မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့
နိုင်ငံတဝန်း ကျင်းပကြတယ်
မနက်ဖြန်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့
စည်စည်ကားကား မြင်ရအုံးမယ်
ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဟိုတကွက် ဒီတကွက်
ခြောက်တီးခြောက်ကပ် လှုပ်လီလှုပ်လဲ့...
ဘာပဲဖြစ်ဖြစ်ပေါ့ နောက်ဆုံးမှာတော့
ဘယ်သူကိုမှ အပြစ်မတင်ချင်
သတိရ အောက်မေ့သူတွေထဲမှာ
ကျွန်တော်တယောက် ပါနေတာကိုပဲ
ဝမ်းနည်းစိတ်နဲ့ ကျေနပ်မိတယ်။
4 comments:
ကလေးများနေ့ .. အင်း..
သူ့မွေးနေ့တောင်သူမေ့ထားပြီး
သူများအတွက်ချည်း စဉ်းစားကြိုးစားခဲ့သူမို့
အားလုံးက ပြန်ပြီး သတိတရရှိနေသင့်တာ။
ကိုဂျူလိုင် တယောက်တည်း မဟုတ်ပါဘူး။ တခြားသတိရတဲ့သူတွေလည်း ရှိကြပါတယ်။
I also never forget that day....
သတိရတဲ့လူတွေ အများကြီးမှ အများကြီးပါ ကိုဂျူလိုင်ရယ်။ ရင်ထဲမှာပဲ ပြောပြောနေကြလို့ အသံတိုးနေခဲ့တာ...
ဓာတ်ပုံကို တအားသဘောကျမိတယ်။ အဲဒီရှုထောင့်က ရိုက်ထားတာ တခါမှ မမြင်ဖူးဘူး။ အရောင်လဲ သိပ်ကောင်းတာပဲ။
Post a Comment