.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, October 19, 2008

Recruitment Drive

Youth Favourites 2008 အတွက် Recruitment Drive ကို ဒီအပတ် စနေနေ့နဲ့ တနင်္ဂနွေမှာ Dohby Ghaut NEL Station နဲ့ Harbour Front NEL Station မှာ တစ်ပြိုင်နက် လုပ်ပါတယ်။ ခရမ်းရောင်လိုင်းပေါ်မှာပါ။ နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီအထိပါ။ လက်ကမ်းစာစောင်တွေ ဝေပါတယ်။ သွေးလှူချင်တဲ့သူတွေကို appointment အတွက် register လုပ်ပေးပါတယ်။ ၂ ရက်ပေါင်းမှာ သွေးလှူရှင် စုစုပေါင်း ၁၅၀ ကျော်လောက် စာရင်းပေးထားပါတယ်။

စနေနေ့မှာတော့ Dohby Ghaut NEL Station က Boothမှာ တာဝန်ယူခဲ့ပါတယ်။ တနင်္ဂနွေမှာတော့ Harbour Front NEL Station မှာ YDC member တစ်ယောက်မှ မရှိတာနဲ့ Dohby Ghaut NEL Station မှာ နေနေတဲ့ ကျွန်တော့်ကို Booth Incharge အနေနဲ့ လွှတ်လိုက်လို့ အဲဒီမှာ သွားလုပ်ပေးရပါတယ်။ သေပြီဆရာပဲ။

နှစ်ရက်စလုံး Booth မှာ ထိုင်စရာနေရာမရှိပဲ ၆ နာရီနီးပါးလောက် မတ်တပ်ရပ် ဟိုလျှောက်ဒီလျှောက် လုပ်လိုက်ရတာ လူလည်း အတော်လေး ပင်ပန်းပြီး သာခွေယိုင်ဖြစ်သွားပါတယ်။ ညနေ ၅ နာရီထိုးတော့ ခင်းကျင်းထားတဲ့ ပြခန်းကို ပြန်လည် ဖြုတ်ရ သိမ်းရပါတယ်။ ဒီနေ့မှာတော့ ရထားနဲ့ပဲ Harbour Front NEL Station ကနေ Dohby Ghaut NEL Station ကို ပစ္စည်းတွေကို ပြန်သယ်လာရပါသေးတယ်။ Incharge ဖြစ်လိုက်ရတော့ ကလေးတွေကို ပြန်ခိုင်းလိုက်ပြီး တစ်ယောက်တည်း အကုန်လုပ်လိုက်ရတာပေါ့။ အခုတော့ မီးစာကုန် ဆီခမ်းလို့ အိပ်ချင်နေပြီဗျာ။


ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား...


ချစ်ချစ်ရှေ့မှာ ဟီးရိုးဖြစ်အောင် သွေးလှူမယ်ကွာ...


ဘူတာအပြင်ဘက် ဟိုလျှောက်ဒီလျှောက်...


ဝင်ဝင်ချင်းမှာ ဒို့ရှိတယ်...


ဘာညာသာလကာ နေကြာကွာစိ...


Dohby Ghuat မှာ တရုတ်မလေးတွေ ချစ်စရာ...


Harbour Front မှာ အမီနာတို့နဲ့ တီတီတာတာ...

5 comments:

khin oo may said...

ကလေးတွေ ကဘယ် အရွယ်လဲ ဟင်။ ကလေးတွေ ရဲ့ အုပ်ချူပ် သူ ကဘယ်မှာလဲ။ ဘယ်တစ်ယောက်လဲ။ အောက်ဆုံး ‘ဒါတ်ပုံ ကတစ်ရုတ်မကလေး ဘေး ကတစ်ယောက်လား။ :D

JulyDream said...

ကလေးတွေကတော့ ၁၆ နှစ် ကနေ ၂၅ နှစ်ကြားပါ ခင်ဗျ။ ဓါတ်ပုံအားလုံးက ကျွန်တော်ရိုက်တာပါ။ ဒါကြောင့် ဓါတ်ပုံတွေမှာ ကျွန်တော့်ပုံမပါဘူး ခင်ဗျ။

Apprenticeship said...

အင်းမွန်မြတ်ပါတယ်... ပင်ပန်းတာ ပိတိစားရတာပေါ့

tututha said...

အမီနာတို့နဲ့ တီတီတာတာလုပ်ရင်း အပန်းတွေပြေနေထင်ပါ့ :D

JulyDream said...

ပီတိက မစားရသေးပါဘူး။ တကယ် လှူတဲ့နေ့ကျမှ ဘယ်နှယောက် လာလှူမလဲ ဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါသည်ပေါ့ဗျာ။ ဟဟ...

အယ်ဒီတိုကြီးနော်...
ဆရာမင်းလူနဲ့ တိုင်ပြောလိုက်ရမလား။ ဒီလို စကားလေး ပြောနေရုံနဲ့ အပန်းပြေတယ်လို့တော့ မရှိပါဘူး။ ပိုတောင် အာခြောက်သလိုပဲ။ အဟက်...