
ဒီနေ့... Marina Bay Sands Skypark ကို သူငယ်ချင်းတွေ ခေါ်ဆောင်သမှုနဲ့ ရောက်သွားတယ်။
အဲဒီတော့ ပိုက်ဆံ ရွှတ်ခနဲ ထွက်သွားတာပေါ့။ လူကြီးတယောက်ကို ဒေါ်လာ ၂၀ ပေးရတယ်။

နေမဝင်ခင် လက်မတင်လေး ရိုက်ထားလိုက်တဲ့ ဓါတ်ပုံပါ။ လက်မှတ် ဝယ်ဖို့ တန်းစီရတာနဲ့ နေလုံးကြီးက ဝင်ရှာတော့မယ်။ အပေါ်မှာ လူတွေက များလွန်းတော့ ဓါတ်ပုံရိုက်ရတာ သိပ်တော့ အဆင်မပြေဘူး။

10 comments:
အတော်လှတာ..
၃ချောင်းထောက်မပါလို့သာတော်တော့တယ်..
၂၀.. တို့တော့ အကုန်မခံနိုင်ပေါင်..
အဲဒီအပေါ်မရောက်ဖူးသေးဘူး။
ဝင်ခဘဲ ၂၀ လား..
ပုံလေး ၃ ပုံအဖတ်တင်လာတယ်ပေါ့..း)
အရမ်းလှတယ်.. မီးလေးတွေနဲ့ပုံအလှဆုံးဘဲ
ဝင်ခ S$ (၂၀) တန်ပါတယ်။ သူတို့ တောင် အကုန်ကျခံပြီးဆောက်ထားတာ။ ပေးဝင်တာတောင် တော်လှပြီ။ စင်္ကာပူရောက်နေမှတော့ (၂၀) ဆိုတာ မပြောပလောက်ပါဘူးနော်။ (နှမြောသူတွေကတော့ ပြောမှာပေါ့)
ဓါတ်ပုံ အတော်လှတယ် အစ်ကိုရေ!!!
20ကတော့ များတယ်လို့တော့
မဆိုသာပါဘူးလေ..................
ရှိတဲ့သူကို ထောက်လိုက်တာ မဟုတ်ဘူး။
အရီးကွန်တို့ကတော့ ထောက်ဖို့ပဲပြောနေတာပဲ..သူ့မှာ သုံးချောင်းထောက်က မညီလို့နေမှာပေါ့:P
နောက်ဆုံးပုံ တော်တော်မိုက်တယ်... အဲဒီအပေါ်သွားချင်နေတာ ကြာပေါ့.. ခုထိမရောက်သေးဘူး နာရီအကန့်အသတ်နဲ့ပဲ နေရတာဆို.. ဟုတ်လား..
အစ်ကို ရိုက်ပြတော့ ကျနော်လဲ ကြည့်ဖူးတာပေါ့ဗျာ.
အဲဒီအပေါ်မှာ မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ နေလို့ ရပါတယ် ခင်ဗျာ။ နေသာတဲ့ရက် နေ့လည်ပိုင်းမှာ နေနိုင်ရင်တော့ ကောင်းတာပေါ့။ နေပူလွန်းလို့ လူခြောက် ဖြစ်သွားနိုင်ပါတယ်။ ညနေပိုင်း ၅ နာရီခွဲ ကျော်ကျော် သွားတာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ ပင်လယ်ဘက်ကတော့ လေတဟူးဟူး တိုက်လွန်းလို့ ချမ်းတတ်တဲ့သူတွေ အနွေးထည် ယူသွားစေချင်တယ်။
မြန်မာပြည်နဲ့ အတော်ဆင်တာပဲနော် ....
Post a Comment