.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 13, 2011

13 Feb 2011



မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့
နိုင်ငံတဝန်း ကျင်းပကြတယ်
မနက်ဖြန်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့
စည်စည်ကားကား မြင်ရအုံးမယ်
ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဟိုတကွက် ဒီတကွက်
ခြောက်တီးခြောက်ကပ် လှုပ်လီလှုပ်လဲ့...

ဘာပဲဖြစ်ဖြစ်ပေါ့ နောက်ဆုံးမှာတော့
ဘယ်သူကိုမှ အပြစ်မတင်ချင်
သတိရ အောက်မေ့သူတွေထဲမှာ
ကျွန်တော်တယောက် ပါနေတာကိုပဲ
ဝမ်းနည်းစိတ်နဲ့ ကျေနပ်မိတယ်။

4 comments:

ShwunMi- said...

ကလေးများနေ့ .. အင်း..
သူ့မွေးနေ့တောင်သူမေ့ထားပြီး
သူများအတွက်ချည်း စဉ်းစားကြိုးစားခဲ့သူမို့
အားလုံးက ပြန်ပြီး သတိတရရှိနေသင့်တာ။

Nge Naing said...

ကိုဂျူလိုင် တယောက်တည်း မဟုတ်ပါဘူး။ တခြားသတိရတဲ့သူတွေလည်း ရှိကြပါတယ်။

မျက်မှန်လေး said...

I also never forget that day....

ရွှေပြည်သူ (ShwePyiThu) said...

သတိရတဲ့လူတွေ အများကြီးမှ အများကြီးပါ ကိုဂျူလိုင်ရယ်။ ရင်ထဲမှာပဲ ပြောပြောနေကြလို့ အသံတိုးနေခဲ့တာ...

ဓာတ်ပုံကို တအားသဘောကျမိတယ်။ အဲဒီရှုထောင့်က ရိုက်ထားတာ တခါမှ မမြင်ဖူးဘူး။ အရောင်လဲ သိပ်ကောင်းတာပဲ။