.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, October 30, 2008

Got promotion

စီးပွါးပျက်ကပ်ကြီး ဆိုက်နေတော့ တချို့အလုပ်တွေမှာ လူတွေ လျှော့တယ်။ တချို့တွေကျတော့ လခတော့ အလျှော့ခံရတယ်။ တချို့တွေကျတော့ ပိုနေမြဲ ကျားနေမြဲပါပဲ။ ကိုယ်တွေ အလုပ်လည်း ဘယ်နေ့ ဘာတွေ ဖြစ်မလဲဆိုပြီး စိုးတထိတ်ထိတ်နဲ့ပဲပေါ့။ သိပ်တော့ စိတ်မပူပါဘူး။ မြန်မာပြည်ရလည်း ထမင်းငတ်သေမယ့် လူမှ မဟုတ်တာ။ အမေရှိရင် ငွေရှိတယ်ပဲလေ။ အဟက်...

ဒီနေ့ ရုံးရောက်တော့ စီနီယာမန်နေဂျာက သူ့အခန်းထဲကို လာခဲ့ပါအုံးဆိုပြီး ဖုန်းလှမ်းဆက်တယ်။ ရုံးတက်တာ အမြဲနောက်ကျလို့ပဲ တရားဟောတော့မလားပေါ့။ ဟောလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ်က ညကြီးမိုးချုပ် အလုပ်လုပ်နေရတော့ မနက်စောစော မထနိုင်တာ မဆန်းပါဘူးလေ။ ဒီတော့ အေးဆေးပါဆိုပြီး သူ့အခန်းထဲ ၀င်သွားလိုက်တယ်။ သူက စာတစ်စောင် ထုတ်ပေးတယ်။ ရုံးနောက်ကျလို့ အလုပ်ပါ ဖြုတ်လိုက်တာလားပေါ့။ သူက ဖွင့်ကြည့်ပါလို့ ခပ်တည်တည်နဲ့ ပြောတယ်။ ဒါနဲ့ ဖွင့်ကြည့်လိုက်တာပေါ့။ အဟဲ...

PROMOTION
In recognition of your good performance, the Management has decided to promote you to Senior Consultant with effect from 1 October 2008, subject to the following:
...
...
...
ဆိုပြီး ရေးထားတာကို ဖတ်လိုက်ရတယ်။ ဟေး ဟေး... နိပ်သဟ ရှယ်ပဲ။ အလုပ်တောင် မပြုတ်တဲ့အပြင် ရာထူးပါ တိုးသွားသေးတယ်။ နောက် Pay Slip ထုတ်ပေးတော့ စာထဲမှာ ပါတဲ့အတိုင်း လခကလည်း ပြောင်းနေပြီ။ အရင် လခထက် ၅၀၀ ကျော်လောက် ခုန်တက်သွားတယ်။

ဒီအလုပ်က စင်္ကာပူမှာ ပထမဦးဆုံး ၀င်လုပ်တဲ့ အလုပ်ပါ။ ၁ နှစ်ခွဲတိတိ ရှိတဲ့နေ့မှာ ရာထူးတိုးပေးခံရတာပါ။ ၀င်ကာစ ၆ လ အတွင်းမှာတော့ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အတော်လေး ရုန်းကန်ခဲ့ရတယ်။ ဘာမှ မခိုင်းပဲ အလှထားထားတာ ၃ လ လောက်ရှိတယ်။ ကိုယ့်အပေါ်က လူကြီးတွေ အလုပ်ထွက်ပြီး လူခဏခဏ ပြောင်းတော့ ကိုယ်လည်း ကြားလွတ် လွတ်နေပြီး အလုပ်ရယ်လို့ မယ်မယ်ရရ မရှိခဲ့တာပေါ့။ ထမင်းသိုး ဟင်းသိုးလေး ဖြစ်နေခဲ့ရတယ်။

၁ နှစ်လောက်ရှိတဲ့အခါမှာ ရုံးမှာ နေရာလေး ရလာခဲ့တယ်။ တရုတ်ပြည်ကနေ စလုံးမှာ အခြေလာစိုက်တဲ့ မန်နေဂျာတစ်ယောက်ရဲ့ နေရာပေးမှုကြောင့်ပေါ့။ သူက အလုပ်တော်တော်များကို ကျွန်တော့်ကို တာဝန်ယူ လုပ်ခိုင်းတယ်။ သူ့ကျေးဇူးတွေကြောင့် အဲဒီနောက်ပိုင်းမှာ တောက်လျှောက်နီးပါး အဆင်ပြေလာခဲ့တယ်။ အတော်များများကို လုပ်ကိုင်ခွင့် ရလာတယ်။ အစက ပရောဂျက် ၃ ခုလောက်ပဲ ကိုင်ထားရတာကနေ အခုဆို ပရောဂျက် ၁၅ ခုလောက် လက်ထဲမှာ ရောက်နေပြီ။ စိန်ဗေဒါ ဆိုင်းတီးသလို လူလည်း ပတ်ချာလည်နေပြီ။ လက်သံလည်း ပြောင်လာတယ်။

ကျွန်တော့်ဌာနရဲ့ စီနီယာမန်နေဂျာကတော့ ပြောပါသေးတယ်။ နောက်ထပ် ရာထူးတစ်ဆင့် တိုးဖို့အတွက် ထပ်ကြိုးစားပါတဲ့။ အဖြေကတော့... ဟုတ်ကဲ့ ကြိုးစားပါမယ်ပေါ့။ အဲဒီ ရာထူးနောက်တစ်ဆင့် တိုးရင် ကောင်းတာတွေ ရှိသလို မကောင်းတာလဲ ရှိပါတယ်။ ကောင်းတော့ကောင်းတယ်... မျက်စိစပ်တယ် ဆိုတာမျိုးကြီးပေါ့။ ကောင်းတာကတော့ လခတိုးလာမယ်ပေါ့။ မကောင်းတာတစ်ခုက အလုပ်ထွက်ချင်ရင် ၂ လကြိုပြီး ထွက်စာတင်ရမယ့် နေရာကြီး ဖြစ်နေတယ်။ လက်ရှိ ကျွန်တော့်နေရာက အလုပ်ပြောင်းချင်ရင် ၁ လကြိုပြီး စာတင်ရုံပါပဲလေ။

ဘာရယ်တော့ မဟုတ်ပါဘူး။ လခတိုး ရာထူးတိုးတဲ့အကြောင်းကို မှတ်တမ်းတင်ထားတာပါ။ ကြွားချင်လို့ ကြွားတာ မဟုတ်ပါဘူး။ ဒါကြောင့် မုန့်ဝယ်ကျွေးပါ လက်ဖက်ရည်တိုက်ပါလို့ ပြောချင်တဲ့သူများ ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ညစာစားပွဲတစ်ခုလောက် အရင်တည်ခင်းဧည်ခံပေးပါလို့ ဦးစွာပထမ ပြောကြားလိုပါတယ် ခင်ဗျာ။ ဟဟ...

9 comments:

ဇနိ said...

Congrats!
;)

မီးလေး said...

Congratulation!
ကိုဇူလိုင်ရေ ရာထူးမြန်မြန်တိုးပြီး ပိုက်ပိုက်တွေ အများကြီးရပါစေလို့ ဆဆုတောင်းပေးပါတယ်....
ဒါနဲ့ စကားမစပ် မုန့်လည်း ကျွေးဝူး :)

JulyDream said...

မုန့်ကျွေးချင်တာပေါ့ကွယ်။ ညစာ စားပွဲလေး ၀မ်းတေဘယ်လ်လောက် အရင် လုပ်ပေးကြပါလား။ ပြီးရင် ကျွေးမယ်လေနော်... အိုခေ :P

tututha said...

လတ်စသတ်တော့ ကြွားတာကိုး။ မုန့်ဝယ်ကျွေးလို့ ပြောမယ့်သူကိုလည်း ပိတ်ပြောထားသေးတယ်။ မကျေနပ်ဘူး ... လုံးဝမကျေနပ်ဘူးကွ။

ရွှန်းမီ said...

:-) Congrats!
ထမင်းသိုး ဟင်းသိုး မဟုတ်တော့ဘူး ပေါ့။

strike said...

Congratulation ပါဗျာ။

JulyDream said...

မရှင်ဂွမ်းသာ...
မကျေနပ်ရင် ၀မ်းတေဘယ်လ် အရင်ပေးပါ။ ကြွားတာ မဟုတ်ဘူးလို့ သေချာ ရေးထားတယ်နော်။အဟဲ...

ရွှန်းတီရေ...
ထမင်းသိုး ဟင်းသိုးတော့ မဟုတ်တော့ဘူး။ ပါလေရာ ငပိချက် ဖြစ်သွားပြီ။ အဟိ...

Congrats တဲ့ သူတွေ အားလုံး ရှဲ့ရှဲ့နီပါဗျာ။

ဇင်ယော် said...

Congratulation!ပါ ကိုဂျူလိုင်ရေ။ ၀မ်းတေဘယ်လ်ကို ကြောက်လို့  မကျွေးခိုင်းတော့ဘူး။ စားတဲ့အချိန်စောင့်ပြီး လာလုစားမယ်ဗျာ။ ဟေဟေ.။

JulyDream said...

ဇင်ယော် ဆိုတဲ့အတိုင်း ဇာတိက ပြပြီ။ လုစားမယ် ဆိုပဲ။ ဟဟ... (စတာနော် အတည်)