Amazing Race ထဲမှာပါတဲ့ River Cross လို့ အမည်ပေးထားတဲ့ ကစားနည်းလေးပါ။
ဖြတ်ကူးစရာ မြစ်မရှိလို့ ပင်လယ်ထဲမှာပဲ ကမ်းစပ်နားကပ်ပြီး လှော်ကြတာပေါ့။
နောက်မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလှူရှင်ပါ။
ရှေ့မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလက်ခံမယ့် လူနာလို့ သတ်မှတ်ထားပါတယ်။
အေ၊ ဘီ၊ အို၊ အေဘီ သွေးအမျိုးအစားအလိုက် လူနာမှာ လက်ခံနိုင်မှု ရှိမရှိ သိစေချင်တာပါ။
အကယ်လို့ လူမှားသယ်လာရင် လက်မခံပဲ ဟိုဘက်ကမ်းကို ပြန်လှော်ခိုင်းပါတယ်။
အေဘီသမားကတော့ အေဘီသမားကိုပဲ လှူလို့ရပါတယ်။
သွေးအားလုံးမှာ သွင်းလို့ရတဲ့ အိုသွေး အလှူရှင်က အများဆုံး လှော်ခတ်ရပါတယ်။
7 comments:
လှော်ခဲ့သေးလား။ လူငယ်ဘဝ ပျော်စရာဘဲ။
အဲဒီပွဲမှာ ကျွန်တော်က ဒိုင်... ပေါ့။
သူတို့တွေ တခြားနေရာမှာ ကစားတဲ့အချိန် ကျွန်တော့်ဘက်ကို ရောက်မလာသေးခင် မလှော်တတ် လှော်တတ်နဲ့ စမ်းလှော်ခဲ့သေးတယ်။
မျက်မှန် ကျပျောက်မှာ စိုးလို့ ကမ်းပေါ်က တစ်ယောက်ကို အပ်ခဲ့တာ ကိုယ်တော်ချောက ရေဆင်းကူးလို့ ကျွန်တော့် မျက်မှန် ပင်လယ်ထဲကျ။ နောက်မှ သိရလို့ ၃ ယောက်သာ နာရီဝက်လောက် ရေငုပ်ရှာတာ ပြန်တွေ့လို့ တော်သေးရဲ့။ မဟုတ်ရင် စမ်းတ၀ါးဝါး မှုန်ဝါးဝါး ဖြစ်ရတော့မှာ။
http://july-dream.blogspot.com/2008/11/blogger-blood-drive-me.html
သွေးဖောက်တဲ့အခန်းမှာလည်း ကျွန်တော်နဲ့သိတဲ့ မြန်မာပြည်က နပ်စ်တွေ အများကြီး။ ၅ ယောက်လောက် လာနှုတ်ဆက်ကြတယ်။
မှာတူံးက ဆရာမတွေ အကြောင်းမေးတုံး က အဲလိုဖြေခဲ့တယ် ထင်တာဘဲ။။ မမှတ်မိတော့ရင်လဲ ရှိပါစေ.. အထူးမရှိပါဘူး.. နောက်တာပါ။
ဟုတ်... အထူးမရှိပဲ နောက်တာ သိပါတယ် ခင်ဗျ။
အင်း ဆရာမတွေက အသက် အတော်ကြီးပြီလေ။ ဒါပေမယ့် ကျွန်တော်လည်း မငယ်တော့ပါဘူး။ အဟီး... (မျက်စပစ်နေပါပြီ)
ဘယ်ကိုလဲ JD။
ဘယ်ကိုလဲဆိုတော့ ... ငှဲငှဲ...
အသက်က ကြီးလာတော့ မျက်စပစ်ဖို့က...
သင်းချိုင်းကုန်း... ကို ပြောနေတာ။
ကဲ... လိုက်အုံးမလား...
No Tks JD enjoy urself :P
Post a Comment