.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 28, 2010

Family Day @ USS

ကုမ္ပဏီက ဒီနှစ် Family Day ကို Universal Studio - Singapore မှာ လုပ်တယ်။ မနက် ၉ နာရီခွဲ အရောက် ဆန်တိုစာကို လာရမယ် ဆိုပဲ။ မိုးရွာနေတာနဲ့ ၁၀ နာရီကျော်မှ ရောက်သွားတယ်။ ကံစမ်းမဲဖောက်တာ ၁၀ ဒေါ်လာတန် Gift Voucher ကြီး ပေါက်တယ်။ အဲဒီဘောင်ချာက ၁ ရက်ပဲ သက်တမ်းရှိတဲ့အပြင် Universal Studio ထဲက ဆိုင်တွေမှာပဲ ဝယ်ခွင့်ရှိတာဆိုတော့လည်း အရုပ်တစ်ခု ဝယ်လာခဲ့လိုက်တယ်။ ၁၀ နဲ့တော့ မရဘူး။ လိုတာကို အိတ်ထဲက ထပ်စိုက်ပေါ့။

ဓါတ်ပုံရိုက်ဖို့တော့ ကောင်းတယ်။ အရုပ်တွေက ကလေးကြိုက် ဆိုပေမယ့် ကျွန်တော်လည်း ကြိုက်တယ်။ Madagascar က ကာတွန်းဇာတ်ကောင်လေးတွေက ဓါတ်ပုံတွဲရိုက်လို့ ကောင်းတယ်။ လူများတော့ ရိုက်ရတာ သိပ်အဆင်မပြေဘူး။ တန်းစီနေရတာ ကြာတယ်။ 4D Cinema ကို သဘောကျသွားတယ်။ ကိုယ့်မျက်နှာရှေ့မှာ ရောက်နေသလိုမျိုး ခံစားရတယ်။ တောသားဆိုတော့လည်း ဒါမျိုးတွေ မကြည့်ဖူးဘူးလေ။

Roller Coaster တွေ မစီးရင် သိပ် မတန်ဘူး။ ဒါတောင် ပျက်နေတဲ့ဟာကြီးက ပြန်မကောင်းသေးဘူး။ Far Far Away က Enchanted Airway ဆိုတဲ့ Roller Coasterက အေးဆေးပဲ။ ဒါပေမယ့် အီဂျစ်က မံမီကိုတော့ ဆလံသပါတယ်။ သေးထွက်မကျတာပဲ ကျေနပ်မိတယ်။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။ Jurassic Park ထဲက ဘောလည် စီးပြီးရင် အီဂျစ်က မံမီဆီသွားတာ အကောင်းဆုံး လမ်းကြောင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘောလည်စီးရင် အဝတ်တွေ ရေစိုမယ်လေ။ အဲဒီတော့ ပိရမစ်ထဲမှာ မံမီနဲ့တွေ့ပြီး သေးထွက်ကျလည်း သိပ်မသိသာဘူးပေါ့။ ဘောလည်စီးထားလို့ ရေစိုသလိုလို... ခပ်တည်တည် နေလို့ရတယ်။ အကြံပေးတာပါ။

တနေကုန် ဓါတ်ပုံတွေ ဟိုရိုက် ဒီရိုက် လုပ်ခဲ့တယ်။ ကိုယ့်ပုံပါတဲ့ ပုံတွေက များလွန်းလို့ မပါတဲ့ပုံကို မနည်း ရှာယူပြီး တင်လိုက်ပါတယ်။


ခွဲတမ်းရတဲ့ လက်မှတ်က ၂ စောင်...


Donkey နဲ့ Dragon သားစပ်ထားတာ...


ကြယ်ပွင့်တွေနဲ့ Hollywood လမ်း ဆိုပဲ...


ဘောလယ် ဆိုတာ ရေထဲမှာ လည်နေတဲ့ ဘော...


နယူးယောက်မြို့က လမ်းလည်း ကတ္တရာလမ်းပဲ...


ကမ္ဘာလုံး ၂ လုံး... အပြာတစ်လုံး အဝါတစ်လုံး...

4 comments:

khin oo may said...

အစအဖွင့်က ဖလိုင်ယြာီကီးသွားစီးတဲ့ပိုစ်နဲ့ဆင်တယ်။ ငါများပိုစ်အဟောင်းလာဖတ်မိလသလားလို့ရကစ်ွဲပြန်ကြည့်၇တယ်။
E eးပြီးတော့ရှူးရှူးပေါ့။
နဲနဲကြွားဝါတာလေးများပါသလာုးလို့အနရယ်ရဲ့အငွေ့အသက်..အဲ.e တော့မဟုတ်..ရမိတယ်။

Sonata Cantata said...

ကမ္ဘာလုံးက သုံးလုံးပါ
အပြာတလုံး
အ၀ါတလုံး
လိမ္မော်တလုံး

(ကြည့်သောသူ မြင်၏)

JulyDream said...

ဟုတ်ပါ သုံးလုံးတောင်။ ဒါတောင် ကလေးချီထားတဲ့ လူကြီး ဗိုက်ကို ထည့်မရေထားဘူး။ အဲဒီလူကြီးလည်း ဗိုက်ပူနေတယ်။ ဟဟ... =)

သုခုမလေဒီ said...

ပုံတွေမမြင်ရလို့ စာချည်းဖတ်သွားရတယ်း((