မနေ့ညက သူငယ်ချင်းတစ်ယောက် East Coast မှာ လျှောက်လည်ပြီး သူ့အိမ်ပြန်ဖို့ ဝေးတယ်ဆိုပြီး ကျွန်တော့်အိမ်မှာ လာအိပ်တယ်။ သူ့ကို ညကတည်းက ပြောထားလိုက်တယ်။ မနက်ကျရင် မူစတာဖာဘက်မှာ iPod Touch ၀ယ်စရာရှိလို့ မနက် အိပ်ရာထတာနဲ့ သွားကြမယ်ပေါ့။ ညကလည်း နှစ်ယောက်သား စုံစီနဖာ တောင်ရောက်လိုက် မြောက်ရောက်လိုက် လေကန်နေလိုက်တာများ မနက် ၂ နာရီကျော်သွားပါလေရော။ ချစ်လှစွာသော သူ့မမက သူ့ဆီ မနက် ၉ နာရီခွဲလောက် ဖုန်းဆက်မှာတဲ့။ အဲဒီတော့မှ ထမယ်လို့တော့ အိပ်ရာဝင်ခါနီး ပြောရှာသေးတယ်။ ကျွန်တော်က မနက်ကျတော့ ၉ နာရီလောက် အိပ်ရာ နိုးနေတယ်။ ကိုယ်တော်ချောကတော့ အိပ်ကောင်းနေတုန်းပါ။
ကျွန်တော် ဂျီတော့ခ် ၀င်လိုက်တော့ ပြောမနာ ဆိုမနာ သူငယ်ချင်းတစ်ယောက်ကို တွေ့တယ်။ အဲဒါနဲ့ပဲ သူ့ကို အိပ်နေတဲ့သူဆီ ဖုန်းဆက်ခိုင်းလိုက်တယ်။ သိုးနေအောင် အိပ်နေတဲ့သူခင်မျာ ဖုန်းသံကြားတော့ ငေါက်ကနဲ ဖုန်းကိုင်လိုက်တာများ အသေကောင် ဖုတ်ဝင်သလား မှတ်ရတယ်။ ဒါပေမယ့် သူ့ခင်မျာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပေမယ့် ပြန်အိပ်လို့တော့ မရရှာတော့ဘူး။ အဲဒါနဲ့ ရေမိုးချိုး အ၀တ်စားလဲပြီး အိမ်နားက ကော်ဖီဆိုင်မှာ လက်ဖက်ရည်သောက်ကြတယ်။ ပြီးတော့ မူစတာဖာရှိရာ ခရမ်းရောင်လိုင်းပေါ်ကို ချီတက်လာခဲ့လိုက်တယ်။ Farrer Park ဘူတာမှာ ဆင်းပြီး Exit A ကနေ ထွက်လာခဲ့ကြတယ်။
သွားချင်တဲ့နေရာက Naranjan ဆိုတဲ့ ကုလားဆိုင်ပါ။ အဲဒီမှာ ဖုန်းတွေ iPodတွေ အတော် ဈေးချိုပါတယ်။ စကာင်္ပူမှာ ဈေးအပေါဆုံးဆိုင်လို့ ပြောလို့ရပါတယ်။ ပစ္စည်းတွေကတော့ အသစ်ဖြစ်ပေမယ့် အာမခံချက်တော့ မပေးပါဘူး။ အဲဒီဆိုင်ကို သွားမယ်ဆိုရင် Exit C ကနေ ထွက်လာရင် ပိုနီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီကုလားတန်းကို ၁ နှစ်နေလို့ တစ်ခါတောင် မရောက်ပါဘူး။ ဘူတာ အပြင်ရောက်တော့ မှတ်မိသလောက် ဟိုဒီလျှောက်ပြီး မီးပွိုင့်တစ်ခုကို ဖြတ်ပြီးတာနဲ့ ဖုန်းဆိုင်တန်းကို တွေ့ပါလေရော။ ဆိုင်ထဲမှာတော့ လူတွေ အများသား။ မြန်မာ၊ ဖိလစ်ပိုင်၊ တရုတ်၊ ကုလား အစုံအလင်ပါပဲ။ ဆိုင်ထဲရောက်တော့ လိုချင်တဲ့ပစ္စည်းကို ဈေးကြည့်ပြီး တခါတည်း ၀ယ်ချလိုက်တယ်။ ငွေသားနဲ့ပဲ ချေရတယ်။
လိုချင်တာ ၀ယ်ပြီးတော့ အချိန်က နေ့လည်ကျော်နေပြီ။ ဗိုက်ထဲမှာလည်း လက်ဖက်ရည်တစ်ခွက်ပဲ ရှိခဲ့တော့ သံစုံတီးဝိုင်းက စနေပြီ။ အဲဒါနဲ့ပဲ ကုလားတန်းက စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာ ၀င်စားလိုက်တယ်။ အဲဒီမှာပဲ လက်ဖက်ရည် ထပ်သောက်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်က ချန်ဂီလေဆိပ်မှာ လူကြုံယူစရာ ရှိလို့ လေဆိပ်ဘက်ကို ဆင်းလာခဲ့တယ်။ သူငယ်ချင်းကတော့ တခြားကိစ္စလေးတွေ ရှိသေးလို့ ကလီမန်တီးဘက်ကို ပြန်သွားတယ်။ ကျွန်တော့်အိမ်က လူကြုံထည့်ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းတော်ကြီးက အစ်မတစ်ယောက်က စင်္ကာပူကို အလည်အပတ်လာရင်း သယ်လာပေးတော့ လေဆိပ်မှာပဲ သွားယူလိုက်တယ်။
လေဆိပ်မှာပဲ ကျောင်းတုန်းက မေဂျာတူ သူငယ်ချင်းလည်း အဲဒီအစ်မကို လာကြိုတော့ ဆုံဖြစ်ခဲ့သေးတယ်။ သူနဲ့က ကျောင်းပြီးသွားတဲ့ နောက်ပိုင်း မဆုံဖြစ်ခဲ့တာ အခုချိန်ထိပဲ ဆိုပါတော့။ ကျောင်းက သူငယ်ချင်းတွေ အကြောင်း ဟိုဟိုဒီဒီ ပြောဖြစ်ကြသေးတယ်။ အဆက်အသွယ် ပြတ်နေတာလည်း ကြာခဲ့ပြီဆိုတော့ ကျွန်တော် မသိတာတွေ အများသား။ စလုံးလာလည်တဲ့ အစ်မ အပြင်ထွက်လာတော့ ကျွန်တော့်အိမ်က ပေးလိုက်တဲ့ စာရွက်တွေကို ပေးပါတယ်။ သူက ဒီလအတွင်းမှာ ရန်ကုန်ပြန်မှာဆိုတော့ ကျွန်တော်လည်း ဒီနေ့ ၀ယ်လာတဲ့ iPod Touchကို တခါတည်း လူကြုံပြန်ထည့်ပေးလိုက်တယ်။ သူတို့တွေကို အမှတ်တရ ဓါတ်ပုံရိုက်ပေးပြီး အိမ်ပြန်ဖို့အတွက် လမ်းခွဲခဲ့လိုက်တယ်။ နာရီကြည့်တော့ ၃ နာရီထိုးနေပြီ။
ကျွန်တော်က ညနေ ၄ နာရီအရောက် အိမ်ပြန်ရောက်ရမယ့် အရေးတကြီး ကိစ္စကလည်း ရှိနေတော့ အမြန် သုတ်ခြေတင်လာခဲ့ရတယ်။ မိုးတွေကလည်း ရွာနေတုန်းပဲ။ ကားတတန် ရထားတတန် ခြေလျင်တတန်နဲ့ မိုးရေထဲမှာ ကင်မရာကို ရေလုံအောင် ထုပ်ပြီး အိမ်အရောက် ပြန်ပြေးခဲ့ရတယ်။ ဒါတောင် မိနစ် ၂၀ လောက် နောက်ကျနေပြီလေ။
ကျွန်တော်က ညနေ ၄ နာရီအရောက် အိမ်ပြန်ရောက်ရမယ့် အရေးတကြီး ကိစ္စကလည်း ရှိနေတော့ အမြန် သုတ်ခြေတင်လာခဲ့ရတယ်။ မိုးတွေကလည်း ရွာနေတုန်းပဲ။ ကားတတန် ရထားတတန် ခြေလျင်တတန်နဲ့ မိုးရေထဲမှာ ကင်မရာကို ရေလုံအောင် ထုပ်ပြီး အိမ်အရောက် ပြန်ပြေးခဲ့ရတယ်။ ဒါတောင် မိနစ် ၂၀ လောက် နောက်ကျနေပြီလေ။
14 comments:
ှဓါတ်ပုံတွေက လှပါ့ဗျာ၊အာရှသားမို့လို့လားမသိ အာရှပဲကြိုက်ပါ၏
ကိုဂျူလှိုင်
ရှင့်မလည်း ကြွားရပြန်ပေါ့တစ်ခါ။ လေးနာရီမှာဘဲ ဖုန်းချိန်းထားသလိုလို ဘာလိုလို။
အမှန်က အ၀တ်လျှော်ရအုန်းမှာ။ မနက်အလုပ်သွားဖို့ ပြင်ရအုန်းမှာ။
အိမ်လခ လွှဲရအုန်းမှာ။
အပိုတွေ ပြောမနေပါနဲ့ တော့။ လူတိုင်းသိကုန်ပါပြီ။
ဂျူ က ဂျူ သတင်းတွေ ဖော်ကုန်ပဟ။
(လွတ်ရာ ပြေးပြီး ဖတ်သွားသည်) :P
ဂျူလိုင်မင်းသားရဲ့ တနေ့တာ ကားတိုလေး လာကြည့်ပါတယ်
ကုလားတန်းမှာ ဘာစားခဲ့လဲ တော့ မပါဘူး
တွေ့ရက်နဲ့ မခေါ်တာမလားဗျ။ :)
နည်းနည်းပဲ လွဲတယ်။ အကြိုနဲ့ အပို့။ :)
အင်း .. အဲလိုကို အလုပ်ရှုပ်နေတယ်ပေါ့လေ .. :D
ကျနော့ဒေါ်လေးအတိုင်းပဲ
ကိုင်းဆယ့်တစ်နာရီလုပ်ချင်ဦး...:P
ipod touch ဘယ်လောက်ပေးရပါသလဲခင်ဗျာ. သိချင်သပ။ iphone တော့ရှိဘူးဆိုပဲ။ ပီးခဲတဲ့ တစ်ပတ်ကျော်ကရောက်စ် ။ ကိုရွှေတရုတ်တွေ ကုလားစာ အရမ်းကြိုက်ဆိုပဲ..ဟုတ်လား..
ကင်မရာရေမစိုတာ သူတော်ကောင်းပုံတွေ ပါလို့ ထင်ရဲ့ ..:)
ညနေ ၄နာရီဆိုတော့ နေ့လည် ၂နာရီခွဲ.... အင်း... မဖြစ်နိုင်ပါဘူး။ ကျူတယ်ဆိုတာ ညလူခြေတိတ်မှ ကျူကြတာမဟုတ်လား။ :)
ကိုJulyရေ
နရန်ဂျန်ကနေ ချန်ဂီထိ လိုက်သွားပြီ။ နရန်ဂျန် ကို မရောက်ဖူးသေးဘူးဗျ။
Thanks
အဲဆိုင်လေးက ဈေးတော်တော်ချိုတယ်
အခု ကျွန်တော် ဖုန်းကလေးက အဲက ၀ယ်ထားတာဗျ
တိုးကြိတ်ဝယ်ရတဲ့ ဆိုင်မို့
အမှတ်အသား ထားမိတယ်ဗျာ ...
အခုလို လမ်းညွှန်ပေးထားတာ လိုချင်သူများအတွက် အဆင်သင့်လိုက်လေ ...
ကြွားတာလေးတွေ ဖတ်သွားတယ်ဗျို့
Post a Comment