ခြေကုပ်မိ အသာစီးရနေတဲ့ လူဆိုးကြီးတွေကလည်း အလျှော့မပေးပဲ ဆွဲထားတယ်...
အမှောင်ခွင်းပြီး အလင်းဆောင်မယ်ဆိုပြီးတော့လည်း တခြားတဘက်က ဆွဲပြန်တယ်...
နောက်ဆုံးတော့လည်း နဂါးတကောင်လို အမောက်ထောင်နိုင်ရမယ့် တို့တိုင်းပြည်လည်း
ဟိုဘက်ဒီဘက် ဘက်နှစ်ဘက်ကြားမှာ မြေဇာပင်လို ဖွတ်ဖွတ်ညက်ညက်ကျေပြီး လျှာထွက်တော့မှာပဲလေ။
9 comments:
နဂါးလဲ ဖွတ်ဖြစ်နေတာ ကြာလေလှပေါ့...ကို JD ရေ့..
ဖွတ်ကမှ နဂါးမဖြစ်တောင် မိချောင်းလောက်တော့ လုပ်လို့ရသေးတယ်။ ခုဟာက ဖွတ်ထက်ဆိုး........
သူ့ချည်းသာထားလိုက်ရင်တောင် ပိုကောင်းဦးမယ်လို့ သင်္ကြန်အပြီးတုန်းက အသုံးမကျတဲ့ စိတ်ကူး ကူးလိုက်ဖူးသေးတယ်။
နှစ်ဘက်စလုံးကို လွတ်ရာ ကျွတ်ရာ သွားပို့လိုက်ချင်တာ။ မျက်စေ့နောက်လို့။
ပြီးမှ နက္ခတ်တာရာကြည့် မှန်ပြောင်းလေးနဲ့...
ဟိဟိ.. တင်စားပုံက လန်ထွက်စ်
အဲဒီအရုပ်တွေကို ကပ်ကျော်သွားတယ်၊ ခုရေးပြမှပဲဆွဲနေကြတာသိတော့တယ်၊
စိတ်ကူးကောင်းလိုက်တာ၊
တိုတိုလေးနဲ့ထိတယ် bro.
Space လေးတစ်နေရာစာလောက် ရမလား တွေးရင်း ဆွဲဖြဲကြည့်နေတာ..။ Space မရဘဲ ဖင်ထိုင်ရက်လဲကျမှာ..။
မိုးခေါ်ဖို့ လွန်ဆွဲကြသူများ :)
အဲဒါပေါ့ ကျွဲနျစ်ကောင်ခတ်တဲ့ ကြားကမြေဇာပင် ဆိုတာ ...
Post a Comment