.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, December 29, 2009

Beautiful Sunday



ဒူးရင်းသီးထဲက လှတပတ တနင်္ဂနွေ... အစီအစဉ်ကို တစ်လမှာ တစ်ခေါက် ကျင်းပလေ့ရှိပါတယ်။ ဂီတပွဲရဲ့ ၀င်ကြေးက အခမဲ့ပါ။ ကျင်းပမယ့် ပွဲချိန်အတိအကျကို ဒူးရင်းသီးဆိုဒ်ရဲ့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ ဟင်းစားပေးတာ မဟုတ်ပဲ ကွန်ချက်ပါ ပြလိုက်ပါတယ်။ အဲဒီကွန်ချက်ကလည်း သိတာ မကြာသေးပါဘူး။ အစကတော့ ရုံးက မန်နေဂျာ မတ်ဆေ့ခ်ျပို့ပေးနေတာနဲ့ပဲ ကွန်ချက်ကို မတောင်းထားမိခဲ့ဘူး။ တလောက လုပ်မယ့်ပွဲကို ရက်သိပေမယ့် ပွဲချိန်ကို အသေအချာ မသိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဒူးရင်းသီးဆိုဒ်ထဲ ၀င်မွှေလိုက်ရင်း ကွန်ချက် တွေ့ခဲ့တာပါ။

ပွဲတိုင်းကိုလည်း ကောင်းတယ်လို့ မပြောချင်ပါဘူး။ တချို့ပွဲတွေကို သွားတာ နားထောင်ခဲ့တယ်။ စိတ်ထဲမှာ ကြိုက်လှတယ်တော့ မဟုတ်။ တရုတ်ရှေးရိုးရာ တူရိယာတွေကို အသုံးပြုပြီး အနောက်တိုင်းဂီတသံစဉ်တွေကို တီးမှုတ်ပြရင် နားထောင်လို့ မကောင်းဘူး။ ကီးမကိုက်ဘူးလို့ပဲ ထင်နေမိတယ်။ ဟာတာတာကြီးပါ။ ဂီတအကြောင်းကို နားလည်လွန်းလို့ ဝေဖန်တာတော့ မဟုတ်ပါဘူး။ စည်းနဲ့ဝါးတောင် မသိပါဘူး။ တကယ့်ကို ဘာမှ မသိတဲ့ မြင်းထိန်းငတာလေးပါ။ တချို့ပွဲတွေက ပွဲအစအဆုံး စိတ်ဝင်စားဖို့ ကောင်းတယ်။ မပျင်းမရိ နားထောင်လို့ ကောင်းတယ်။ တချို့ပွဲတွေကျတော့ နားထောင်လို့ကောင်းတဲ့ သီချင်းအပုဒ်တွေ ရှိသလို တချို့အပုဒ်တွေကျတော့ ပျင်းဖို့ အလွန်ကောင်းပါတယ်။

လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း ထပ်တူညီတူနိုင်မယ် မထင်ပါဘူး။ ပျင်းစရာကြီးကွာ ဆိုပြီး စိတ်မ၀င်စားတဲ့လူ ရှိနိုင်သလို တစ်ပွဲမှ အလွတ်မခံသေးတဲ့ ကျွန်တော့်လို လူတွေလည်း ရှိနိုင်ပါတယ်။ မြန်မာပွဲတွေကိုတော့ တစ်ခါမှမလာပဲ စလုံးပွဲတွေပဲ အားပေးနေလို့ အမျက်တော်ရှတော်မူတဲ့ တချို့တလေက တီးတိုးပြောကြတယ်။ မောင်ဇူလိုင်တစ်ယောက် ဇီးသီးသည် ဖြစ်သွားပြီလားတဲ့။ မြန်မာပွဲတွေက မြန်မာပြည် အလွမ်းပြေဆိုတာကို နားလည်ပါတယ်။ ပွဲစီစဉ်တဲ့သူတွေရဲ့ အားထုတ်မှု စေတနာကိုလည်း လေးစားပါတယ်။ အလွမ်းမပြေမယ့်သူအတွက် အဲဒီပွဲတွေကို မလာဖြစ်တာ တရားပါတယ်လေ။ အဲဒီတော့ မြန်မာပြည်အတွင်းမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် နေခဲ့ရတဲ့သူကို တခြားကမ္ဘာက မမြင်ဖူးမကြားဖူးတဲ့ အရာတွေကို ထိတွေ့စူးစမ်းခွင့် ကြိုက်ခွင့်လေးတော့ ပေးသင့်ပါတယ်။

ဒါကြောင့် ကျွန်တော်ဇူလိုင် ဇီးသီးသည် မဖြစ်သလို ရှောက်သီးဆေးပြားသည်လည်း မဟုတ်ပါဘူး... ဆိုတာကို ဒီနေရာမှာ တစ်ခါတည်း ပြောပြလိုက်ပါပြီ။ အဲဒီတော့ သုံးပုဒ်တစ်ဆယ်ခေတ် ကုန်သွားပြီပေါ့ဗျာ။

8 comments:

Rita said...

ကိုယ်တောင် စိတ်ဝင်စားနေတာ။

ဟုတ်တယ် အလွမ်းပြေဆိုတာ မှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပဲ။ ပြောရင်းတောင် လွမ်းလာပြီ။ လေယာဉ်လက်မှတ် မြန်မြန် ဝယ်မှ။ ခွင့်မြန်မြန်တင်မှ။

နေ့အိပ်မက် said...

ကွန်ချက်အတွက်ကျေးဇူးအထူး

khin oo may said...

မောင်သောင်းဖေလဲမဟုတ်ပါဆိုတာ တစ်ခါတည်းပြောကြားလိုပါတယ်။
(ဖြည့်ဖတ်သွားသည်။)

khin oo may said...

တစ်ယောက်ထဲသွားနားထောင်ရမှာတော့ပျင်းသား။ မခံစားတတ်သေးဘူး. ရောက်လဲမရောက်ဘူးသေးပါ။ ကွန်ချက်ပြလဲ ငါးမဖမ်းသူအတွက်တော့ခက်သား။

နေ၀သန် said...

ပြတ်သားပါ့...း))

Sonata Cantata said...

ကျေးဇူး JDရေ... အမတို့က တံတျာတေးရှင်တွေ ၀ါသနာပါတယ်... အဆင်ပြေတဲ့ Sunday ဒိုးပြီသာ မှတ်

ကြည်ဖြူပိုင် said...

Happy New Year ပါ။ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ (ကြိုဆုတောင်းထားတာ..၁၂နာရီထိုးရင်အိပ်ပျော်ပြီးဆုမတောင်းမိမှာစိုးလို့) :)

ကြည်ဖြူပိုင် said...

မနက်ဖြန်ကျရင်လဲနက်တစ်နေ့လုံးတစ်ညလုံး
နက်မသုံးဖြစ်လို့ကြိုဆုတောင်းသွားပါတယ်။
:)