ကာလသားများ မျက်စိရှက်ရင် ကျော်ဖတ်သွားကြပါလို့ ပြောရင်လည်း မကျော်တဲ့အပြင် တစ်လုံးချင်း တစ်ကြောင်းချင်းကို အပ်ကျမတ်ကျ ဂရုတစိုက် ဖတ်ရှုနေမှာကိုလည်း မြင်မိပါတယ်။ အလွတ်ကျက်မယ့်သူတောင် ရှိနိုင်ပါတယ်လေ။

မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။

တချို့မိန်းခလေးတွေအနေနဲ့ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာဟာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာ မှားတဲ့ကိစ္စတော့ မဟုတ်ပါဘူးတဲ့ဗျာ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ပြီး အိပ်တာ ဆိုရင်ပေါ့လေ။ အသက်ရှုကျပ်လောက်တဲ့ ဘရာတွေတော့ နေ့ဘက်လည်း မဝတ်သင့်သလို ညမှာလည်း မဝတ်သင့်ပါဘူး။ ရင်သား နာကျင်နေတဲ့ အမျိုးသမီးလူနာတွေကိုတောင် တချို့ဆရာဝန်တွေက ဘရာ ဝတ်ပြီး အိပ်ဖို့တောင် အကြံပေးပါသေးတယ်။ ညအိပ်တဲ့အခါ ဘယ်လို ဘရာ အရွယ်အစားမျိုး ဝတ်ဆင်သင့်သလဲ ဆိုတာကိုတော့ ပြောင်းလဲနေတတ်တဲ့ ကိုယ့်အရွယ်အစားကို တိုင်းတာပြီး ဆိုင်မှာ သေချာ ရွေးချယ်ကြပေါ့။

အွန်လိုင်းလောကမှာတော့ ဘရာဝတ်အိပ်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး အမျိုးစုံကို ရေးထားတဲ့ ယုံတမ်းစကားတွေကို ဖတ်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာတော့ အဲဒီယုံတမ်းစကားတွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ် သက်သေပြထားတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဘရာ ဝတ်ပြီး အိပ်လို့ မိန်းခလေးတွေရဲ့ ရွှေရင်နှစ်မွှာ ပိုပြီးလှပတင့်တယ်လာမယ် ဆိုတာလည်း အာလူးတွေပါပဲ။ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင့်တင့်ပေးထားတဲ့ ဘရာကြောင့် ရင်သားတွေ ပျော့အိတွဲကျလာတာကို ကာကွယ်တယ် ဆိုတာတွေလည်း မဟုတ်ပါဘူး။ ရင်သားတွေ ပျော့အိတွဲကျလာတာ အသက်အရွယ်ကြောင့်နဲ့ ကိုယ်ဝန်ဆောင်တာတွေနဲ့ပဲ ပတ်သက်ပါတယ်။ အဲဒီလိုပဲ ဘရာဝတ်ပြီး အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ် ဆိုတာလည်း သက်သေပြစရာ မရှိသေးပါဘူး။ ဘရာ ဝတ်အိပ်လို့လည်း မိန်းခလေးတွေရဲ့ ရင်သား ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်စေတယ်ဆိုတာလည်း မမှန်ပြန်ပါဘူး။

အကောင်းဆုံးကတော့ ပေါ့ပါးချောင်ချိတဲ့ ဘရာစီယာမျိုးကို ဝတ်ပြီး အိပ်ပေါ့။ တချို့သော ညအိပ်ဝတ်တဲ့ ဝတ်စုံအပေါ်ပိုင်းမှာလည်း အသင့်ချုပ်ထားတဲ့ ဘရာတွေ တွဲပါတာမျိုး ရှိပါတယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ်ပါ။ ညအိပ်ဝတ်ဖို့ ရွေးချယ်တဲ့ ဘရာဟာ ကျပ်ထုပ်နေတဲ့ ဘရာမျိုး မဟုတ်ရင် အဆင်ပြေပါပြီ။ ရင်သားထဲကို သွေးလည်ပတ် စီးဆင်းမှုနေတာ အနှောင့်အယှက် မဖြစ်ရအောင်ပေါ့။ မိန်းခလေးတွေ ဘရာကို ဝတ်ပြီး အိပ်ရာဝင်တဲ့ ကိစ္စမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဝတ်ထားတဲ့ ဘရာက သက်တောင့်သက်သာ မရှိလို့ ညဘက် အိပ်မရတာမျိုး ဖြစ်စေတာပါပဲ။

ကဲ... အခုက စပြီး ကျွန်တော် နားလည်လိုက်ပါပြီ။ ဘရာနဲ့အတူ အိပ်ချင် အိပ်.. မအိပ်ချင်လည်းနေ... အရာရာ မင်းပါ မေ... ပါကွယ်။

အရာရာ မင်းပါ မေ...

27 comments:

ရွက်လွင့်ခြင်း said...

နောက်ပိုစ့်ကို မျှော်နေမယ်
အမျိုးသားများ UW နဲ့  အိပ်သင့် မသင့်
း))

မမသီရိ said...

မမတွေ့ဖူးတဲ့ အာဖရိက က အပျိုပေါက်တွေ ဘယ်သူမှ ဘရာ မ၀တ်ကြဘူး
အဲဒီမြီးကောင်ပေါက်တွေ ကျောင်းလာတတ်တဲ့ ပုံစံမြင်ရတာ ကိုယ်တောင် အူတွေယားတယ်
နေ့တောင် မ၀တ်ကြတော့ ည ဆို ..

ဘရာ ကိုအလေးအနက်ထားဝတ်တာ အရှေ့တိုင်းက ပိုများမယ်လို့ ထင်ပါတယ်

ဒါနဲ့..
ဘယ်လိုစိတ်ကူး ရလို့ များ ဒီအကြောင်းရေးရလဲ မောင်လေးရယ်....း)...

Nge Naing said...

ကိုဂျူလိုင် ရေးထားတာ ဘရာကို ဘာကြောင့်ဝတ်ရတယ် ဆိုတာ ရေးထားတဲ့ အချက်အလက်တွေက ဟုတ်မယ်ထင်တယ်။ ဒါပေမဲ့ ကင်ဆာဖြစ်တာ မဖြစ်တာကတော့ WHO တွေ နိုင်ငံတကာ ဆေးကောင်စီတွေက အတည်ပြုထားတာ မတွေ့သေးပါဘူး။ Research အသေးလေးတွေက ထွက်လာတဲ့ အချက်အလက်တွေလည်း ဖြစ်နိုင်ပါတယ်။ အားထားနိုင်လောက်တဲ့ Experiment Design နဲ့ လုပ်ထားတဲ့ Research မဟုတ်ပဲနဲ့တော့ ဒါကို အတည်ပြုလို့ မရနိုင်ပါဘူး။

JulyDream said...

မငယ်ရေ...

အခုပို့စ်ကို မရေးခင်မှာ BRCA အကြောင်း ကျွန်တော် သွားဖတ်သေးတယ်။ CA ဖြစ်စေတဲ့အကြောင်းအရင်း Risk factor ထဲမှာ ဘရာ ဝတ်ပြီး အိပ်လို့ CA ဖြစ်တယ်ဆိုတဲ့ အကြောင်း လုံးဝ မပါဘူး။ အဲဒါကြောင့် ဘရာဝတ်အိပ်ရင် CA ဖြစ်တယ် ဆိုတာ သက်သေပြစရာ မရှိဘူးလို့ပဲ ရေးလိုက်တာပါ။

ဘရာဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်ဆိုတဲ့ အမေရိကားက တွေ့ရှိချက် ဆိုတာကိုလည်း WHO က လေ့လာဆန်းစစ်မယ် ထင်ပါတယ်။ တကယ်သာ မှန်ရင်တော့ WHO က အတည်ပြု ကြေညာမှာပါ။

အခုလို အကြံပြု ထောက်ပြတဲ့ ဆွေးနွေးချက်အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။

Sein Lyan Tun said...

အိမ်သူကိုပေးဖတ်မလို့း)

TKLinn said...

ဒီကိစ်ကို သိချင်နေတာကြာပြီ..ကိုယ်က ၂၄ နာရီ ၀တ်တတ်တဲ့သူဆိုတော့ အဲ့လို တွေကြားပြီး ဟုတ်နိုင်သလားဆိုပြီး ကြောက်လာလို့။ ခုတော့ ကျေးဇူး ကိုဂျူလိုင်။

ကောင်းကင်ပြာ said...

ဇဝေဇဝါ ဖြစ်နေတာတွေ သိရတဲ့ အတွက် ကျေးဇူးပါပဲ..

ရွှေရတုမှတ်တမ်း said...

မဝတ်သင့်တဲ့ဖက်ကထောက်ခံပါသည်...
သားလေးအတွက်ပါ...

Anonymous said...

လူဆိုးကြီး အလီဘိုင်ကျောက် ကလာပြီးကလေးအတွက်လိုလိုဘာလိုလိုနဲ့ ပြောသွားသေးတယ်...
မသိရင်ခက်မယ်...
ကိုယ့် ဘာသာကိုယ်ပဲတစ်စစီကျိုးပဲ့ နေ အဲလေ...
ချိုးဖဲ့ နေပါဗျာ...
တွဲရေးခွဲရေးတွေ ကိစ္စက လက်ဆုပ်လက်ကိုင်ရှိတဲ့ 
သူတွေနဲ့ ပိုဆိုင်သဗျ...

JulyDream said...

အလီဘိုင်ကျောက်ကို ကျွန်တော် ဘာမှ မပြောပါဘူးခင်ဗျာ။ ပြောနေတာက ကိုပီတာပါ။ သားလေးအတွက်ဆိုတော့ စဉ်းစားစရာပဲ။ အင်း... ကြည့်ရတာ ကိုပီတာမှာ လက်ဆုပ်လက်ကိုင် ရှိပုံပဲ။ ဒိုင်ပွဲရပ်နဲ့ ရှုံးလို့ လူဆိုးကြီးကျောက် တောက်ခေါက်နေပြီ ထင်တယ်။ =)

Rita said...

ရေးပါ။ ရေးပါ။
အမြင်မတော်တာတွေ့ရင် ရေးသာရေးပါ။

ဂျူနို said...

ပိုချက်ကတော့ လက်လန်တယ်။

ချစ်သမီး said...

အင်းး
ညအိပ်ချိန်မှာ သက်တောင့်သက်သာရှိဖို့ တော့ လိုတာပေါ့.. နေ့ ခင်းလည်း ဘရာစီယာ အကြပ်တွေ မဖြစ်မနေ ဝတ်ရရင်တောင် ဂရုတစိုက် သတိထားသင့်တယ်..

စူး said...

”မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။”

ကိုယ့်ခံယူချက်အနေနဲ့ ..လုံးဝမှားတယ်..
အိမ်ကလူကြီးတွေက၀တ်ခိုင်းလို့ ၀တ်တာ.. ၀တ်တဲ့အချိန်က ဘရာမဟုတ်..။ ၀တ်လဲမ၀တ်တတ်။
ကျောင်းပီးဘွဲ့ရတော့ အလုပ်ထဲဝင်တော့ သူငယ်ချင်းတချို့က ဘရာဝတ်နည်းသင်ပေးမှ ဘော်လီထက် လွပ်လပ်လို့ ၀တ်တာ.. ဒါပေမဲ့ ဘော်လီကိုပဲ ကြိုက်တယ်။ ဘရာဝတ်ရင် အိမ်ကလဲဆူတယ်။ ဘာလို့မှန်းမသိဘူး။ ကိုယ်တိုင်လဲ သိပ်မကြိုက်ဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ တခါတလေ၀တ်တတ်လာတယ်။ အိမ်မှာနေရင်တော့ ငယ်ငယ်ကတည်းက ဘာမှမ၀တ်ဘူး။ လွပ်လပ်တာကိုကြိုက်လို့ပဲ။ ထမိန်ဆိုဘယ်တော့မှတင်းနေအောင်မ၀တ်လို့ အမြဲကျွတ်လို့ ထမိန်လဲမ၀တ်ဘူး။

ခင်မင်းဇော် said...

မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံသွားပါသည်။

khin oo may said...

အိုက်တယ်။

khin oo may said...

7 Mar 10, 12:24
ုkom: ချောင်ချိတာလေးတွေ ဝယ်သွားပေးပါလို့...... အင်.. အတိုင်းဘယ်လိုတိုင်းမလဲ။

7 Mar 10, 12:21
ုkom: hernia ရမှာ စိုးလို့ကြပ်ကြပ်ကလေးဝတ်သင့်တဲ့အကြောင်း စိတ်ပူမိသူတစ်ဦးအနေ နဲ့ရေးဦးမှ ဘဲ။

7 Mar 10, 12:20
ုkom: အိမထောင်ဦး# အိမ်ထောင်ဦး...

7 Mar 10, 12:19
ုkom: အိမထောင်ဦးအတွေ့အကြုံကလေးတွေ ကို စောင့်မျော်နေပါတယ်လို့.. လို့...

JulyDream said...

သြော်... စူး ရေးမှပဲ ဘရာနဲ့ ဘော်လီ မတူကြောင်းကို ဆက်လက် လေ့လာရမယ် ထင်တယ်။ ဒါနဲ့ စူးက ထမိန်မဝတ်ပဲ နေတာပေါ့နော်။ ဒီအတိုင်းကြီးတော့ မနေပါနဲ့ဟာ။ အင်း... သစ်ရွက်လေးတွေများ ပတ်ထားရမလားပဲနော်။ အဟား...

မခင်မင်းဇော်က ဘယ်ဟာကို မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံသွားတာလဲ ခင်ဗျ။ စူး... ဆိုတဲ တစ်ယောက် ထမိန် မဝတ်တာ မှန်တဲ့အကြောင်းလား။ သို့လော သို့လော ဖြစ်သွားလို့ ပြန်မေးကြည့်တာပါ။

မာမီကွမ်း
တိုင်းတာတဲ့ နည်းကို ဆက်လက် လေ့လာထားပါတယ်။ ခွက်တွေအကြောင်းလည်း ဖတ်နေပါတယ်။ လက်တွေ့ တိုင်းဖို့ပဲ လိုပါတော့တယ်။ အဟက်...

Unknown said...

အရာရာ မင်းပါမေ လို့ပဲ... သိရအောင် ဝေမျှတဲ့အတွက် ကျေးဇူးပါ။ တဆင့်ခံ ဖောက်သည်ချလိုက်ပါအုံးမယ်။

မြတ်နိုး said...

သေလိုက် ..ချီးထုတ် နှာဗူး ဂွစာဂျူလိုင် နှာတွေးပဲတွေး..

ငါကျန်ခဲ့တာကို လဒကောင်.. စိတ်ပုပ်စိတ်ယုတ် အယုတ်တမာ ဂွစာ

ခင်မင်းဇော် said...

ဒီပို့စ်ကိုပဲ ရည်ရွယ်ထောက်ခံသွားတာပါ မောင်လေး ဂျူလိုင်.. နောက်ထပ် ဆက်လက်လေ့လာမယ့် ဘော်လီနဲ့ ဘရာ ကွာခြားချက်၊ အကျိုးကျေးဇူး ကွာခြားချက်များကိုလဲ စောင့်မျှော်ဖတ်ရှုပါဦးမည်။

khin oo may said...

7 Mar 10, 14:01
ုkom: အခုထက်ထိ............... ( ခေါင်းကုတ်သွားသည်)

7 Mar 10, 14:00
ုkom: 22a ပါ. ဗေဒင်မမေးနဲ့ ဆန်ကုန်တယ်။

ZT said...

ယောက်ျားလေးများ ဘရာစီယာ ဝတ်ပြီး မအိပ်သင့်ပါ။ ဒါကတော့ ရှင်းပါတယ်။ :D

Vista said...

ကို ဇက်တီပြော တာအမှန်ဆုံးပါ ။

အိန္ဒြာ said...

အဟားးးးးး

လေးစားပြီးပြန်သွားတယ်း)

sweetpeony said...

ကိုဂျူလိုင်ဆီကို လာဖတ်ရင်တော့
ရှင်းရှင်းနဲ့ ဘွင်းဘွင်းကြီးတွေပဲပါလား ဟရို့.....
း))))))))))))

Ngu Wah said...

COMMENT တွေက လည်း ရယ်ရတယ်... စာ ကလည်း ဗဟုသုတရတယ်..