.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, October 18, 2008

Are you my Type?



Youth Donor Club ရဲ့ တစ်နှစ်မှာ တစ်ခါ ကျင်းပတဲ့ Youth Favourites အစီအစဉ်လေးကို အောက်တိုဘာ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ ကျင်းပပါမယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့ပါ။ နေရာကတော့ Dohby Ghaut MRT Station ခရမ်းရောင်လိုင်းပေါ်မှာပါ။ အချိန်ကတော့ နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီအထိပါ။

အရင်က ရွေးထားတဲ့ Theme လေးက Halloween ပါ။ ဒါပေမယ့် Night Safari မှာ လုပ်ခဲ့တဲ့ Halloween ပွဲလေးကို စင်္ကာပူလူထုက မကောင်းမြင်တဲ့အတွက် အခုဒီပွဲကိုလည်း အဲဒီ Halloween အစီအစဉ်လေး မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် တစ္ဆေ သရဲတွေနဲ့ တူအောင် လုပ်ထားတဲ့ ၀တ်စုံတွေ အပိုဖြစ်သွားရှာပါတယ်။ အဲဒီ ကြောက်စရာ လန့်စရာ အရုပ်တွေအစား ချစ်စရာကောင်းတဲ့ လိပ်ပြာတောင်ပံနဲ့ နတ်သမီးတွေ၊ ဖရုံသီးနဲ့ ပင်လယ်ဒမြ ၀တ်စုံတွေကို အစားထိုး ၀တ်ဆင်ကြမှာပါ။ အမှတ်တရ လက်ဆောင်တွေ ပေးဖို့လည်း ရှိပါတယ်။ Theme ကလည်း ပြောင်းသွားပါတယ်။ Are you my Type? ဆိုပဲ။

အဲဒီနေ့မှာ လူငယ်တွေကို လူ့ဘ၀မှာ သွေးရဲ့ အရေးပါပုံ၊ သွေးလှူဒါန်းချင်စိတ် ရှိလာအောင် အသိပညာပေး စည်းရုံးသွားမှာပါ။ စိတ်ပါဝင်စားရင် သွေးလှူလို့လဲ ရပါတယ်။ အဲဒီနေရာမှာပဲ တစ်ခါတည်း သွေးလှူနိုင်ဖို့ Blood Donation Mobile Drive စီစဉ်ထားပေးပါတယ်။ အသက် ၁၆ နှစ်ကနေ ၅၅ နှစ်ကြား မည်သူမဆို သွေးလှူဒါန်းနိုင်ပါတယ်။ အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ မိဘတစ်ဦးဦးရဲ့ သဘောတူညီချက်ကို တောင်းခံဖို့တော့ လိုအပ်ပါတယ်။ သွေးလှူဒါန်းချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့တော့ ကိုင်ဆောင်ထားတဲ့ ပတ်စ်အပြင် ပတ်စ်ပို့စာအုပ်လေးပါ တစ်ပါတည်း ယူလာသင့်ပါတယ်။ နှစ်ရက်ပေါင်းမှာ သွေးအလုံးရေ ၄၀၀ အထိ စုဆောင်းနိုင်ဖို့ ရည်မှန်းထားပါတယ်။

လူငယ်တွေ ဦးစီးလုပ်တဲ့ပွဲမို့လို့ ပျင်းစရာ မကောင်းတာကတော့ အသေအချာပါပဲဗျာ။ စိတ်ဝင်စားစရာ တခြားဘာတွေများ လုပ်အုံးမလဲဆိုတာကို သိချင်သေးရင်တော့ အဲဒီနေ့မှာ ကိုယ်တိုင်လာကြည့်လိုက်ပါလို့ ပြောချင်ပါတယ်ဗျို့။ ကဲ... Are you my Type?

4 comments:

Welcome said...

မင်္ဂလာပါ
မတက်ဖြစ်ရင်ရော လက်ဆောင်ပေးသလားဗျ။
ပျော်ရွှင်တဲ့ အစီအစဉ်လေးဖြစ်ပါစေဗျာ ...
http://winzaw-mdy.blogspot.com

တောင်ပေါ်သား said...

ကျေးဇူးအထူးတင်ပါတယ်ဗျို့ လာနိုင်အောင် ကြိုးစားပါ့မယ်

khin oo may said...

စိတ်ဝင်စားစရာဘဲ။ လမ်းစရိတ် မရှိလို့ ဒီကဘဲ စောင်.ဖတ်မယ်လေ။ ရမလား။

JulyDream said...

လက်ဆောင်ကတော့ ပွဲကို လာတဲ့လူပဲ ရမယ်ထင်တယ် ကိုဝင်းဇော်ရေ...

တောင်ပေါ်သားကြီးရေ...
တခါတခေါက် အရောက်လာခဲ့စမ်းပါဗျာ။ သွေးလှူတယ်ဆိုတာ လူ့အသက်ကယ်တာပဲလေ။

မခင်ဦးမေရေ...
အစ်မရေ... ငြီးပါ ငြီးပါ။ ငြီးကြပါ။ အစ်မတို့လို သူဌေးတွေက ငြီးနေတော့ ကျွန်တော်တို့လို သာမညတွေ ငိုဖို့ ကျန်ပါအုံးမလား ခင်ဗျာ။